ပူတာအိုမြို့

  • Dec- 2025 -
    16 December
    သတင်း

    ပူတာအိုမှဖမ်းဆီးထားတဲ့ Starlink Wifi စက်တွေ ရွေးကောက်ပွဲပြီးမှပြန်ပေးမယ်လို့ဆို

    ကချင်ပြည်နယ်၊ ပူတာအိုမြို့ပေါ်မှာ စစ်ကောင်စီဖမ်းဆီးသွားတဲ့ Starlink Wifi စက်အားလုံး ရွေးကောက်ပွဲပြီးမှ ပြန်ပေးမယ်လို့ပြောဆိုလာကြောင်း ဒေသခံများထံမှ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ပူတာအိုမြို့ပေါ်က Starlink Wifi စက် အလုံး ၆၀ ဝန်းကျင်ခန့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေလိုက်လံဖမ်းဆီးခဲ့ပြီး အဲ့ဒီ Starlink Wifi စက်တွေကို ရွေးကောက်ပွဲပြီးမှပြန်ပေးမှာဖြစ်တယ်လို့ ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “တစ်ချို့တော့ပိုက်ဆံနဲ့သွားရွေးကြတယ်တဲ့ ဒါပေမယ့် မရွေးခိုင်းဘူးဘယ်လောက်ပေးပြီးရွေးရွေးမရဘူးတဲ့/ ရွေးကောက်ပွဲပြီးမှပဲအားလုံးပြန်ပေးမယ်ဆိုပြီးပြောလာတယ်”လို့အထက်ဖော်ပြပါအမျိုးသမီးတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပူတာအိုမြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ လုံးစွတ်၊ကောင်ကထောင်၊အောက်ချိုင့်နဲ့ လေယာဥ်ရပ်ကွက်တွေကနေ Starlink Wifi စက်တွေကို ဒီဇင်ဘာလ ၈ ရက်ကနေ ၁၀ ရက်အထိ လိုက်လံဖမ်းဆီးရာအလုံး ၆၀ ဝန်းကျင်လိုက်လံဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Starlink စက်ပိုင်ရှင်တွေက ပိုက်ဆံနဲ့သွားရွေးခဲ့ပေမယ့်ရွေးခွင့်မပေးဘူးလို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ “ကျနော့်အသိဆိုင်တစ်ဆိုင်ပါသွားတယ် ၁၅သိန်းပေးမယ်ဆိုပြီးသွားရွေးတာစက်မရခဲ့ဘူး ပြန်မပေးဘူးကြာမယ်ပြောတယ်ပေးတာတော့ပြန်ပေးမှာရွေးကောက်ပွဲပြီးမှတဲ့”လို့ အသက် ၄၀ ကျော်အရွယ်မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေဟာ Wifi ဆိုင်တွေပိတ်ထားဖို့ ကြိုတင်အသိပေးညွှန်ကြားတာမျိုးမရှိပဲ ရုတ်တရက် ဝင်ရောက်ဖမ်းဆီးခဲ့တာကြောင့် မြို့ပေါ်မှာဖွင့်ထားတဲ့ Starlink wifi စက် သုံးပုံနှစ်ပုံခန့်သိမ်းဆည်းခံလိုက်ရကြောင်းသိရပါတယ်။ စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲ ပထမအပိုင်း (၁) မှာကချင်ပြည်နယ်ထဲက ပူတာအိူ၊နောင်မွန်၊ခေါင်လန်ဖူး၊ မြစ်ကြီးနား၊တနိုင်း၊မိုးညှင်းစတဲ့မြို့နယ်တွေပါဝင်ပြီး လက်ရှိ ကျန်တဲ့မြို့နယ်တွေအားလုံးမှာတော့ Starlink wifi စက်တွေပုံမှန်အတိုင်းအသုံးပြုလို့ရနေဆဲလို့သိရပါတယ်။ စစ်ကောင်စီဟာ ရွေးကောက်ပွဲ အပိုင်း ၁ ကိုလာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာပြုလုပ်ကျင်းပသွားမှာဖြစ်ပြီး ခုလိုရွေးကောက်ပွဲကျင်းပမယ့်နေရာတွေမှာ ပြည်သူတွေဆိုရှယ်မီဒီယာသုံးဖို့ အသုံးပြုနေတဲ့ ဝိုင်ဖိုင်စက်တွေသိမ်းဆည်းနေတဲ့အပေါ် ကချင်နိုင်ငံရေးကျွမ်းကျင်သူတစ်ဦးပြောပါတယ်။ “အဓိကတော့ သူတို့ရွေးကောက်ပွဲအတွက်လုံခြုံရေးစိုးရိမ်တာ၊ပြီးတော့ ပြည်သူတွေကို သတင်းအမှောင်ဖုံးချင်တာကြောင့်ဖြစ်တယ်။ ဒါက ဘာကိုညွန်ပြနေလဲဆိုရင် ဒီရွေးကောက်ပွဲက ပွင့်လင်းမြင်သာမှုမရှိဘူးဆိုတဲ့သဘောသက်ရောက်ပါတယ်”လို့ ပြောပါတယ်။ ကချင်တစ်ပြည်နယ်လုံးကိုစစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လ ကုန်ပိုင်းကစပြီး ဖုန်းလိုင်း၊ဖုန်းအင်တာနက်လိုင်းနဲ့ Wifi အင်တာနက်လိုင်းတွေကို ဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။ ဖုန်းနဲ့Wifiအင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်ထဲက နေရာဒေသ အများစုမှာတော့ ဖုန်းနဲ့Wifi အင်တာနက်လိုင်းတွေအစား Starlink ဂြိုလ်တု အင်တာနက်တွေကိုအသုံးပြုနေကြတာဖြစ်ပါတယ်။ By –…

    Read More »
  • Aug- 2025 -
    21 August
    သတင်း

    အမှိုက်ကား ပုံမှန်မလာတဲ့အတွက် ပူတာအိုမြို့ခံတွေ အမှိုက်ပစ်ဖို့အခက်အခဲဖြစ်နေ

    ကချင်ပြည်နယ် ပူတာအိုမြို့မှာ စည်ပင်အမှိုက်သိမ်းကားပုံမှန်မလာတဲ့အတွက် ဒေသခံတွေအမှိုက်ပစ်ဖို့အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။ ပူတာအိုမြို့ပေါ် ရပ်ကွက်တွေမှာ ပုံမှန်အမှိုက်သိမ်းပေးနေတဲ့ စည်ပင်အမှိုက်သိမ်းကား ၂၀၂၅ ခုနှစ် မတ်လနောက်ပိုင်းကနေစပြီး ပုံမှန်မလာတော့ဘူးလို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အမှိုက်ကားပုံမှန်မလာတာ ၅ လရှိတော့မယ်။ အရင်ကတစ်ပတ်တခေါက် ပုံမှန်လာတယ်…

    Read More »
  • Nov- 2024 -
    18 November
    သတင်း

    မပခ တိုင်းမှူး ပူတာအိုမြို့ လာပြီးနောက် မြို့တွင်း၊မြို့ပြင် စစ်ရေးလှုပ်ရှားမှုစတင်လာ

    ကချင်ပြည်နယ် ပူတာအိုမြို့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး နိုဝင်ဘာ ၁၇ ရက်နေ့ ရဟတ်ယာဥ်နဲ့လာသွားတယ်လို့ တပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ မြစ်ကြီးနားမြို့အခြေစိုက်ထားတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနာချုပ် တိုင်းမှူးဗိုလ်မှူးချုပ်အောင်ဇော်ထွေးက နိုဝင်ဘာ ၁၇ ရက်နေ့ မွန်းလွဲ ၂နာရီခွဲဝန်းကျင် ပူတာအိုမြို့ပေါ်ရှိ ခလရ ၄၆ တပ်ထဲလာသွားတယ်လို့ စစ်တပ်အသိုင်းအဝိုင်းနီးစပ်သူ ဒေသခံအမျိုးသားတစ်ဦး KNGကိုပြောပါတယ်။ “မပခ တိုင်းမှူးလာသွားတယ် မနေ့က ဘာကိစ္စလဲတော့ သေသေချာချာမသိဘူး။ ခလရ ၄၆ ထဲ တစ်နာရီလောက်နေသွားတယ်”လို့ အသက် ၅၀ ကျော်အရွယ် လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးပြောပါတယ်။ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဇော်ထွေးဟာ  ၂ နာရီ မိနစ် ၄၀ တိတိမှာ ရဟတ်ယာဉ်ဖြင့်ပူတာအိုမြို့တွင်းတပ်ဖြစ်တဲ့ ခလရ ၄၆ တပ်ထဲရောက်ခဲ့ပြီး ၃ နာရီ မိနစ် ၅၀ ဝန်းကျင် မြစ်ကြီးနားကိုပြန်ဆင်းသွားတယ်လို့သိရပါတယ်။ ပူတာအိုမြို့ပေါ်  တိုင်းမှူးလာရောက်တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့  Starting နဲ့ IPs Star အသုံးပြုတဲ့အင်တာနက်ဆိုင်တွေကိုလည်း ပိတ်ခိုင်းထားတာတွေရှိခဲ့တဲ့အပြင် အဲဒီနေ့ကစပြီး မြို့တွင်း၊မြို့ပြင် စစ်ရေးလှုပ်ရှားမှုတွေလည်း စတင်လာတယ်လို့ ဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။ “ဘုရားကျောင်းပြီးတော့လိုင်းသွားသုံးမယ်လို့သွားတာ မရဘူးပြောလို့ပြန်လာတယ် လူကြီးလာလို့ အင်တာနက်လိုင်းတွေဖြတ်ခိုင်းထားတယ်တဲ့ လူကြီးပြန်မှရမယ်ပြောတယ်။ ပြီးတော့ တိုင်းမှူးပြန်ထွက်သွားတဲ့နောက် ပူတာအိုမြို့ပေါ်မှာ စစ်ကားတွေနဲ့ စစ်သားလည်းအများအပြားတွေ့နေရတယ်”လို့ ပြောပါတယ်။ တိုင်းမူးဗိုလ်မှူးချုပ်အောင်ဇော်ထွေး မြစ်ကြီးနားဆင်းသွားပြီးနောက် စစ်သားအပြည့်တင်ထားတဲ့ စစ်ကားနှစ်စီး မူလာရှီးဒီဘက်ဆင်းသွားတာရှိသလို မြို့ထဲမှာလည်း စစ်ကားနှစ်စီး စစ်သားအပြည့်တင်ကာ စစ်ရေးလှုပ်ရှားတာ၊ မြို့ထဲ ကင်းပုန်းဝပ်တာတွေရှိတယ်လို့ ဆိုပါတယ်။  ပူတာအိုမြို့ပေါ်မှာ တိုင်းမှူးလာရောက်ရတဲ့အကြောင်းအရင်းနဲ့နောက်ဆက်တွဲ စစ်ရေးလှုပ်ရှားမှုအခြေနေအသေးစိတ်ကို KNG ဆက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေလမှာလည်း KIA နဲ့ပူးပေါင်းတပ်တွေသိမ်းပိုက်ခဲ့တဲ့ ပူတာအို– မြစ်ကြီးနား ကားလမ်းပေါ်မှာရှိတဲ့ ဆွမ်ပရာဘွမ်မြို့ကိုပြန်သိမ်းယူဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။ လက်ရှိ မ.ပ.ခ တိုင်းမှူး ဗိုလ်မှုးချုပ်အောင်ဇော်ထွေးဟာ ဗိုလ်ချုပ်စိုးလှိုင်နေရာ အစိုးထိုးခန့်အပ်ထားသူဖြစ်ပြီး မြောက်ပိုင်းတိုင်းမပြောင်းရွှေ့ခင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အလုပ်သင် (တေဇ–၂၄) ကျောင်းဆင်းတဦး ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်တိုင်းမှူးအဖြစ် ဗိုလ်ချုပ်မြတ်သက်ဦးကို တာဝန်ပေးခဲ့ပြီး ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်ကို မြောက်ပိုင်းတိုင်းတိုင်းမှူးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။  အဲဒီနောက် ၂၀၂၃ ဇူလိုင်လ ဗိုလ်ချုပ် ကိုကိုမောင်ကို ယမ်းရောင်းချမှုနှင့် ဖမ်းဆီးခဲ့ပြီး ဗိုလ်ချုပ် စိုးလှိုင်ကို တိုင်းမှူးတာဝန်ပေးခဲ့ပေမယ့်  ၉ လခန့် ထမ်းဆောင်ပြီးနောက် ရာထူးမှဖယ်ရှားလိုက်ပြီး လက်ရှိ ဗိုလ်မှူးချုပ်အောင်ဇော်ထွေးကို ခန့်အပ်ထားတာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Sep- 2022 -
    12 September
    Covid-19 Reporting

    ပူတာအိုမြို့တွင်း အခြေစိုက် ခလရ ၄၆ တပ်ရင်းတွင် အရာရှိအဆင့်အပါ စုစုပေါင်း ၁၁ ဦးတွင် ကိုဗစ်ပိုးတွေ့

    ကချင်ပြည်နယ် ပူတာအိုမြို့တွင်း တပ်ဖြစ်သည့် ခလရ ၄၆ တပ်ရင်းတွင် တပ်ကြပ်ကြီးအဆင့်အပါ စုစုပေါင်း ၁၁ ဦး၌ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပူတာအိုခရိုင်ပြည်သူ့ဆေးရုံကြီးမှ စုံစမ်းသိရှိ ရသည်။ ခလရ ၄၅ တပ်ရင်းမှ တပ်ကြပ်ကြီး တစ်ဦး၊…

    Read More »
  • 7 September
    သတင်း

    အချိန်ပို သင်ကြားပေးသော ဆရာမများက ကျောင်းသားများထံမှ ငွေကြေးကောက်ခံ

    ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် စစ်ကောင်စီလက်အောက် ဖွင့်လှစ်ထားသည့် အထက်တန်းကျောင်းတွင် အချိန်ပိုခေါ်သင်ကြားပေးနေသော ဆရာ/မများက ကျောင်းသားများထံမှ ငွေကြေးကောက်ခံနေသည်ဟု ဒေသခံများ၏ သတင်းပေးပို့ချက်မှ သိရသည်။ ဩဂုတ်လ မှ ကျောင်းတက်ရောက်နေသည့် ၈ တန်းကျောင်းသားများကို စာသင်နောက်ကျမှုကြောင့် အချိန်ပိုသင်ကြားပေးနေပြီး ကျောင်းသားတစ်ဦးလျှင်…

    Read More »
  • Aug- 2022 -
    30 August
    သတင်းပူတာအို ကလေးငယ်များ၏ အရေပြားပေါ်တွင် မြင်တွေ့ရသော ယားနာ အဖုများ

    ပူတာအို ကလေးများတွင် အရေပြားပေါ် အဖု ယားနာစွဲသည့် ရောဂါ အဖြစ်များနေ

    ပူတာအိုမြို့ အနီးတဝိုက် ကျေးရွာများရှိ ကလေးငယ်များတွင် ယားနာကဲ့သို့ ခန္ဓာကိုယ်တွင် အဖုများပေါက်သည့် ရောဂါတစ်မျိုး ကူးစက် ပျံနှံနေသည်ဟု သိရသည်။ ပူတာအို မလိခမြစ်တစ်လျှောက် ကျေးရွာအားလုံး နှင့် မြို့တွင်း ကောင်ကထောင် ရပ်ကွက်တွင် ပြီးခဲ့သည့် တပတ်ခန့်မှ စတင်ကာ   ယခုလို ယားနာပေါက် အနာများ ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု…

    Read More »
  • 11 August
    သတင်း

    ပူတာအိုတွင် ကုန်စိမ်းနှင့် အသားစျေးနှုန်းများ အဆမတန် မြင့်တက်

    ပူတာအိုမြို့တွင် ကုန်စိမ်းစျေး နှင့် အသားစျေး နှုန်းများ အဆမတန်မြင့်တက်လာနေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ ဇွန်လဝက်ခန့်မှ စတင်ကာ မြစ်ကြီးနားမှ တင်သွင်းသည့် ကုန်စိမ်းနှင့် ကြက်သား‌ စျေး နှုန်းများ မြင့်တက်လာသည်နှင့်အမျှ ဒေသပေါ်အမဲသား၊ ဝက်သားနှင့်…

    Read More »
  • Jun- 2022 -
    29 June
    သတင်း

    ရဝမ် လူငယ်အသင်း ဥက္ကဋ္ဌ ဦးဖုန်ရော့ဖီနန်ကို စစ်ကောင်စီ မှ ထောင်ဒဏ် ၁၀ နှစ် ချမှတ်

    ပူတာအိုမြို့တွင် ပုဒ်မ ၅၀ (ည)ဖြင့် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရသော ရဝမ်လူငယ်အသင်း ဥက္ကဋ္ဌ ဦး ဖုန်‌ရော့ဖီနန် (Hpungraw Hpyi Nang) ကို ဇွန်လ ၂၈ ရက် ယမန်နေ့ ညနေပိုင်း စစ်ကောင်စီမှ ပူတာအိုမြို့နယ်…

    Read More »
Back to top button