ပူတာအို
-
Feb- 2025 -11 Februaryသတင်း
ပူတာအို မြို့တွင်းမှာ အစစ်အဆေး တင်းကြပ်
ပူတာအိုမြို့ပေါ်မှာ ယခုရက်ပိုင်း စစ်ကောင်စီတပ်က လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးမှုတွေ ယခင်ထက် ပိုမို လုပ်ဆောင်လာတယ်လို့ ဒေသခံတွေ ပြောပါတယ်။ စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၅ ရက်နေ့ကစလို့ ပူတာအိုမြို့တွင်း လမ်းဆုံ လမ်းခွ နေရာတွေမှာ ညအချိန် စစ်ဆေးမှုတွေ တင်းတင်းကြပ်ကြပ် လုပ်ဆောင်လာနေတယ်လို့ ပူတာအိုမြို့ခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။…
Read More » -
6 Februaryသတင်း
ယာယီ ပိတ်ထားတဲ့ မြစ်ကြီးနား-ပူတာအို ကားလမ်း ပြန်ဖွင့်
ကချင်ပြည်နယ် ၊ ပူတာအိုမြို့နယ်ထဲမှာ စစ်ကောက်စီတပ်က လက်နက် ကြီးရမ်းသမ်းပစ်ခတ်မှုတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့်ယာယီပိတ်ထားတဲ့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်း ပြန်ဖွင့်ပြီလို့ သိရပါတယ်။ ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာမှာ တပ်ထိုင်ထားတဲ့ စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဆွမ်ပရာဘွမ်မြို့နယ်ထဲကို လက်နက်ကြီးတွေ မကြာခန ရမ်းသမ်းပစ်ခတ်နေသလို မြစ်ကြီးနားမြို့အထက်ဘက်…
Read More » -
Jan- 2025 -27 Januaryသတင်း
ပူတာအို-ခေါင်လန်ဖူး ကားလမ်းကို ရီဒမ်းဂိတ်ကနေ ပိတ်ထား
ကချင်ပြည်နယ် ပူတာအိုခရိုင်ရှိ ပူတာအို–ခေါင်လန်ဖူး ကားလမ်းပိုင်းကို ရီဒမ်းဂိတ်ကနေ ဖြတ်သန်းသွားလာခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။ ပူတာအို–ခေါင်လန်ဖူး ကားလမ်းပိုင်းကို ရီဒမ်း ကြိုးတံတားဂိတ်ကနေ ခေါင်လန်ဖူးဌာနေ ပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကတည်းက…
Read More » -
24 Januaryသတင်း
မချမ်းဘောမြို့နယ်ထဲက ကျေးရွာနှစ်ခုကို စစ်ကောင်စီနဲ့ အုပ်ချုပ်ရေးတာဝန်ခံတွေ ပူးပေါင်းပြီး ကြီးမားတဲ့ ရွှေတူးဖော်မှု လုပ်ဆောင်နေ
ပူတာအိုခရိုင် မချမ်းဘောမြို့နယ်ထဲက နမ်ခမ်းကျေးရွာ (Namhkam Mare) နဲ့ နမ်စဘွမ့်ရွာ (Nam Sabum) နှစ်ခုစလုံးကို ကျေးရွာမြေနေရာ ပျောက်ကွယ်သွားတဲ့အထိ ကြီးမားတဲ့ စီမံကိန်းအဖြစ် ရွှေတူးဖော်နေတယ်လို့ သိရပါတယ်။ နမ်ခမ်း နဲ့ နမ်စဘွမ့် ကျေးရွာနှစ်ခု ပတ်ပတ်လည် မြေနေရာအားလုံးကို ရွှေတူးဖော်လိုက်ပြီးနောက် လက်ရှိမှာတော့ လူနေအိမ် ခြံဝင်း နဲ့ လယ်ယာမြေ၊…
Read More » -
18 Januaryသတင်း
ပူတာအိုကို တိုက်တော့မယ်ဆိုတဲ့ ဖော်ပြချက်အပေါ် စိုးရိမ်မှု မရှိကြဖို့ KPF တာဝန်ရှိသူပြော
ကချင်ပြည်နယ် ပူတာအိုမြို့ကို တိုက်ခိုက်သိမ်းပိုက်တော့မယ်ဆိုတဲ့ လတ်တလော လူမှုကွန်ရက်မှာ ပြန့်နှံနေတဲ့ သတင်းတွေဟာ KPF ရဲ့ ထုတ်ပြန်ချက်လွဲမှားမှုသာ ဖြစ်ပြီး လူထုတွေ စိုးရိမ်မှု မရှိကြဖို့ KPF တာဝန်ရှိသူက ပြောဆိုပါတယ်။ ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) Facebook စာမျက်နှာမှာ ဇန်နဝါရီလ ၁၆ ရက်နေ့က “ဌာနေပြည်သူ့စစ် တပ်ဖွဲ့၀င်နှစ်ဦး၏ ရုပ်အလောင်းအား သဂြိုလ်ပေးခြင်း” ဆိုတဲ့…
Read More » -
10 Januaryသတင်း
ပူတာအို ခလရ ၄၆ တပ်ထဲက စစ်သားနှစ်ဦးသေနတ်နဲ့အတူထွက်ပြေး၊ တစ်ဦးပစ်သတ်ခံရ
ပူတာအိုမြို့အခြေ စိုက် ခလရ ၄၆ တပ်ထဲက စစ်သားနှစ်ဦး သေနတ်နဲ့အတူ ထွက်သွားပြီးနောက် တစ်ဦး ပစ်သတ် ခံလိုက်ရတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ ပူတာအို လေဆိပ်လုံခြုံရေးအတွက် ကင်းစောင့်တာဝန်ကျစဥ် ထွက်ပြေးခဲ့တာဖြစ်ပြီး တစ်ဦးပစ်သတ်ခံရကာ ကျန်တစ်ဦးလွတ်မြောက်နေဆဲ ဖြစ်တယ်လို့ ပူတာအိုမြို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ပြေးတာက…
Read More » -
6 Januaryသတင်း
ပူတာအို ကုန်ကားကြီးများ မြစ်ကြီးနားမြို့အထွက် စစ်ကောင်စီဂိတ်တွေမှာ ငွေကြေး အဆမတန် ပေးဆောင်နေရ
ကချင်ပြည်နယ် ပူတာအိုမြို့နယ်ကိုတက်တဲ့ ကုန်ကားကြီးတွေ မြစ်ကြီးနားမြို့အထွက်ဂိတ်တွေမှာ ငွေကျပ် ၁၀ သိန်းနီးပါး ပေးဆောင်ပြီးမှ ဖြတ်သန်းခွင့်ရကြောင်း ကုန်ကားမောင်းသူတွေ ပြောပါတယ်။ မြစ်ကြီးနားမြို့ကနေ ပူတာအို၊ ဆွမ်ပရာဘွမ်မြို့နယ်ကို ဆန်၊ စက်သုံးဆီ နဲ့အခြားစားသောက်ကုန်၊ လူသုံးကုန်တင်ဆောင်လာတဲ့ ကုန်ကားကြီးတွေဟာ မြစ်ကြီးနားမြို့အထွက် စစ်ကောင်စီဂိတ် အဆင့်ဆင့်မှာ ငွေပေးဆောင်နေရတာလို့ မြစ်ကြီးနား–ပူတာအိုလမ်းပိုင်းမှာ မောင်းနင်နေတဲ့ကုန် အမည်မဖော်လိုသူ ကားသမားတစ်ဦးက KNG ကို ပြောပါတယ်။ “မြစ်ကြီးနားမြို့အထွက်ပေါ့…
Read More » -
3 Januaryသတင်း
KIA သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ်မြို့နယ်ဘက်ကို စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်
ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာဘက်မှာ တပ်ချထားတဲ့ စစ်ကောင်စီတပ်က ဆွမ်ပရာဘွမ်မြို့နယ်ဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ပူတာအိုမြို့နယ် နဲ့ ဆွမ်ပရာဘွမ်မြို့နယ်ကြားရှိ ဆွမ်ပီယန်၊ တန်ဂျာကျေးရွာတွေမှာ ထိုင်ထားတဲ့စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၆ရက်နေ့ကနေ ဇန်နဝါရီလ ၃ ရက်နေ့အထိ ဆွမ်ပရာဘွမ်မြို့နယ်ဘက်ကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေတယ်လို့ ပူတာအိုမြို့ မူလာရှီးဒီ ရပ်ကွက်က အမျိုးသားတစ်ဦးက KNG ကို…
Read More » -
Dec- 2024 -17 Decemberသတင်း
ပူတာအိုမြို့မှာ ဆိုင်ကယ်လမ်းကြုံခေါ်တင်ရာကနေ ဆိုင်ကယ်လုယက်မှုဖြစ်
ကချင်ပြည််နယ် ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်မှာ အမျိုးသားတစ်ဦးကို ဆိုင်ကယ်လမ်းကြုံခေါ်တင်ရာကနေ ဆိုင်ကယ်လုယက်မှုဖြစ်ခဲ့တယ်လို့ ပူတာအိုဒေသခံတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၉ နာရီဝန်းကျင် ကောင်ကထောင်ရပ်ကွက် စားသောက်ဆိုင်ကနေ နေအိမ်ပြန်လာတဲ့အမျိုးသားတစ်ဦး လမ်းခုလတ်တစ်နေရာမှာ လမ်းလျှောက်နေတဲ့ အမျိုးသားတစ်ဦးကို လမ်းကြုံတင်လာရာကနေ လမ်းခုလတ်တစ်နေရာ ဓာတ်ခုတ်ခံရပြီး ဆိုင်ကယ်၊လက်ကိုင်ဖုန်းနဲ့ငွေသားလုယက်ခံလိုက်ရတယ်လို့ ကောင်ကထောင်ရပ်ကွက်နေအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “ဓားခုတ်ခံရတဲ့တစ်ယောက်က လူလတ်ပိုင်းအရွယ်ပဲ လုံးစွတ်ကနေ စားသောက်ဆိုင်ထိုင်ပြီး ကောင်ကထောင်ဘက်ကိုအလာ ည ၉ နာရီမှာ ဖြစ်သွားတာ သူလမ်းကြုံတင်လာတဲ့လူက လမ်းတစ်ဝက်ရောက်တော့ ဓားနဲ့ရွယ်ပြီးဆင်းခိုင်းတာ ဆိုင်ကယ်လည်းရပ်ကောဓားနဲ့ခုတ်ပြီးပါတာအကုန်လုပြီးမောင်းပြေးသွားတာတဲ့”လို့ ပြောပါတယ်။ ဓားခုတ်လုယက်ခံရသူဟာ အသက် ၃၀ ခန့်အရွယ် အမည်(စုံစမ်းဆဲ) ဖြစ်ပြီး ဦးခေါင်းဓားခုတ်ရာတစ်ချက်၊ လက်မောင်းဓားခုတ်ရာတစ်ချက်ခုတ်ခံရပြီး ပြင်းထန်ဒဏ်ရာရရှိသွားတာကြောင့် ပူတာအိုပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။ “သူက ဓားခုတ်ခံရတော့ အော်ပြီးတော့ဒီဘက်ကုန်းပေါ်(ကောင်ကထောင်)ဘက်ကိုပြေးတက်လာတာ လူတွေထွက်ကြည့်တော့သူကသွေးတွေနဲ့သတိလစ်နေပြီချက်ချင်းဆေးရုံတင်ပေးလိုက်ကြတယ်”လို့ နောက်ထပ် ပူတာအိုမြို့ဒေသခံအမျိုးသမီးတစ်ဦး ကဆက်ပြောပါတယ်။ အခင်းဖြစ်ပွားသွားတဲ့နေရာဟာ ကောင်ကထောင်ရပ်ကွက်နဲ့ လုံးစွတ်ရပ်ကွက်ကြားရှိ အစိုးရ စိုက်ပျိုးခြံ လူပြတ်တဲ့နေရာမှာဖြစ်ပွားခဲ့တာလို့ သိရပြီး ဒီနှစ်အတွင်း လုယက်မှု၊ ခိုးမှုတွေပိုစိပ်လာတယ်လို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးက ပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ ပူတာအိုဒေသမှာ ခုနောက်ပိုင်း လူစည်ကားတဲ့ စည်ပင်စျေး၊ စားသောက်ဆိုင်တွေမှာ ဆိုင်ကယ်ခိုးခံရတာတွေမကြာခနဖြစ်ပွားတတ်ပြီး ကျေးရွာတွေဘက် အိမ်မွေးတိရိစ္ဆာန်ခိုးယူခံရတဲဲ့ထိ အခြေနေဆိုးရွားနေတယ်လို့သိရပါတယ်။ ပူတာအိုမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း ဇမ္ဗူရာဇ်ရွှေဆိုင်ပိုင်ရှင်ကားခုယက်ခံလိုက်ရပြီး ရွှေသုံးပိဿနဲ့ငွေသားတွေလုယက်ခံလိုက်ရပြီး စုစုပေါင်း ကျပ်သိန်းသုံးသောင်းကျော်ဆုံးရှုံးမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ငွေကြေးဖောင်းပွမှု၊ကုန်စျေးနှုန်းမြင့်တက်မှု၊အလုပ်အကိုင်ရှားပါးမှုတွေကြောင့် နေရာတိုင်းလိုလိုခိုးဆိုးလုယက်မှုတွေဟာ ပိုပြီးဆိုးရွားလာနေတာလည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
11 Decemberသတင်း
ပူတာအို-မြစ်ကြီးနားကားလမ်းပိုင်း လူငယ်တွေခရီးသွားခွင့်ပိတ်ခံရ
ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်း စစ်ကောင်စီတပ်က လူငယ်တွေကိုခရီးခွင့်မပြုပဲ ပိတ်ပင်နေတယ်လို့ ပူတာအိုဒေသခံဆီက သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်ကစလို့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်း ခရီးသည်ကားနဲ့လိုက်ပါလာတဲ့ လူငယ်တွေကို စစ်တပ်စစ်ဆေးရေးဂိတ်တွေကနေ ပြန်ခေါက်ခိုင်းနေတယ်လို့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်း မောင်းနှင်နေတဲ့ကားသမားတစ်ဦး KNG ကိုပြောပါတယ်။ “အတက်လည်းမရဘူး။ အဆင်းလည်းမရဘူး လူပျိူလူလွတ်ဆိုရင်ကိုမရတာ မြစ်ကြီးနားကနေတက်လာတဲ့လူဆိုရင် မြစ်ဆုံကနေပြန်ခေါက်ခိုင်းတယ်။ အဲ့ကြောင့်ခုနောက်ပိုင်းလူပျိုလူလွတ်တွေမတင်တော့ဘူး”လို့ အသက် ၄၀ ဝန်းကျင်အရွယ်ကားသမားတစ်ဦးက ပြောပါတယ်။ မြစ်ကြီးနားကနေ ပူတာအိုတက်တဲ့ခရီးသွားလူငယ်တွေကို မြစ်ဆုံအနီး တန်ဖရဲစစ်ဆေးရေးဂိတ်ကနေပြန်ခေါက်ခ်ိုင်းသလို၊ ပူတာအိုကနေ မြစ်ကြီးနားဆင်းမယ့် ခရီးသွားလူငယ်တွေကိုလည်း လုံရှာယာန်ကျေးရွာရှိ စစ်တပ်ဆေးရေးဂိတ်ကနေ ပြန်ခေါက်ခိုင်းနေတယ်လို့ ကားသမားတွေကဆိုပါတယ်။ စစ်ကောင်စီတပ် အခုလိုလုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးက ခုလိုသုံးသပ်ပြောဆိုပါတယ်။ “အဓိကတော့ ပူတာအို– မြစ်ကြီးနားလမ်းပိုင်းမှာရှိတဲ့ PDF တွေထဲကို လူငယ်တွေရောက်သွားမှာဆိုးလို့ တားမြစ်ထားတဲ့သဘောပါပဲ။ ပြီးခဲ့တဲ့နှစ်တွေကလည်း လူငယ်တွေအများကြီးရောက်သွားတယ်လေး ဟိုဘက်(PDF) ဘက်က လူသစ်စုတဲ့နေရာမှာ ကားနဲ့ခရီးသွားတဲ့လူငယ်တွေကိုလည်းပစ်မှတ်ထားစုဆောင်းတော့ အခုနောက်ပိုင်း တားမြစ်ထားတဲ့ပုံစံပါပဲ”လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ စစ်ကောင်စီတပ်က ပူတာ– အိုမြစ်ကြီးနားလမ်းပိုင်း ခရီးသွားလူငယ်တွေကို အခုလိုတားမြစ်တာမျိုးရှိနေသလို ပူတာအိုကနေ မြစ်ကြီးနားဆင်းမယ့်ခရီးသည်တွေကိုလည်း ပူတာအိုမြို့တွင်းတပ်ခ.လ.ရ ၄၆ တပ်ထဲမှာ နာမည်စာရင်းကြိုပေးသွင်းခိုင်းတာမျိုးတွေလည်း လုပ်ဆောင်နေပါတယ်။ ပူတာအိုမြို့က မြစ်ကြီးနားနဲ့ ၂၃၈ မိုင်ခန့်ကွာမှာရှိပြီး ပူတာအိုမြို့မရောက်ခင် ဆွမ်ပရာဘွမ်မြို့ကို KIA ပူး ပေါင်းတပ်က ဒီနှစ် မေလအတွင်း သိမ်းပိုက်ထားပါတယ်။ By – Zaw Zaw
Read More »








