ပြတ်လပ်မှု

  • Aug- 2024 -
    5 August
    သတင်း

    နောင်မွန်မြို့မှာ အခြေခံစားသောက်ကုန်တွေပြတ်လပ်နေ

    ပူတာအိုခရိုင် နောင်မွန်မြို့နယ်မှာ အခြေခံစားသောက်ကုန်တွေပြတ်လပ်သွားတဲ့အတွက် ဒေသခံပြည်သူတွေ ဆန်ဝယ်ယူဖို့ခက်ခဲလာတဲ့အခြေနေမှာ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်းပျက်စီးသွားတဲ့နောက်ပိုင်း ကုန်ကားအဝင်မရှိတော့အတွက် ပူတာအိုမြို့ထဲမှာ ကုန်ပစ္စည်းတွေပြတ်လပ်သွားတဲ့အပြင် လေယာဉ်နဲ့တင်သွင်းထားတဲ့ကုန်ပစ္စည်းတွေကလည်း ကုန်စျေးနှုန်းမြင့်တက်ဒေသခံပြည်သူတွေဝယ်ယူစားသုံးဖို့ ခက်ခဲနေတာဖြစ်တယ်လို့ ပူတာအိုဒေသခံတွေကပြောပါတယ်။ ပူတာအိုမြို့ထဲ ကုန်ကားအဝင်မရှိတော့တာ ၁ လကျော်လောက် ကြာမြင့်သွားတဲ့အတွက် ပူတာအိုမြို့ကနေ တဆင့်ခံဝယ်ယူစားသုံးနေကြတဲ့ နောင်မွန်းဒေသခံတွေက အခြေခံ စားသောက်ကုန်ပြတ်လပ်သွားတယ်လို့ နောင်မွန်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ပူတာအိုနဲ့ နောင်မွန်ကြားမှာ တစ်ပတ်မှာ တစ်ကြိမ်လောက်က ကုန်ကားတွေရှိပါတယ်။ ကုန်မရှိလို့တဲ့ ဘာမှမရောင်းတော့ဘူး။ တစ်ပိဿာ ဗူးတစ်တစ်ခုက သုံးသောင်း နှစ်ထောင်လောက်ရှိတယ်။ ပြီးရင် ကြက်သွန်ဖြူ၊ အနီးကလည်း ကျနော်တို့က မဝယ်စားနိုင်လို့ မဝယ်စားတာကြာပြီ။ အခုက ရှိတောင်မရှိတော့ဘူး။ အခုက ရှိတဲ့ သူတွေဆီကနေ နည်းနည်းစီ တောင်းစားနေကြတာ”လို့ပြောပါတယ်။ လက်ရှိ နောင်မွန်မြို့ထဲမှာ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်သွားတဲ့အတွက် ဒေသခံပြည်သူတွေ ဒေသထွက်ဆန်တစ်ခုတည်းကိုသာဖြစ်သလို စားသုံးနေကြတယ်လို့ ဆိုပါတယ်။  ဒါ့အပြင် ပူတာအိုမြို့နဲ့ နောင်မွန်အထိ ပုံမှန်တက်နေတဲ့ လိုင်းကားတွေကလည်း ပူတာအိုမှာကုန်ပစ္စည်းအဝင်နည်းသွားတာကြောင့် ကုန်ပစ္စည်းတင်စရာမရှိသည်သာတင်မက  စက်သုံးဆီ ရရှိဖို့ ခက်ခဲသွားတာကြောင့် အရင်လိုနေ့တိုင်းတက်တဲ့ လိုင်းကားသမားများတစ်ပတ်မှာ တစ်ကြိမ်လောက်သာ သွားနိုင်တော့တယ်လို့ နောင်မွန်းဒေသခံက ဆက်ဆိုပါတယ်။ “ကုန်ကားတစ်စီးက တစ်ပတ်မှာ တစ်ကြိမ်လောက်တောင် မတက်လာနိုင်တော့ဘူး။ ကုန်လည်းမရှိဘူးတဲ့ ပြီးရင် လူလည်း သွားသွားလာလာမရှိတော့ဘူး။ စက်သုံးဆီ ဒီဇယ်တစ်ဂါလံကို ခြောက်သောင်းရှိတယ်။ ပူတာအိုနဲ့ နောင်မွန်သွားရင် ၁၅ ဂါလံလောက်ကုန်တယ်။ အဲဒါကြောင့် လိုင်းကားဆွဲတဲ့ သူတွေက မကိုက်ဘူးဆိုပြီး တစ်ပတ်မှာ တစ်ကြိမ်လောက်ပဲ ကုန်ကားတွေ ရောက်တော့တယ်”လို့ ပြောပါတယ်။ နောင်မွန်ဒေသခံပြည်သူတွေလက်ရှိမှာ အခြေခံစားသောက်ကုန်တွေကို ဝယ်ယူစားသုံးနိုင်ဖို့ ခက်ခဲနေသလို စက်သုံးဆီတွေလည်း ဝယ်ယူဖို့ ခက်ခဲနေကြတယ်လို့ ပြောပါတယ်။ ဒါ့အပြင် နောင်မွန်းဒေသခံပြည်သူတွေ အရင်ပူတာအိုမြို့ထဲကို ဆင်းရင် အသွားအပြန် တစ်သိန်းဝန်းကျင်လောက်သာ ကုန်ကျပေမယ့် လက်ရှိ အသွားအပြန် တစ်ခေါက်စာကို လေးသိန်းလောက် ကုန်ကျတာကြောင့် သွားလာဖို့လည်း ခက်ခဲနေတယ်လို့ ဆက်သိရပါတယ်။ အခုလို သွားလာရေးတွေခက်ခဲသွားတာကြောင့် ဒေသထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ရပ်တန့်သွားရပြီး ငွေကြေးအခက်ခဲတွေနဲ့ ကြုံတွေ့နေရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပူတာအိုခရိုင်ထဲမှာရှိတဲ့ နောင်မွန်၊ မချမ်ဘော စတဲ့ မြို့နယ်တွေက အခြေခံစားကုန်တွေကို ပူတာအိုမြို့ပေါ်ထဲကနေ တဆင့်ခံ ဝယ်ယူစားသုံးနေကြတာဖြစ်တဲ့အတွက် အခုလို ကုန်ပစ္စည်းပြတ်လပ်သွားတဲ့ အခက်အခဲကို ကြုံတွေ့နေတာလည်းဖြစ်ပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီက ပူတာအိုမြို့နယ်ထဲမှာ စားသောက်ကုန် ဖူလုံရေးအတွက် ကုန်ပစ္စည်းတွေကို လေကြောင်းနဲ့ တင်ပို့ပေးတာတွေရှိပေမယ့် ကုန်စျေးနှုန်းတွေ အရင်စျေးနှုန်းထက် ၃ ဆလောက်မြင့်တက်သွားတာကြောင့် ပြည်သူတွေက ဝယ်ယူစားသုံးဖို့ ခက်ခဲနေတာလည်းဖြစ်ပါတယ်။ နောင်မွန်မြို့ထဲမှာ ဆန်တစ်အိတ်ကို နှစ်သိန်း ခုနှစ်သောင်း၊ စက်သုံးဆီ တစ်ဂါလံ ခြောက်သောင်းကျော်၊ ကြက်သွန်နီ/ဖြူ တစ်ပိဿာ သုံးသောင်းခွဲ ၊ ငရုတ်သီး တစ်ဗူး ငါးထောင်ကျပ် ရှိတယ်လို့ သိရပါတယ်။ အလားတူ ပူတာအိုမြို့ပေါ်မှာလည်း ကုန်စျေးနှုန်းမြင့်တက်မှု၊ ဖုန်းလိုင်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် ပြည်သူတွေက အဖက်အဖက်မှာ အကြပ်အတည်းတဲ့ ကာလကို ရင်ဆိုင်ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ ပူတာအိုဒေသခံပြည်သူတွေဟာ ပြီးခဲ့တဲ့ မတ်လကတည်းက မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်း ဆွမ်ပရာဘွမ့်တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ကားလမ်းပိုင်းကို ၃ လခန့် နှစ်ဖက်စစ်တပ်က ပိတ်ဆို့လိုက်တာဖြစ်ပါတယ်။ အဲဒီနောက် ပူတာအိုမြို့နယ်ထဲမှာ ကုန်ပစ္စည်းနဲ့ စက်သုံးဆီကို ပြတ်တောက်သွားတာကြောင့် ဇွန်လမှာ နှစ်ဖက်စစ်တပ်ရဲ့ ညှိနှိုင်းမှုနဲ့ ကုန်ပစ္စည်းနဲ့ စက်သုံးဆီတွေကို အကန့်အသတ်နဲ့ သယ်ယူခွင့်ရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဇူလိုင် လဆန်းပိုင်းမှာတင် ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ရေကြီးရေလျှံဖြစ်ခဲ့တာကြောင့် မြစ်ကြီးနား – ဆွမ်ပရာဘွမ့် ကားလမ်းပိုင်း ရေတိုက်စားပြီး မြေပြိုမှုတွေဖြစ်ကာ လမ်းပိုင်းပျက်စီးနေတာ တစ်လကျော် ကြာမြင့်လာပြီဖြစ်ပါတယ်။ ဒါကြောင့် ပူတာအိုဒေသခံပြည်သူတွေဟာ ကားလမ်းပိုင်းပျက်စီးမှု၊ ဖုန်းအဆက်အသွယ်ခက်ခဲမှု၊ ကုန်ပစ္စည်းစျေးနှုန်းမြင့်တက်မှု စတဲ့ အခက်အခဲတွေကို ကြုံတွေ့နေရတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Sep- 2023 -
    12 September
    သတင်း

    ခခူး အူးမားဂါး ဒေသခံတွေ အစားအသောက်ပြတ်လပ်ဒဏ် ကြုံတွေ့နေရ

    ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် မလိခမြစ်အရှေ့ဘက်ခြမ်းဒေသမှာရှိတဲ့ ကျေးရွာပေါင်း ၁၀ ရွာမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အပြင် ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဆန်တစ်အိတ်ကို သယ်ယူပို့ဆောင်ခအပါအဝင် ၃ သိန်းကျော်အထိ ကုန်ကျနေလို့ ဒေသခံပြည်သူများ အစားသောက်ပြတ်လပ်ဒဏ်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိမိုးတွင်းကာလ ကုန်စျေးနှုန်းတက်နေချိန် ဆန်ဝယ်စားနိုင်ဖို့ ခက်ခဲနေကြတဲ့အပြင်  ပြီးတဲ့ခဲ့ ၂၀၂၂ ခုနှစ်က တောင်ယာခင်းများ ကြွက်ကပ်ဘေးဆိုးရွားစွာကျရောက်ခဲ့တာကြောင့်  အဲ့ဒီဒေသတစ်လျှောက်မှာနေထိုင်ကြတဲ့ ဒေသခံပြည်သူများဟာ တောင်ယာထွက်စပါးများ…

    Read More »
  • Feb- 2023 -
    21 February
    သတင်းဖားကန့် ဒေသ ပြည်သူများရှိသည့် မြင်ကွင်းတစ်နေရာ

    ဖားကန့်သို့ ဆန်ကား မဝင်သေးသဖြင့် ဆန်ပြတ်လပ်ပြီး အရောင်းဆိုင်များလည်း ပိတ်ထားရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းသို့ ဆန်တင်ပို့ခွင့်  ပိတ်ဆို့ခံထားရသည့်အတွက် ဆန်ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ဆန်ဆိုင်များလည်း ပိတ်ထားကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့မှစတင်ကာ နန့်ယားစစ်တပ်ဂိတ်တွင် ထပ်မံပိတ်ဆို့လိုက်သောကြောင့် ဆန်အဝင်မရှိတော့ဘဲ ဆန်ပြတ်လပ်လာသည့်အထိ ကြုံတွေ့နေရသည်ဟု လုံးခင်းကျေးရွာမှ အမျိုးသားတစ်ဦး KNG ကိုပြောသည်။…

    Read More »
Back to top button