သတင်း

ပူတာအိုမှာ ဓာတ်ဆီတစ်ပုလင်း ကျပ် ၁၀၀၀၀ စျေးနဲ့ရောင်းချနိုင်ဖို့ ရှိန်းခေါင်ဘက်ကနေ သယ်ယူပေမယ့် စစ်တပ်ကအဝင်မခံပဲဖမ်းဆီးထား

ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ ဓာတ်ဆီပြတ်တောက်နေပြီး တစ်ပုလင်းကျပ် ၇၀၀၀၀ ကျော်ဖြစ်နေချိန် လုပ်ငန်းရှင်တစ်ချို့ကတစ်ပုလင်းကိုကျပ် ၁၀၀၀၀ စျေးနှုန်းနဲ့ရောင်းချနိုင်ဖို့ တရုတ်နယ်စပ် ရှိန်းခေါင်လမ်းကြောင်းကနေသယ်ယူနေပေမယ့် စစ်ကောင်စီတပ်က ရီဒမ်းကျေးရွာဂိတ်ကနေ ဖြတ်သန်းခွင့်မပေးပဲ ဖမ်းဆီးတားမြစ်ထားတယ်လို့ ပူတာအိုသခံတွေဆီကေန သိရပါတယ်။

ပူတာအို မြစ်ကြီးနားကားလမ်းပိုင်းပိတ်ထားတာ  လနီးပါးကြာမြင့်လာချိန် ပူတာအိုမြို့တွင်းမှာ ဓာတ််ဆီတွေပြတ်တောက်နေတာဖြစ်ပြီး လက်ရှိ ဆီပန့်ဆိုင်ကြီးတွေမှာ ဓာတ်ဆီတစ်ပုလင်း ကျပ် ၇၀၀၀၀ နှုန်းရောင်းချနေတာကြောင့် ဒီအခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့ တရုတ်နယ်စပ် ရိုန်းခေါင်– ခေါင်လန်ဖူးလမ်းကြောင်းကနေ ပူတာအိုမြို့ထဲထိသယ်ယူဖို့စီစဥ်နေပေမယ့် စစ်ကောင်စီတပ်ကအဝင်မခံပဲ ရီဒမ်းစစ်တပ်ဂိတ်ကနေ ဖမ်းဆီးနေတယ်လို့ NUG အစိုးရအဖွဲ့ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးက KNG ကိုပြောပါတယ်။

တရုတ်ပြည််နယ်စပ် မှတ်တိုင် (၃၁)  ရှိန်းခေါင်ရွာလမ်းကြောင်းကနေ ဆိုင်ကယ်တွေ ကားတွေနဲ့ ညီဝါးကျေးရွာထိသယ်လာတယ်အဲ့ကနေတဆင့် ခေါင်လန်ဖူးမြို့ကိုတော့မဝင်တော့ပဲနဲ့ ညီဝါးရွာကနေ လားနဲ့တင်ပြီးတော့ပူတာအိုမြို့ထဲကိုတိုက်ရိုက်သယ်လာတာဒါပေမယ့် ရီဒမ်းကြိုးတံတားစကစ ဂိတ်ကနေအဝင်မခံတော့ဘူးဗျအကုန်ဖမ်းထားလိုက်တယ်လို့ ဝန်ကြီးကပြောပါတယ်။

ခေါင်လန်ဖူး၊ရှိန်းခေါင်ဖက်က ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင်တွေဟာ ပူတာအိုမြို့နယ်ထဲ ဓာတ်ဆီပြတ်တောက်မှုနဲ့စျေးအဆမတန်မြင့်တက်နေတာကိုဖြေရှင်းနိုင်ဖို့ တရုတ်နယ်စပ် ရှိန်းခေါင်ကနေ ညီဝါးကျေးရွာထိကားလမ်းအတိုင်း ဆိုင်ကယ်၊ကားနဲ့ သယ်ယူကာ ညီဝါးကျေးရွာကနေတစ်ဆင့် ဂျန်အောင်းတောင်ကြားလမ်းအတိုင်းလားနဲ့သယ်ယူပြီး ပူတာအိုမြို့ထဲဝင်ဖို့သယ်လာတဲ့ဆီတွေကို ခေါင်လန်ဖူးမြို့နယ်ထဲက ရီဒမ်းစစ်တပ်ဂိတ်ကနေဖမ်းဆီးနေတာလို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ရီဒမ်းစစ်တပ်ဂိတ်ကနေ ဓာတ်ဆီတွေကိုပုံမှန် ဖြတ်သန်းခွင့်ပြုမယ်ဆိုရင် လက်ရှိပူတာအိုဒေသခံတွေလိုအပ်နေတဲ့ စက်သုံးဆီလိုအပ်မှု ၂၀ ရာခိုနှုန်းလောက်ကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။

ညီဝါးကျေးရွာကနေဒီဘက်ထိဆိုရင်တော့ လားနဲ့ပဲသယ်ရမှာလားတစ်ကောင်က နဂါးပုံးသုံးပုံးသယ်နိုင်တယ် တချို့အားနည်းတဲ့လားဆိုရင်တောင် နှစ်ပုံးတော့သယ်နိုင်တယ် အဲ့တော့လမ်းကြောင်းအခြေအနေအရ ညီဝါးရွာကနေ ပူတာအိုမြို့အထိတစ်ကျော့ကိုလေးရက်တော့ကြာမယ် ပူတာအိုမြို့ရဲ့ဓာတ်ဆီလိုအပ်မှု ၂၀ ရာခိုင်နှုန်းလောက်တော့ဖြေရှင်းပေးနိုင်တာပေါ့လို့ ပြောပါတယ်။

ဆွမ်ပရာဘွမ်မြို့နယ်ထဲမှာတိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်းကို မတ်လ  ရက်နေ့က KIAနှင့်စစ်ကောင်စီ နှစ်ဖက်တပ်တွေကပိတ်ထားခဲ့တာဖြစ်ပေမယ့် ကားလမ်းပိတ်ထားချိန်  လကျော်ကြာမြင့်လာတဲ့ ဧပြီ လကုန်ပိုင်းမှာ KIAဘက်က ကားလမ်း ဖွင့်ကိုစစ်ကောင်စီတပ်နဲ့ညှိနှိုင်းခဲ့ပေမယ့် စစ်ကောင်စီဘက်က ခွင့်မပြုပဲ ယနေ့ထိပိတ်ထားတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းကိုပိတ်ထားပြီးတော့ ဒေသခံတွေလိုအပ်နေတဲ့  အခြေခံစားသောက်ကုန်နဲ့  လယ်ယာထွန်းယက်ဖို့အရေးပေါ်လိုအပ်နေတဲ့ ဒီဇယ်ဆီတွေကိုတော့ လေကြောင်းနဲ့သယ်ယူကာ သတ်မှတ်စျေးနှုန်းနဲ့ရောင်းပေးနေပြီး ဓါတ်ဆီကိုတော့ လုံးဝသယ်ယူပေးတာမရှိပါဘူး။

ဓာတ်ဆီတော့လုံးဝကိုမတင်ပေးတာ ဒီဇယ်ကလည်းဒေသခံတွေတင်ပြကြလို့လယ်ထွန်းဖို့လိုနေလို့တင်ပေးဒါပဲရှိတယ်။ လယ်ထွန်ဖို့မဟုတ်ရင်မရဘူး မရောင်းပေးဘူး စက်သုံးဆီတွေကလုံးဝကိုပိတ်ပင်ထားတယ် အခုခြေခံစားသောက်ကုန်တွေတော့တင်ပေးတယ်လေယာဥ်နဲ့ သူတိုဂိုဒေါင်သူတို့စာရေးနဲ့ရောင်းပေးနေတယ်စျေးကတော့ ပုံမှန်ထက်ကြီးတယ်”လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိပူတာအို မြို့ပေါ်က ဆီလက်ကျန်သိုလောင်ရောင်းချနေသူတွေဟာ ဓာတ်ဆီ တစ်ပုလင်းကျပ် ၇၀၀၀၀ ကနေ ကျပ် ၁၀၀၀၀၀ ၊တစ်ပေပါ ကျပ်သိန်း ၁၀၀ ကျော်အထိစျေးတင်ရောင်းနေတာဖြစ်ပါတယ်။

ပူတာအိုမှာအခုလိုစက်သုံးဆီပြတ်လပ်နေတာကြောင့် ဖုန်းဆက်သွယ်ရေးလိုင်းတွေလည်း မေလ လဆန်းပိုင်းကတည်းကနေပြတ်တောက်နေပြီး လက်ရှိ အော်ရီဒူးလိုင်းတစ်ခုသာရရှိပြီးကျန်တဲ့ဖုန်းလိုင်းတွေလုံးဝပြတ်တောက်နေတယ်လို့သိရပါတယ်။

မတ်လ ၈ရက်နေ့က စတင်လိုက်တဲ့ KIA KPDF ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဟာ ပူတာအိုမြို့သိမ်းတိုက်ပွဲအထိ ဦးတည်လာပြီး ဆွမ်ပရာဘွမ်မြို့နဲ့ ဖုန်ချန်းကျေးတွေကိုသိမ်းပိုက်ထားနိုင်တဲ့ပြင် စစ်ကြောင်းဟာလက်ရှိ ဆွမ်ပီယန်အထိရောက်နေပြီဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button