,

Breaking News :

ဖားကန့်တွင် အရပ်သား ၈၀ ကျော်ကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထား

ကသာမြို့တွင် ရဲကားဖြင့် လိုက်လံပစ်ခတ်သဖြင့် လူငယ် ၁ ဦးသေဆုံး

ဦးရွှေမင်း ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့ တနိုင်ဒေသတွင် စတင်အခြေချ၊ ဒေသခံများကန့်ကွက်

ဖားကန့် ဆိပ်မူ စစ်ရှောင်ပြည်သူ ၅၀၀ ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေ

ကရင်ချောင်ကျေးရွာအနီးက ကျောက်စိမ်းတူးသည့် အလုပ်သမား ၃၀ ကျော် ဖမ်းဆီးခံထားရ

ကားမိုင်းထွေအုပ်ရုံး ဗုံးဖောက်ခွဲခံရပြီး အုပ်ချုပ်ရေးမှူး ဒဏ်ရာပြင်းထန်ရရှိကာ ၁ ဦးသေဆုံး

ဖားကန့်တွင် အရပ်သားကား ၂ စီးကို စစ်ကောင်စီတပ် ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးသေဆုံး

ခင်ဦးတွင် ဒေသခံ ၂ သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ ဆောင်နှင့် အဝတ်အထည်များလိုအပ်နေ

ဖားကန့်တွင် ၁၀၀၀၀ ကျပ်တန်ငွေစက္ကူအတု ပိုမိုအသုံးပြုလာနေ

လုံးခင်းတွင် ဆိုင်ကယ်စီးနှင်လာသည့် လူငယ်တစ် ဦး သေနတ်ပစ်သတ်ခံရ

ပူတာအို ကလေးများတွင် အရေပြားပေါ် အဖု ယားနာစွဲသည့် ရောဂါ အဖြစ်များနေ

ပူတာအို ကလေးငယ်များ၏ အရေပြားပေါ်တွင် မြင်တွေ့ရသော ယားနာ အဖုများ

ပူတာအိုမြို့ အနီးတဝိုက် ကျေးရွာများရှိ ကလေးငယ်များတွင် ယားနာကဲ့သို့ ခန္ဓာကိုယ်တွင် အဖုများပေါက်သည့် ရောဂါတစ်မျိုး ကူးစက် ပျံနှံနေသည်ဟု သိရသည်။

ပူတာအို မလိခမြစ်တစ်လျှောက် ကျေးရွာအားလုံး နှင့် မြို့တွင်း ကောင်ကထောင် ရပ်ကွက်တွင် ပြီးခဲ့သည့် တပတ်ခန့်မှ စတင်ကာ   ယခုလို ယားနာပေါက် အနာများ ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ပူတာအိုဒေသခံ ဆရာဆမ်လူ ရမ်ဆိုင်း က ပြောသည်။

ယားနာ၊ ဝဲ လိုမျိုးဖြစ်တာ ပူတာအို ရွာဘက် ကလေးတွေ အများကြီးပဲ။ တချို့ကလေးတွေက တော်တော်ပြင်းထန်တာနေမှာ ငိုတာလည်းရှိတယ်။ ဒီတိုင်းပဲနေနေကြတာများတယ်။ ယားတာပျောက်ရုံ ငြိမ်စေတဲ့ဆေးတွေပဲ သူတို့သိသလို လိမ်းပြီးနေ နေကြတယ်” ဟု ပြောသည်။

အသက် ၅ နှစ်အောက် ကလေးအများစုတွင် ထိုသို့ ဖြစ်ပွားနေသကဲ့သို့ လူကြီးတချို့တွင် လည်း ဖြစ်ပွားနေသည်ဟု ထပ်မံသိရသည်။

ကလေးငယ်များ၏ နားရွက်၊ ခြေထောက်၊ ဒူး၊ လက်မောင်း အစရှိသည့် နေရာများမှာ အနာ အဖုများဖြစ်နေကြပြီး လက်ရှိအခြေအနေအရ နေအိမ်တစ်အိမ်မှာ ကလေး ၃ ယောက်ရှိပါက ကလေး  ၂ ယောက်မှာ ထိုသို့ ဖြစ်ပွားကြောင်း သိရသည်။

သို့သော်လည်း ပူတာအိုတွင် အဆိုပါ ရောဂါကို ကုသရန်အတွက် ဆေးဝါးမရှိသကဲ့သို့ ဆေးရုံ၊ ဆေးခန်းလည်း မရှိကြောင်း ယခုလို ပြောသည်။

အကုန်လုံးဆေးခန်းသွားဖို့လည်း မရှိဘူး ဒီအချိန်က အကုန်လုံး မြို့ဆေးရုံတွေမှာလည်း ဆရာတွေက CDM လုပ်တာများတယ်။ နည်းနည်းပါးပါးပဲရှိတော့ ဒီလိုကလေးအကုန်လုံးကို ကုပေးဖို့မလွယ်ဘူး။ ရွာက ခုလိုဖြစ်တဲ့ ကလေးတွေအားလုံး ဆေးခန်းမသွားကြဘူး။ ဒီလိုပဲနေကြတယ် ဟု ပြောသည်။

ပြီးခဲ့သည့်လများတွင် ပူတာအိုဒေသတစ်ခွင် မွေးမြူထားသော ကျွဲ၊ နွားများတွင် အရေပြားရောဂါ ပျံနှံခဲ့ပြီးနောက် ယခုတစ်ဖန် ကလေးများ၏ အရေပြားပေါ် အနာအဖုများပေါက်သည့် ဖြစ်စဉ်များ ဆက်တိုက် တွေ့ရှိလာခြင်းဖြစ်သည်။

ဟိုတလောကလည်း ပူတာအို နွားတွေမှာလည်း ယားနာပုံစံမျိုးနဲ့ ဒဏ်ရာတွေတွေ့တာပေါ့။ အဖုတွေတွေ့တယ်။ နောက်ပိုင်းတော့ ကလေးတွေမှာဖြစ်လာတာ ဆိုတော့ အဲ့ကနေ ကူးတာလား၊ ဒါမှမဟုတ် အဲ့နွားတွေ သူတို့ သွားသွားလာလာ လုပ်နေတဲ့ ချောင်းထဲ ကလေးတွေရေချိုးလို့ ဖြစ်တာလား အတိအကျပြောလို့မရဘူး။ ခန့်မှန်းတာပေါ့။ တချို့က ဘယ်လောက်ထိကြာကြာ ဖြစ်လာမလဲ စိုးရိမ်နေကြတယ်။ အချိန်အကြာကြီးဖြစ်ပြီး မိသားစုကို ကူးလာမလား စိုးရိမ်တာတော့ရှိတယ်။ အရင်ကတော့ ဒီလောက်မပြင်းထန်ဘူး။  ဒီနှစ်က အရင်နှစ်ထက် ကွာခြားပြီး တော်တော်ပြင်းထန်တာကို တွေ့ရတယ်ဟု ဆမ်လူရမ်ဆိုင်းက ဆက်ဆိုထားသည်။

ထို့ကြောင့် သက်ဆိုင်ရာ ပညာရှင်များနှင့် ကုသရေးအတွက် ဆေးဝါးဆိုင်ရာများအား လမ်းပြ ကူညီပံ့ပိုးပေးပြီး ယခုထက် မဆိုးရွာလာစေဖို့ ဝိုင်းဝန်းကူညီပေးရန် ဒေသခံများ တောင်းဆိုနေကြသည်။

Read Previous

မြစ်ကြီးနား ၄၂မိုင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ၂လောင်းပြိုင် လူသတ်မှုဖြစ်ပွား

Read Next

KIA တပ်မဟာ ၈ ဗုံးကျဲတိုက်ခိုက်ခံရပြီး KIA နှင့် PDF သေဆုံးမှု များပြားဟူသော သတင်းအမှားတစ်ပုဒ် ထပ်ပြန့်နေ