သတင်း

ဆိုင်းတောင်မှာ လူငယ်အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာထဲမှာ မနေ့ညက လူငယ်အမျိုးသားတစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ မြို့ခံ‌တွေဆီကနေ သိရပါတယ်။

အောက်တိုဘာ ၃ ရရက် မနေ့ည၆ နာရီအချိန်မှာ ဘွမ်ပရာကုန်းရပ်ကွက်နေ အသက် ၄၀ ဝန်းကျင်ရှိတဲ့  ကိုအောင်ဇင်ဖြိုးဆိုသူဟာ အိမ်စီးကားနဲ့ ဖားကန့်ဘက်အလာ လက်နက်ကိုင်ဆောင်ထားတဲ့ လူတစ်စုက စစ်ဆေးဖို့ ကားတားရာကနေ ရပ်မပေးတာကြောင့်ပစ်သတ်ခံလိုက်ရတယ်လို့ ဆိုင်းတောင်ကျေးရွာနေ အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

သူက ဘွမ်ပရာကုန်းထဲကဟုတ်တယ် ညကကိစ္စရှိလို့နေမှာ လာတဲ့ချိန်ကားတားတာကို ရပ်မမေးလို့တဲ့ပစ်ခံလိုက်ရတာ ဒီနေ့သဂြိုလ်မှာ ပစ်သွားတဲ့အဖွဲ့ကဘယ်ကဆိုတာအတိအကျမသိရဘူး။ ညဘက်လည်းဟုတ်တယ် သူတို့က အရပ်ဝတ်တွေနဲ့လို့ပြောတယ်လို့ သူကပြောပါတယ်။

ရုပ်အလောင်းကို မိသားစုဝန်တွေနဲ့ နီးစပ်ရာဒေသခံတွေ သယ်ယူထားပြီး ဒီကနေ့ သဂြိုလ်မယ်လို့သိရပါတယ်။

အဲ့ဒီအမျိုးသားကိုပစ်သတ်ခံရမှုဟာ စစ်ကောင်စီရဲ့လက်ချက်ဖြစ်နိုင်ပြီး KIAPDF ဘက်ကလုပ်ဆောင်တာမဟုတ်ကြောင်း ဖားကန့် PDF တာဝန်ရှိသူတစ်ဦးက KNGကိုအခုလိုပြောပါတယ်။

စစ်ကောင်စီပဲဖြစ်မှာ သေချာတယ်။ ကျွန်တော်တို့ဘက်က အဲ့လောက်ထိစစ်တာ ဆေးတာမလုပ်ပါဘူး။ အခုချိန်ဖားကန့်ဒေသက အဲ့လိုဖြစ်နေတာ လူတစ်ယောက်တစ်ခုခုဖြစ်ပြီဆို ဘယ်အဖွဲ့က လုပ်မှန်းဘာကြောင့် လုပ်မှန်း မသိဘူးဖြစ်နေတာလို့သူကပြောပါတယ်။

အလားတူ မနေ့က မနက် ၁၀ နာရီအချိန်မှာလည်း ဆိုင်းတောင်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို KIAPDF တပ်ဖွဲ့တို့ ကျေးရွာထဲမှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးနဲ့ တပ်သားလေးယောက်ထက်မနည်းသေဆုံးခဲ့ပါတယ်။

ဒါ့အပြင် မနေ့က တစ်ရက်ထဲ ဖားကန့်မြို့နယ် ကုဋေမှော်အပိုင်း ၁ မှာလည်း မနေ့က နေ့လည် ၂နာရီအချိန်မှာ အချဥ်ပေါင်းသည်တစ်ဦးသေနတ်ပစ်ခံရလို့ သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ဖားကန့်မြို့နယ်နဲ့အလားတူ အခြားသောနေရာဒေသတွေမှာလည်း လမ်းသွားလမ်းလာပြုလုပ်တဲ့အရပ်သားတွေကို ရပ်တန့်စစ်ဆေးတာမျိုးပုံမှန်ပြုလုပ်လျက်ရှိပြီး ရပ်မပေးတဲ့ ဆိုင်ကယ်၊ကားတွေကိုပစ်ခတ်တာတွေကြောင့် အရပ်သားသေဆုံးတာ‌တွေ ရှိနေဆဲဖြစ်ပါတယ်။

Show More

Related Articles

Back to top button