သတင်း

နန့်မွန်းမှာ NLD ပါတီးဟောင်းတစ်ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့ အမှတ် ()ရပ်ကွက်နေအိမ်မှာ ပစ်သတ်ခံလိုက်ရတဲ့  NLD ပါတီဝင်ဟောင်းရဲ့ရုပ်အလောင်းကို ဒီနေ့မြှုပ်နှံသဂြိုလ်လိုက်ကြောင်းသိရပါတယ်။

ပစ်သတ်ခံရတဲ့  NLD ပါတီဝင်ဟောင်းဟာ အသက် ၄၀ နှစ်ရှိသူ ဦးဆန်းလင်းဦးဆိုသူဖြစ်ပြီး  ဇန်နဝါရီ ၁၃ ရက်နေ့ မိသားစုဝင်တွေနဲ့အတူရှိနေချိန် သေနတ်ကိုင်ဆောင်ထားတဲ့အမျိုးသား ၂ ဦးက ဝင်ရောက်ပစ်သတ်သွားတာဖြစ်တယ်လို့ ဦးဆန်းလင်းဦးနဲ့ ရင်းနှီးသူတစ်ဦးက ပြောပါတယ်။

သူ့အိမ်က ရပ်ကွက်လမ်းဘေးမှာပဲ သူ့မိသားစုတွေနဲ့အတူအပြင်မှာမီးဖိုပြီးမီးလုံနေတာ။ အဲ့ချိန် လာပစ်သွားတာ ပထမတစ်ခေါက်ပစ်ပြီးပြေးသွားတယ်။ မသေသေးဘူး ညည်းသံကြားနေတော့နောက်တစ်ကြိမ်ပြန်လှည့်လာပြီးလာပစ်သွားတာပါ့လို့ ကိုစန်းလင်းစိုးနဲ့ရင်းနှီးတဲ့အမျိုးသားတစ်ဦးကပြောပါတယ်။

လာရောက်ပစ်ခတ်တဲ့အမျိုးသား ၂ဦးဟာ မီးပျက်နေတဲ့ အချိန်မှာ ဆိုင်ကယ်နဲ့ လာရောက်ပစ်ခတ်သွားတာဖြစ်ပြီး ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အသေးစိတ်မသိလိုက်ရဘူးလို့ ဒေသခံတွေကပြောပါတယ်။

သဂြိုလ်တာတော့ဒီနေ့မှ သဂြိုလ်လိုက်တယ်။ သူကိုစစချင်းဆေးရုံပို့သေးတယ် နန့်မွန်းဆေးရုံကို ဒါပေမယ့်မမှီလိုက်ဘူး ဆုံးသွားတယ်လို့အထက်ပါအမျိုးသားကဆက်ပြောပါတယ်။

ပစ်သတ်ခံရတဲ့ ဦးစန်းလင်းစိုးဟာ မိုးညှင်းမြိုနယ် NLD အဖွဲ့မှာ မြို့နယ်အဆင့်မှာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ရွေးကောက်ပွဲကာလမှာအတွင်း ပါတီကနေထုတ်ပယ်ခြင်းခံရသူဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက် အင်းတော်ကြီးဒေသမှာခရီးသွားလုပ်ငန်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးတွင်မှာပါဝင်ဆောင်ရွက်နေရာကနေ လုပ်ကြံခံလိုက်ရတာလို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button