မော်လူး

  • Mar- 2026 -
    12 March
    သတင်း

    လေကြောင်းတိုက်ခိုက်ခံရချိန် ရုတ်ရုတ်သဲသဲထွက်ပြေးကြတာဟာ ပိုပြီးအန္တရာယ်များကြောင်း Indaw Revolution IR အဖွဲ့ သတိပေး

    စစ်ကိုင်းနဲ့ကချင်အစပ် မော်လူးမြို့အနီးတဝှိုက်ကို စစ်ကော်မရှင်က မနေ့ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် ဒေသခံ တွေရုတ်ရုတ်သဲသဲထွက်ပြေးကြတာကြောင့် လေကြောင်းတိုက်ခိုက်ခံရချိန် အခုလိုထွက်ပြေးကြတာဟာ ပိုပြီးအန္တရာယ်များ ကြောင်း Indaw Revolution IR အဖွဲ့ကသတိပေးလိုက်ပါတယ်။ “မော်လူးမြို့ထဲကပြည်သူတွေကတော့ လေယာဥ်ဗုံးချကတည်းကအကုန်ရုတ်ရုတ်သဲသဲ ပြေးကြရတာပေါ့နော်။ တောင်ပြေး လိုက် မြောက်ပြေးလိုက်ပေါ့။…

    Read More »
  • 5 March
    သတင်း

    မြစ်ကြီးနား-မန္တလေးလမ်း‌မရှိ ကျေးရွာတွေမှာ KIA စုဆောင်းရေးဆွဲနေတဲ့အပေါ် ဒေသခံများဝေဖန်

    ကချင်ပြည်နယ်ရဲ့ဝင်ပေါက် မော်လူးမြို့နဲ့ နဘားရွာကြားက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအပါအဝင် ခရီးသွားကားပေါ် လိုက်ပါလာတဲ့ လူငယ်အမျိုးသား၊အမျိုးသမီးတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စုဆောင်းရေးဆွဲနေတဲ့အပေါ် ဒေသခံများအကြား ဝေဖန်မှုတွေမြင့်တက်နေပါတယ်။ ပြီးခဲ့တဲ့ မတ်လ လဆန်းပိုင်းကစလို့ အခုလိုခရီးသွားတွေနဲ့ မော်လူး–နဘား ဒေသတစ်ဝှိုက်နေထိုင်တဲ့ဒေသခံတွေအပါအဝင် အဲ့ဒီလမ်းပိုင်းကို…

    Read More »
  • Jan- 2026 -
    2 January
    သတင်း

    မော်လူးမြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ ၁၂တန်းကျောင်းသူတစ်ဦးသေဆုံး ကျောင်းသူ ၂ ဦးဒဏ်ရာရ

    ကချင်ပြည်နယ်နှင့် ကပ်လျှက် မော်လူးမြို့ ပဲခူးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၇ နှစ်အရွယ် ၁၂ တန်းကျောင်းသူတစ်ဦးသေဆုံးခဲ့ရတယ်လို့ အင်းတော်မြို့နယ်သတင်းတွေကိုဖော်ပြပေးနေတဲ့Indaw Revolution IR အဖွဲ့က ပြောပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၂ ရက်နေ့ မနက်အစောပိုင်း…

    Read More »
  • Dec- 2025 -
    5 December
    သတင်း

    အင်းတော်နဲ့ မော်လူးမှာ လျှပ်စစ်မီးပြင်ဖို့ ကောက်ထားတဲ့ငွေ ပြန်အမ်းပေမယ့် အပြည့်မရဟုဆို

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ အင်းတော်မြို့နဲ့မော်လူးမြို့မှာ လျှပ်စစ်မီးပြုပြင်ဖို့ ပြည်သူတွေဆီကနေ ကောက်ယူထားတဲ့ငွေတွေကို ပြန်အမ်းပေးနေပေမယ့် အပြည့်မရကြောင်း ဒေသခံများထံမှ သိရပါတယ်။ အင်းတော်မြို့နဲ့ မော်လူးမြို့သိမ်းတိုက်ပွဲတွေကြောင့်  မီးကြိုး၊ဓာတ်တိုင်၊ထရန်စဖော်မာအများအပြားပျက်စီးခဲ့လို့ အင်းတော်နဲ့မော်လူးမြို့နယ်မှာ လျှပ်စစ်မီးလရှည်ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် NUG အစိုးကရလက်အောက်ခံ လျှပ်စစ်ဝန်ထမ်းတွေက ပျက်စီးသွားတဲ့ မီးကြိုး၊ဓာတ်တိုင်၊ ထရန်စဖောမာတွေကိုပြုပြင်ဖို့ ပြည်သူတွေဆီကနေ ငွေကောက်ယူခဲ့တာလို့ အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်တဲ့အမျိုးသားတစ်ဦးက ပြောပါတယ်။ “အိမ်သုံးဆိုရင် တစ်အိမ်ထောင်ငါးသောင်းကောက်တယ် ပြီးတော့ လုပ်ငန်းသုံး ဆီစက်၊ဆန်ဆက်လိုမျိုးဆိုရင် လုပ်ငန်းတစ်ခုကို ငါးသိန်းကောက်ပါတယ်။ ဒါပေမယ့်မီးကပြင်တော့ပြင်တယ် အခုထိမီးကမရသေးတော့ပြည်သူတွေက အရမ်းဝေဖန်ကြတော့ပြန်အမ်းပေးကြတယ် အပြည့်တော့ပြန်မအမ်းဘူးတဲ့”လို့ သူကပြောပါတယ်။ NUG အစိုးရလက်အောက်ခံလျှပ်စစ်ဝန်ထမ်းတွေက လျှပ်စစ်မီးပြုပြင်ဖို့ တစ်အိမ်ထောင်(အိမ်သုံး) ကျပ်ငါးသောင်းနဲ့ လုပ်ငန်းသုံး ကျပ်ငါးသိန်းအထိကောက်ယူခဲ့ပြီး မီးပြန်မရလို့ပြန်အမ်းရမှာတော့ တစ်အိမ်ထောင်(အိမ်သုံး)ကျပ်ငါးသောင်းအစား ကျပ်နှစ်သောင်းခွဲ၊လုပ်ငန်းသုံးကျပ်ငါးသိန်း ပြန်အမ်းငွေ ကျပ်နှစ်သိန်းခွဲသာ ပြန်အမ်းတယ်လို့သိရပါတယ်။ “ပြန်အမ်းတာ အကုန်တော့ပြန်မရကြသေးဘူးအိမ်ထောင်စုအနည်းအကျဥ်းပဲ ပြန်ရတယ် အများစုက ပြန်မရသေးဘူးတဲ့ ပြီးတော့အပြည့်လည်းပြန်မအမ်းဘူး တစ်ဝက်ပဲ ကျန်တဲ့တစ်ဝက်က ပြန်အမ်းမလားမအမ်းဘူးလာမသိရသေးဘူး”လို့ အထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။ Indaw Revilution -IR ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်မှာထုတ်ပြန်ထားချက်အရ ယခုနှစ်မေလအထိ  မော်လူးတမြို့နယ်လုံး အတိုင်းအတာနဲ့ လျှပ်စစ်မီးဖိုး ကောက်ခံရရှိငွေ ၃၉၀,၈၅၀,၀၀၀(သိန်းပေါင်း သုံးထောင့် ကိုးရာ ရှစ်သိန်း ငါးသောင်း) အထိရရှိခဲ့ပြီးအဲ့ဒီထဲက မေလကနေ ယခု နိုဝင်ဘာလအထိ ၇ လအတွင်း မီးပြင်စရိတ် ၁၇၆,၄၉၀,၃၀၀(သိန်း တထောင့် ခုနှစ်ရာ ခြောက်ဆယ့်လေးသိန်းကိုးသောင်းသုံးရာ)ကျပ် သုံးစွဲခဲ့တယ်လို့သိရပါတယ်။ အထက်ဖော်ပြပါစာရင်းဟာ မော်လူးတစ်မြို့နယ်ထဲက ကောက်ခံရရှိတဲ့စာရင်းဖြစ်ပြီး အင်းတော်မြို့နယ်ထဲက ကောက်ခံရရှိခဲ့တဲ့စာရင်းကိုသိရဖို့ မေးမြန်းထားဆဲဖြစ်ပါတယ်။ မော်လူးမြို့နယ်ထက် အင်းတော်မြို့နယ်ဟာ ကျေးရွာအုပ်စုနဲ့ အိမ်ထောင်စုပိုများကြောင်းလည်းသိရပါတယ်။ အင်းတော်မြို့အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီကနေ စုံစမ်းသိရှိရသလောက် လျှပ်စစ်မီးပြုပြင်ဖို့ ငွေကြေးကောက်ခံတဲ့ကိစ္စဟာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက တိုက်ရိုက်ဆောင်ရွက်တာမဟုတ်ပဲ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ လျှပ်စစ်ဝန်ထမ်းတွေက ဆောက်ရွက်တာလို့သိရပါတယ်။ အခုလို လျှပ်စစ်မီးပြန်ရရှိရေးအတွက် ငွေကြေးကောက်ခံခဲ့ပေမယ့် လျှပ်စစ်မီးပြန်မရတာ၊ ငွေပြန်အမ်းရာမှာလေးအပြည့်ပြန်မအမ်းတဲ့ကိစ္စတွေကြောင့်အင်းတော်နဲ့မော်လူးပြည်သူတွေဟာ NUG အစိုးရကိုအပေါ် ဝေဖန်မှုတွေလည်းရှိနေတယ်လို့သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးမော်လူးနဲ့အင်းတော်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေကိုတိုက်ရိုက်ဆက်သွယ်ခဲ့ပေမယ့်ဆက်သွယ်လို့မရခဲ့ပါဘူး။ မော်လူးမြို့ကိုတော့ တော်လှန်ရေးအင်အားစုတွေက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာသိမ်းပိုက်ခဲ့ပြီး အင်းတော်မြို့ကိုတော့ ၂၀၂၄ ခုနှစ် သြဂုတ်လမှာသိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • May- 2025 -
    13 May
    သတင်း

    စစ်ကိုင်းနဲ့ကချင်အစပ်ကမြို့၂မြို့ကို ဗုံးကြဲလို့ အရပ်သား ၂ ဦးသေဆုံး

    စစ်ကိုင်းနဲ့ကချင်အစပ် စစ်ကိုင်းတိုင်းထဲက မော်လူးမြို့နဲ့ထီးချိုင့်မြို့တွေကို စစ်ကောင်စီတပ်က မနေ့က မေလ ၁၂ ရက်နေ့ တစ်ရက်တည်းမှာပဲ လေကြောင်းအသုံးပြုဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၂ ဦးသေဆုံးခဲ့ရတယ်လို့ KNG က စုံစမ်း သိရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်ထားတဲ့…

    Read More »
  • Jan- 2025 -
    21 January
    သတင်း

    စစ်ကိုင်းတိုင်း မြို့ ၅ မြို့ကို စစ်ကောင်စီတပ် လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်လို့ ကလေးအပါအဝင် သေဆုံးမှုရှိ

    ကချင်ပြည်နယ်နဲ့ ထိစပ်နေသော စစ်ကိုင်းတိုင်းထဲက ထီးချိုင့်မြို့နယ်၊ ခမ်းပတ်မြို့၊ မော်လူးမြို့ ၊ ဟုမ္မလင်းမြို့၊ ကလေးမြို့ တွေကို စစ်ကောင်စီက လေယာဉ်ဗုံးကျဲ တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့…

    Read More »
  • Mar- 2024 -
    19 March
    သတင်း

    မော်လူးမြို့မှာ ဒေသခံ‌တွေရဲ့သစ်ကားဖမ်းတဲ့ကိစ္စဖြေရှင်းနေဆဲလို့ဆို အုပ်ချုပ်ရေးအဖွဲ့ဆို

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့မှာ သစ်ကားတွေကိစ္စ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ မော်လူးမြို့အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို အရပ်သားတွေ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့အထိ ဖြစ်ခဲ့တဲ့ သစ်ကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းနေဆဲ ဖြစ်တယ်လို့သိရပါတယ်။ ပြည်သူ့အုပ်ချုပ်ရေးစနစ်နဲ့အုပ်ချုပ်နေတဲ့ မော်လူးမြို့မှာ မော်လူးတိုက်နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(ပကဖ)တာဝန်ခံလည်းဖြစ်…

    Read More »
  • Feb- 2024 -
    21 February
    သတင်း

    ကချင်နဲ့စစ်ကိုင်းအစပ်က လက်လွတ်ခဲ့ရတဲ့မြို့တွေကိုပြန်ရဖို့ စစ်ကောင်စီတပ်ကြိုးပမ်းနေ

    “စစ်ကောင်စီက ရွှေပြည်အေးကိုပြန်ရဖို့စစ်ကြောင်းထိုးနေတာက ဇန်နဝါရီလတည်းက ဟုတ်တယ် ဒါပေမယ့် သူတို့ပြန်ဆုတ်သွားပြီးမှ  ခုမြင်သာရွာမှာတပ်ဆွဲနေတယ် ဟိုနေ့က အင်အား ၆၀ ကျော်ထပ်ဖြည့်ထားတယ်။ လောလောဆယ် မြင်သာမှာ ၂၀၀ နီးပါးရှိနေတယ် သူတို့ကလောလောဆယ် ရွာတွေဘက်ထိတော့ရောက်ရောက်လာတယ် ရွှေပြည်အေးထိတော့မရောက်လာသေးဘူး”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

    Read More »
  • 13 February
    သတင်း

    မော်လူးစည်ပင်စျေး ဆောက်လုပ်ပြီးစီးဖို့ ငါးလခန့်ကြာမြင့်နိုင်

    စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲက မီးလောင်ပျက်စီးသွားတဲ့ မော်လူးမြို့မစျေး တည်ဆောက်ပြီးစီးနိုင်ဖို့ အချိန် ၅ လ ခန့်ကြာမြင့် နိုင်ပြီး NUG အစိုးရကလည်း ကျပ်သိန်း ၂၀၀ မတည်ထားတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ပေါ့ဆမီးကြောင့် ဆိုင်ခန်းပေါင်း ၁၀၀…

    Read More »
  • Jan- 2024 -
    24 January
    သတင်း

    မော်လူးမြို့မစျေး မီးလောင်မှု ဆိုင်ခန်းပေါင်း ၈၀ ကျော်ပျက်စီးဆုံးရှုံးမှုရှိခဲ့

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့က မြို့မစျေးတန်းမီးလောင်မှုမှာ ဆိုင်ခန်းပေါင်း ၈၀ ကျော်အထိမီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ထိန်း ချုပ်ထားတဲ့ မော်လူးမြို့ထဲက မြို့မစျေးတန်းဟာ မနေ့က ဇန်နဝါရီ ၂၃ရက်နေ့ မွန်းလွဲ ၄ နာရီ ၁၅ မိနစ်အချိန်မှာ…

    Read More »
Back to top button