ပူတာအို

  • Nov- 2025 -
    11 November
    သတင်း

    ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်း တစ်ပတ်တစ်ကြိမ်သာဖွင့်ပေး

    စစ်ကောင်စီတပ်ဘက်က ပိတ်ထားတဲ့ ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းသွားလာခွင့် တစ်ပတ်တစ်ကြိမ်သာဖွင့်ပေးထားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့မှာ စစ်ရေးအကြောင်းပြချက်နဲ့စစ်ကောင်စီတပ်ဘက်က ရုတ်တရက်ပိတ်ချလိုက်တဲ့ပူတာအို–မြစ်ကြီးနားလမ်းပိုင်း လက်ရှိအချိန်အထိ ဖြတ်သန်းသွားလာခွင့်ကန့်သတ်ခံထားရဆဲဖြစ်တယ်လို့ ပူတာအို ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ “တစ်ပတ်ကိုတစ်ခါပဲလွတ်ပေးတယ်ဗျ။ တစ်ခါတလေစနေနေ့ကိုလွတ်ပေးတယ် တစ်ခါတလေကျတော့…

    Read More »
  • 10 November
    သတင်း

    ပူတာအိုမှာ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး  ကျပ်သိန်း ၄၀၀ ဝန်းကျင်ပါသွား

    ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်မှာ မနေ့ည ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ကျပ်သိန်း ၄၀၀ ကျော်ပါသွားတယ်လို့ မြို့ခံများထံမှ သိရပါတယ်။ ပူတာအိုမြို့၊ လုံးစွတ်ရပ်ကွက်ထဲမှာ နိုဝင်ဘာလ ၉ ရက် မနေ့က ည ၈ နာရီတိတိအချိန်မှာ SK အမိန့်ရအပေါင်ဆိုင်…

    Read More »
  • 7 November
    သတင်း

    ကားလမ်းပိတ်နေတဲ့အတွက် ပူတာအို – မြစ်ကြီးနားလေယာဉ်လက်မှတ်စျေးထိုးတက်

    ကချင်ပြည်နယ်၊ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းပိတ်နေတဲ့အတွက် လေကြောင်းလိုင်းတွေကြပ်ပြီးလေယာဥ်လက်မှတ်စျေးနှုန်းတွေတဟုန်ထိုးမြင့်တက်သွားကြောင်း လေယာဥ်လက်မှတ်အ‌ ရောင်းဌာနက သိရပါတယ်။ မြစ်ကြီးနား–ပူတာအိုလေယာဥ်လက်မှတ်စျေးနှုန်းပုံမှန်အားဖြင့် ကျပ် ၃၅၀၀၀၀ ( သုံးသိန်းခွဲ)နဲ့ ကျပ် ၄၀၀၀၀၀( လေးသိန်း) ကြားရှိရာကနေ ကားလမ်းပိတ်သွားတဲ့နောက် ကျပ် ၅၀၀၀၀၀(ငါးသိန်း) ကျော်အထိ တက်သွားကြောင်း…

    Read More »
  • 3 November
    သတင်း

    ပူတာအို-မြစ်ကြီးနားလမ်းပိုင်း အတက်အဆင်းခွင့်ပြုပေမယ့် ကန့်သတ်ချက်တွေရှိနေ

    ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်း အတက်အဆင်းခွင့်ပြုလိုက်ပေမယ့် ကန့်သတ်ချက်တွေများစွာရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာ ၂၃ ရက်နေ့  စစ်ကောင်စီတပ်ဘက်နေ ရုတ်တရက်ပိတ်ချလိုက်တဲ့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းကို အောက်တိုဘာ ၃၁ ရက်နေ့က ပြန်ဖွင့်ပေးလိုက်ပေမယ့် အချိန်နဲ့ကုန်တစ်ချို့သယ်ယူခွင့်ကန့်သတ်ထားတယ်လို့ ကားသမားတစ်ဦးက KNG ကိုပြောပါတယ်။ “အတက်အဆင်းတော့ရှိတယ်ဒီနေ့လည်းကားတွေထပ်ဆင်းကြမယ် အဆင်းတော့နည်းနည်းအဆင်ပြပေမယ့် အတက်(မြစ်ကြီးနားမှပူတာအိုသို့) ကတော့ပုံမှန်လို့မဟုတ်ဘူး သူတို့သွားဆိုတဲ့အချိန်သွားရတယ် ဂိတ်မှာစောင့်နေရတာပေါ့နော်။ နောက်ပြီးတော့ သူတို့တားမြစ်ထားတဲ့ပစ္စည်းတွေတင်လို့မရဘူး”လို့ သူကပြောပါတယ်။ လတ်တလော စစ်တပ်က ပူတာအို– မြစ်ကြီးနားလမ်းပိုင်း သယ်ယူခွင့်ကန့်သတ်လိုက်တဲ့ ပစ္စည်းတွေဟာ ဆေးဝါး၊မိုးကာနဲ့ စက်သုံးဆီတွေကို အဓိကပိတ်ပင်ထားတယ်လို့ သိရပါတယ်။ ဒေသခံတွေပြောချက်အရ လတ်တလော ပူတာအိုကနေ မြစ်ကြီးနားအဆင်းကားတွေအတွက်အခက်အခဲမရှိပေမယ့် မြစ်ကြီးနားကနေ ကုန်တင်ပြီး ပူတာအိုဘက်တက်မယ့်ကားတွေက…

    Read More »
  • Oct- 2025 -
    30 October
    သတင်း

    ပူတာအိုတက်မယ့် ကားအစီး ၇၀ ဝန်းကျင် လမ်းခုလတ်မှာစောင့်ဆိုင်းနေရဆဲ

    ကချင်ပြည်နယ် ပူတာအိုကိုတက်မယ့် ကုန်ကားအစီး ၇၀ နီးပါးဟာ စစ်တပ်ရဲ့လမ်းပိတ်ဆို့ထားဆဲဖြစ်တဲ့အတွက် လမ်းခုလတ်မှာစောင့်စိုင်းနေရကြောင်းသိရပါတယ်။ ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းကို စစ်ကောင်စီဘပ်က အောက်တိုဘာ ၂၃ ရက်နေ့မနက်ပိုင်းမှာ ရုတ်တရက်ပိတ်ချလိုက်ပြီးနောက် အောက်တိုဘာလ ၂၇ ရက်နေ့ မနက်ပိုင်း အဆင်းကားတွေကို…

    Read More »
  • 29 October
    သတင်း

    စစ်တပ်က ခေါင်လန်ဖူးကိုအင်အားဖြည့်တင်း

    ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲက ခေါင်လန်ဖူးမြို့ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြည့်နေပြီး ဗျူဟာမှူးထိုင်ဖို့အထိ စစ်ရေးပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။ စစ်ကောင်စီတပ်က ယခုရက်ပိုင်းခေါင်လန်ဖူးမြို့ကို လေကြောင်းသုံးပြီး စစ်အင်အားအလုံးအရင်းဖြည့်နေတဲ့အကြောင်း ခေါင်လန်ဖူးဒေသခံအမျိုးသားတစ်ဦး KNGကိုပြောပါတယ်။ “ပူတာအိုကိုအရင်ပို့တယ် Y-8နဲ့ ပူတာအိုကနေတဆင့်မချမ်းဘော့ နောင်မွန်လမ်းအတိုင်းတက်လာပြီးတော့ မဂွေဇအထိပို့တယ်။ မဂွေဇကနေတော့…

    Read More »
  • 28 October
    သတင်း

    ပူတာအိုမှာ Mytel အင်တာနက်လိုင်းတွေပြန်ရ

    ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်မှာ Mytel ဖုန်းအင်တာနက်လိုင်းတွေပြန်ရတာ ရက်သတ္တပတ် ကျော်ရှိလာပြီလို့ ဒေသခံများထံမှသိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လကစပြီး စစ်ကောင်စီတပ်က ကချင်ပြည်နယ်တစ်ခုလုံး ဖုန်းအင်တာနက်လိုင်းဖြတ်တောက်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၅ ခုနှစ် မေလဝန်းကျင်ကစပြီး မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်တစ်ချို့မှာ…

    Read More »
  • 23 October
    သတင်း

    ပူတာအိုမြို့စောင့်တပ်ထဲ စစ်အင်အားနဲ့လက်နက်ခဲယမ်းဖြည့်တင်းနေ

    ကချင်ပြည်နယ် ပူတာအိုမြို့‌စောင့်တပ်မှာ စစ်ကောင်စီတပ်က စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေဖြည့်တင်း‌နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ ဒီကနေ့ အောက်တိုဘာ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီတိတိမှာ ပူတာအိုမြို့‌၊ လေယာဉ်ကွင်းရပ်ကွက်မှာရှိတဲ့ အများပြည်သူသုံးလေယာဉ်ကွင်းမှာ Y-12 တစ်စီးနဲ့ စစ်အင်အား၊လက်နက်ခဲယမ်းတွေချသွားတယ်လို့…

    Read More »
  • 23 October
    သတင်း

    ပူတာအို – မြစ်ကြီးနားကားလမ်း ရက်အကန့်သတ်မရှိပိတ်

    ကချင်ပြည်နယ် ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းကို စစ်ရေးအကြောင်းပြချက်နဲ့စစ်ကောင်စီတပ်ဘက်ကပိတ်ထားကြောင်းသိရပါတယ်။ ပူတာအိုဒေသတစ်ခုလုံးအတွက် တစ်ခုတည်းသော ကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်တဲ့ ပူတာအို – မြစ်ကြီးနား ကားလမ်းပိုင်းကို စစ်ကောင်စီတပ်က ဒီကနေ့ အောက်တိုဘာ ၂၃ ရက်နေ့မနက် ပိုင်းကနေစပြီး မြစ်ကြီးနားမြို့နယ် နောင်နန်းရွာအထက်…

    Read More »
  • 21 October
    သတင်း

    မချမ်းဘောမြို့နယ်ထဲက ကျေးရွာ ၂ ရွာမှာ ရွာလုံးကျွတ်နီးပါး ရွှေတူးဖော်လိုက်ပြီလို့ဆို

    ပူတာအိုခရိုင် မချမ်းဘောမြို့နယ်ရှိ ကျေးရွာ ၂ ရွာမှာ ရွာလုံးကျွတ်နီးပါး ရွှေတူးဖော်လိုက်တဲ့အတွက် လယ်ယာမြေလုပ်ဖို့ အခက်အခဲများစွာ ရင်ဆိုင်နေရပြီလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီကျေးရွာတွေက နမ်ခမ်းရွာနဲ့ နမ်ဆဘွမ်ရွာတွေဖြစ်တယ်လို့ သိရပြီး ဒေသခံတွေဟာ လုပ်ငန်းရှင်တွေကို လယ်ယာမြေရောင်းတာအပြင် လက်ရှိမိမိတို့နေထိုင်ကြတဲ့…

    Read More »
Back to top button