သတင်း

တာမခံစစ်ရှောင်တွေကို နေရပ်ပြန်ဝင်ခွင့်ပြုတော့မယ်လိုဆို

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က တာမခံစစ်ဘေးရှောင်ပြည်သူတွေ မတ်လ ၁၇ ရက်နေ့မှာ နေရပ်ပြန်ဝင်ခွင့်ရမှာဖြစ်ပေမယ့် စစ်ရှောင်အားလုံး‌ နေထိုင်ခွင့်တော့ပြုအုံးမှာမဟုတ်ဘူးလို့ သိရပါတယ်။

တာမခံကျေးရွာသိမ်းတိုက်ပွဲကြောင့် ဖေဖော်ဝါရီလကုန်ပိုင်းကတည်းကနေ ရွှေတောင်ကျော်၊ကွမ်းဟဲစတဲ့ကျေးရွာတွေဘက်ကို စစ်ဘေးရှောင်သွားကြတဲ့ တာမခံစစ်ရှောင်ပြည်သူတွေကို မတ်လ ၁၇ ရက်နေ့ကစပြီး တစ်အိမ် ၂ ယောက်နှုန်း ကနဦးဝင်ရမှာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။

၁၇ ရက်နေ့ကတော့ တစ်အိမ်ကို ၂ ယောက်နှုန်းပေါ့ သန်သန်မာမာ ဖြစ်တဲ့လူတွေကိုပဲဝင်ခိုင်းမှာပါ။ သက်ကြီးရွယ်အိုတွေမခေါ်ခဲ့နဲ့ သူတို့မီးလောင်ပြင်ထဲမှာ သူတို့မြှပ်နှံထားတာတွေလည်းရှိကောင်းရှိမယ်ပြီးတော့ကျန်ရှိမယ့်ပစ္စည်းလေးတွေယူ သူတို့ကမှတဆင့်ဒါကတော့ စွန့်ပစ်တော့မယ်ဆိုပြီးမှ ပုံထားတဲ့အခါကျမှ ဒီဘက်က (KIAKPDF) ကရှင်းပေးမှာပါအဲ့တွေပြီးမှ ပြန်နေလို့ရပါမယ်လို့သူကပြောပါတယ်။

တာမခံကျေးရွာကို KIAKPDF တပ်တွေက မတ်လ ၉ ရက်နေ့မနက်ပိုင်းမှာထိန်းချုပ်လိုက်ပြီဖြစ်ပေမယ့်တိုက်ပွဲလက်ကျန် မပေါက်ကွဲပဲကျန်ရှိနေတဲ့လက်နက်ကြီး၊ဗုံးသီးတွေရှိနေသေးတဲ့အပြင် နေအိမ်တွေလည်းအများအပြားပြိုကျပျက်ဆီးထားတာကြောင့် ဒါတွေရှင်းလင်းပြီးမှသာ ရွာသားတွေကိုအပြည့်အဝနေထိုင်ခွင့်ပြုသွားမယ်လို့သိရပါတယ်။

မီးမလောင်တဲ့အိမ်တွေလည်းအဲ့နေ့ကျရင် ကိုယ့်အိမ်ကိုယ်ပြန်လာကြည့် သန့်ရှင်းရေးလုပ်ပေါ့။ နောက်ပြီးတော့ ပေါက်ကွဲစေနိုင်တဲ့ ဟာတွေရှိရင်မကိုင်သွယ်နဲ့ သက်ဆိုင်ရာကိုအကြောင်းကြားပေး နေခွင့်တော့အဲ့လိုကြီးဝုန်းဒိုင်းကြီး တော့မဝင်ခိုင်းသေးဘူး။ အဲ့လိုကျ သူတို့လည်း အန္တရာယ်ဖြစ်နိုင်တယ် အခက်အခဲ ဖြစ်နုင်တယ်လို့ အထက်ပါတာဝန်ရှိသူကဆက်ပြောပါတယ်။

တာမခံကို စစ်ကောင်စီတပ်က လေယာဥ်ပေါ်ကနေ နေဗုံးကျဲတာ ၊လက်နက်ကြီးတွေပစ်ခတ်ပြီးကျေးရွာတွင်းကျရောက်ပေါက်ကွဲ တာတွေကြောင့် တာမခံရဲ့အိမ်ခြေ ၈၀၀ ကျော်ထဲက စုစုပေါင်း နေအိမ် ၃၉၃ လုံးနဲ့အများပိုင်အဆောက်အဦး ၃ လုံးအထိ ပြိုကျ ပျက်စီးခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် တာမခံဒေသခံတွေအနေနဲ့နေရပ်ပြန်လာပေမယ့် ပြန်လည်ထူထောင်ရေးတွေ အစကနေပြန်လုပ်ဆောင်ရမှာဖြစ်လို့ အခက်အခဲတွေအများကြီးရှိနိုင်တယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။

တာမခံကတော့ပြန်ရင်လည်းအစစ အရာရာ နေရေးထိုင်ရေး ကအစခက်ခဲမှာပေါ့ဆုံးရှူံးမှုက ဆယ်ဇင်းထက်တောင်များမယ်ထင်တယ်။ ဆယ်ဇင်းတုန်းကတော့ ပစ္စည်းတွေဘာတွေထုတ်ချိန်ရလိုက်သေးတယ်အခုတာမခံ ကျတော့ လူပဲထွက်သွားကြတာများတယ် ဘာမှမယူလိုက်ရတော့ဆုံးရှုံးမှုကတော်တော်များတယ်လို့ အထက်ပါအမျိုးသမီးကပြောပါတယ်။

မတ်လ ၁၇ ရက်နေ့မှာ တာမခံစစ်ရှောင်တွေကိုဝင်ရောက်နေထိုင်ခွင့်မပြုသေးဘူးဆိုပေမယ့် တာမခံနဲ့အတူစစ်ဘေးရှောင်ခဲ့ကြတဲ့ ခိုမ ကျေးရွာ၊ ညောင်ပင်ကုန်းကျေးရွာ၊ နတ်ရေတောင်ကျေးရွာ ဝါစည်အစရှိတဲ့ တာမခံပတ်ပတ်လည်ထဲက စစ်ရှောင်ကျေးရွာတွေကိုတော့မတ်လ ၁၇ ရက်နေ့ကစပြီးပြန်လည်နေထိုင်ခွင့်ပေးသွားမယ်လို့သိရပါတယ်။

KIAKPDF ထိန်းချုပ်ထားတဲ့ တာခံကျေးရွာဘက်ကို မတ်လ ၇ ရက်နေ့ နောက်ပိုင်းကစပြီး စစ်ကောင်စီတပ်က လက်နက်ကြီးပစ်တာတွေ၊လေယာဥ်ပျံဝဲတာတွေ မရှိတော့သလို စစ်ရေးလှုပ်ရှားလာတာတွေ မရှိတော့တာကြောင့် မတ်လ ၁၇ ရက်နေ့က စပြီး တစ်အိမ် ၂ ယောက်ကျေးရွာတွေကိုပြန်လည်ဝင်ရောက်ခွင့်ပြုတာဖြစ်တယ်လို့ ဖာကန့် KPDF ကနေသိရပါတယ်။

တာမခံကျေးရွာမှာထိုင်ထားတဲ့ စစ်ကောင်စီတပ်စခန်းကို KIAKPDF ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တာဖြစ်ပြီး စစ်ကောင်စီစစ်သားတွေဘက်ကထိခိုက်သေဆုံးမှုတွေ များတာကြောင့် မတ်လ ၈ရက်နေ့မနက်ပ်ိုင်းမှာ စစ်ကောင်စီစစ်သားတွေစခန်းဆုတ်ခွာထွက်သွားပြီးနောက် မတ်လ ၉ ရက်နေ့မှာ တာမခံ ကိုထိန်းချုပ်လိုက်တာဖြစ်ပါတယ်။ 

ပုံတိုက်ပွဲတွင်း ပျက်စီးသွားတဲ့ တာမခံရွာမြင်ကွင်း

Show More

Related Articles

Back to top button