,
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ အင်းမကျေးရွာနှင့် ဂုံညင်းသျှို ကျေးရွာ ၂ ခု မီးရှို့ဖျက်ဆီးခံရသဖြင့် နေအိမ် ၂၉ လုံးနှင့် စပါးတင်း ၄၀၀ ခန့် မီးလောင်ဆုံးရှုံးသွားခဲ့ရသည်ဟု ဒေသခံများထံမှသိရသည်။ ကန့်ဘလူ ကိုးတောင်ဘို့တွင် အခြေစိုက်ထားသော ခမရ ၃၆၃ တပ်ရင်းမှ စစ်အင်အား ၅၀ ခန့် ပါရှိိိိိသည့် စစ်ကြောင်းသည် ဇန်နဝါရီလ ၂၂ ရက်နေ့မှစတင်ကာ ဂုံညင်းသျှိုကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီး ဇန်နဝါရီလ ၂၄ နေ့
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်ရှိ ချမ်းသာကျေးရွာမှ နှစ်ပေါင်း ၁၂၀ ကျော်သက်တမ်းရှိသည့် ကက်သလစ်ဘုရားကျောင်းအပါအဝင် ရွာပေါင်း ၄ ရွာမှ ပြည်သူပိုင်နေအိမ်များအား စစ်ကောင်စီတပ်ဖွဲ့များမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့မှ စတင်ကာ ဒီပဲယင်းမြို့နယ်မှ ရေဦးမြို့နယ်အနောက်ခြမ်းဘက်သို့ စစ်အင်အား၂၀၀ ကျော်ဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး စတင်မီးရှို့ခဲ့ကြောင်း သိရသည်။ "မနေ့က မီးရှို့ခံရတာဟုတ်တယ်။ တနင်္ဂနွေနေ့ဆိုတော့ ဘာသာဝင်တွေကလည်း ဆုတောင်းဝတ်ပြုတဲ့နေ့ဆိုတော့ မီးရှို့ခံရတာ အားလုံးမြင်နေကြရလည်း ဘာမှမတတ်နိုင်လိုက်ကြဘူး"ဟုဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီ၏ မီးရှို့မှုကြောင့်
ဗန်းမောက်မြို့နယ် တောင်ပိုင်း ခမ်းဘတ်တောင်ခြေရှိ ကော်တာကျေးရွာကို စစ်တပ်က အောက်တိုဘာ ၁၆ ရက် ယမန်နေ့တွင် မီးရှို့ခဲ့သည်ဟု သိရသည်။ နံနက်ပိုင်း ၈ နာရီဝန်းကျင် အင်အား၁၅၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ဒေသကာကွယ်ရေးတပ်များရှိရာ ခမ်းဘတ်တောင်ပေါ်ကို စစ်ကြောင်းထွက်ခွာရာမှ ဒေသခံကာကွယ်ရေးတပ်နှင့် နာရီဝက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် နောက်ပြန်ဆုတ်ကာ ကော်တာရွာကို မီးရှို့သွားသည်ဟု ဒေသကာကွယ်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက KNG ကို ပြောသည်။ "သူတို့တက်လာတဲ့အချိန် ကျနော်တို့နဲ့ တိုက်ပွဲပြင်းထန်ခဲ့တာပေါ့ နှစ်ဖက်လက်နက်ကြီးသုံးတာတွေအထိပေါ့ သူတို့ဘက်က အရေးနိမ့်တာနဲ့ ကော်တာရွာဘက်ကိုပြန်ဆုတ်လာတယ်။ ပြီးတော့ ပြည်သူ့နေအိမ်တွေမီးရှို့တာပေါ့။ ၁၂နာရီဝန်းကျင်လောက်မှာပေါ့” ဟု ပြောသည်။ အဆိုပါစစ်ကောင်စီ တပ်ဖွဲ့များသည် ကော်တာ
ကချင်ပြည်နယ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်ရှိ စစ်ကောင်စီစစ်ဆေး ရေးဂိတ်တစ်ခု ယမန်နေ့ ည ၉နာရီဝန်းကျင် မီးရှို့ဖျက်ဆီးခံလိုက်ကကြောင်း ဒေသခံများ ထံမှ သိရသည်။ မြစ်ကြီးနားမြို့နယ် အောင်မြင်သာကျေးရွာအဝင်ရှိ စစ်ကောင်စီတပ်သားနှင့်ရဲများ တပ်စွဲနေထိုင်သည့် စစ်ဆေးရေးဂိတ်မီးရှို့ခံလိုက်ရခြင်းဖြစ်ပြီး PDF မြို့ပြပြောက်ကျား တပ်ဖွဲ့က လာရောက်မီးရှို့ဖျက်ဆီးလိုက်ကြောင်း အောင်မြင်သာ ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောသည်။ "အကုန်လောင်သွားတယ် ဖြစ်တာက ၉ နာရီနဲ့ ၁၀ နာရီကြားမှာဖြစ်မယ်။ အဲ့ဒီဂိတ်က အပေါ်တင်မစောင့်တာတော့ကြာပြီ။ ဒါပေမယ့် တစ်ခါတစ်လေ နှစ်ယောက်