သတင်း

ရေရှင်ရွာက အုပ်ချုပ်ရေးမှူးပစ်သတ်ခံရ

မိုးကောင်းမြို့နယ် ရေရှင်ရွာက အုပ်ချုပ်ရေးမှူးသေနတ်နဲ့ပစ်သတ်ခံရတယ်လို့ မိုးကောင်းဒေသခံတွေဆီကနေ သိရပါတယ်။

အောက်တိုဘာလ ၅ ရက် ညနေ ၇ နာရီလောက်မှာ စံပါလီရွာနဲ့ရွာသစ်ကြား ဘုန်းကြီးကျောင်းနားမှာရှိတဲ့ နေအိမ်ရှေ့မှာရပ်နေချိန် အမည်မသိလူတစ်စုက သေနတ် ၃ ချက်နဲ့ပစ်သွားတာဖြစ်တယ်လို့ မိုးကောင်းဒေသခံတစ်ယောက်က ပြောပါတယ်။

သူအိမ်ရှေ့မှာ သေနတ်သံ ၃ ချက်ကြားတော့ သူ့သားကထွက်ကြည့်တာ သူ့အဖေလှဲသွားတာမြင်လို့ ကားနဲ့တင်ပြေးတာ မိုးကောင်းဆေးရုံမရောက်ခင် လမ်းမှာတင်ဆုံးသွားတယ်လို့ ပြောပါတယ်။

ပစ်သတ်ခံသူဟာ  အသက် ၅၅ နှစ်အရွယ် ဦးလှထွန်းဆိုသူဖြစ်ပြီး ဘယ်အဖွဲ့အစည်းက ပစ်သတ်သွားလဲဆိုတာတော့ မသိရသေးပါဘူး။

ရေရှင်ရွာဟာ မိုးကောင်းမြို့ နဲ့ ၄ မိုင်လောက်ဝေးတဲ့နေရာဖြစ်ပြီးတော့ ပစ်သတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးရဲ့နေအိမ်က မိုးကောင်းမြို့နဲ့ ၃ မိုင်လောက်ဝေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါကြောင့် လမ်းခရီးဝေးတဲ့အတွက် ပစ်သတ်ခံရပြီးနောက် ချက်ချင်းဆိုသလို ဆေးရုံပို့ဆောင်ခဲ့ပေမယ့် လမ်းခုလတ်တင်ဆုံးသွားတာလို့ သိရပါတယ်။

မိုးကောင်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ ကျောင်းလာကြိုတဲ့ စစ်ကားပစ်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်တွေဟာ ကာကွယ်ရေးတပ်တွေနဲ့ပတ်သက်ဆက်နွယ်တယ်လို့ ယူဆရတဲ့သူတွေကို  လိုက်လံဖမ်းဆီးပြီး စစ်ကြောရေးမှာ မေးမြန်းစစ်ဆေးကြမ်းခဲ့တာကြောင့် အမျိုးသား ၃ဦးနဲ့ အမျိုးသမီး ၁ ဦး အသက်သေဆုံးခဲ့ရသလို ဖမ်းဆီးခံထားရသူ တရားစွဲဆိုခံထားရသူတွေလည်း များစွာရှိနေသေးတယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button