,

Breaking News :

မဲဇာရဲစခန်းရှေ့ အမျိုးသားတစ်ဦး ပစ်သတ်ခံရမှုဖြစ်ပွား

ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို

ဖားကန့်တွင် လုပ်ကွက်ဟောင်းတွင်းထဲ ပြုတ်ကျသေဆုံးခဲ့သည့် မိသားစု ၃ ဦးအနက် အမျိုးသမီးဖြစ်သူ၏ ရုပ်အလောင်းပြန်တွေ့ရှိ

မြစ်ကြီးနားနဲ့ ဖားကန့် မြို့နေရာတွေမှာ စစ်ကောင်စီ စစ်ဆေးရေးပိုမိုတင်းကြပ်နေသည့်အတွက် သွားလာရေးအခက်တွေ့နေ

စစ်ကိုင်းနှင့် ထိစပ်သည့် KIA တပ်မဟာ ၈ ၊ ၉ ဒေသများတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်

အသည်းနှလုံးတွေကိုဖျက်စီးသွားစေတဲ့အရာ

ပြည်သူ့ စစ်စခန်းသို့ ဝင်ရောက်စီးနင်းချိန် TNLA တပ်ဖွဲ့က ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့

ကန့်ဘလူနယ်တွင် ကျေးရွာ ၅ခု မီးရှို့ဖျက်ဆီးခံရကာ ပြည်သူ ၈ ထောင်ကျော် ထွက်ပြေးနေရ

ရွှေကူနယ်တွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲဖြစ်ပွာလာမည်ကို ဒေသခံများစိုးရိမ်

စစ်တပ်ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေပြော

ကန့်ဘလူနယ်တွင် ကျေးရွာ ၂ ခု မီးရှို့ဖျက်ဆီးခံရပြီး နေအိမ် ၂၉ လုံးခန့် မီးလောင်ပြာကျ

ကန့်ဘလူမြို့နယ် အင်းမကျေးရွာတွင် နေအိမ်များ မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ အင်းမကျေးရွာနှင့် ဂုံညင်းသျှို ကျေးရွာ ၂ ခု မီးရှို့ဖျက်ဆီးခံရသဖြင့် နေအိမ် ၂၉ လုံးနှင့် စပါးတင်း ၄၀၀ ခန့် မီးလောင်ဆုံးရှုံးသွားခဲ့ရသည်ဟု ဒေသခံများထံမှသိရသည်။

ကန့်ဘလူ ကိုးတောင်ဘို့တွင် အခြေစိုက်ထားသော ခမရ ၃၆၃ တပ်ရင်းမှ စစ်အင်အား ၅၀ ခန့် ပါရှိိိိိသည့် စစ်ကြောင်းသည် ဇန်နဝါရီလ ၂၂ ရက်နေ့မှစတင်ကာ ဂုံညင်းသျှိုကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီး ဇန်နဝါရီလ ၂၄ နေ့ ညနေပိုင်း ၅ နာရီအထိ လူနေအိမ်များ အကြောင်းမဲ့ မီးရှို့ခဲ့ကြသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကိုပြောသည်။

ဂုံညင်းသျှိုကျေးရွာက အားလုံး ၁၁ လုံးလောက်ရှို့ခံရတယ်။ ပြီးတော့ ကိုင်းမကိုထွက်သွားတယ် ကိုင်းမကနေ အိမ်တစ်လုံးကို ထပ်ရှို့သွာတယ်ဟုပြောသည်။

လက်ရှိတွင် နေအိမ်မီးရှို့ဖျက်ဆီးခံရသည့် ဂုံညင်းသျှို အနီးတဝိုက်ရှိ ဒေသခံပြည်သူ ထောင်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း သိရသည်။

ထို့အပြင် ပင့်သာတိုက်နယ်အတွင်းရှိ အင်းမကျေးရွာကိုလည်း စစ်ကောင်စီတပ်ဖွဲ့ ခမရ ၃၆၈ တပ်နှင့် ပျူစောထီးအဖွဲ့တို့ စစ်ကြောင်းသည် ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ မီးရှို့ဖျက်ဆီးခံရသဖြင့် ထိုနေရာတွင် နေအိမ် ၁၄ လုံးနှင့် စပါးတင်း ၄၀၀ ခန့်ထပ်မံ မီးလောင်ပျက်စီးသွားသည်ဟု အင်းအရွာဒေသခံတစ်ဦးက ယခုလိုပြောသည်။

သူတို့ဝင်လာတဲ့နေ့ မနက်ပိုင်းမှာပဲ ရွာမြောက်ပိုင်းကနေ အိမ် ၂ လုံးကို အရင်ရှို့သွားတယ်။ နောက်နေ့မှ ရွာတောင်ပိုင်းကိုစရှို့တယ် ပြည်သူတွေက ကြိုရှောင်လိုက်နိုင်လို့ အန္တရာယ်ကင်းသွားတယ်။ ဒါပေမယ့် ပြည်သူတွေ ၂ သောင်းနီးပါးလောက်က ခက်ခက်ခဲခဲ တိမ်းရှောင်နေရတယ်ဟုပြောသည်။

အင်းမကျေးရွာသည် အိမ်ခြေ ၂၄၀ ခန့်ရှိသည့် ကျေးရွာတစ်ခုဖြစ်ပြီး စစ်တပ်အာဏာသိမ်းနောက်ပိုင်းမှ ပထမအကြိမ် မီးရှို့ခံရမှုတွင် နေအိမ် ၈၅ လုံးနှင့် စပါးတင်း ၇၀၀ ကျော်ခန့် မီးလောင်ပျက်စီးသွားရကြောင်း

သိရသည်။

ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာနေရာများတွင် စစ်ကောင်စီိအဖွဲ့မှ စစ်ကြောင်း ၂ခုဖြင့် ဝင်ရောက်စီးနင်းနေသောကြောင့်  ဒေသခံပြည်သူများ နီးစပ်ရာ တောတွင်းနေရာများနှင့် ဘုန်းကြီးကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်နေရပါသည်။

Read Previous

ရုတ်တရက် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးဖမ်းဆီးခံရပြီး ပြည်သူတစ်ချို့ပိတ်မိနေ

Read Next

မြစ်ကြီးနားတွင် လူနေအိမ် ၈ လုံး မီးလောင်မှုဖြစ်ပွား