ပညာရေး

  • Sep- 2025 -
    30 September
    သတင်း

    ပညာရေးဝန်ထမ်းတွေ မချပေးတာကြောင့် လဟယ်မြို့နယ်အတွင်း စာသင်ကျောင်းအချို့ မဖွင့်နိုင်သေး

    စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက လဟယ်မြို့နယ်ထဲမှာ စစ်ကောင်စီက ပညာရေးဝန်ထမ်းတွေ မချပေးတာကြောင့် စာသင်ကျောင်းအချို့ ပိတ်ထားရတယ်လို့ သိရပါတယ်။ လဟယ်မြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၁၀ ရွာနီးပါးမှာ ၂၀၂၅–၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းဆရာ/မ တွေ မချပေးတာကြောင့်စာသင်ကျောင်းတွေ ပိတ်ထားရပြီး ကလေးပညာရေးသင်ကြားခွင့် ဆုံးရှုံးနေရကြောင်း လဟယ်မြို့ခံ အသက်…

    Read More »
  • Aug- 2025 -
    22 August
    သတင်း

    နေရပ်ပြန် ကဇူးရွာမှ ကလေးငယ်တွေအတွက် ကျောင်းဆောင်လိုအပ်နေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ကဇူးကျေးရွာမှာ စာသင်ကျောင်းမရှိတာကြောင့် ကလေးတွေ စာသင်ဖို့နေရာ အခက်အခဲကြုံတွေ့နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ဘေးရှောင်ရာကနေ နေရပ်ပြန်ပြီး ပြန်လည်ထူထောင်နေထိုင်နေကြပြီဖြစ်တဲ့ ကဇူးကျေးရွာမှာ ကလေးတွေရဲ့ ပညာရေးအတွက် မူလတန်းအထိ စာသင်ပေးနေပြီဖြစ်ပေမဲ့ စာသင်ကျောင်းဆောင်မရှိသေးတာကြောင့် လူနေအိမ်တွေမှာ ခက်ခက်ခဲခဲစာသင်ကြားနေရတယ်လို့…

    Read More »
  • Jul- 2025 -
    17 July
    သတင်း

    ရွှေကူမှာ ကိုယ်ထူကိုယ်ကျောင်းပေါင်း ၄၀ မှာ သင်ကြားရေးဆရာ/မ တွေလိုအပ်နေ

    ကချင်ပြည်နယ် ၊ရွှေကူမြို့နယ်တွင်း KIA၊PDF ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ ကိုယ်ထူကိုယ်ထ စနစ်နဲ့ကျောင်းပေါင်း ၄၀ ဝန်းကျင်အထိဖွင့်လှစ်ထားနိုင်ပေမယ့် သင်ကြားရေး ဆရာ/မ လုံလောက်မှုမရှိတဲ့ပြဿနာတွေနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ရွှေကူမြို့ရဲ့ အရှေ့ဘက်ခြမ်းရွာတွေဖြစ်တဲ့ စီသာ၊စီသောင်၊ မံဝင်း၊ စင်းဖုတ်၊မံခါး၊စီမူလေး၊စီမူကြီး ရွာတွေအပါအဝင် ရွာပေါင်းလေးဆယ်ကျော်မှာ ဒေသခံတွေကိုယ်ထူကိုယ်ထစနစ်နဲ့ကျောင်းပေါင်း ၄၀ ဝန်းကျင် ဖွင့်လှစ်ထားနိုင်ခဲ့ပေမယ့် သင်ကြားရေးဆရာ/မ မလုံလောက်တဲ့အခက်အခဲရင်ဆိုင်နေရတယ်လို့ စီသောင်ကျေးရွာနေအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ရွာတိုင်းလိုလိုမှာတော့ ကိုယ်ထူကိုယ်ထ စနစ်နဲ့ကျောင်းဖွင့်ထားပေးတယ်။ ဒါပေမယ့်သင်ကြားရေးပိုင်း အားနည်းနေတယ်ဆရာ/ဆရာမ မလုံလောက်ဘူး တစ်ကျောင်းကိုဆရာမ လေးငါးယောက်ထဲနဲ့သွားနေရတဲ့ကျောင်းတွေရှိတယ်။ ဘယ်လိုမှအဆင်မပြေနိုင်ဘူး”လို့ သူကပြောပါတယ်။ ဖွင့်လှစ်ထားတဲ့ကျောင်းပေါင်း ၄၀ ဝန်းကျင်မှာ KG တန်းကနေ Grade 12 အထိဖွင့်ထားတာကြောင့် ကျောင်းသားကျောင်းသူတွေကများပြီး ဆရာ/မ တွေအင်အားနဲ့မမျှတဲ့အတွက် အချိန်ခွဲ ပြီးသင်ကြားရတယ်လို့သိရပါတယ်။ “ဆရာ/မ တွေမလောက်တော့ တစ်ချို့ကျောင်းတွေဆိုရင် အငယ်တန်းတွေကိုမနက်ပိုင်းသင်ပြီး အကြီးတန်းတွေကို ညပိုင်းမှ သင်ရတဲ့ပုံစံမျိုးနဲ့သွားတာရှိတယ်။ အဓိက Grade 12 အထိဖွင့်ထားတော့ Grade 12 တွေအတွက်ဆရာ/မ တွေအရမ်းလိုအပ်နေတာမလောက်ဘူး”လို့ အထက်မှာဖော်ပြခဲ့တဲ့ စီသောင်ကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။ လက်ရှိ ကျေးရွာရဲ့ထောက်ပံ့မှုနဲ့ခေါ်ယူထားတဲ့ဆရာ/မ ၊ စေတနာ့ဝန်ထမ်းဆရာ/မ တွေအပါ စုစုပေါင်း သင်ကြားရေးဆရာ/မ ၂၀၀ ဝန်းကျင်ခန့်နဲ့လည်ပတ်နေပြီး ကျောင်းအားလုံးမှာ ဆရာ/မ မလုံလောက်ဘူးလို့သိရပါတယ်။ အထက်ဖော်ပြပါစာသင်ကျောင်းတွေမှာ သင်ကြားရေးဆရာ/မ တွေမလုံလောက်တဲ့အပြင် ပုံနှိပ်စာအုပ်တွေလည်းအခက်အခဲဖြစ်နေပြီး တစ်ချို့ကျောင်းသား/သူတွေ ပုံနှိပ်စာအုပ်မရှိပဲ ကျောင်းတက်နေရတဲ့အခြေအနေအထိဖြစ်နေတယ်လို့ စီသောင်းကျောင်းနေတစ်ခြားအမျိုးသားတစ်ဦးကပြောပါတယ်။ “ဒုတိယအခက်အခဲကတော့ပုံနှိပ်စာအုပ်ပါ့ တချို့ကလေးတွေပုံနှိပ်စာအုပ်မရှိကြဘူး ဟိုလူ့ဆီကကူးချဒီလူ့ဆီကကူးချနဲ့ကျောင်းတက်နေရတာ။ ပုံနှိပ်က အသစ်ရှိကိုမရှိဘူးဗျ အဟောင်းပဲလက်ဆင့်ကမ်းသုံးနေကျတာ”…

    Read More »
  • Jun- 2025 -
    19 June
    အင်တာဗျူး

    KIO/KIA အစိုးရသိမ်းပိုက်ထားတဲ့နယ်မြေတွင်း ပညာရေးအခြေနေ

    ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ တိုက်ခိုက်သိမ်းပိုက်ရရှိတဲ့ နေရာဒေသတွေများလာတာနဲ့အတူ အဲဒီနေရာဒေသတွင်းမှာလည်း စာသင်ကျောင်းတွေ ပိုမိုတိုးချဲ့ဖွင့်လှစ်လာနိုင်ပြီဖြစ်ပါတယ်။ ပြီးခဲ့ ၂၀၂၄– ၂၅ ပညာသင်နှစ်အထိ KIO အစိုးရအောက် အထက်တန်းကျောင်း ၂၅ ကျောင်း၊ အလယ်တန်းကျောင်း ၄၅ ကျောင်း၊ မူလတန်းကျောင်း ၁၇၁ ကျောင်း ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျောင်းပေါင်း ၄၄၄ ကျောင်းထိရှိလာခဲ့တာဘဲ ဖြစ်ပါတယ်။ ဒီနှစ်၂၀၂၅–၂၆ စာသင်နှစ်မှာတော့ စာသင်ကျောင်းတွေ ဘယ်လောက်ထိထပ်တိုးထားနိုင်ပြီလဲ။ KIO အစိုးရအောက် ပညာရေးဌာနကနေပြီးတော့ ဘယ်လိုသင်ကြားမှုပုံစံတွေနဲ့သင်ကြားနေလဲဆိုတာနဲ့ ပတ်သက်ပြီး KIO ပညာရေးဌာန ဒုတာဝန်ခံ ဆရာကြီး မလန်ဘရန်တောင်( Malang Brang Tawng) ကို KNG ကနေပြီးတော့ ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။   ။ ပထမဦးဆုံးအနေနဲ့ ၂၀၂၅–၂၆ပညာသင်နှစ်မှာ စာသင်ကျောင်းတွေဘယ်လောက်ထိပြန်လည်တိုးချဲ့ ဖွင့်လှစ်ထားနိုင်ပြီလဲ ဆရာ။ ဖြေ။   ။ အထက်တန်းကျောင်းအနေနဲ့ကတော့ ကေအိုင်အို ထိန်းချုပ်ရာ အရှေ့မြောက်ဒေသ(ချီဖွေ ပန်ဝါဒေသ)မှာ အထက်တန်းကျောင်း ၂ကျောင်း၊ အနောက်တောင်ဒေသ (တာမခံ၊ဆယ်ဇင်း)ဘက် ၂ကျောင်း၊ တပ်မဟာ၉(ဖားကန့်ဒေသ) ၁ကျောင်း၊ တပ်မဟာ ၁၁( မန်းဝင်းကြီးဒေသ)မှာ ၅ကျောင်း၊ ကေအိုင်အို ဗဟိုဌာနချုပ် ဒေသတစ်ဝိုက် ၃ကျောင်းထိ အသစ်ပြန်လည်ဖွင့်လှစ်ထားတယ်။ အလယ်တန်းကျောင်းကတော့ အရှေ့မြောက်ဒေသ(ချီဖွေ ၊ ပန်ဝါဒေသ)မှာ ၇ကျောင်း၊ တပ်မဟာ၉ (ဖားကန့်ဒေသ) ၃ကျောင်း၊ တပ်မဟာ၁၁(မန်းဝင်းကြီးဒေသ)ဘက်မှာတော့ ၁၅ကျောင်း၊, ဗဟိုဌာကချုပ်ဒေသ ဒေသတစ်ဝိုက် ၈ကျောင်း၊ တပ်မဟာ၁ မြောက်ပိုင်းဒေသ( ဆွမ်ပရာဘွမ်)ဘက်မှာတော့၂ကျောင်းထိ တိုးချဲ့ဖွင့်လှစ်ထားပါတယ်။ မူလတန်းကျောင်းတော့ အရမ်းများတော့ အတိအကျ မသိဘူး ၆၀ ဝန်းကျင်လောက်တော့ ရှိမယ်ထင်တယ်။ မေး။   ။ ဒီနှစ်ကျောင်းတက်မယ့်သူတွေအနေနဲ့ကော ကျောင်းအပ်ခတွေသွင်းရလားဗျ အဲတာနဲ့ ပက်သက်ပြီးတော့မှကော ဘယ်လိုညွှန်ကြားထားလဲ။  ဖြေ။   ။ ကျောင်းအပ်ခဆိုတာက ကျွန်တော်တို့အနေနဲ့ ကျောင်းခန်းမှာ လိုအပ်တဲ့ဟာသုံးဖို့အတွက် လုံလုံလောက်လောက်တော့ မပေးနိုင်ဘူး။ဒါကြောင့် ကျောင်းတိုင်းမှာ ကျောင်းကော်မတီဆိုတာရှိတယ်။ အဲဒီကျောင်းကော်မတီကနေပြီးတော့ ကျောင်းသားတစ်ဦးကိုတော့ ဘယ်လောက်လေးတော့ ထည့်ဝင်ခိုင်းရအောင်ဆိုပြီး ဆုံးဖြတ်တာမျိုးတော့ ရှိပါတယ်။ လုံးဝပိုက်ဆံ မကောက်ဘဲ ကျောင်းတက်နိုင်အောင် အရမ်းတော့ ကြိုးစားကြည့်ပေမယ့် မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ရုံးက ပိုက်ဆံက လုံလောက်စွာ မထုတ်ပေးနိုင်တဲ့အတွက် ကျောင်းလည်ပတ်နိုင်ဖို့အတွက်တော့ကျောင်းသားတွေဆီက နည်းနည်းပါးပါးတော့ကောက်ဖို့ လုပ်ထားပါတယ်။ ကျောင်းစာအုပ်တွေလည်း တချို့ အလကားပေးလို့ရတဲ့ဟာတွေ ရှိသလို အလကားပေးလို့ မရတဲ့စာအုပ်တွေကိုတော့ ပရင့်ပြန်ရိုက်ရတဲ့အတွက် ပရင့်တဲ့ကြေးကောက်တာတွေရှိပါတယ်။ မေး။   ။…

    Read More »
  • 4 June
    သတင်း

    ရွှေကူ-ဗန်းမော်မြို့နယ်များတွင် ပြည်သူ့ပညာရေးကျောင်းတချို့ လွတ်လပ်စွာသင်ကြားခွင့် KIO သို့ တောင်းဆို

    ရွှေကူမြို့နယ် နဲ့ ဗန်းမော်မြို့နယ်တွေထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ချိတ်ဆက်နေတဲ့ ပြည်သူ့ပညာရေးကျောင်းတွေ အနေနဲ့ လက်ရှိကာလမှာ လွတ်လပ်စွာ ပညာသင်ကြားပေးနိုင်ခွင့်ကို လိုလားတယ်လို့ သက်ဆိုင်ရာ ပညာရေး ဝန်ထမ်းတွေက KIO အစိုးရကို တောင်းဆိုထားပါတယ်။ လက်ရှိ…

    Read More »
  • Jan- 2025 -
    31 January
    သတင်း

    ဝိုင်းမော် စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ဆက်လက်ဖွင့်လှစ်ဖို့ ခက်ခဲနေ

    ဝိုင်းမော်မြို့နယ်၊ လဘန်ကျေးရွာရှိ စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထကျောင်းကို ဆက်လက် လည်ပတ်သင်ကြားနိုင်ဖို့ ငွေကြေး အခက်အခဲဖြစ်နေတယ်လို့ အောင်မြေ၂ စစ်ရှောင်စခန်း ပညာရေးတာဝန်ခံက KNG ကိုပြောပါတယ်။ လဘန်ကျေးရွာရှိ စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထကျောင်းမှာ KG အတန်းကနေ ဒုတိယတန်း အထိ ဖွင့်လှစ်ထားတာဖြစ်ပြီး ကလေးသူငယ် ၃၅ ဦးထိ ရှိတယ်လို့ သိရပါတယ်။ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းဖြစ်တဲ့အတွက် ကလေးတစ်ဦးကို…

    Read More »
  • Oct- 2024 -
    25 October
    အင်တာဗျူး

    တရုတ်နိုင်ငံ တက္ကသိုလ်တွေမှာ ပညာသင်ယူချင်တဲ့လူငယ်တွေကို ကူညီပေးမယ့် Hpaji Mahkrai 

    ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာနိုင်ငံကို အာဏာသိမ်းပြီးနောက် တိုင်းပြည်အတွင်း လူငယ်တွေအများစုရဲ့ အနာဂတ်နဲ့ ပညာရေးအခွင့်အလမ်းတွေလည်း နည်းပါးသွားခဲ့ပါတယ်။ အဲဒီအချိန်ကနေစပြီး မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေဟာ မိမိရဲ့အနာဂတ်အတွက် ပညာရေးအခွင့်အလှမ်းတွေရှာဖွေဖို့ နိုင်ငံရပ်ခြားအိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွာပြီးပညာသင်ကြားကြသူတွေ ပိုမိုများပြားလာခဲ့တာဘဲ ဖြစ်ပါတယ်။ ခုလိုနိုင်ငံရပ်ခြားမှာပညာသင်ကြားသူတွေ များပြားလာတာကြောင့် နိုင်ငံခြားကျောင်းတွေမှာတတ်ရောက်နေကြတဲ့ စီနီယာကျောင်းသားတွေကနေပြီးတော့ ကျောင်းသားအချင်းချင်းကူညီဖေးမဖို့အတွက် ကျောင်းသားအဖွဲ့အစည်းတချို့ကို ဖွဲ့စည်းလာကြပါတယ်။ အဲဒီထဲမှာ လက်ရှိတရုတ်နိုင်ငံမှာတက်ရောက်နေကြတဲ့ ကချင်ကျောင်းသားတွေ ဖွဲ့စည်းထားတဲ့ Hpaji Mahkrai ဆိုတဲ့ ကျောင်းသားအဖွဲ့အစည်းလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Hpaj Mahkrai အဖွဲ့ကိုတော့ တရုတ်ပြည်မှာကျောင်းတက်နေတဲ့ ကချင်ကျောင်းသား ၉ ဦးကနေပြီးတော့ ၂၀၂၄ မေလ၂၆ရက်နေ့ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး စက်တင်ဘာ၂၈ရက်နေ့မှာတော့ Hpaji Mahkrai အဖွဲ့အစည်း မိတ်ဆက်ပွဲနဲ့ ကျောင်းသားသစ်ကြိုဆိုပွဲကို ကျင်းပခဲ့တာဘဲဖြစ်ပါတယ်။ Hpaji Mahkrai ကျောင်းသားအဖွဲ့အစည်းအနေနဲ့ လက်ရှိဘာတွေလုပ်ဆောင်နေလဲ အနာဂတ်ပန်းတိုင်ရည်မှန်းချက်တွေက ဘာတွေဖြစ်မလဲဆိုတာနဲ့ ပက်သက်ပြီး Hpaji Mahkrai အဖွဲ့အစည်းရဲ့ အတွင်းရေးမှူး ကိုဂျန်မော်ဂမ်ဖန်( Jangmaw Gam Hpang)ကို KNG ကဆက်သွယ်မေးမြန်းထားပါတယ်။ မေး–ကျေးဇူးပြုပြီး မိတ်ဆက်ပေးပါအုံးဗျ။ ဖြေ–ကျွန်တော်နာမည်ကတော့ဂမ်ဖန်ဖြစ်ပါတယ်..ကျွန်တော်က Hpaji Mahkraiကျောင်းသား အဖွဲ့အစည်းရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ယူနေပြီးတော့ လက်ရှိကူမင်း ယူနန်တက္ကသိုလ်မှာ International Relationship ဘာသာရပ်နဲ့ပက်သက်ပြီး အဓိကသင်ယူနေတာဘဲ ဖြစ်ပါတယ်”။ မေး-Hpaji Mahkrai ရဲ့ ရည်ရွယ်ချက်နဲ့ စတင်ဖွဲ့စည်းဖြစ်ခဲ့တဲ့အကြောင်းလေး ပြောပေးပါအုံး။ ဖြေ–ဒီအဖွဲ့အစည်းကိုမလုပ်ခင်ကတည်းကနေ ကျွန်တော်တို့စိတ်ထဲမှာကိုက တရုတ်ပြည်ကကျောင်းတွေမှာ ပညာဆက်လက်သင်ကြားနိုင်ဖို့အတွက် ဆက်သွယ်ကူညီပေးနိုင်မယ့် အဖွဲ့အစည်းတစ်ခုကတော့လိုနေပြီလို့အကုန်လုံးကတွေးမိကြတဲ့အတွက် လက်ရှိHpaji…

    Read More »
  • Sep- 2024 -
    11 September
    သတင်း

    KIO ထိန်းချုပ်ထားတဲ့ ဆင်ဘိုမြို့ မှာ ကိုယ်ထူကိုယ်ထကျောင်း ၇ ကျောင်းဖွင့်လှစ်ထား

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ထားတဲ့ ဆင်ဘိုမြို့ မှာ ကိုယ်ထူကိုယ်ထကျောင်းတွေကို ဖွင့်လှစ်သင်ကြားနေပြီဖြစ်တယ်လို့ ဆင်ဘိုဒေသခံပြည်သူတွေက KNG ကို ပြောပါတယ်။ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေကအထက်တန်းကျောင်းတစ်ကျောင်းအပါအဝင် မူလတန်းနဲ့အလယ်တန်းစုစုပေါင်း  ၇ ကျောင်းထိရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နိုင်ငံရေး အခြေအနေတွေကြောင့် စာသင်ကြားပေးနေတဲ့ ဆရာ/မတွေ ပြောင်းရွေ့သွားကြတဲ့အတွက် KIO ပညာ‌ရေးဌာနအောက်က ဆရာ/မအချို့နဲ့ ဒေသခံစေတနာ့ဝန်ထမ်း ဆရာ/မတွေက  ဆက်လက်သင်ကြားပေးနေတယ်လို့ ဆရာမတစ်ဦးက ပြောပါတယ်ဆိုပါတယ်။ “များသောအားဖြင့်လူငယ်တွေပိုများတာပေါ့ ဒီဒေသထဲက ဆယ်တန်းအောင်ထားတဲ့သူတွေ တက္ကသိုလ်တက်နေတဲ့သူတွေ ပြီးတော့လောလောဆယ်သူတို့ကို သင်တန်းတွေပေးဖို့လဲ အဆင်မပြေသေးတော့ သူတို့အနေနဲ့ အွန်လိုင်းပလက်ဖောင်းတွေကနေလေ့လာပြီး သင်ပေးနေတာပေါ့”လို့ ပြောပါတယ်။ အထက်တန်းကျောင်းအပါအဝင် ကျောင်းပေါင်း ၇ ကျောင်းရှိတဲ့ထဲမှာ အထက်တန်းကျောင်းမှာတက်ရောက်နေတဲ့ကျောင်းသား၊သူ ၃၀၀ ကျော်ရှိပြီး၊ စာသင်ကြားပေးနေတဲ့ ဆရာ၊မ ၁၀ ဦးကျော်ရှိတယ်လို့ သိရပါတယ်။ ကိုယ်ထူကိုယ်ထကျောင်းတွေအားလုံးမှာ သင်ရိုးဟောင်းအတိုင်းသင်နေတာဖြစ်ပြီး KIO ပညာရေးဌာနက ရေးဆွဲထားတဲ့ သင်ရိုးအသစ်ကိုတော့မသင်ကြားနိုင်သေးဘူးလို့ ပြောပါတယ်။ ဒါ့အပြင် တစ်ဖက်မှာ ဒေသခံတွေက ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားတဲ့ကျောင်းဖြစ်တဲ့အတွက် လိုအပ်ချက်တစ်ချို့တော့ ရှိနေသေးတယ်လို့ ဆက်ပြောပါတယ်။ “အဓိကတော့ ကျွန်မတို့က ငွေရေးကြေးရေးလိုအပ်နေတာပေါ့ အခုလောလောဆယ်က ဒီမှာ လိုအပ်တဲ့ကျောင်းသုံးပစ္စည်းတွေက မရှိနေတော့ သင်ကြားတဲ့နေရာမှာ အခက်အခဲတွေဖြစ်နေတာ‌ပေါ့” လို့ ဆိုပါတယ်။ KIO ပညာရေးဌာနဘက်ကနေပြီးတော့ လိုအပ်တဲ့အရာတွေကို လာရောက်စစ်ဆေးသွားပြီး မကြာခင်ကူညီပေးဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။ ဆင်ဘိုမြို့ ဒေသခံပြည်သူတွေဟာ လယ်ယာလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နေကြပြီဖြစ်ပေမယ့်လည်း  တစ်ဖက်မှာတော့ စစ်ကောင်စီရဲ့လေကြောင်းရန်ကိုတော့ စိုးရိမ်နေရသေးတယ်လို့ ဆင်ဘိုမြို့ ရွာလူကြီးတစ်ဦးက ခုလိုပြောပါတယ်။ “အခုဒီမှာတော့ တခြားတော့ မစိုးရိမ်ရပေမယ့် ပြည်သူတွေက လေယာဉ်ဘဲကြောက်နေရတယ် အမြဲတမ်းနေ့ရောညရော ပျံသန်းနေတာဆိုတော့“လို့ ပြောပါတယ်။ ဆင်ဘိုမြို့ကို ကေအိုင်အေနဲ့PDFပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ‌ဧပြီ ၂၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူထားတာဖြစ်ပြီး အုပ်ချုပ်ရေးယန္တယားတွေလည်း စတင်လည်ပတ်နေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆင်ဘိုမြို့မှာ ရွာပေါင်း ၁၃ ရွာနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ မြို့တစ်မြို့ဖြစ်သလို ကချင်၊ ဗမာ၊ရှမ်း စတဲ့ တိုင်းရင်းသားတွေနေထိုင်ကြပြီး ရှမ်းနီတိုင်းရင်းသားတွေကတော့ အများစုဖြစ်ပါတယ်။ By –…

    Read More »
  • Jul- 2024 -
    26 July
    သတင်း

    ကချင်ပြည်နယ် ပညာရပ်စုံ KSCU တက္ကသိုလ်က ကျောင်းပေါင်း ၆ ကျောင်းထိတိုးချဲ့ဖွင့်လှစ်

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ  NGU ပူးပေါင်းဖွင့်လှစ်ထားတဲ့ ကချင်ပြည်နယ် ပညာရပ်စုံ  KSCU တက္ကသိုလ်ကနေ  ကျောင်း ၆ ကျောင်းထိတိုးချဲ့ဖွင့်လှစ်ထားနိုင်ပြီဖြစ်တယ်လို့ KSCU ကျောင်းရဲ့ ဒုအဓိပတိဖြစ်သူ ဒေါက်တာဦးအောင်နိုင်သူက KNG ကိုပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် Kachin State Comprehensive University (KSCU)ကို ၂၀၂၂ ပညာသင်နှစ် ဝိဇ္ဇာ သိပ္ပံ၊ ၂၀၂၃ ပညာသင်နှစ်မှာ School of Medical Sciences နှင့် School of Nursing Sciences၊ ၂၀၂၄ ပညာသင်နှစ်  School of Technology နှင့် School of Economic  ဖွင့်လှစ်နိုင်ခဲ့ပြီး၂၀၂၅ ပညာသင်နှစ်မှာတော့ School of Agriculture ကို ထပ်တိုးဖွင့်လှစ်မှာဖြစ်တဲ့အတွက် စုစုပေါင်းကျောင်း ၆ ကျောင်းထိ တိုးချဲ့ဖွင့်လှစ်ထားပြီ ဖြစ်ပါတယ်။…

    Read More »
  • 15 July
    အင်တာဗျူး

    ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်  (KSCU) ကျောင်းရဲ့တတိယအကြိမ်မြောက် ကျောင်းဝင်ခွင့်လျှောက်လွှာတွေ စတင်ခေါ်ယူနေပြီ

    Kachin State Comprehensive University(KSCU)ရဲ့ ၂၀၂၅ခုနှစ် စာသင်နှစ်နဲ့ ပက်သက်တဲ့ အကြောင်းအရာ စုံစုံလင်လင်ကို KNG ကနေပြီးတော့ KSCU ကျောင်းရဲ့ ဒု ဒုအဓိပတိဖြစ်သူ ဆရာဒေါက်တာ ဦးအောင်နိုင်သူနဲ့ မေးမြန်းတင်ဆက်ထားပါတယ်။

    Read More »
Back to top button