မအူပင်
-
သတင်း
ဗန်းမော်ကနေ မအူပင်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ
ကချင်ပြည်နယ် ဗန်းမော်မြို့ မအူပင်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကားကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်က စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဒေခသံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၂၈ ရက်နေ့ ဒီနေ့ ညနေ ၃နာရီခွဲလောက်မှာ အင်အား ၈၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီစစ်ယာဉ်တန်း ၄ စီးဟာ နမ်ဆန်ယန်၊မြို့သစ်၊ကုန်းလောဘက်ကို စစ်အင်အား လက်နက်ရိက္ခာတင်ပို့မယ့်လမ်းကြောင်းလုံခြုံရေးယူပေးဖို့ စစ်အင်အားလာရောက်ပို့ဆောင်တဲ့ ရှေ့ပြေးစစ်ကား တစ်စီးကိုစောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ “ခလရ ၂၃၆ ကထွက်လာတဲ့ စစ်ကား ၄ စီးပေါ့ သူတို့က ဘယ်ကစစ်ကြောင်းတွေလဲဆိုတော့ ခုတစ်လော သင်္ဘောကဆင်းလာတဲ့ကောင်တွေ သူတို့က ခုသင်္ဘောကနေ လက်နက်ရိက္ခာတွေတင်ပို့ဖို့ ရိက္ခာလမ်းကြောင်းကိုလုံခြုံရေးယူပေးဖို့ တက်လာတဲ့ စစ်ကားတွေကို ရှေ့ပြေးလုံခြုံရေးယူပေးတဲ့ကားက မအူပင်ရွာနားမှာလူစုလုပ်နေတဲ့ချိန် ဒီဘက်က…
Read More »