Covid-19 Reportingသတင်း

ပူတာအိုမြို့တွင်း အခြေစိုက် ခလရ ၄၆ တပ်ရင်းတွင် အရာရှိအဆင့်အပါ စုစုပေါင်း ၁၁ ဦးတွင် ကိုဗစ်ပိုးတွေ့

ကချင်ပြည်နယ် ပူတာအိုမြို့တွင်း တပ်ဖြစ်သည့် ခလရ ၄၆ တပ်ရင်းတွင် တပ်ကြပ်ကြီးအဆင့်အပါ စုစုပေါင်း ၁၁ ဦး၌ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပူတာအိုခရိုင်ပြည်သူ့ဆေးရုံကြီးမှ စုံစမ်းသိရှိ ရသည်။

ခလရ ၄၅ တပ်ရင်းမှ တပ်ကြပ်ကြီး တစ်ဦး၊ ဒုတပ်ကြပ်တစ်ဦးနဲ့ တပ်သား ၉ ဦး စုစုပေါင်း ၁၁ ဦးစလုံးကို စက်တင်ဘာ ၁၁ ရက်နေ့ တစ်ရက်တည်းတွင် ကိုဗစ်ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ပူတာအိုခရိုင် ပြည်သူ့ဆေးရုံကြီးနှင့် နီးစပ်သူတစ်ဦးက KNG ကို အတည်ပြုပြောဆိုသည်။

မနေ့က မနက်ပိုင်းမှာ ပူတာအိုမြို့တွင်းတပ် ခလရ ၄၆ တပ်ပေါ့ဗျာ အဲ့တပ်ထဲကနေ တပ်ကြပ်ကြီးပေါ့။ သူ့ဘတ်တံဆိပ်ကြည့်တာ တပ်ကြပ်ကြီးဟုတ်တယ် အစောင့်တွေဘာတွေနဲ့လာတာ။ စစ်ကားအသေးလေးသုံးစီးနဲ့လာပြီး အဲ့တပ်ကြပ်ကြီး ဆိုတဲ့ တစ်ယောက်က နေမကောင်းဖြစ်နေလို့တဲ့ ကိုဗစ်ရှိမရှိ စစ်တာ ပိုးတွေ့သွားတယ်။ အဲ့ဒါနဲ့သူနဲ့ထိတွေမှုအမြဲရှိတဲ့လူတွေ အားလုံးကိုစစ်တာ ၁၀ ယောက်ထိပြန်တွေ့သွားတယ် ဟု ပူတာအိုခရိုင်ပြည်သူဆေးရုံကြီးနှင့် နီးစပ်သူအမျိုးသမီးတစ်ဦးက ပြောသည်။

ကိုဗစ်ပိုးတွေ့သော ဒုတပ်ကြပ်ကြီးနှင့် တပ်သားများကို ပူတာအိုမြို့တွင်း တပ်ဆေးရုံတွင်သာ ကုသပေးနေသည်ဟု သိရသည်။

ကချင်ပြည်နယ်တွင် ယခုလပိုင်းအတွင်းမှစတင်ကာ ကိုဗစ်ပိုးတွေ့လူနာ ခပ်စိတ်စိတ်တိုးလာနေပြီး ယမန်နေ့က ဗန်းမော်တွင် ၁ ဦး၊ မိုးမောက်တွင် ၂ ဦး နှင့် တစ်ပြည်နယ်လုံးအတိုင်းအတာ

အရ လက်ရှိ ဆေးကုသမှုခံယူနေသည့် ကိုဗစ်ပိုးတွေ့လူနာပေါင်း ၃၀ ကျော်အထိရှိနေကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button