သတင်း

နန့်မွန်းမြို့မှာ အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ပစ်ခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်မွန်းမြို့ နတ်ကြီးကုန်းရပ်ကွက်က အုပ်ချုပ်ရေးမှူးသေနတ်နဲ့ပစ်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မတ်လ ၂၆ ရက်နေ့ ဒီကနေ့ မနက်  နာရီဝန်းကျင် နန့်မွန်းမြို့ နတ်ကြီးကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်တဲ့ အသက် ၅၃ နှစ်အရွယ် ဦးဌေးအောင်ဟာ ဇနီးသည်ဒေါ်ညိုကို မနက်စျေးလိုက်ပို့ချိန် စျေးအဝင်ပေါက်မှာပစ်ခံရတာဖြစ်တယ်လို့  အုပ်ချုပ်ရေးမှူးနဲ့နီးစပ်သူတစ်ဦးက KNGကိုပြောပါတယ်။

ဟုတ်တယ်ဗျ ဒီနေ့မနက် မနက်အစောကြီး  နာရီမှာဟုတ်တယ် သူ့မိန်းမ ဒေါ်ညိုကို စျေးလိုက်ပို့တဲ့အချိန် စျေးပေါက်ဝမှာပစ်ခံလိုက်ရတာလို့ ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးဌေးအောင်ဟာ ဦးခေါင်းမှာတစ်ချက်၊လက်မောင်းမှာ  ချက်ထိမှန်သွားပြီး အသက်ရှိနေသေးတာကြောင့် မြစ်ကြီးနားဆေးရုံကိုချက်ချင်းပို့ဆောင်လိုက်တယ်လို့သိရပြီး ဘယ်အဖွဲ့ကပစ်ခတ်သွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ချက်ချင်းပဲမြစ်ကြီးနားဆေးရုံကိုပို့လိုက်တယ် အခြေနေဘာမှန်းတော့မသိရသေးဘူး။ စိုးရိမ်ရတဲ့အခြေနေမှာရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မျက်မြင်တွေ့တဲ့ဒေသခံတွေပြောပြချက်အရ သေနတ် ဒဏ်ရာ ၃ချက်ထိထားတဲ့အုပ်ချုပ်ရေးမှူးဟာ အသက်မသေဆုံးမှီ မြစ်ကြီးနားဆေးရုံပို့ဆောင်ထားနိုင်ပေမယ့် ဦးခေါင်း

ဒဏ်ရာပြင်းထန်စွာရရှိထားတာကြောင့် သက်ရှင်နိုင်တဲ့ရာခိုင်နှုန်းအလွန်နည်းပါးတယ်လို့ ဆိုပါတယ်။

သေနတ်ပစ်ခံရတဲ့ နတ်ကြီးကုန်းအုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီထုတ်ပြန်တဲ့ စစ်မှုထမ်းဥပဒေအတွက် နတ်ကြီးကုန်းရပ်ကွက်မှာ မတ်လ လဆန်းပိုင်းကစပြီး နာမည်စာရင်းကောက်ခံတာ၊မဲနှိုက်ခိုင်းတာတွေလုပ်ဆောင်ခဲ့တာကြောင့် ခုလိုလုပ်ကြံခံရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝန်း စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်အထိ စစ်ကောင်စီနဲ့ပူးပေါင်းတဲ့အုပ်ချုပ်ရေးမှူးတွေ လုပ်ကြံသတ်ဖြတ်ခံရမှုမကြာခဏဖြစ်ပေါ်ခဲ့ပေမယ့် ၂၀၂၃ ခုနှစ်မှာ သတ်ဖြတ်ခံရတာတွေဟာ  ခနငြိမ်နေခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်တပ်ကစစ်မှုထမ်းဥပဒေထုတ်ပြန်လိုက်ပြီးတဲ့နောက် စစ်မှုထမ်းဥပဒေကိုပါဝင်ကူညီပေးနေတဲ့  မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ကျေးရွာ၊အုပ်ချုပ်ရေးမှူးတွေဟာ သတ်ဖြတ်ခံရတဲ့ရုပ်သံတွေကလည်း လူမူကွန်ယက်စာမျက်နှာမှာ ဒီရက်ပိုင်းမကြာခန မြင်တွေ့နေရတာလည်းဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button