ပစ်ခတ်မှု
-
Aug- 2023 -7 Augustသတင်း
ဆယ်ဇင်းကြိုးတံတားနားမှာရှိတဲ့ SNA တပ်စခန်းကို KIA ဘက်က ထပ်ပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့
ဖားကန့် ဆယ်ဇင်းကျေးရွာမှာရှိတဲ့ ကြိုးတံတားနားက ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ဒီမနက် ၆နာရီဝန်းကျင်မှာ သွားရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုပါတယ်။ ဒီနေ့မနက် နမ့်မော်နဲ့ကသိုဏ်းစစ်တပ်စခန်းဝင်ရောက်ချိန် တစ်ပြိုင်နက်ထဲမှာဘဲ ဆယ်ဇင်းရွာကြိုးတံတားနားမှာတပ်စွဲနေထိုင်တဲ့ SNA စခန်းကိုလည်း သွားရောက်တိုက်ခိုင်တာဖြစ်တယ်လို့ ပြောပါတယ်။ “ဒီမနက် စခန်း ၂ခုစလုံးကို သိမ်းနိုင်တဲ့အခြေနေဟုတ်တယ် ကသိုဏ်းရော ဆယ်ဇင်းက SNAစခန်းရော သိမ်းလိုက်တယ်ဆိုတာ မှန်ပါတယ်” လို့ပြောပါတယ်။ SNA တပ်စခန်းဝင်ရောက်တိုက်ခိုက်ရာမှာ အရာရှိ ၃ ဦးနဲ့သုံ့ပန်းတွေလည်း ဖမ်းဆီးရမိပြီးလက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိသွားတယ်လို့ ဒေသခံတွေ ဆယ်ဇင်းဘက်က ဒေသခံတွေပြောဆိုနေကြပေမယ့် ဒီအချက်လက်ကိုတော့ KNG အနေနဲ့သီးခြားအတည် ပြုနိုင်တာမရှိသေးပါဘူး။ KIA ဘက်က ဒီမနက်ထဲမှာဘဲ ဖားကန့်မှာရှိတဲ့ နမ့်မော်၊ကသိုဏ်းစစ်တပ်စခန်းအပြင် ဆယ်ဇင်း SNA စခန်းကိုဝင်ရောက်တိုက်ခိုက်တာဟာ ကသိုဏ်းတပ်စခန်းဘက်ကို စစ်ကူအနေနဲ့ဝင်ရောက်လာမယ့် စစ်ကောင်စီတပ်နဲ့SNA အဖွဲ့တွေကို တားဆီးတဲ့အနေနဲ့ သွားရောက်တိုက်ခိုက်တာ ဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။ “အဓိကတော့ ဒီဘက်ကို စစ်ကူမလာနိုင်အောင် သွားတားတော့ဟုတ်တယ်။ဒါပေမယ့် လက်နက်ကိုင်ထားတဲ့တူတွေဆိုတဲ့ ကိုယ်ပစ်သူပစ်ပေါ့ သူတို့ဘက်က ထိခိုက်သေဆုံးသူများတယ်”လို့ပြောပါတယ်။ ဒီမနက် ကသိုဏ်တပ်စခန်းကိုသွားရောက်တိုက်ခိုက်တဲ့ KIA တပ်ရင်း ၆ နဲ့ဆယ်ဇင်း SNA စခန်းသွားရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ KIA တပ်ရင်း၂၆ ဟာ တပ်မဟာ ၉လက်အောက်ခံတပ်တွေဖြစ်ပါတယ်။ လက်ရှိ ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေက နမ်ဆန်ယန်ဘက်ကိုလည်း နေ့တိုင်းစစ်အင်အား ဖြည့်နေတဲ့အပြင် ဖားကန့်ဘက်မှာလည်း စစ်တပ်စခန်းထိခိုက်သေဆုံးတာတွေများလာတဲ့အတွက် စစ်တပ်ဘက်က လေကြောင်းအသုံးပြုလာနိုင်သောကြောင့် အရပ်သားပြည်သူများ သတိထားနေကြဖို့ကိုလည်း KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ခုလိုပြောပါတယ်။
Read More » -
4 Augustသတင်း
ကသာမှာ ၁၀နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်သေဆုံး
စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် စစ်ကောင်စီတပ်ဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ၁၀နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။ မနေ့မနက်ပိုင်း ၉နာရီဝန်းကျင်မှာ ကလုံရွာမှာ စစ်ကောင်စီတပ်တွေက ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်း အင်းရွာတိုက်နယ်အုပ်စုဘက်ကို လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တာ ဖြစ်ပြီးတော့ အင်းရွာအုပ်စုဦးစောကျွန်းရွာက ကလေးငယ်သေဆုံးခဲ့ရတာလို့ ကသာမြို့နယ်ကကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး ကပြောပါတယ်။ “ကလုံမှာရွာကအဖွဲ့တွေက သူတို့ရဲ့အရှေ့ဘက်ကမ်း ကလုံနဲ့မျက်နှာချင်းဆိုင်ရွာ…
Read More » -
1 Augustသတင်း
ဖားကန့်မှာတစ်လအတွင်း ခိုးဆိုးလုယက်ခံရမှု ၉ ကြိမ်ရှိလာ
ဖားကန့်မှာ ဇူလိုင်လ တစ်လအတွင်း KNG သတင်းဌာနရဲ့ စုစည်းထားတဲ့ အချက်အလက်အရ ခိုးဆိုးလုယ်မှု၊ပစ်ခတ်မှု၊ဖမ်းဆီးခံရမှု ၉ ကြိမ်ရှိခဲ့ပါတယ်။ ဒီလိုခိုးဆိုးလုယက်မှုတွေများလာပေမယ့် ဖားကန့်မြို့နယ်ထဲက တာဝန်ရှိအဖွဲ့အစည်းအစိုးရတွေအနေနဲ့ တာဝန်ယူဖြေရှင်းပေးတာတွေမရှိတဲ့အတွက် ပြည်သူတွေ အချင်းချင်းသာ အားကိုးနေရတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “ခုက အချင်းချင်းဘဲ အားကိုးနေကြရတာ တစ်ခုခုဖြစ်ရင် အော်ကြနော် ကူညီပေးကြအုံးဆိုတာတွေဘဲ…
Read More » -
Jul- 2023 -27 Julyသတင်း
ဖားကန့်မှာ ပစ်ခတ်ရေးအဖွဲ့နာမည်နဲ့ အွန်လိုင်းပေါ်က ခြိမ်းခြောက်ငွေတောင်းတာ ဆက်တိုက်ဖြစ်လာ
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုအတွင်း ပစ်ခတ်ရေးအဖွဲ့ဆိုတဲ့နာမည်နဲ့ အွန်လိုင်းပေါ်ကနေ ငွေတောင်းခံတာတွေ ခပ်စိပ်စိပ်ဖြစ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီပစ်ခတ်ရေးအဖွဲ့ဟာ ဇူလိုင်လ ဒုတိယအပတ်ကနေထွက်ပေါ်လာတာဖြစ်ပြီး စားသောက်ဆိုင်၊လက္ဖက်ရည်ဆိုင်များ၊ ကုန်မာဆိုင်၊ ဆေးဆိုင်၊ ကိတ်မုန့်လုပ်ငန်းဆိုင်နှင့် အလှပြင်ပစ္စည်းဆိုင်ပိုင်ရှင်တွေကို ပစ်မှတ်ထားပြီး ပစ်မှတ်ထားပြီး တောင်းခံနေရကြတယ်လို့ ဖားကန့်ဒေသခံက အမျိုးသားတစ်ဦးက ပြောပါတယ်။…
Read More » -
25 Julyသတင်း
မူဆယ်မြို့ပေါ် နေရာ ၅ခုမှာ ပစ်ခတ်မှုဖြစ်
ရှမ်းမြောက် မူဆယ်မြို့တွင်း နေရာ ၅ နေရာမှာ ပစ်ခတ်မှုဖြစ်ပြီး တစ်ပြိုင်နက် မြို့ပြင်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မူဆယ်ဒေသခံတွေကပြောပါတယ်။ အဲဒီပစ်ခတ်မှုဟာ ည ၁၀ နာရီခွဲကနေ မနက် ၂ နာရီထိပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်တပ်က ပြည်သူ့စစ်တွေရှိတဲ့ဘက်ကို ဒရုန်းနဲ့လွတ်ပြီး အပြန်အလှန်ပစ်ခတ်တာတွေလည်း ရှိတယ်လို့ မူဆယ်ဒေသခံအမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “မနေ့ည တစ်ညလုံးတော့ ဆက်တိုက်အသံမြည်တာ တစ်နေရာမှာမြည်လိုက်၊…
Read More » -
Jun- 2023 -28 Juneသတင်း
ညောင်ကုန်းကျေးရွာ လေကြောင်းပစ်ခတ်ခံရပြီး ဘုန်းကြီးတစ်ပါးအပါအဝင် အရပ်သားပြည်သူ ၉ ယောက်သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ညောင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ဘုန်းကြီးတစ်ပါးအပါအဝင် အရပ်သားပြည်သူ ၉ ယောက်နဲ့ စုစုပေါင်း ၁၀ ယောက် သေဆုံးမှုရှိခဲ့တယ်လို့ မြေပြင်ကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံကနေ သိရသည်။ ဇွန်လ ၂၇ ရက်နေ့…
Read More » -
26 Juneသတင်း
အင်းတော်မြို့အနီး ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့်စောင့်ကြည့်ပြီး လက်နက်ကြီးပစ်ခတ်
အင်းတော်မြို့တွင် တပ်စွဲနေထိုင်ထားသည့် စစ်ကောင်စီတပ်သည် အင်းတော် မြို့ပတ်ပတ်လည်ရှိကျေးရွာများကို ဒရုန်းဖြင့်လှည့်လည်စောင့်ကြည့်နေပြီး လက်နက်ကြီး ယမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၁၈ ရက်နောက်ပိုင်း ခလရ ၇၇ တပ်သည် အင်းတော်မြို့အတွင်း ဒေသအခေါ် ရိက္ခာကုန်းတွင် တပ်စွဲနေထိုင်နေပြီး မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများကို ဒရုန်းဖြင့် လှည့်လည်စောင့်ကြည့်ပြီးနောက် ယခုလို ပစ်ခတ်နေခြင်းဖြစ်သည်ဟု နဘားကျေးရွာ မှ ဒေသခံတစ်ဦးက KNG ကို ပြောသည်။ “သူတို့က အခုစစ်ကြောင်းမထိုးတော့ဘူးတဲ့ စစ်ကြောင်းထိုးရင်လည်း အမြဲတမ်းလိုလိုပဲ ခံနေရတော့ အခုနောက်ပိုင်းက အင်းတော်မြို့နဲ့ ငါးမိုင်အကွာပတ်ခြာလည်ကို ဒရုန်းတွေ၊ လက်နက်ကြီးတွေ အဲ့လိုတွေနဲ့ပဲလုပ်တော့မှာတဲ့”ဟု အသက် ၅၀ ကျော်ရှိ နဘားကျေးရွာဒေသခံက ပြောသည်။ ထိုသို့ ပစ်ခတ်နေသောကြောင့် ဇွန်လ ၂၁ရက်နေ့က ပင်ဝယ်ရွာသားတစ်ဦး သုံးဘီးမောင်းနေစဥ် ထိခိုက်ခဲ့သည့်ဖြစ်စဥ် နှင့် ဇွန်လ ၂၂ ရက်နေ့က ကမ်းနီကျေးရွာ လယ်တောတွင် လက်နက်ကြီးကျည် တစ်လုံးကျရောက်မှုကြောင့် အသက် ၂၀ ကျော်…
Read More » -
5 Juneတိုက်ပွဲ
လားရှိုးမြို့ စစ်ကောင်စီတပ် ခမရ ၅၀၇ နှင့် အမှတ်( ၂ ) ရဲစခန်းတိုက်ခိုက်ခံရ
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ စစ်ကောင်စီတပ် ခမရ ၅၀၇ နှင့် အမှတ်( ၂ ) ရဲစခန်း ၂ နေရာ ယနေ့ နံနက်ပိုင်း ၄ နာရီဝန်းကျင် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှသိရသည်။ လားရှိုးမြို့ရပ်ကွက်(၅)အထက်မန်အိုင်၊ အကုန်းညောင်တဝိုက်တွင်ရှိသော…
Read More » -
May- 2023 -22 Mayသတင်း
ဖားကန့်တွင် အမျိုးသားတစ်ဦးသေနတ်ပစ်ခံရပြီး ခြေနေစိုးရိမ်ရ
ဖားကန်မြို့ မှော်ဝမ်းရပ်ကွက်တွင် ယနေ့ နံနက်ပိုင်း ၂ နာရီဝန်းကျင် အမျိုးသားတစ်ဦးသေနတ်ပစ်ခတ်ခံရပြီး အခြေနေစိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရသည်။ မော်ဝှမ်းရှိ ဒို့ညီနောင် ကွမ်းယာဆိုင်ရှေ့တွင် အမျိုးသားတစ်ဦးကို အမည်မသိအမျိုးသားတစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း ဖားကန့်မြို့အမျိုးသား တစ်ဦးက KNG ကိုပြောသည်။…
Read More » -
1 Mayသတင်း
ရွာမကျေးရွာမှ ဒေသခံ ၇ ဦးဖမ်းဆီး ဖမ်းဆီးသတ်ဖြတ်ခံရ
စစ်ကိုင်းမြို့နယ် ရွာမကျေးရွာတွင် စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီးကြောင့် ဒေသခံ ၇ ဦး ကျည်ထိမှန် သေဆုံးသွားကြောင်း တိုက်နယ်စွန် PDF အဖွဲ့ထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ဧပြီလ ၃၀ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်တွင် စစ်ကိုင်းမြို့မှ ရွာမကျေးရွာဘက်သို့ ဝင်လာရောက်လာချိန် လက်နက်ကြီး၊…
Read More »