နောင်မွန်မြို့

  • Mar- 2026 -
    6 March
    သတင်း

    ပန်နန်းဒင်ဒေသမှာ ဆန်တစ်အိတ် ကျပ် ၁၀ သိန်းဝန်းကျင် ပေးဝယ်နေရ

    ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်ထဲ ကား၊ ဆိုင်ကယ်လမ်းမပေါက်တဲ့ ပန်နန်းဒင်မြို့အထက်ဘက်ကျေးရွာတွေဘက်မှာ ဆန်တအိတ်ကို ကျပ် ၁၀ သိန်းဝန်းကျင်အထိပေးဝယ်နေရတယ်လို့ ဒေသခံ‌တွေပြောပါတယ်။ ကချင်ပြည်နယ်ရဲ့ မြောက်ဖျားပိုင်းအစွန်ဆုံးမြို့တစ်မြို့ဖြစ်တဲ့ ပန်နန်းဒင်မြို့ရဲ့အထက်ဘက်က တစ်ပတ်ခန့်ကြာခြေလျင်လမ်းလျှောက်ရတဲ့ တဆူထု၊တဇုံ၊ခရောင်း၊အရွန်ဒမ်း၊ဂဝိုင်၊ငဝါစတဲ့ကျေးရွာတွေဘက်မှာဆန်တစ်အိတ်ကျပ် ၁၀ သိန်းဝန်းကျင်အထိပေးဝယ်နေရတယ်လို့ ပန်းနန်းဒင်ဒေသခံအမျိုးသမီးတစ်ဦး  KNG  ကိုပြောပါတယ်။ “ပန်နန်းဒင်မြို့ပေါ်မှာကအဲ့လောက်ကြီးစျေးမကြီးပါဘူး…

    Read More »
  • Nov- 2025 -
    20 November
    သတင်း

    နောင်မွန်မြို့ပြည်သူတွေ ဆေးကုသဖို့ အခက်အခဲကြုံတွေ့နေရ

    ကချင်ပြည်နယ် ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်နယ်ထဲက ပြည်သူတွေ ဆေးကုသဖို့ ပိုမိုခက်ခဲကြပ်သည်းလာတယ်လို့သိရပါတယ်။ နောင်မွန်မြို့နယ်ထဲမှာ ဆေးဝါးတွေလွတ်လွတ်လပ်လပ်သယ်ယူလို့မရတာ၊ အစိုးရပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးအလုံအလောက်မရှိတဲ့အပြင် ဆေးကုစရိတ်အဆမတန်များတာကြောင့် ပြည်သူတွေဆေးဝါးကုသဖို့အတွက် တစ်နေ့တခြားပိုခက်ခဲလာတယ်လို့နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ “လက်ထဲမှာပိုက်ဆံအနည်းဆုံးငါးသောင်းမှမရှိရင် ဆေးရုံသွားလို့မရဘူး အကြောဆေးလေးတစ်လုံးထိုးရင် ၁၈၀၀၀ ပေးရတယ်။ ဆေးရုံတစ်ညအိပ်ရင်…

    Read More »
  • Jul- 2025 -
    30 July
    သတင်း

    ရွာလုံးကျွတ် ရေထဲမျောပါသွားတဲ့ ထလာထုရွာပြည်သူများအတွက် အကူအညီလိုအပ်နေ

    ကချင်ပြည်နယ် ၊ပူတာအိုခရိုင် နောင်မွန်မြို့နယ်ထဲက ရေဘေးသင့်ခဲ့တဲ့ ထလာထုကျေးရွာနေပြည်သူတွေဟာ နောင်မွန်မြို့ပေါ်ကို ရွှေ့ပြောင်းလာကြပြီး အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ အိမ်ခြေ ၁၄ အိမ်ရှိတဲ့ ထလာထု ကျေးရွာမှာ ဇွန်လ ပထမပတ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ခြေအားလုံး ရေစီးထဲမျောပါသွားခဲ့တာဖြစ်ပြီး အဲ့ဒီရေဘေးသင့်ပြည်သူတွေဟာလက်ရှိနောင်မွန်မြို့ပေါ်ကိုပြောင်းရွေ့နေထိုင်လာကြတာကြောင့် အကူအညီတွေလိုအပ်နေတာလို့…

    Read More »
  • Jun- 2025 -
    5 June
    သတင်း

    ပန်နန်းဒင်မြို့အဝင် တံတားအပါ ကျေးရွာချင်းဆက် တံတား ၅ ခုအထိရေထဲမျောပါသွား

    ကချင်ပြည်နယ် နောင်မွန်မြို့နယ်ထဲမှာ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပန်နန်းဒင်မြို့အဝင်တံတားအပါအဝင် ကျေးရွာချင်းဆက်တံတား ၅ ခု အထိ ရေစီးထဲ မျောပါသွားကြောင်းသိရပါတယ်။ နောင်မွန်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့အပတ်ကတည်းက မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် တောင်ကျ ချောင်းရေကြီးတာ၊ မေခနဲ့ မလိခ ချောင်းရေမြင့်တက်တာတွေကြောင့် ပန်နန်းဒင်မြို့အဝင်…

    Read More »
  • Oct- 2022 -
    13 October
    သတင်း

    နောင်မွန်တွင် CDM ထွေအုပ်ဝန်ထမ်း ၁ ဦး ဘေချီဥရှာရင်း ကျောက်ကမ်းပါးမှ ပြုတ်ကျသေဆုံး

    ပူတာအိုခရိုင် နောင်မွန်မြို့မှ CDM ထွေအုပ်ဝန်ထမ်းအမျိုးသားတစ်ဦး ဘေချီဥရှာရင်း ကျောက်ကမ်းပါးမှ ပြုတ်ကျ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ စစ်တပ်အာဏာမသိမ်းမှီ ပန်နန်းဒင်မြို့ ထွေအုပ်ရုံးတွင် အကြီးတန်းစာရေးတာဝန်ထမ်းဆောင်ခဲ့ပြီး CDM ပြုလုပ်ထားသည့် နောင်မွန်မြို့ အမှတ် ၅ ရပ်ကွက်မှ ဦးခေါင်လန်ခင်ဂျောင်သည် ပန်နန်းဒင်းဘက်ရေခဲတောင်တွင် ဘေချီဥထွက်ရှာသွားရာမှ အောက်တိုဘာ…

    Read More »
  • Sep- 2022 -
    27 September
    Covid-19 Reporting

    နောင်မွန်တွင် ကိုဗစ်ကူးစက်ခံရသူ ၂၀၀ ကျော်ရှိနေပြီး Mask နှင့် ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်နေ

    ကချင်ပြည်နယ် နောင်မွန်မြို့တွင် ယခုလအတွင်း ကိုဗစ်–၁၉ ရောဂါ ကူးစက်ခံရသူ ၂၀၀ ကျော်အထိရှိနေပြီး နှာခေါင်စည်း (Mask) နှင့် ဆေးဝါးမရှိသည့်အတွက် အရေးပေါ် အကူအညီ လိုအပ်နေကြောင်း သိရှိရသည်။ စက်တင်ဘာလ ၁၀ နေ့မှ ၂၆ ရက်နေ့အထိ နောင်မွန်မြို့ပေါ်တစ်ခုတည်းတွင် ကိုဗစ်–၁၉ ရောဂါ…

    Read More »
  • 9 September
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    နောင်မွန်တွင် ရေကြီးရေလျှံဖြစ်မှုကြောင့် ပျက်ဆီးသွားသည့် လယ်ယာမြေတစ်ချို့ကို မြေစာရင်းမှ ပယ်ဖျက်

    ပူတာအိုခရိုင် နောင်မွန်မြို့တွင် ရေကြီးရေလျှံဖြစ်မှုကြောင့် ဒေသခံပြည်သူများ၏ လယ်ယာစိုက်ပျိုးမြေ ဧက ၂၀ ကျော်အထိ ထိခိုက်ပျက်စီးသွားပြီး ထိုပျက်စီးသွားသည့် လယ်ယာမြေယာတစ်ချို့ကို မြေစာရင်းမှ ပယ်ဖျက်လိုက်ရကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ နောင်မွန်ဒေသတွင် စက်တင်ဘာ လဆန်းပိုင်းအတွင်းမှ မိုးသည်းထန်ရွာစွာ ရွာသွန်းမှုကြောင့် ပျက်စီးသွားသည့်…

    Read More »
  • 5 September
    သတင်း

    နောင်မွန်တွင် ရေကြီးမှုကြောင့် လယ်စပါး  ဧက၂၀ ကျော် ပျက်စီးဆုံးရှုံးခဲ့

    ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သဖြင့် ဒေသခံများ၏ လယ်စပါးဧက ၂၀ ကျော်အထိ ပျက်ဆီး ဆုံးရှံးခဲ့သည်ဟု ဒေသခံများ ပြောဆိုချက်မှသိရသည်။ နောင်မွန်မြို့  မလိခမြစ်လက်တက်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ နောင်မွန်မြို့ပေါ် ၊ ရပ်ဘော့ကျေးရွာနှင့် ပါဘော့ကျေးရွာများတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ…

    Read More »
  • 3 September
    သတင်း

    နောင်မွန်မြို့ပေါ် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသဖြင့် နေအိမ်အချို့ ရွေ့ပြောင်းနေရ

    ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်မြို့တွင် ယနေ့ နံနက် ၃ နာရီခန့်မှ စတင်ကာ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး မြေနိမ့်ပိုင်းရှိ ပြည်သူအချို့ ရေဘေးလွတ်ရာသို့ ပြောင်းရွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။ နောင်မွန်မြို့တွင် လွန်ခဲ့သည့် ၃ ရက်ခန့်မှ…

    Read More »
  • Apr- 2022 -
    27 April
    သတင်း

    စက်ဆီစျေးနှုန်းမကျသေးသဖြင့် နောင်မွန်ဒေသခံများ လယ်ယာလုပ်ငန်း မစနိုင်သေး

    ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်ဒေသတွင် စက်သုံးဆီစျေးနှုန်း မြင့်တက်နေဆဲအခြေအနေကြောင့် စက်ယန္တရားဖြင့် လယ်ယာလုပ်ငန်းစတင်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။ နောင်မွန်ဒေသတွင် နှစ်စဉ် ဧပြီလတွင် လယ်လုပ်ငန်းများ စတင်လုပ်ကိုင်ပြီဖြစ်သော်လည်း ယခုနှစ်တွင်မူ စက်သုံးဆီစျေး အဆမတန် မြင့်တက်နေသဖြင့် လက်ရှိအချိန်အထိ…

    Read More »
Back to top button