ပစ်သတ်ခံရမှု
-
Sep- 2024 -17 Septemberသတင်း
ဖားကန့်မှာ တစ်ပတ်အတွင်း ပစ်သတ်ခံရသူ ၃၀ ဦးထက်မနည်းရှိလာပြီး နေအိမ် ၄၀၀ ခန့်မီးရှို့ဖျက်ဆီးခံရ
တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာမှာ အရပ်သား ၃၀ ဝန်းကျင်သတ်ဖြတ်ခံထားရတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။ ပစ်သတ်ခံထားရတဲ့ ရုပ်အလောင်းတွေဟာ စစ်တပ်က Lucky Man Hotel ဟိုတယ်ကနေ စနှိုက်ဘာနဲ့ပစ်သတ်တာ၊ နှစ်ဖက်စစ်တပ်အပြန်အလှန်ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး သေဆုံးတာ၊ လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်သေဆုံးတာတွေဖြစ်တယ်လို့ ဖားကန့်မှာ ကူညီဆောင်ရွက်ပေးနေတဲ့ ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။ “မျက်မြင်သက်သေအရ ပြောရမယ်ဆိုရင် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်သတ်လိုက်တာ၊ လေယာဉ်နဲ့ ဗုံးကြဲလို့ သေဆုံးသွားတာ၊ စစ်ကောင်စီတပ်သားတွေ Lucky Man Hotel ကနေ စနှိုက်ဘာနဲ့ ချိန်ပစ်တာတွေ၊ လမ်းပေါ်သွားလာတဲ့သူတွေကို လှမ်းပစ်တာအားလုံး ဒီရက်ပိုင်းအတွင်းမှာပဲ သေဆုံးတာ ၃၀ လောက်ရှိပြီဗျာ။ အခုချိန်အထိ တစ်ချို့ရုပ်လောင်းတွေကို ကောက်ယူလို့မရသေးဘူး။ လမ်းပေါ်တွေမှာ အများကြီးပုပ်ပွနေတာ ဘယ်လိုမှ ကောက်လို့မရသေးဘူး”လို့ပြောပါတယ်။ သေဆုံးနေတဲ့ရုပ်အလောင်းတွေဟာ လမ်းပေါ်မှာပုပ်ပွနေပြီး ကောက်လို့မရတဲ့အပြင် နေအိမ်တွေလည်း ဆက်တိုက်မီးရှို့ခံနေရတယ်လို့ သူကဆက်ပြောပါတယ်။ စက်တင်ဘာလ ၁၇ ရက်နေ့ထိ ဆိုင်းတောင်ကျေးရွာထဲမှာ ရုပ်အလောင်း ၃၀ ထက်မနည်းသေဆုံးနေပြိီး သေဆုံးတဲ့ထဲမှာ အရပ်သားအများဆုံးပါဝင်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အနည်းအကျဉ်းပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ ရှမ်းနီ SNA တပ်ပူးပေါင်းပြီးတော့ လူနေအိမ်များအပြားကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့လည်း သိရပြီး Lucky Man Hotel ရှိတဲ့ ရပ်ကွက် ၄ မှာ နေအိမ် ၄၀၀ ဝန်းကျင်အများဆုံးမီးရှို့ခံရတယ်လို့ သူကဆက်ပြောတယ်။ စက်တင်ဘာ ၇ ရက်နေ့ တိုက်ပွဲစတင်လာတဲ့နောက် ၆ ရက်အကြာ စက်တင်ဘာလ ၁၂ ရက်နေ့ ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲဟာပိုပြီးပြင်းထန်လာသလို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုလည်း ဆက်တိုက်လုပ်နေပါတယ်။ “နေအိမ်တွေ မီးလောင်တာ ခန့်မှန်းတာ လေးရာကျော်၊ ငါးရာလောက်ရှိတယ်။ အဓိကတော့ ရပ်ကွက်(၄)နဲ့ ဖားပြင်လမ်းဘက်ကို ဆိုးဆိုးရွားရွာ မီးရှို့ခံထားရတာ။ ဒီဖြစ်စဉ်မှာက သေချာစုံစမ်းကြည့်ရသလောက်က စစ်ကောင်စီတပ်သားတွေရဲ့ ခိုင်းစေမှုနဲ့ ရှမ်းနီ SNA တပ်သားတွေလည်းပါတယ်လို့ သိရပါတယ်”လို့ပြောပါတယ်။ စက်တင်ဘာလ ၁၇ ရက် ဒီကနေ့ ညနေပိုင်း ၅ နာရီဝန်းကျင်လောက်မျာလည်း ဆိုင်းတောင် ယူမာကျေးရွာဘက်မှာ လူနေအိမ်တွေ ထပ်မံမီးလောင်ပျက်စီးနေတယ်လို့ သူကဆက်ပြောပါတယ်။ ဆိုင်းတောင်ကျေးရွာထဲက နေအိမ်မီးရှို့ဖျက်ဆီးခံရတာကြောင့် အိမ်ခြေ ၄၀၀ ကျော်လောက် မီးလောင်ပျက်စီးသွားပြီး အများဆုံး ဖားပြင်ကျေးရွာဘက်က အဆိုးရွာဆုံးဖြစ်တယ်လို့ သိရပါတယ်။ Lucky Man Hotel ထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေ ထွက်လာလို့မရအောင် KIA ပူးပေါင်းတပ်တွေ လမ်းကြောင်း ပိတ်ဆို့ တိုက်ခိုက်နေတာကြောင့် တစ်ဖက်မှာ စစ်တပ်က နေအိမ် မီးရှို့ဖျက်ဆီးနေတာဖြစ်တယ်လို့လည်း ဖားကန့်ဒေသခံတွေပြောပြပါတယ်။ ဖားကန့် ဆိုင်းတောင်ကျေးရွာထဲမှာ အရပ်သားသေဆုံးမှုနဲ့ နေအိမ်မီးရှို့ခံရမှု အလွန်များနေပေမယ့်လည်း စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေက စစ်ရေးတင်းမာနေပြီး ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေသေးတာလည်းဖြစ်ပါတယ်။…
Read More » -
Apr- 2024 -4 Aprilသတင်း
မြစ်ကြီးနားမြို့မှာ ဇနီးမောင်နှံနှစ်ဦးသေနတ်နဲ့ပစ်ခံရ အမျိုးသားဖြစ်သူ ပွဲချင်းပြီးတစ်ဦးသေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ဇနီးမောင်နှံနှစ်ဦးသေနတ်နဲ့ပစ်ခံရပြီး အမျိုးသားဖြစ်သူကတော့ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမြစ်ကြီးနားမြို့အဖွဲ့မှ သိရပါတယ်။ ဖြစ်စဉ်ကတော့ ဧပြီလ ၄ ရက်နေ့ ဒီနေ့မနက် ၅နာရီခွဲဝန်းကျင် စီတာပူရပ်ကွက် နယ်မြေ (၈) ဟာရူး(HARU)စားသောက်ဆိုင် လမ်းဆုံတစ်နေရာမှာဆိုင်ကယ်စီးလာတဲ့ အသက် ၅၀ ဝန်းကျင်အရွယ် ဇနီးမောင်နှံနှစ်ဦးကို အမည်မသိလူတစ်စုက သေနတ်နဲ့ ပစ်သွားတာဖြစ်တယ်လို့ စီတာပူရပ်ကွက်နေ ပြည်သူတွေဆီကနေ သိရပါတယ်။ “သေနတ်သံ လေးငါးချက်ကြားပြီး အပြင်ကို ထွက်ကြည့်ကြတော့ ဆိုင်ကယ်နဲ့လဲနေတာပေါ့ ဘယ်သူတွေပစ်သွားမှန်းသေချာတော့ မသိလိုက်ဘူး မမြင်လိုက်ဘူးပေါ့”လို့ ဆိုပါတယ်။ သေနတ်နဲ့ပစ်ခံရတဲ့ ဇနီးမောင်နှံမှာ အမျိုးသားဖြစ်သူကတော့ ပွဲချင်ပြီးသေဆုံးသွားပြီး အမျိုးသမီးကတော့အသက်ရှင်နေဆဲဖြစ်ပြီး ထိခိုက်ဒဏ်ရာတော့ပြင်းထန်စွာရရှိထားတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း မြစ်ကြီးနားမြို့အဖွဲ့မှ အဖွဲဝင်တစ်ဦးကခုလိုပြောပြပါတယ်။ “သေသွားတဲ့ အမျိုးသားကတော့လည်ပင်းနဲ့ပါးမှာပစ်ခံရတယ် အမျိုးသမီးကတော့ ဘယ်ဘက်ရင်အုံမှာတစ်ချက် ပြီးတော့ဘယ်ဘက် နံရိုးအထက်မှာနှစ်ချက်စုစုပေါင်းသုံးချက်ပစ်ခံထားရတယ်”လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သေဆုံးသွားတဲ့ အမျိုးသားကိုတော့ မြစ်ကြီးနားရင်ခွဲရုံကို ပို့ဆောင်ထားပြီး အမျိုးသမီးကိုတော့ မြစ်ကြီးနားဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။ သေနတ်ပစ်ခံရတဲ့ ဇနီးမောင်နှံဟာ စီတာပူရပ်ကွက်မှာအိမ်ငှားနေတာဖြစ်ပြီး စိုက်ခင်းသွားတဲ့လမ်းမှာ အပစ်ခံရတာဖြစ်နိုင်တယ်လို့ စီတာပူရပ်ကွက်က ပြည်သူတစ်ချို့ကပြောဆိုနေတာတွေရှိပေမယ့် လူမှုကယ်ဆယ်ရေးအသင်းတွေဆီကိုတော့လူနာရှင်တွေဘက်က ဆက်သွယ်လာခြင်းတော့မရှိသေးဘူးလို့ ဆိုပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ အမျိုးသား ၄ ယောက်က ကားတစ်စီးအပါငွေသား သိန်း ၈၀ ကို ဓါးပြတိုက်သွားတယ်လို့ ကားပိုင်ရှင်ဆီကနေသိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ တုန်းကလည်း အသက်၂၅ နှစ်အရွယ် ကိုလဖိုင်ဇော်လီအောင်(Zau Li Awng)က စီတာပူရပ်ကွက်၊ အထ(၅)ကျောင်းကြား NLD ရုံးအကျော် လမ်းဆုံတစ်နေရာမှာ ကားရပ်ပြီး ဆေးလိပ်သောက်နေချိန် အသက် ၃၀ ဝန်းကျင်ရှိတဲ့ အသားညိုညို ထောင်းထောင်းမောင်းမောင်း လူ ၄ ယောက်ကဓားထောက်ပြီး ကားနဲ့ ငွေသားသိန်း၈၀ကျော်ကို ဓားပြတိုက်သွားခဲ့တာဘဲ ဖြစ်ပါတယ်။ By – Hope
Read More » -
Mar- 2024 -26 Marchသတင်း
နန့်မွန်းမြို့မှာ အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ပစ်ခံရ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်မွန်းမြို့ နတ်ကြီးကုန်းရပ်ကွက်က အုပ်ချုပ်ရေးမှူးသေနတ်နဲ့ပစ်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၂၆ ရက်နေ့ ဒီကနေ့ မနက် ၄ နာရီဝန်းကျင် နန့်မွန်းမြို့ နတ်ကြီးကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်တဲ့ အသက် ၅၃ နှစ်အရွယ် ဦးဌေးအောင်ဟာ ဇနီးသည်ဒေါ်ညိုကို မနက်စျေးလိုက်ပို့ချိန် စျေးအဝင်ပေါက်မှာပစ်ခံရတာဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူးနဲ့နီးစပ်သူတစ်ဦးက KNGကိုပြောပါတယ်။ “ဟုတ်တယ်ဗျ ဒီနေ့မနက် မနက်အစောကြီး ၄ နာရီမှာဟုတ်တယ် သူ့မိန်းမ ဒေါ်ညိုကို စျေးလိုက်ပို့တဲ့အချိန် စျေးပေါက်ဝမှာပစ်ခံလိုက်ရတာ”လို့ ပြောပါတယ်။ အုပ်ချုပ်ရေးမှူး ဦးဌေးအောင်ဟာ ဦးခေါင်းမှာတစ်ချက်၊လက်မောင်းမှာ ၂ ချက်ထိမှန်သွားပြီး အသက်ရှိနေသေးတာကြောင့် မြစ်ကြီးနားဆေးရုံကိုချက်ချင်းပို့ဆောင်လိုက်တယ်လို့သိရပြီး ဘယ်အဖွဲ့ကပစ်ခတ်သွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ “ချက်ချင်းပဲမြစ်ကြီးနားဆေးရုံကိုပို့လိုက်တယ် အခြေနေဘာမှန်းတော့မသိရသေးဘူး။ စိုးရိမ်ရတဲ့အခြေနေမှာရှိနေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မျက်မြင်တွေ့တဲ့ဒေသခံတွေပြောပြချက်အရ သေနတ် ဒဏ်ရာ ၃ချက်ထိထားတဲ့အုပ်ချုပ်ရေးမှူးဟာ အသက်မသေဆုံးမှီ မြစ်ကြီးနားဆေးရုံပို့ဆောင်ထားနိုင်ပေမယ့် ဦးခေါင်း ဒဏ်ရာပြင်းထန်စွာရရှိထားတာကြောင့် သက်ရှင်နိုင်တဲ့ရာခိုင်နှုန်းအလွန်နည်းပါးတယ်လို့ ဆိုပါတယ်။ သေနတ်ပစ်ခံရတဲ့ နတ်ကြီးကုန်းအုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီထုတ်ပြန်တဲ့ စစ်မှုထမ်းဥပဒေအတွက် နတ်ကြီးကုန်းရပ်ကွက်မှာ မတ်လ လဆန်းပိုင်းကစပြီး နာမည်စာရင်းကောက်ခံတာ၊မဲနှိုက်ခိုင်းတာတွေလုပ်ဆောင်ခဲ့တာကြောင့် ခုလိုလုပ်ကြံခံရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝန်း စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်အထိ စစ်ကောင်စီနဲ့ပူးပေါင်းတဲ့အုပ်ချုပ်ရေးမှူးတွေ လုပ်ကြံသတ်ဖြတ်ခံရမှုမကြာခဏဖြစ်ပေါ်ခဲ့ပေမယ့် ၂၀၂၃ ခုနှစ်မှာ သတ်ဖြတ်ခံရတာတွေဟာ ခနငြိမ်နေခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်တပ်ကစစ်မှုထမ်းဥပဒေထုတ်ပြန်လိုက်ပြီးတဲ့နောက် စစ်မှုထမ်းဥပဒေကိုပါဝင်ကူညီပေးနေတဲ့ မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ကျေးရွာ၊အုပ်ချုပ်ရေးမှူးတွေဟာ သတ်ဖြတ်ခံရတဲ့ရုပ်သံတွေကလည်း လူမူကွန်ယက်စာမျက်နှာမှာ ဒီရက်ပိုင်းမကြာခန မြင်တွေ့နေရတာလည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Jan- 2024 -15 Januaryသတင်း
နန့်မွန်းမှာ NLD ပါတီးဟောင်းတစ်ဦး ပစ်သတ်ခံရ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့ အမှတ် (၂)ရပ်ကွက်နေအိမ်မှာ ပစ်သတ်ခံလိုက်ရတဲ့ NLD ပါတီဝင်ဟောင်းရဲ့ရုပ်အလောင်းကို ဒီနေ့မြှုပ်နှံသဂြိုလ်လိုက်ကြောင်းသိရပါတယ်။ ပစ်သတ်ခံရတဲ့ NLD ပါတီဝင်ဟောင်းဟာ အသက် ၄၀ နှစ်ရှိသူ ဦးဆန်းလင်းဦးဆိုသူဖြစ်ပြီး ဇန်နဝါရီ ၁၃ ရက်နေ့…
Read More » -
Oct- 2023 -5 Octoberသတင်း
ရေရှင်ရွာက အုပ်ချုပ်ရေးမှူးပစ်သတ်ခံရ
မိုးကောင်းမြို့နယ် ရေရှင်ရွာက အုပ်ချုပ်ရေးမှူးသေနတ်နဲ့ပစ်သတ်ခံရတယ်လို့ မိုးကောင်းဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၅ ရက် ညနေ ၇ နာရီလောက်မှာ စံပါလီရွာနဲ့ရွာသစ်ကြား ဘုန်းကြီးကျောင်းနားမှာရှိတဲ့ နေအိမ်ရှေ့မှာရပ်နေချိန် အမည်မသိလူတစ်စုက သေနတ် ၃ ချက်နဲ့ပစ်သွားတာဖြစ်တယ်လို့ မိုးကောင်းဒေသခံတစ်ယောက်က ပြောပါတယ်။…
Read More » -
4 Octoberသတင်း
ဆိုင်းတောင်မှာ လူငယ်အမျိုးသားတစ်ဦး ပစ်သတ်ခံရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာထဲမှာ မနေ့ညက လူငယ်အမျိုးသားတစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာ ၃ ရရက် မနေ့ည၆ နာရီအချိန်မှာ ဘွမ်ပရာကုန်းရပ်ကွက်နေ အသက် ၄၀ ဝန်းကျင်ရှိတဲ့ ကိုအောင်ဇင်ဖြိုးဆိုသူဟာ အိမ်စီးကားနဲ့ ဖားကန့်ဘက်အလာ…
Read More » -
3 Octoberသတင်း
ဖားကန့်မှာ အချဥ်ပေါင်းသည်တစ်ဦး ပစ်သတ်ခံရ
ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာအပိုင် ရပ်ကွက်(၁)ရှိ ဒေသအခေါ် ရေတွင်းပျက်နေရာမှာ အချဥ်ပေါင်းရောင်းသူတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့ ဒီကနေ့ နေ့လည် ၂နာရီလောက်မှာ အချဉ်ပေါင်းလှည့်ရောင်းချိန် နားထင်မှာပစ်သတ်ခံရတာဖြစ်တယ်လို့ ကုဋေကျေးရွာသားတစ်ဦးက ပြောပါတယ်။…
Read More » -
Aug- 2023 -4 Augustသတင်း
နမ္မတီးစည်ပင်ဦးစီးမှူး ပစ်သတ်ခံရ
မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်အဝင် ရထားသံလမ်းကူးနားမှာ နမ္မတီး စည်ပင်ဌာနက ဦးစီးမှူး မနေ့ည ၈နာရီလောက်မှာ ပစ်သတ်ခံလိုက်ရတယ်လို့ မြစ်ကြီးနားဒေသခံတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ မနေ့ည ၈နာရီလောက်မှာ အိမ်စီးကားအဖြူနဲ့ ဧဒင်ရပ်ကွက်ကနေ အေးမြသာယာရပ်ကွက်ဘက်ကို မောင်းဝင်လာစဉ် ပစ်သတ်ခံလိုက်ရတာဖြစ်တယ်လို့ မျက်မြင်တွေ့ခဲ့သူတစ်ဦးက KNG ကိုခုလိုပြောတာဖြစ်ပါတယ်။ “အဲမှာ အရပ်ဝတ်လူတစ်စုက မသင်္ကာတဲ့သူတွေဆို စစ်ဆေးနေကြတာ အဲချိန်အဲကားက အေးမြသာယာဘက်ကိုဝင်လာတဲ့ချိန် တားတာ မရပ်ပေးလို့ လှမ်းပစ်လိုက်ကြတာဟုတ်တယ်”လို့ပြောပါတယ်။ မျက်မြင်တွေ့ရှိခဲ့သူတွေရဲ့ ပြောဆိုချက်အရ စစ်ကောင်စီတပ်တွေက ကင်းလှည့်ရင်း စစ်ဆေးနေချိန် ပစ်သတ်မိတာဖြစ်နိုင်တယ်လို့ ပြောဆိုမှုတွေရှိနေပေမယ့် KNG အနေနဲ့တော့ ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့ကပစ်သတ်သွားတယ်ဆိုတာကို သိရှိနိုင်ဖို့ မြို့မရဲစခန်းကို ဖုန်းနဲ့ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိသေးပါဘူး။ အလားတူ မြစ်ကြီးနား ကာကွယ်ရေးတပ်ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ ဒီပစ်သတ်ခံရမှုက ကာကွယ်ရေးတပ်ရဲ့လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။ ပစ်သတ်ခံလိုက်ရတဲ့ နမ္မတီး စည်ပင်သာယာရေးဌာနဦးစီးမှုး ဦးဖြိုးဝေဟာ တနိုင်းစည်ပင်ဌာနကနေ နမ္မတီးဘက်ကိုပြောင်းရွှေ့သွားတာမကြာသေးဘူးလို့ သိရပါတယ်။ မြစ်ကြီးနားမြို့မှာ အာဏာသိမ်းပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များနဲ့ပတ်သက်ဆက်နွယ်သူတွေကို စစ်တပ်ဘက်က ဖမ်းဆီးပစ်သတ်တာတွေရှိသလို ကာကွယ်ရေးတပ်ဘက်ကလည်း စစ်ကောင်စီတပ်နဲ့ဆက်ဆိုင်တဲ့ အစိုးရရုံးတွေမှာ ပစ်ခတ်တာ သွားရောက်ဖောက်ခွဲတဲ့ ဖြစ်စဉ်တွေရှိနေပါတယ်။
Read More » -
Jun- 2023 -26 Juneသတင်း
ဆားတောင်တွင် PDF တပ်ဖွဲ့ဝင် ၂ ဦးပစ်သတ်ခံရ
စစ်ကိုင်းတိုင်းဒေသကြီး ဆားတောင်မြို့တွင် ဇွန်လ ၂၅ ရက်နေ့ ပြည်သူ့ကာကွယ်ရေးတပ်ဝင် PDF တပ်သား၂ ဦး ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။ သတ်ဖြတ်ခံရသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးသည် ဆားတောင်မြို့မစျေးအနီးရှိ မိုဘိုင်းလ်ဖုန်းဆိုင်းတစ်ခုတွင် ဖုန်းသွားဝယ်ခဲ့စဉ် ပျုစောထီး ၂…
Read More » -
Feb- 2023 -9 Februaryသတင်း
မဲဇာရဲစခန်းရှေ့ အမျိုးသားတစ်ဦး ပစ်သတ်ခံရမှုဖြစ်ပွား
စစ်ကိုင်းတိုင်ဒေသကြီး အင်းတော်မြို့နယ် မဲဇာကျေးရွာ ရဲစခန်းရှေ့တွင် ယမန်ည ၁၀ နာရီဝန်းကျင် စခန်းရှေ့ဖြတ်သွားသည့် ပြည်သူတစ်ဦးကို စစ်ကောင်စီ ပစ်သတ်လိုက်ကြောင်းသိရသည်။ ပစ်သတ်ခံလိုက်ရသူသည် အလယ်ဆိပ်ကျေးရွာတွင် နေထိုင်သူ အသက် ၄၅ နှစ်အရွယ် ကိုစိုးနိုင်ခေါ်သူဖြစ်ပြီး မဲဇာကျေးရွာဘက်မှ အလယ်ဆိပ်သို့…
Read More »