ပိတ်ဆို့မှု
-
Sep- 2024 -4 Septemberသတင်း
အင်းတော်ဘုန်းကြီးကျောင်းမှာ ပိတ်မိပြည်သူတစ်ထောင်ဝန်းကျင်ရှိပြီး အစာရေစာပြတ်လပ်မှုကြုံနေရ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ မြို့မဘုန်းကြီးကျောင်းထဲမှာ ပိတ်မိနေတဲ့ပြည်သူတစ်ထောင်နီးပါးရှိပြီး အစာရေစာပြတ်လပ်နေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အင်းတော်မြို့သိမ်းတိုက်ပွဲစတင်လာတဲ့ သြဂုတ် ၁၆ ရက်နေ့ကတည်းက အင်းတော်မြို့မဘုန်းတော်ကြီးကျောင်းထဲမှာ ထွက်ပြေးခိုလုံနေကြတဲ့ လူဦးရေတစ်ထောင်နီးပါးဟာ ဒီနေ့အထိ စစ်ကောင်စီတပ်ဘက်က ထွက်ခွာခွင့်မပေးတဲ့အတွက် ပိတ်မိနေတာ ၁၉ ရက်အထိရှိလာပြီလို့ အင်းတော်မြို့ဒေသတွင်း သတင်းအရင်းမြစ်တစ်ဦးက KNGကိုပြောပါတယ်။ “ဘုန်းကြီးကျောင်းထဲမှာပိတ်မိနေတဲ့ပြည်သူ တစ်ထောင်နီးပါးရှိတယ်ဗျ သူတို့ပိတ်မိနေတာ ၁၉ ရက်ရှိလာပြီ ခုအစားအသောက်တွေပြတ်လပ်နေပြီတဲ့ဗျာ။ စစ်သားတွေက လွတ်မပေးဘူးလို့သိရတယ်။ ဖုန်းလိုင်းလည်းဆက်သွယ်ရခက်နေတယ်။လောလောဆယ် ဆန်ပြုတောင် ဝဝလင်လင်တောင်မသောက်ရဘူး”လို့ အထက်ဖော်ပြပါအမျိူးသားတစ်ဦးကပြောပါတယ်။ ပိတ်မိနေတဲ့ပြည်သူတွေထဲမှာ ကျောင်းထိုင်ဘုန်းကြီးနဲ့ကိုယ်ရင်တွေအပါ မြို့ခံပြည်သူ ၉၀၀ ကျော်လောက်ရှိပြီး ဘုန်းကြိီးကျောင်းအနီး လက်နက်ကြီးကျမှန်တာကြောင့် ပြည်သူ ၁၀ ဦးထက်မနည်းလည်း ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘုန်းကြီးကျောင်းကနေ ထွက်ခွင့်မရတဲ့အပြင် ဆေးကုသခွင့်မရတာကြောင့် ၂ ဦး သေဆုံးသွားပြီလို့သိရပါတယ်။ “ဆေးကုခွင့်လည်းမရဘူးဗျဘာဆေးမှမရှိဘူးပြောတယ် ဒီနေ့ထိဆိုရင် ဒဏ်ရာသွေးလွန်ပြီးသေတာ နှစ်ယောက်ရှိပြီ”လို့ အင်းတော်ကာကွယ်ရေးတပ်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဒဏ်ရာရထားသူတွေဟာ လက်နက်ကြီး ကျည်ထိမှန်ထားသူတွေဖြစ်ပြီး သေဆုံးသွားသူနှစ်ဦးကတော့ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ်တစ်ဦးနဲ့အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ရုပ်အလောင်းကိုတော့ ဘုန်းကြီးကျောင်းဧရိယာထဲမှာထဲ မြေမြှပ်သဂြိုလ်လိုက်တယ်လို့သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊အင်းတော်PDFနဲ့ ကျောင်း သား တပ် (ABSDF) ပူးပေါင်းတပ်တွေဟာ အင်းတော်မြို့သိမ်းတိုက်ပွဲကိုသြဂုတ် ၁၅ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ အင်းတော်ရဲစခန်း၊ထွေအုပ်ရုံးနဲ့မြို့အဝင်အထွက်ကာကင်စခန်းတွေကိုသိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် စစ်ကောင်စီရဲ့လေကြောင်းကနေဗုံးကျဲနေတာကြောင့်အင်းတော်မြို့အထိုင်တပ်ကိုတော့ သိမ်းပိုက်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ အင်းတော်မြို့နယ်ဟာ စစ်ကိုင်း– ကချင်အစပ်မှာရှိပြီး ကုန်းကြောင်းအရဗျူဟာကျတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Jul- 2024 -12 Julyသတင်း
ကချင်ပြည်နယ်ထဲကို ဆီးကားတွေ ဝင်ခွင့်မပြုတဲ့အတွက် နန့်ဆီးအောင်အထိ ကယ်ရီနဲ့သယ်ယူပြီး ပြန်လည်ရောင်းချနေရ
ကချင် – စစ်ကိုင်းအစပ် နန့်စီးအောင် စစ်တပ်ဂိတ်မှာ ပိတ်ဆို့ထားတဲ့ စက်သုံးဆီကားတွေကို ကချင်ပြည်နယ်ဘက်ကို တင်သွင်းခွင့်မပြုသေးတာကြောင့် ဆီကုန်သည်တစ်ချို့က ဆိုင်ကယ်ကယ်ရီသမားတွေနဲ့ တဆင့်ခံသယ်ယူပြီး ပြန်လည်ရောင်းချပေးနေရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ နောက်ပိုင်း မန္တလေးဘက်ကနေ တက်လာတဲ့ ဆီးဘောက်ဆာကားတွေကို ကချင်ပြည်နယ်ထဲကို တင်သွင်းခွင့်မပြုဘဲ ပိတ်ဆို့ထားတာ ရက်ပေါင်း၂၀ လောက် ကြာမြင့်လာပြီဖြစ်ပါတယ်။ နန့်ဆီးအောင်ဂိတ်မှာ ပိတ်ဆို့ခံထားရတဲ့ ဆီကားတွေက ဝင်ရောက်နိုင်းခြင်းမရှိတာကြောင့် မိုးညှင်း၊ မိုးကောင်း စတဲ့ မြို့နယ်တစ်ကြောက ဆီရောင်းဝယ်တဲ့ လုပ်ငန်းရှင်တွေက ကယ်ရီသမားတွေနဲ့ ပြန်လည်သယ်ယူပြီး ရောင်းချပေးနေတယ်လို့ နန်ဆီးအောင်ဂိတ်နဲ့ နီးစပ်တဲ့ ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။ “အခုက အောက်ပိုင်းဘက်ကနေ တက်လာတဲ့ ဆီကားတွေကို ကချင်ပြည်နယ်ဘက်ကို လုံးဝ ဝင်ခွင့်မပေးတော့ဘူး။ အဲဒါကြောင့် ကယ်ရီသမားတွေက နန်ဆီးအောင်ဂိတ်အထိလာပြီး လာသယ်ယူနေကြတာ တစ်ပတ်လောက်ရှိလာပြီ။ အဲဒီကယ်ရီသမားတွေကပဲ မိုးညှင်း၊ မိုးကောင်း တစ်ကြောက ဆီဆိုင်တွေဆီပြန်ပို့ပေးတာ။ တစ်ပုံသယ်ပေးရင် ဘယ်လောက်ဆိုပြီး သယ်ခိုင်းနေကြတယ်။ အဲဒါကြောင့် ဒီသလော ဆီသယ်တဲ့ ကယ်ရီသမားတွေ တစ်ရက်ကို အစီး ၅၀၊ ၆၀ တက်နေတယ်”လို့ပြောပါတယ်။ အခုရက်ပိုင်းအတွင်း မိုးညှင်း၊ မိုးကောင်း မြို့နယ်တွေဘက်ကနေ နန့်ဆီးအောင် ဂိတ်အထိ ဆီလာရောက်သယ်ယူတဲ့ ဆိုင်ကယ် ကယ်ရီသမားတစ်ရက်ကို အစီး ၆၀ လောက်အထိ ပုံမှန်တက်နေတယ်လို့ ဆိုပါတယ်။ ကယ်ရီသမားတစ်ချို့က ဆီဆိုင်တွေအတွက် လာရောက်သယ်ယူခိုင်းတာမျိုးမဟုတ်ဘဲ နန့်ဆီးအောင်ဂိတ်အထိ စက်သုံးဆီတွေကို လာရောက်ဝယ်ယူပြီး မိုးညှင်းမြို့နယ် လမ်းတစ်ကြောရှိ ပြည်သူတွေကို ပြန်လည် ရောင်းချပေးနေတာတွေလည်းရှိနေတယ်လို့ ပြောပါတယ်။ နန့်ဆီးအောင်ဂိတ်အထိ စက်သုံးဆီလာရောက်သယ်ယူကြတဲ့ ဆိုင်ကယ် ကယ်ရီသမားတွေကို တစ်ဖက်မှာ စစ်တပ်က လမ်းတစ်ကြောရှိတဲ့ စစ်တပ်ဂိတ်နေရာတွေမှာ ဆိုင်ကယ် တစ်စီး ကျပ် တစ်သောင်း၊ နှစ်သောင်း ပေးမှသာ သွားလာခွင့်ရရှိနေတယ်လို့လည်း သူက ဆက်ဆိုပါတယ်။ “ဆိုင်ကယ်တစ်စီးမှာ ဆီတစ်ပေပါလောက်တော့ တင်နိုင်တယ်။ ဆီလာတဲ့ ကယ်ရီသမားတွေဆီကနေ နန်ဆီးအောင် စစ်တပ်ဂိတ်က ဆိုင်ကယ် တစ်စီးဖြတ်ရင် ငွေ တစ်သောင်း၊ နှစ်သောင်းပြန်ယူတယ်။ ပြီးရင် မော်ဟန်ဂိတ်မှာလည်း အတူတူပဲ။ စစ်တပ်က ဆီကားတွေကို မဝင်ခိုင်းပေမယ့် ဆီသယ်တဲ့ ကယ်ရီသမားတွေဆီကနေ ငွေတော့ ပြန်ကောက်တာပေါ့”လို့ပြောပါတယ်။ ဆီကုန်သည်တွေက ကယ်ရီသမားတွေနဲ့ တဆင့်ခံ သယ်ယူပြီး ရောင်းချလာရတဲ့ အခြေအနေမှာ နန့်ဆီးအောင်ဂိတ်မှာ ပိတ်ဆို့ခံထားရတဲ့ ဆီကားတွေက အချိန်အကြာ မစောင့်ဆိုင်းလာနိုင်တာကြောင့် အခုလိုလုပ်ဆောင်တာဖြစ်တယ်လို့လည်း သိရပါတယ်။…
Read More » -
May- 2024 -29 Mayသတင်း
ပူတာအိုမှာ ဓာတ်ဆီတစ်ပုလင်း ကျပ် ၁၀၀၀၀ စျေးနဲ့ရောင်းချနိုင်ဖို့ ရှိန်းခေါင်ဘက်ကနေ သယ်ယူပေမယ့် စစ်တပ်ကအဝင်မခံပဲဖမ်းဆီးထား
ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ ဓာတ်ဆီပြတ်တောက်နေပြီး တစ်ပုလင်းကျပ် ၇၀၀၀၀ ကျော်ဖြစ်နေချိန် လုပ်ငန်းရှင်တစ်ချို့ကတစ်ပုလင်းကိုကျပ် ၁၀၀၀၀ စျေးနှုန်းနဲ့ရောင်းချနိုင်ဖို့ တရုတ်နယ်စပ် ရှိန်းခေါင်လမ်းကြောင်းကနေသယ်ယူနေပေမယ့် စစ်ကောင်စီတပ်က ရီဒမ်းကျေးရွာဂိတ်ကနေ ဖြတ်သန်းခွင့်မပေးပဲ ဖမ်းဆီးတားမြစ်ထားတယ်လို့ ပူတာအိုသခံတွေဆီကေန သိရပါတယ်။ ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းပိတ်ထားတာ ၃ လနီးပါးကြာမြင့်လာချိန် ပူတာအိုမြို့တွင်းမှာ ဓာတ််ဆီတွေပြတ်တောက်နေတာဖြစ်ပြီး လက်ရှိ ဆီပန့်ဆိုင်ကြီးတွေမှာ ဓာတ်ဆီတစ်ပုလင်း ကျပ် ၇၀၀၀၀ နှုန်းရောင်းချနေတာကြောင့် ဒီအခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့ တရုတ်နယ်စပ် ရိုန်းခေါင်– ခေါင်လန်ဖူးလမ်းကြောင်းကနေ ပူတာအိုမြို့ထဲထိသယ်ယူဖို့စီစဥ်နေပေမယ့် စစ်ကောင်စီတပ်ကအဝင်မခံပဲ ရီဒမ်းစစ်တပ်ဂိတ်ကနေ ဖမ်းဆီးနေတယ်လို့ NUG အစိုးရအဖွဲ့ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးက KNG ကိုပြောပါတယ်။ “တရုတ်ပြည််နယ်စပ် မှတ်တိုင် (၃၁) ရှိန်းခေါင်ရွာလမ်းကြောင်းကနေ ဆိုင်ကယ်တွေ ကားတွေနဲ့ ညီဝါးကျေးရွာထိသယ်လာတယ်အဲ့ကနေတဆင့် ခေါင်လန်ဖူးမြို့ကိုတော့မဝင်တော့ပဲနဲ့ ညီဝါးရွာကနေ လားနဲ့တင်ပြီးတော့ပူတာအိုမြို့ထဲကိုတိုက်ရိုက်သယ်လာတာဒါပေမယ့် ရီဒမ်းကြိုးတံတားစကစ ဂိတ်ကနေအဝင်မခံတော့ဘူးဗျအကုန်ဖမ်းထားလိုက်တယ်”လို့ ဝန်ကြီးကပြောပါတယ်။ ခေါင်လန်ဖူး၊ရှိန်းခေါင်ဖက်က ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင်တွေဟာ ပူတာအိုမြို့နယ်ထဲ ဓာတ်ဆီပြတ်တောက်မှုနဲ့စျေးအဆမတန်မြင့်တက်နေတာကိုဖြေရှင်းနိုင်ဖို့ တရုတ်နယ်စပ် ရှိန်းခေါင်ကနေ ညီဝါးကျေးရွာထိကားလမ်းအတိုင်း ဆိုင်ကယ်၊ကားနဲ့ သယ်ယူကာ ညီဝါးကျေးရွာကနေတစ်ဆင့် ဂျန်အောင်းတောင်ကြားလမ်းအတိုင်းလားနဲ့သယ်ယူပြီး ပူတာအိုမြို့ထဲဝင်ဖို့သယ်လာတဲ့ဆီတွေကို ခေါင်လန်ဖူးမြို့နယ်ထဲက ရီဒမ်းစစ်တပ်ဂိတ်ကနေဖမ်းဆီးနေတာလို့ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ရီဒမ်းစစ်တပ်ဂိတ်ကနေ ဓာတ်ဆီတွေကိုပုံမှန် ဖြတ်သန်းခွင့်ပြုမယ်ဆိုရင် လက်ရှိပူတာအိုဒေသခံတွေလိုအပ်နေတဲ့ စက်သုံးဆီလိုအပ်မှု ၂၀ ရာခိုနှုန်းလောက်ကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။ “ညီဝါးကျေးရွာကနေဒီဘက်ထိဆိုရင်တော့ လားနဲ့ပဲသယ်ရမှာလားတစ်ကောင်က နဂါးပုံးသုံးပုံးသယ်နိုင်တယ် တချို့အားနည်းတဲ့လားဆိုရင်တောင် နှစ်ပုံးတော့သယ်နိုင်တယ် အဲ့တော့လမ်းကြောင်းအခြေအနေအရ ညီဝါးရွာကနေ ပူတာအိုမြို့အထိတစ်ကျော့ကိုလေးရက်တော့ကြာမယ် ပူတာအိုမြို့ရဲ့ဓာတ်ဆီလိုအပ်မှု ၂၀ ရာခိုင်နှုန်းလောက်တော့ဖြေရှင်းပေးနိုင်တာပေါ့”လို့ ပြောပါတယ်။ ဆွမ်ပရာဘွမ်မြို့နယ်ထဲမှာတိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်းကို မတ်လ ၈ ရက်နေ့က KIAနှင့်စစ်ကောင်စီ နှစ်ဖက်တပ်တွေကပိတ်ထားခဲ့တာဖြစ်ပေမယ့် ကားလမ်းပိတ်ထားချိန် ၁ လကျော်ကြာမြင့်လာတဲ့ ဧပြီ လကုန်ပိုင်းမှာ KIAဘက်က ကားလမ်း ဖွင့်ကိုစစ်ကောင်စီတပ်နဲ့ညှိနှိုင်းခဲ့ပေမယ့် စစ်ကောင်စီဘက်က ခွင့်မပြုပဲ ယနေ့ထိပိတ်ထားတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းကိုပိတ်ထားပြီးတော့ ဒေသခံတွေလိုအပ်နေတဲ့ အခြေခံစားသောက်ကုန်နဲ့ လယ်ယာထွန်းယက်ဖို့အရေးပေါ်လိုအပ်နေတဲ့ ဒီဇယ်ဆီတွေကိုတော့ လေကြောင်းနဲ့သယ်ယူကာ သတ်မှတ်စျေးနှုန်းနဲ့ရောင်းပေးနေပြီး ဓါတ်ဆီကိုတော့ လုံးဝသယ်ယူပေးတာမရှိပါဘူး။ “ဓာတ်ဆီတော့လုံးဝကိုမတင်ပေးတာ ဒီဇယ်ကလည်းဒေသခံတွေတင်ပြကြလို့လယ်ထွန်းဖို့လိုနေလို့တင်ပေးဒါပဲရှိတယ်။ လယ်ထွန်ဖို့မဟုတ်ရင်မရဘူး မရောင်းပေးဘူး စက်သုံးဆီတွေကလုံးဝကိုပိတ်ပင်ထားတယ် အခုခြေခံစားသောက်ကုန်တွေတော့တင်ပေးတယ်လေယာဥ်နဲ့ သူတိုဂိုဒေါင်သူတို့စာရေးနဲ့ရောင်းပေးနေတယ်စျေးကတော့ ပုံမှန်ထက်ကြီးတယ်”လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ လက်ရှိပူတာအို မြို့ပေါ်က ဆီလက်ကျန်သိုလောင်ရောင်းချနေသူတွေဟာ ဓာတ်ဆီ တစ်ပုလင်းကျပ် ၇၀၀၀၀ ကနေ ကျပ် ၁၀၀၀၀၀ ၊တစ်ပေပါ ကျပ်သိန်း ၁၀၀ ကျော်အထိစျေးတင်ရောင်းနေတာဖြစ်ပါတယ်။ ပူတာအိုမှာအခုလိုစက်သုံးဆီပြတ်လပ်နေတာကြောင့် ဖုန်းဆက်သွယ်ရေးလိုင်းတွေလည်း မေလ လဆန်းပိုင်းကတည်းကနေပြတ်တောက်နေပြီး လက်ရှိ အော်ရီဒူးလိုင်းတစ်ခုသာရရှိပြီးကျန်တဲ့ဖုန်းလိုင်းတွေလုံးဝပြတ်တောက်နေတယ်လို့သိရပါတယ်။ မတ်လ ၈ရက်နေ့က စတင်လိုက်တဲ့ KIA၊ KPDF ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဟာ ပူတာအိုမြို့သိမ်းတိုက်ပွဲအထိ ဦးတည်လာပြီး ဆွမ်ပရာဘွမ်မြို့နဲ့ ဖုန်ချန်းကျေးတွေကိုသိမ်းပိုက်ထားနိုင်တဲ့ပြင် စစ်ကြောင်းဟာလက်ရှိ ဆွမ်ပီယန်အထိရောက်နေပြီဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Feb- 2024 -6 Februaryသတင်း
နမ်တိန့် – ဖားကန့်လမ်းပိုင်း အချိန်ကန့်သတ်နဲ့သွားလာခွင့်ပြု
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF ထိန်းချုပ်ထားတဲ့ နမ်တိန့်ကျေးရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေပစ်ခတ်နေတာကြောင့် ဖားကန့်–နန့်တိန်းကြားလမ်းပိုင်း သွားလာခွင့်ကို အချိန်ကန့်သတ်ထားတယ်လို့သိရပါတယ်။ “မနက်ခင်းပိုင်းဖွင့်တယ် မနက် ၁၀ နာရီ ၁၁ နာရီ တော့အဆင်းကားတွေကော အတက်ကားတွေကောသွားခွင့်ပေးတယ်။ ၁၂…
Read More » -
Aug- 2023 -25 Augustသတင်း
နန့်ယားမှာ ပြည်သူတစ်ထောင်ကျော် ပိတ်မိနေ
စစ်ရေးတင်းမာနေတဲ့ ဖားကန့်လမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ ၂ ဖက်စလုံး သွားလာရေးလမ်းကြောင်းတွေ ပိတ်ဆို့ထားတာ ၃ ရက်လောက်ကြာမြင့်လာပြီဖြစ်တဲ့တွက် နန့်ယားကျေးရွာထဲက ယာဉ်ရပ်နားစခန်းနေရာမှာ ပြည်သူ ၁၅၀၀ လောက်က ပိတ်မိနေကြတယ်လို့ သိရပါတယ်။ ဖားကန့်လမ်းသွားလမ်းပေါ်မှာ…
Read More » -
Mar- 2023 -23 Marchသတင်း
မာန်ဟဲတွင် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာပြည်သူများကို ဖမ်းဆီးပိတ်ဆို့နေ
စစ်ကိုင်းတိုင်းဒေသ အင်းတော်မြို့နယ် မာန်ဟဲကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားပြီး ကျေးရွာနေပြည်သူများကို ဖမ်းဆီးပိတ်ဆို့မှုများ လုပ်ဆောင်နေသည်ဟု ဒေသသတင်းအရင်းအမြစ်များပြောသည်။ မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန် စစ်သားအင်အား ၁၀၀ ဝန်းကျင်ရှိသည့် စစ်ကြောင်းသည်…
Read More » -
Nov- 2022 -16 Novemberသတင်း
ဖားကန့်ဒေသကို ရာနှုန်းပြည့် ထိန်းချုပ်နိုင်ရန် စစ်ကောင်စီ အစွမ်းကုန် ကြိုးပမ်းနေ
ကချင်ပြည်နယ် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသကို အာဏာသိမ်းစစ်ကောင်စီက ရာနှုန်းပြည့် ထိန်းချုပ်နိုင်ရန်အတွက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့တို့ကို အင်အား ကျဆင်းသွားအောင် ပိတ်ဆို့တားမြစ်မှုများကို အစွမ်းကုန် လုပ်ဆောင်နေသည်ဟု ဖားကန့်ဒေသခံများ ပြောဆိုနေကြသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နောက်ပိုင်း ဖားကန့်ဘက်သို့ တင်ပို့မည့်…
Read More »