သတင်း

နန်းကင်ရွာက လူငယ် ၂ ဦး စစ်ကောင်စီတပ်ပစ်ခတ် ဖမ်းဆီး

စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် မဲဇာဒေသက နန်းကင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ချိန် လူငယ် အမျိုးသား ၂ ဦး ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ အင်းတော်ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီစစ်သားနဲ့ ပျူစောထီးတွေပါဝင်တဲ့ အင်အား ၂၀ ကျော်ပါ စစ်ကြောင်းတစ်ကြောင်းဟာ အောက်တိုဘာလ မနေ့က ည ၅ နာရီခွဲအချိန် နန်းကင်ကျေးရွာထဲကို ဝင်ရောက်စီးနှင်းရှာဖွေတာတွေပြုလုပ်ခဲ့ပြီး အင်းတော်ဘက်ကပြန်လာတဲ့ လူငယ်အမျိုးသားနှစ်ဦးကိုပစ်ခတ်ဖမ်းဆီးသွားတာဖြစ်တယ်လို့ အင်းတော်မြို့နေ အမျိူးသားတစ်ဦးက KNG ကိုပြောပါတယ်။

စစ်ကြောင်းက နန်းကင်ရွာကို ဝင်ရှာတာ ဝင်ရှာတဲ့အချိန်မှာပဲအဲ့လူငယ် နှစ်ယောက်ကလည်း အင်းတော်ဘက်ကနေ အလာ ရွာထိပ်အရောက်မှာဖမ်းခံရတာ ဆိုင်ကယ် နဲ့လာတာ သူတို့က ပစ်ခတ် ပြီးဖမ်းတာ သွေး တွေထွက်နေတာရွာသားတွေမြင်လိုက်တယ်တဲ့လို့ အင်းတော်မြို့နယ် အမျိူးသား တစ်ဦးကပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်နှစ်ဦးဟာ နန့်သဲကျေးရွာထဲကတစ်ဦးနဲ့ မဲဇာကျေးရွာထဲက တစ်ဦးဖြစ်ပြီး အင်းတော်မြို့ထဲကို WIFI လာသုံးပြီးအပြန်မှာ ပစ်ခတ်ဖမ်းဆီးခံလိုက်ရတာလို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ နန်းကင်ကျေးရွာထဲကို PDF တွေရှိတယ်ဆိုတဲ့ သတင်းကြောင့်ဝင်စီးတာဖြစ်ပြီး စစ်ဆေးမေးမြန်းတာတွေလုပ်သွားတယ်လို့သိရပါတယ်။

ဒီရွာမှာ PDF ရှိတယ်ဆိုပြီး မေးလားမြန်းလားလုပ်သွားတယ် အိမ်တွေကိုလည်း ဝင်စစ်သွားတယ် wifi တပ်ထားတဲ့အိမ်တွေကို ပိုစစ်သွားတယ်လို့ ဒေသခံအမျိုးသား တစ်ဦးကပြောပါတယ်။

စစ်ကောင်စီဟာ အောက်တိုဘာ ၅ ရက်နေ့ ည ၁၀ နာရီအချိန်ကလည်း အင်းတော်မြို့ အမှတ် ၂ ရပ်ရွက်ထဲက လူနေအိမ်တစ်လုံးကို ဝင်စီးခဲ့ပြီး နေအိမ်ထဲက အမျိူးသမီး ၂ဦး တဲ့အမျိုးသားတစ်ဦး တို့ကို ဖမ်းဆီးသွားခဲ့ပါတယ်။

အင်းတော်မြို့နယ်ဟာ ဒီနှစ်ဖေဖော်ဝါရီလထဲမှာဘဲ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့မြို့နယ်ဖြစ်ပြီး ဖုန်းအင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့မြို့နယ်လည်း ဖြစ်ပါတယ်။၏

ဒါ့အပြင် အင်းတော်မြို့နယ် စစ်ကိုင်းကချင်အစပ်ဒေသမှာရှိပြီး စစ်ရေးအရ အချက်အချာကျတဲ့မြို့နယ်ဖြစ်ပါတယ်။

Show More

Related Articles

Back to top button