,

Breaking News :

ထီးချိုင့် ၉ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် က ၃၀ ကျော်ကျဆုံး၊ စစ်ကောင်စီက ရွာ ၅ ရွာ ကို မီးရှို့

ဖားကန့်တွင် စစ်ကောင်စီအဖွဲ့ ကားလိုင်စင်များဖမ်းဆီးနေ

လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား

အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

ဖုန်အိန်ယာန်တွင် KIO ရွှေတူးဖော်မည့်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်နေ

ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

ရွှေဘိုတွင် တစ်ရက်အတွင်း ကျေးရွာ ၃ ရွာမှ လူနေအိမ် ၁၇၀ ခန့် မီးရှို့ခံရ

အချိန်ပို သင်ကြားပေးသော ဆရာမများက ကျောင်းသားများထံမှ ငွေကြေးကောက်ခံ

ပူတာအိုမြို့ပေါ်ရှိ ကောင်ကထောင်ရပ်ကွက် အထက်တန်းကျောင်း

ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် စစ်ကောင်စီလက်အောက် ဖွင့်လှစ်ထားသည့် အထက်တန်းကျောင်းတွင် အချိန်ပိုခေါ်သင်ကြားပေးနေသော ဆရာ/မများက ကျောင်းသားများထံမှ ငွေကြေးကောက်ခံနေသည်ဟု ဒေသခံများ၏ သတင်းပေးပို့ချက်မှ သိရသည်။

ဩဂုတ်လ မှ ကျောင်းတက်ရောက်နေသည့် ၈ တန်းကျောင်းသားများကို စာသင်နောက်ကျမှုကြောင့် အချိန်ပိုသင်ကြားပေးနေပြီး ကျောင်းသားတစ်ဦးလျှင် ငွေ ၃ ထောင်ကျပ်ကောက်ခံကာ သင်ကြားပေးနေသည်ဟု ပူတာအိုဒေသခံတစ်ဦးက KNG ကို ပြောသည်။

“ကျနော်တို့ မိဘတွေနားလည်ထားတာက အချိန်ပိုဆိုတာက သင်ခန်းစာမပြီးမှာ ကြောက်လို့ ခေါ်သင်တယ်လို့ဘဲ မြင်တယ်။ အခုက တစ်ဖက်မှာ ကျောင်းသားတွေဆီက မတရား ငွေညှစ်ယူတယ်လို့ပဲ မြင်ပါတယ်။ ကျောင်းမှာဆိုရင် နားလည်အောင် သင်ကြားပေးဖို့က သူတို့ရဲ့တာဝန်ဖြစ်တယ်။ ဒါက လုံးဝမဖြစ်သင့်ပါဘူး”ဟု ပြောဆိုသည်။

လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးပြဿနာများကြား ပြည်သူများ စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရသည့် အချိန် ယခုလို အချိန်ပိုသင်ကြားမှု ခေါင်းစဉ်ဖြင့် ငွေကြေးကောက်ခံနေခြင်းကို လုံးဝမလုပ်သင့်ကြောင်း သူက ဆက်ပြောသည်။

“ဒီအချိန်က အရမ်းခက်ခဲနေတဲ့အချိန်ဖြစ်တယ်။ ဝင်ငွေမရှိဘူး တစ်နေ့လုပ်ကိုင်စားဖို့တောင် မနည်းရုန်းကန်နေရတဲ့ အချိန်မှာ ကျောင်းသားမိဘတွေအတွက်လည်း ပိုပြီး ဝန်ပိစေတယ်။ တစ်ဖက်မှာ မတရားမှုလည်း ရောက်နေတယ်။ နားကြားလို့လည်းမကောင်းဘူး”ဟု ပြောဆိုသည်။

လက်ရှိ ထိုအထက်တန်းကျောင်းတွင် ၈ တန်းကျောင်းသားများ ၂၀၀ ကျော်ဝန်းကျင် တက်ရောက်နေပြီး တစ်ကျောင်းလုံးတွင် ကျောင်းသား ၂ ထောင်ကျော် တက်ရောက်နေသည့် ပူတာအိုမြို့မှ အကြီးဆုံး ကျောင်းတစ်ခုဖြစ်သည်။

စစ်တပ်က အာဏာသိမ်းမှုကြောင့် ကချင်ပြည်နယ်အတွင်းရှိ ကျောင်းများတွင် ကျောင်းတက်ရောက်သည့် ကျောင်းသူ/သားများ နည်းပါးခဲ့သော်လည်း အဆိုပါ ပူတာအို အထက်တန်းကျောင်းတွင် ကျောင်းသား အားလုံးနီးပါး ပုံမှန်အတိုင်း တက်ရောက်နေသည်ဟု သိရသည်။

Read Previous

‘မင်းအောင်လှိုင် ရုရှားရောက်နေစဉ် စိုးဝင်းမှ အာဏာ ကောက်သိမ်း လိုက်ပြီ’ ဆိုသည့် သတင်းအမှားဖြန့်နေ

Read Next

မိုးမောက်တွင် စစ်ရေးတင်းမာနေသဖြင့် ဒေသခံ ၃၀၀ ဝန်းကျင်ထွက်ပြေးတိမ်းရှောင်နေရ