ဖုန်းအင်တာနက်

  • Jun- 2024 -
    25 June
    သတင်း

    ပူတာအိုမှာ ဖုန်းအင်တာနက်လိုင်းပြန်ရနေပြီ

    ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဇွန်လ ၂၄ရက်နေ့ကစပြီး ဖုန်းအင်တာနက်လိုင်းတွေ ပြန်ရနေပြီလို့ ပူတာအိုမြို့ခံတွေဆီကနေ သိရပါတယ်။ ဖုန်းအင်တာလိုင်းအားလုံး ၁ လ နီးပါးကြာ ပိတ်ခံထားရတဲ့ ပူတာအိုမြို့နယ်မှာ  Mytel ကလွှဲပြီး Ooredoo၊ Telenor၊ MPT ဖုန်းအင်တာနက်လိုင်းအားလုံး ပုံမှန်အတိုင်းပြန်သုံးလို့ရနေပြီလို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “လိုင်းတွေပြန်ရနေပြီဟုတ်တယ်ဗျ 4G တန်းရနေပြီ Mytel တော့မရသေးဘူး ကျန်တာကတော့အကုန်ရနေပြီ ဘယ်နေ့ထိရမလဲတော့မသိဘူးလိုင်းလည်းကောင်းတယ်”လို့သူကပြောပါတယ်။ ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်းပိတ်ထားခဲ့တဲ့နောက် ၂ လကျော်အကြာ မေလကစပြီး စက်သုံးဆီအခက်ခဲကြောင့် ဖုန်းတာဝါတိုင်တွေမလည်ပတ်နိုင်တော့ဘဲ ဖုန်းအင်တာနက်လိုင်းတွေပြတ်တောက်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိဆီကားတွေရောက်လာတာကြောင့် တာဝါတိုင်တွေပြန်လည်ပတ်နိုင်လို့ ဖုန်းအင်တာနက်လိုင်းတွေပြန်ရတာလို့ ပူတာအိုမြို့နယ် Ooredoo ရုံးနဲ့နီးစပ်နဲ့လုံးစွတ်ရပ်ကွက်နေအမျိုးသမီးတစ်ဦက ပြောပါတယ်။ “ဆီတွေရောက်လာတော့လိုင်းတွေပြန်ရတော့မယ်ဆိုပြီး မနေ့ကပြောတယ် တကယ်ပဲဒီနေ့ရတာပဲ ဆီကားတွေရောက်လာတဲ့ခြေနေပေါ်ကြည့်ပြီးလိုင်းရမယ်ပြောတယ်”လို့ ပြောပါတယ်။ ပူတာအိုမြို့နယ်မှာစက်သုံးဆီပြတ်လပ်မှုကြောင့် MPT နဲ့ Mytel ဖုန်းလိုင်းတွေဟာ ဧပြီလကုန်ပိုင်းလောက်ကတည်းကပြတ်တောက်သွားတာဖြစ်ပြီး Telenorနဲ့Ooredoo ဖုန်းလိုင်းတွေကတော့ မေလ လဆန်းပိုင်းကတည်းကပြတ်တောက်သွားခဲ့တာဖြစ်ပါတယ်။  ဒါ့အပြင် ကားလမ်းပိုင်းပိတ်ထားတာကြောင့် စက်သုံးဆီဆိုင်တွေ ၃ လ ကျော်ကြာပိတ်ထားတဲ့ ပူတာအိုမြို့ပေါ်မှာ မနေ့ကဆီကားတွေရောက်လာတဲ့နောက် ဒီနေ့မနက်ပိုင်းကနေစပြီး တိုင်းကျော်၊ဇေယျာမင်း၊ Top စတဲ့ဆီပန့်ဆိုင်ကြီးတွေပြန်ဖွင့်နေပြီလို့ သိရပါတယ်။ မြစ်ကြီးနား– ပူတာအိုလမ်းကို ဆွမ်ပရာဘွမ်မြို့နယ်ထဲမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် မတ်လ ၈ရက်နေ့ကတည်းကပိတ်ထားခဲ့တာဖြစ်ပြီး ဒီကနေ့အထိစစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ကားလမ်းပိုင်းရာနှုန်းပြည့်မဖွင့်နိုင်သေးတာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Mar- 2024 -
    1 March
    သတင်း

    ကချင်မှာ မြို့နယ်အားလုံး ဖုန်းအင်တာနက်လိုင်းပြတ်တောက်နေ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်တစ်ချို့မှာ ဒီနေ့ကမနက် ၁၁ နာရီဝန်းကျင်ကစပြီး ဖုန်း၊အင်တာနက်လိုင်းအားလုံးပြတ်တောက်နေပါတယ်။ မတ်လ ၁ ရက်နေ့ ဒီကနေ့မနက် ၁၁ နာရီထိ MPT,Ooreedoo,Telenor,Mytel  ဖုန်းအားလုံး ခေါ်ဆိုလို့ရခဲ့ပေမယ့် ၁၁ နာရီနောက်ပိုင်း ဖုန်း၊Wifi၊ အင်တာနက်လိုင်းအားလုံးပြတ်တောက်နေတာကြောင့် ဆက်သွယ်လို့မရဘူးလို့ ချင်းမိုင်ရောက်နေတဲ့ မြစ်ကြီးနားဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “ဒီနေ့မနက်ထိ ကျနော်ဆက်လို့ရသေးတယ် ခုတစ်လုံးမှဆက်မရတော့ဘူး”လို့ပြောပါတယ်။ ဒါ့အပြင် KNG သတင်းဌာနမှလည်း ကချင်ပြည်နယ် မြစ်ကြီးနား၊ မိုးကောင်း၊ ဖားကန့်၊ ဝိုင်းမော်၊ ပူတာအို၊ တနိုင်း၊  မိုးညှင်းအပါအဝင် ဗန်းမော်အစရှိတဲ့ မြို့နယ်က ဒေသခံတွေဆီကို  ဆက်သွယ်ခဲ့ပေမယ့် လက်ရှိသတင်းရေးနေတဲ့ နေ့လည် ၁၂ ခွဲအထိ ဆက်သွယ်လို့မရသေးပါဘူး။ ခုလို ဖုန်းအင်တာနက်ဖြတ်တောက်ခံလိုက်ရတာနဲ့ပတ်သက်ပြီး လိုင်ဇာဘက်ရောက်နေတဲ့ နိုင်ငံရေးလေ့လာသူတစ်ဦးသုံးသပ်တာကတော့ လက်ရှိ ကချင်–စစ်ကိုင်းအစပ်ဒေသတစ်လျှောက် စစ်တပ်နဲ့ကချင်လွတ်လပ်ရေးတပ် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF   တို့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်တပ်အနေနဲ့ဖုန်းအင်တာနက်လိုင်းဖြတ်တောက်လိုက်တာဖြစ်နိုင်တယ်လို့ ခုလို သုံးသပ်ပြောဆိုပါတယ်။ “ခုဖားကန့်မှာလည်း အကြီးအကျယ်ဖြစ်နေတာလေ စစ်တပ်ဘက်က အထိနာလာပြီဆို လုပ်နေကျဘဲကိုး အဲကြောင့် ကျနော့်အထင်ကတော့ ဒါတမင်ဖြတ်တာလို့ဘဲ ယူဆတယ်”လို့ပြောပါတယ်။ ဒီလို ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်တာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဖုန်းအော်ပရေတာကို KNG ကို ဆက်သွယ်နေပေမယ့် လက်ရှိချိန်ထိ ဆက်သွယ်လို့မရသေးပါဘူ။ လက်ရှိ ကချင်ပြည်နယ်မှာ ဖားကန့် တာမခံစခန်းသိမ်းတိုက်ပွဲပြင်းထန်နေသလို ဒီကနေ့မနက်ပိုင်းကနေစပြီး မိုးကောင်းမြို့နယ် ၈ မိုင်ဘက်မှာရှိတဲ့ကျေးရွာတွေကို စစ်တပ်က အတင်းအကြပ်ပြောင်းရွှေ့ခိုင်းတာတွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် မြစ်ကြီးနား– မန္တလေးသွားလမ်းမပေါ်မှာရှိတဲ့ မိုးညှင်း၊မိုးကောင်းမြို့နယ်တွေမှာ စစ်တပ်က ဖေဖော်ဝါရီလ လဆန်းပိုင်းကနေ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့စစ်ကောင်စီတပ်သား အင်အားအများအပြား လာရောက်ပို့ဆောင်နေတယ်လို့ သိရပြီး မိုးညှင်းမြို့နယ် နန့်ခွင်နဲ့ပွင့်ဖြူကျေးရွာကြားမှာရှိတဲ့ ခမရ ၅၂၁ တပ်ရင်းမှာလည်း စစ်အင်အားဖြည့်နေတဲ့အပြင်  မနေ့ည သန်းခေါင်အထိ ဘတ်ဖိုးတွေနဲ့အရေးပေါ် ကတုတ်ကျင်းတူးနေတာတွေရှိခဲ့တယ်လို့ နန့်ခွင်ရွာသားတစ်ဦးက ဒီနေ့မနက် ဖုန်း၊ အင်တာနက်လိုင်း မပြတ်တောက်ခင် သတင်းပေးပို့ပါတယ်။ အလားတူဘဲ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ရွှေညောင်ပင် ၃၂၁ တပ်စခန်းပစ်ခံရပြီးနောက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ဖားကန့်မြို့အပြင် မြို့နယ်တစ်ချို့မှာ ဖုန်း၊အင်တာနက်လိုင်း နှစ်ပတ် ဝန်းကျင်ဖြတ်တောက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ By – ဇမီ

    Read More »
  • Nov- 2023 -
    16 November
    သတင်း

    မြစ်ကြီးနားမြို့သိမ်းတိုက်ပွဲ စတင်တော့မှာလား

    ကချင်ပြည်နယ် တစ်ပြည်နယ်လုံး နိုဝင်ဘာလ ၉ ရက်နေ့ကစတင်ပြီး ဖုန်းအင်တာနက် လိုင်းဖြတ်တောက်ခံလိုက်ရတဲ့နောက် ပြည်သူတွေ အသိချင်ဆုံးအရာက မြစ်ကြီးနားမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်သိမ်းတော့မှာလား ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ စိုးရိမ်မှုကို ပိုပြီးပြင်းထန်စေတာက ဖုန်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံရမှုနဲ့အတူ တိုက်ပွဲနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးနှင့်လုံခြုံရေးဌာန ( United Nations Department of Safety and Security-UNDSS ) အမည်ခံပြီး သတင်းအမှားထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တစ်စောင်ပျံ့နှံ့ခဲ့ကြောင့်လည်း ပါဝင်ပါတယ်။ နိုဝင်ဘာလ ဒုတိယအပတ် UNDSS ကို အမည်ခံပြီး…

    Read More »
  • Jan- 2023 -
    5 January
    သတင်းဖားကန့် ဒေသ ပြည်သူများရှိသည့် မြင်ကွင်းတစ်နေရာ

    ဖားကန့်မှာ လွတ်လပ်ရေးနေ့တစ်ရက်တည်းသာ ဖုန်းအင်တာနက်လိုင်းဖွင့်ပေး

    ဖားကန့်မြို့နယ်မှာ လွတ်လပ်ရေးနေ့ တစ်ရက်တည်းသာ ဖုန်းအင်တာနက်လိုင်းအချို့ပြန်ဖွင့်ပေးခဲ့ပြီးနောက် ဒီကနေ့မှာ ပြန်ပိတ်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။ ကာလကြာရှည် ဖုန်းအင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီက ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ ATOM နှင့် Mytel ဖုန်းအင်တာနက်လိုင်းတွေကို ဖွင့်ခဲ့ပေမယ့် ဒီကနေ့ မှာ ပြန်ပိတ်သွားတာလို့ မမုံကျေးရွာ ဒေသခံတစ်ဦး က KNG ကိုပြောပါတယ်။ ”ဒီကောင်တွေ…

    Read More »
  • Nov- 2022 -
    3 November
    သတင်း

    ဖားကန့်မြို့နယ်တွင် စစ်ကောင်စီက ဖုန်းအင်တာနက်အစား Mytel Wifi တပ်ဆင်နေ

    ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီက Mytel Wifi ကို အခကြေးယူပြီး အလျှင်အမြန်တပ်ဆင်လာကြောင်း သိရသည်။ စစ်ကောင်စီသည် ဖားကန့်တစ်မြို့နယ်လုံးကို ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့် တစ်နှစ်ကျော်အကြာတွင် ယခုကဲ့သို့ စစ်တပ်ပိုင် Mytel Wifi အင်တာနက်တပ်ဆင်လာခြင်းဖြစ်ပြီး လက်ရှိ ဖားကန့်မြို့ပေါ်နှင့် အချို့ကျေးရွာများထိ တပ်ဆင်မှုပြီးစီးနေပြီဟု ဖားကန့်မြို့ အေးမြသာယာရပ်ကွက်မှ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ ”ကြိုး Wifi ဟုတ်တယ်…

    Read More »
Back to top button