မိုးရွာသွန်း
-
Sep- 2025 -23 Septemberသတင်း
ပူတာအို တောင်ပြိုမှုမှာ ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေဆဲ
ကချင်ပြည်နယ် ပူတာအိုမြို့နယ် မန်စေခွန်ကျေးမှာ မြေပြိုမှုဖြစ်ခဲ့တဲ့ ဖြစ်စဥ်မှာ ဒေသခံပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေတယ်လို့ ဒေသခံများမှ သိရပါတယ်။ စက်တင်ဘာလ ပထမအပတ်ကစပြီး မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ပူတာအိုမြို့နဲ့ အနောက်ဘက် မြို့နဲ့ ၁၅ မိုင်နီးပါးဝေးလံတဲ့ မန်စေခွန် ကျေးရွာအုပ်စုထဲမှာ တောင်ပြိုမှုဖြစ်ပွားခဲ့ပါတယ်။…
Read More » -
17 Septemberသတင်း
ပူတာအိုမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးမှုများ
ကချင်ပြည်နယ် ပူတာအိုမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ချောင်းရေတွေကြီးပြီး လမ်းတံတားနဲ့ လယ်ယာစိုက်ခင်းတွေ ထိခိုက်ပျက်စီးမှုတွေရှိနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ ပြီးခဲ့တဲ့အပတ်ကတည်းကနေ မိုးအဆက်မပြတ်ရွာသွန်းတဲ့အတွက် မြို့နဲ့ ၅ မိုင်အကွာဝေးတဲ့ အထက်ဆန်ခေါင်နဲ့ငါးနူခါးကျေးရွာကို ဖြတ်သန်းစီးဆင်းနေတဲ့ ပါတိတ်ချောင်းရေကြီးပြီး ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။…
Read More » -
Aug- 2025 -11 Augustသတင်း
လိုင်ဇာမှာ တစ်လအတွင်း ဒုတိယအကြိမ် ချောင်းရေကြီးမှုထပ်ဖြစ်
KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်းကျရေကြောင့် ချောင်းရေကြီးပြီးမြို့ထဲမှာရှိတဲ့ ဆိုင်ခန်းတစ်ချို့နဲ့ဆိုင်ကယ်တစ်ချို့ ရေစီးနဲ့အတူမျှောပါသွားတာရှိတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၁ ရက် ဒီမနက်ပိုင်း ၅ နာရီဝန်းကျင် မိုးစတင်ရွာလာပြီးနောက် မနက် ၁၀ နာရီဝန်းကျင် မိုးပိုသည်းလာတဲ့အတွက်…
Read More » -
Jul- 2025 -7 Julyသတင်း
ကသာ-အင်းတော်လမ်းပိုင်းရှိ တံတား ၃ စင်း မိုးများလို့ကျိုးကျ
စစ်ကိုင်းတိုင်းဒေသကြီး ကသာနဲ့အင်းတော်မြို့တွေကိုချိတ်ဆက်ထားတဲ့ ဗျူဟာလမ်းပိုင်းက တံတား ၃ စင်း မိုးများလို့ပျက်စီး ကျိုးကျသွားတာကြောင့် ကုန်စည်တင်ပို့်တာနဲ့ ဒေသခံတွေသွားလာနေထိုင်ရေးအတွက် အခက်ကြုံနေရတယ်လို့ ဒေသခံတွေ ကပြောပါတယ်။ အချက်အချာကျတဲ့မြို့နှစ်မြို့ကိုချိတ်ဆက်ထားတဲ့လမ်းကြောင်းဖြစ်တဲ့အပြင် စစ်ကောင်စီတပ်ရဲ့လမ်းပိုင်းပိတ်ဆို့မှုကြောင့် ကွင်းလမ်းကိုအသုံးပြုနေကြရတဲ့ မန္တလေး–မြစ်ကြီးနားကားသမားတစ်ချို့လည်း ဒီလမ်းပိုင်းကိုအသုံးပြုကြတာဖြစ်ပါတယ်။ လက်ရှိတော့အဲ့ဒီလမ်းပိုင်းကို ကားတွေလုံးဝသွားလာလို့မရတာ တစ်ပတ်ကျော်ကြာရှိလာပြီလို့ဒေသခံတစ်ယောက်ကအခုလို ပြောပါတယ်။ “အခုကအပျက်ကြီးကိုမှဖြစ်သလိုပဲ သစ်တွေဝါးလုံးတွေတစ်ချောင်းထိုးနှစ်ချောင်းထိုးပြီး ဆိုင်ကယ်တွေသွားလို့ရအောင် လုပ်ပြီးမှသွားနေကြတာ ကားတွေကတော့လုံးဝသွားလို့မရဘူး ဆိုင်ကယ်တွေပဲသွားလို့ရတာ” လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ ပျက်စီးနေတဲ့ တံတားတွေကတော့ ကသာမြို့–ကြာအင်း–သံပုရာ–ကျောက်ပုံ စတဲ့ကျေးရွာတွေကိုချိတ်ဆက်ထားတဲ့တံတားတွေ ဖြစ်ပြီး တံတားတွေကမကြီးပေမယ့် သွားလာရေးအတွက်အလွန်အခက်တွေ့စေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ လက်ရှိအဲ့ဒီလမ်းပိုင်းတွေကိုတော့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့လက်အောက်ခံ ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားတာဖြစ်ပြီး လမ်းပိုင်းအမြန်ဆုံးပြန်ပြင်ပေးနိုင်ဖို့အတွက် ဒေသခံတွေကမျှော်လင့်နေကြပါတယ်။ “ကသာမြို့နယ်ကရွာတွေအားလုံးက ကသာမြို့ကိုကျန်းမာရေးရော၊ လူမှုနေထိုင်မှုကအစအားကိုးရတာဆိုတော့ လမ်းကအခုလို ဖြစ်သွားတော့ လုံးဝအဆင်မပြေဘူး။ကုန်စည်စီးဆင်းမှုတွေကအစဒီလမ်းကိုအသုံးပြုရတော့ လမ်းကဆိုးရွားနေတော့ အကုန် ပြတ်တောက်ကုန်တာပေါ့” လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ ဒီတံတားတွေပျက်စီးသွားတာဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က အင်းတော်မြို့နယ်မှာရှိတဲ့ နန့်သဲချောင်းရေကြီးမှုဖြစ်တဲ့ တစ်နေ့ တည်းမှာဘဲ ဖြစ်ပျက်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ ကချင်ပြည်နယ်အပါအဝင် မြန်မာပြည်တစ်ဝှမ်းမှာ ဒီနှစ်ပိုင်းတွေအတွင်း အချိန်အခါမဟုတ်မိုးကြီးတာတွေကြောင့် တောင်ကျ ချောင်းတွေရေလျှံတာ၊မြစ်ရေလျှံတာတွေမကြခဏဖြစ်ပေါ်လာပြီး ဒီဖြစ်ရပ်တွေဟာ သစ်တောပြုန်းတီးမှု၊ သဘာဝသယံဇာတ တူးဖော်မှုတွေကြောင့်လို့ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေကဆိုကြပါတယ်။ ပြီးခဲ့တဲ့မေလနောက်ဆုံးအပတ်ကလည်း မြန်မာပြည်မြောက်ဖျားပိုင်းဒေသ ချီဖွေ၊ ပူတာအို အပါအဝင် မြစ်ကြီးနား၊ ဝိုင်းမော် နဲ့ ဗန်းမော်ဒေသတွေမှာ မိုးကြီးခဲ့တာကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပြီး စစ်ဘေးကိုရင်ဆိုင်နေကြရတဲ့ဒေသခံ ထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၂၄ ခုနှစ်မှာဆိုရင် နိုင်ငံတစ်ဝှမ်းစံချိန်တင်ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပြီး နေအိမ်၊ အဆောက်အဦးတွေပါပျက်စီးဆုံးရှုံးမှုကြီးမားခဲ့သလို လူသေဆုံးတဲ့အထိရေကြီးရေလျှံတာကိုဒေသခံတွေကြုံတွေ့ခဲ့ကြရပါတယ်။ By – အမိုး
Read More » -
May- 2025 -2 Mayသတင်း
မိုးရွာသွန်းမှုကြောင့် ပူတာအို-ခေါင်လန်ဖူးကားလမ်း ဆိုးဆိုးဝါးဝါးပျက်စီး
ကချင်ပြည်နယ် အထက်ပိုင်းမှာမိုးသည်းထန်စွာရွာသွန်းလို့ ပူတာအိုခရိုင်၊ ခေါင်လန်ဖူး–ပူတာအိုကားလမ်းပိုင်း ဆိုးဆိုးဝါးဝါးပျက်စီးနေတယ်လို့သိရပါတယ်။ ဧပြီလ တတိယအပတ်မှာ ရွာသွန်းခဲ့တဲ့မိုးကြောင့် ပူတာအို–ခေါင်လန်ဖူး ကားလမ်းပိုင်းမြေပြိုပြီး အသွားလာပြတ်တောက်တဲ့အထိ ပျက်စီးနေတယ်လို့ ခေါင်လန်ဖူးဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ပူတာအိုကနေတက်သွားရင် ရီဒမ်းဂိတ်အထိ ရီဒမ်းကနေ ငွားလုံဒမ်းရွာအထိပဲရတယ် ငွားလုံဒမ်းကနေဟိုဘက်ကိုတော့လုံးဝသွားလို့မရဘူး…
Read More » -
1 Mayသတင်း
မြစ်ကြီးနား – မန္တလေးလမ်းပိုင်း မိုးရွာသွန်းမှုကြောင့် လမ်းခရီးနှောင့်နှေး
စစ်ရေးအခြေနေကြောင့် ကွင်းလမ်းအသုံးပြုပြီးသွားလာနေရတဲ့ မြစ်ကြီးနား–မန္တလေးလမ်းပိုင်း မိုးရွာသွန်းမှုကြောင့်လမ်းပိုင်းချော်လို့ ခရီးစဥ်နှောင့်နှေးမှုရှိနေတယ်လို့ ကားသမားတွေကပြောပါတယ်။ အင်းတော်မြို့သိမ်းတိုက်ပွဲကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဩဂုတ်လကစလို့ မြစ်ကြီးနား–မန္တလေးပြည်ထောင်စုလမ်းမကြီးကို ကာကွယ်ရေးတပ်တွေဘက်ကပိတ်ထားခဲ့တာ ဒီနေ့အထိဖြစ်ပါတယ်။ မိုးရွာသွန်းမှုကြောင့် အဲ့ဒီကွင်းလမ်းနေရာတစ်ဝှိုက်တွေက လမ်းချော်မှုတွေ ဖြစ်နေပြီး ပုံမှန်ဆို နှစ်ရက်ခန့်သာကြာမြင့်တဲ့ လမ်းခရီးကို…
Read More » -
Jul- 2024 -4 Julyသတင်း
ဉရုချောင်းရေကြီးမှုကြောင့် တံတားနှစ်စင်းအပါအဝင် နေအိမ်တစ်ချို့ ထိခိုက်ပျက်စီး
ကချင်ပြည်နယ် ဖားကန့်မြို့ ဉရုချောင်း ရေကြီးရေလျှံ မှုကြောင့် တံတားနှစ်စင်း အပါအဝင် နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဖားကန့် ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။ ဖားကန့်မြို့နယ်မှာ ဇွန်၂၉ ရက်ဝန်းကျင်လောက်ကတည်းကနေ ၅ရက်အကြာ မိုးသန်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် ဉရုချောင်းရေ ရေကြီး…
Read More » -
Jun- 2023 -27 Juneသတင်း
မိုးရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ကာ ဖရဲစစ်ရှောင်နေအိမ်တစ်ချို့ပျက်စီး၊ သောက်သုံးရေခက်ခဲနေ
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေမြို့နယ် တရုတ်နယ်စပ်ရှိ ဖရဲ (Hpare) စစ်ရှောင်စခန်းတွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ကာ မြေပြိုကျမှုကြောင့် နေအိမ်တစ်ချို့ပျက်စီးပြီး စစ်ရှောင်ပြည်သူများ သောက်သုံးရေခက်ခဲနေကြောင်း သိရသည်။ ဇွန်လ ၂၃ ရက်နေ့ မှစကာ ယနေ့အထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်…
Read More »