မိုးညှင်း

  • Sep- 2023 -
    6 September
    သတင်း

    မိုးညှင်းမှာ စစ်တပ်သတင်ပေး အမျိုသားတစ်ယောက် ပစ်သတ်ခံရ

    ကချင်ပြည်နယ်  မိုးညှင်းမြို့  အရှေ့စုရပ်ကွက်မှာ နေထိုင်တဲ့ စစ်တပ်သတင်းပေး အမျိုးသားတစ်ယောက် စက်တင်ဘာလ ၄ ရက်နေ့က ပစ်သတ်ခံရတယ်လို့ မိုးညှင်းဒေသခံတစ်ယောက်က ပြောပါတယ်။ ပစ်သတ်ခံရသူဟာ သန်းထွန်းအောင် (ခ)အားဖူ ကလောင်နာမည် မင်းရာဇာဆိုသူဖြစ်ပြီး မိုးညှင်းမြို့နယ် ထွေအုပ်ရုံးနားမှာ ဇနီးဖြစ်သူနဲ့ ဆိုင်ကယ်အတူစီးလာချိန်…

    Read More »
  • Aug- 2023 -
    24 August
    သတင်း

    ဟိုပင်မှာ ပြည်သူ ၂ ယောက် သတ်ဖြတ်ခံရတဲ့အမှု KIA က ငွေကြေးသိန်းသုံးရာပေးပြီး အပြီးသတ်

    မိုးညှင်းမြို့နယ် ဟိုပင်မြို့ရဲ့အရှေ့ဘက်ခြမ်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄၁ နယ်မြေမှာ သတ်ဖြတ်ခံ လိုက်ရတဲ့ KIA တပ်သားနဲ့ ဇနီးဖြစ်သူ အဓမ္မပြုကျင့်သတ်ဖြတ်ခံလိုက်တဲ့အမှုကို KIA ဘက်နေ ငွေကြေးပေးပြီး အပြီးသတ်ဆောင်ရွက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ KIA ဘက်ကနေ သတ်ဖြတ်ခံလိုက်ရတဲ့ မိသားစုဝင်တွေကို နစ်နာကြေးငွေ သိန်း ၃၀၀ ပေးဆောင်ပြီး ဩဂုတ်လဆန်းပိုင်းမှာပဲ…

    Read More »
  • 11 August
    သတင်း

    မိုးညှင်းမှာ စစ်တပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီး မြို့တွင်းကျရောက်ပေါက်ကွဲ 

    မိုးညှင်းမြို့မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ မြို့တွင်းရပ်ကွက်တစ်ချို့မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဩဂုတ်လ ၁၀ ရက် မနေ့က မနက် ၁၁ နာရီလောက်မှာ မိုးညှင်းမြို့ ပန်းခြံကနေ စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီး ၁၂၀ မမနဲ့ အချက်ပေါင်း ၁၀ ချက်ထက်မနည်းပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ မိုးညှင်းဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “ကျမတို့အိမ်နားမှာ တစ်လုံးလာကျတာဟုတ်တယ် လူထိခိုက်တာတော့ မရှိပါဘူး”လို့ ပြောပါတယ်။ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့ ရပ်ကွက်တွေကို လုံခြုံရေးအရ အမည်မဖော်ပေးရန် ဒေသခံများက တောင်းဆိုထားပါတယ်။ ဒေသခံတွေရဲ့ပြောဆိုချက်အရ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ မိုးညှင်းကာကွယ်ရေးတပ်တွေ မြို့တွင်းထဲဝင်ရောက်လာတဲ့ ရုပ်သုံဖိုင်တစ်ခု လူမှုကွန်ယက်စာမျက်နှာမှာ မိုးညှင်းကာကွယ်ရေးတပ်ဘက်က တင်လာခဲ့တဲ့နောက်ပိုင်း မြို့တွင်း မြို့ပြင် လမ်းသွားလမ်းလာပြည်သူများကိုလည်း စစ်ဆေးရေးတွေလည်း ပိုတင်းကြပ်လာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဩဂုတ်လ ၆ ရက် ညနေ ၄ နာရီဝန်းကျင်မှာလည်း မိုးညှင်း– ဘီလူးမြို့ လမ်းဆုံမှာရှိတဲ့ မိုးညှင်းစိုက်ပျိုးရေးရုံးကိုလည်း မိုးညှင်း KPDF က သွားရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ၇ဦးကျဆုံးမှုရှိခဲ့ကြောင်း မိုးညှင်းကာကွယ်ရေးတပ်က ဩဂုတ်လ ၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်အနေနဲ့ ခုလိုတော်လှန်ရေးတပ်ဖွဲ့တွေရှိတဲ့ဘက်တွေကို လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်နေတာဖြစ်နိုင်ကြောင်း မိုးညှင်းဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “သူတို့ကအဓိက ထန်းတပင်ရွာဘက်ကို ပစ်တာလို့သိရတယ် အဲဘက်ကို PDF တွေရှိတယ်ထင်ပြီး ပစ်တာ ဒါပေမယ့် လက်နက်ကြီးတစ်ချို့ကတော့ မြို့တွင်းရပ်ကွက်တစ်ချို့တွေမှာ ကျတာရှိတယ်”လို့ပြောပါတယ်။ မိုးညှင်းမြို့နယ်တွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ကာကွယ်ရေးတပ်တွေကြား မကြာခနဆိုသလို ထိတွေ့တိုက်ပွဲဖြစ်ပွားတာရှိပြီး ပြီးခဲ့တဲ့ဇွန်လမှာလည်း မိုးညှင်းမြို့နယ် အင်ကွယ်ရွာအနီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုညှင်းကာကွယ်ရေးတပ်ဘက်မှ တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

    Read More »
  • Jul- 2023 -
    27 July
    သတင်း

    သရက်ချောင်းရေကြီးမှုကြောင့် ဟိုပင်မြို့ပေါ် ရပ်ကွက်တစ်ချို့ရေနစ်မြှပ်ပြီးပျက်ဆီးဆုံးရှုံးမှုတွေရှိ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ထဲက ဟိုပင်မြို့မှာ ဒီကနေ့မနက်ပိုင်းကနေ ရေကြီးရေလျှံမှု ဖြစ်ခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ ဟိုပင်မြို့ကို ဖြတ်သန်းစီးဆင်းနေတဲ့သရက်ချောင်းဖျားဘက်မှာ လွန်ခဲ့တဲ့ ၅ ရက်လောက်ကတည်းက မိုးသည်းထန်ခဲ့တာကြောင့် ဒီနေ့ ဇူလိုင် ၂၇ ရက်နေ့ မနက် ၆နာရီကနေ စပြီးဟိုပြင်မြို့ပေါ်က ရပ်ကွက်တွေရေနှစ်မြှုပ်တာကြောင့်ချောင်းနဲ့နီးတဲ့…

    Read More »
  • Jun- 2023 -
    21 June
    သတင်း

    မိုးညှင်း မြို့နယ်ရဲစခန်းကို KPDF အဖွဲ့ သွားရောက်ပစ်ခတ်

    မိုးညှင်းမြို့တွင်ရှိ မြို့နယ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က လက်နက်ကြီးဖြင့် သွားရောက် ပစ်ခတ်ခဲ့ကြောင်းဒေသခံများမှ သိရသည်။ ဇွန်လ ၂၁ ရက် ယနေ့ ညနေမွန်းလွှဲ ၃ နာရီဝန်းကျင် အရှေ့စုရပ်ကွက်ကနေ မြို့မရဲစခန်းကို PDF လူငယ်နှစ်ဦးက…

    Read More »
  • 15 June
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်အင်းတော်

    မိုးညှင်းနယ် ပင်လုံးကျေးရွာအနီး တရားမဝင် ရွှေတူးနေသည့် ဘတ်ဖိုး ၁၄ စီး ဖမ်းဆီးခံရ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာ နှင့် မော်ဟန်ကျေးရွာအနီးတွင် တရားမဝင် ရွှေတူးနေသည့် ဘတ်ဖိုး ၁၄ စီး ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ နန့်စီးအောင်ဘက်မှ ဝင်ရောက်လာသော စစ်ကောင်စီတပ်သည် ဇွန်လ ၁၃ ရက်နေ့ မော်ဟန်ကျေးရွာအနီးဝန်းကျင်နဲ့ ပင်လုံကျေးရွာနောက်ကြောတွင် တရားမဝင်…

    Read More »
  • 13 June
    သတင်း

    မိုးညှင်းတွင် ညမထွက်ရအမိန့်ထုတ်ပြန်ကာ လုံခြုံရေးတင်းကြပ်လာ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် စစ်ကောင်စီတပ်သည် ညမထွက်ရအမိန့်ထုတ်ပြန်ပြီးနောက် ညပိုင်းစစ်ဆေးရေးများ ပိုမိုလုပ်ဆောင်လာသည်ဟု ဒေသခံများ ပြောသည်။ ဇွန်လ ၈ ရက်နေ့မှစပြီး စစ်ကောင်စီတပ်သည် မိုးညှင်းမြို့နယ်တွင် ည ၁၀ နာရီမှ မနက်၄နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက် အရပ်ဝတ်များဖြင့် လမ်းကြား လမ်းမ၊လမ်းဆုံများတွင် စစ်ဆေးမှုတင်းကြပ်လာကြောင်း…

    Read More »
  • May- 2023 -
    11 May
    သတင်း

    မိုးကောင်းမြို့နယ် တရားရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ

    ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် တရားရုံး မေလ ၁၀ ရက် ညတွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ မိုးကောင်းမြို့ နတ်ကြီးကုန်းရပ်ကွက်တွင်ရှိသည့် စစ်ကောင်စီ၏ မြို့နယ်တရားရုံးကို ယမန်နေ့ည ၇နာရီခွဲအချိန့်ခန့်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ် နှစ်ဦးမှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်သွားကြောင်း မိုးကောင်းမြို့နေ…

    Read More »
  • Mar- 2023 -
    27 March
    သတင်း

    စရဖ အရာရှိတစ်ဦးကို မိုးညှင်း KPDF အဖွဲ့ ပစ်ခတ်ရှင်းလင်းကြောင်း ထုတ်ပြန်

    ကချင်ပြည်နယ် မိုးညှင်းမြို့ ညောင်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီ လက်အောက်ခံ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိ တစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မိုးညှင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။ မတ်လ ၂၆ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် စရဖအရာရှိဆိုသူ အမျိုးသားအပါအဝင် အမျိုးသား ၃ ဦးသည် မိုးညှင်း – နမ္မား လမ်းအတိုင်း Honda…

    Read More »
  • 20 March
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်အင်းတော်

    အင်းတော်ကြီးဒေသတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှု ပြန်လည်စတင်နေ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မမုံကိုင်ကျေးရွာနှင့် လုံးတုံကျေးရွာကြားတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုပြန်လည်စတင်နေပြီဟု ဒေသခံများ ပြောသည်။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အင်းတော်ကြီးဒေသတွင် ရွှေတူးဖော်မှုကြီးကြီးမားမားလုပ်ဆောင်နေသည့်အပေါ် ဒေသခံများကန့်ကွက်နေသည့်အတွက် စစ်ကောင်စီတပ်မှ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင်အပြီးတိုင် ရပ်နားခိုင်းလိုက်ပြီဖြစ်သည်။ သို့သော် တစ်လကျော်ကြာပြီးနောက် မတ်လ ဒုတိယအပတ်မှစတင်ပြီး ထိုနေရာတွင် ရွှေတူးဖော်မှုကို စစ်တပ်ကပြန်လည် ခွင့်ပြုနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ “ခုရွှေပြန်တူးနေတဲ့နေရာက လုံးတုံရွာနားမှာဘဲ စစ်တပ်ရဲ့ စခန်းနဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်ဘဲ မိုင်အားဖြင့်က တစ်မိုင်လောက်ဘဲရှိတာလေ သူတို့မသိဘဲနေမလား သူတို့ပြန်ခွင့်ပြုထားလို့ စစ်တပ်ကခွင့်မပြုရင် ဘယ်သူလာလုပ်ရဲမလဲ။ သူတို့ကိုအခွန်ဆောင်ပြီး လုပ်နေကြတာ”ဟုအမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။ ဒေသခံများ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်သည် ရွှေတူးဖော်ခွင့်အတွက် ငွေကြေးကောက်ခံကာ ပြန်လည်တူးဖော်ခွင့်ပြုနေခြင်းဖြစ်သည်ဟု ပြောဆိုသည်။ လက်ရှိရွှေတူးဖော်နေသောနေရာသည် လုံးတုံနှင့် မမုံကိုင်ကြားရှိ တောထဲတွင်ဖြစ်ပြီး ရပ်ရွာတာဝန်ရှိသူများ၊ခရစ်ယာန်ဘာသာဝင်များနှင့် ဒေသခံများက ဆက်လက်တူးဖော်ခြင်းမပြုရန် သွားရောက်တားမြစ်ကြသော်လည်းရပ်နားပေးခြင်းမရှိဘဲ ညဘက်တွင် ဆက်လက်တူးဖော်နေကြောင်း သိရသည်။ အဆိုပါမြေနေရာသည် မမုံကိုင်ရွာနှင့် လုံးတုံကျေးရွာအကြားရှိ သင်္ချိုင်းမြေနဲ့အနီးဆုံးနေရာဖြစ်သည့်အပြင်ဒေသခံများစိုက်ပျိုးလုပ်ကိုင်စားသောက်နေကြသည့် လယ်မြေများနှင့်လည်း ရှိနေသည့်အတွက် ရွှေတူးဖော်မှုဆက်လက်လုပ်ဆောင်နေမည်ဆိုပါက သင်္ချိုင်းမြေနေရာ ပျက်စီးလာမည့်အပြင် လယ်မြေများလည်း ထိခိုက်လာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း အခြားဒေသခံတစ်ဦးက ခုလိုပြောသည်။ “မမုံကိုင်ဧရိယာထဲမှာဆိုပေမယ့် သင်္ချိုင်းကတော့ လုံးတုံခရစ်ယာန်ဘာသာဝင်တွေရဲ့သင်္ချိုင်း သူတို့ရွှေတူးနေတဲ့နေရာနဲ့ သင်္ချိုင်းကမဝေးဘူး ပေ ၃၀၀ ကျော်လောက်ပဲရှိမှာ ဓာတ်တိုင် ၂တိုင် စာပဲရှိတယ် အဲ့မှာတူးနေကြတာ။ သူတို့ဆက်တူးနေမယ်ဆိုရင်တော့အဓိက သင်္ချိုင်းမြေပျက်စီးသွားမယ် ပြီးတော့ အခုတူးနေတဲ့အနီးမှာ လယ်တွေရှိတယ်အဲ့ဒီလယ်တွေလည်းထိခိုက်မယ်နောက်တစ်ခုက လယ်တောသွားဘာသွားအသုံးပြုနေတဲ့လမ်းရှိတယ် အဲ့တာတွေပျက်စီးသွားမယ် ဒေသခံတွေကတော့ကန့်ကွက်ကြတာပေါ့”ဟုဒေသခံအမျိုးသားတစ်ဦးကပြောသည်။…

    Read More »
Back to top button