တိုက်ပွဲသတင်း

ကချင်နဲ့စစ်ကိုင်းအစပ်က လက်လွတ်ခဲ့ရတဲ့မြို့တွေကိုပြန်ရဖို့ စစ်ကောင်စီတပ်ကြိုးပမ်းနေ

စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည််နယ်အစပ် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တွေသိမ်းပိုက်ထားတဲ့ မော်လူးမြို့နဲ့ ရွှေပြည်အေးမြို့တို့ကို စစ်တပ်ကပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDFတွေ  ပူးပေါင်းပြီး တိုက်ခိုက်သိမ်းယူထားတဲ့ အင်းတော်မြို့နယ်ထဲက မော်လူးမြို့နဲ့ ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့တို့ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူချင်တာကြောင့် စစ်အင်အားသုံးပြီး စစ်ကြောင်းထိုးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဟုမ္မလင်းPDFမှတာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။

စစ်ကောင်စီက ရွှေပြည်အေးကိုပြန်ရဖို့စစ်ကြောင်းထိုးနေတာက ဇန်နဝါရီလတည်းက ဟုတ်တယ် ဒါပေမယ့် သူတို့ပြန်ဆုတ်သွားပြီးမှ  ခုမြင်သာရွာမှာတပ်ဆွဲနေတယ် ဟိုနေ့က အင်အား ၆၀ ကျော်ထပ်ဖြည့်ထားတယ်။ လောလောဆယ် မြင်သာမှာ ၂၀၀ နီးပါးရှိနေတယ် သူတို့ကလောလောဆယ် ရွာတွေဘက်ထိတော့ရောက်ရောက်လာတယ် ရွှေပြည်အေးထိတော့မရောက်လာသေးဘူးလို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲမှာရှိတဲ့ ရွှေပြည်အေးမြို့ကို ကာကွယ်ရေးတပ်တွေဘက်က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်ဟာ ရွှေပြည်အေးမြို့ကိုပြန်ရဖို့ ဒီနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ အင်အားအလုံးအရင်းနဲ့ ရွှေပြည်အေးမြို့ထဲ ကိုဝင်ရောက်ခဲ့တာကြောင့် ကာကွယ်ရေးတပ်တွေတပ်ဆုတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ  ရက်နေ့ ကာကွယ်ရေးတပ်ဘက်က ပြန်လည်ထိုးစစ်ဆင်ပြီးတိုက်ခိုက်ခဲ့တာပြီး ရွှေပြည်အေးမြို့ကို ဒုတိယအကြိမ်ပြန်ပြီးထိန်းချုပ်လိုက်နိုင်ပြီး စစ်တပ်ဘက်ကလည်း ရွှေပြည်အေးမြို့ကိုပြန်ရဖို့ကြိုးပမ်းနေကာ ခိုတောင်း၊ မယ်ဇလီ၊ နောင်ဆန်းကျင်စတဲ့ ကျေးရွာတွေဘက်ကနေ မြို့ထဲကို ဝင်ရောက်ဖို့စစ်ရေးလှုပ်ရှားနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ရွှေပြည်အေးမြို့ထဲ စစ်ကြောင်းဝင်ရောက်နိုင်ဖို့ လက်နက်ကြီးပစ်ကူတာတွေ၊ လေယာဥ်နဲ့ဗုံးကျဲပြီး လမ်းရှင်းတာတွေကြောင့် မယ်ဇလီ နဲ့ နောင်ဆန်းကျင်ကျေးရွာကလူနေအိမ်တွေမီးလောင်ပျက်စီးသွားတာမျိုးရှိနေတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်လက်လွတ်ခဲ့ရတဲ့ရွှေပြည်အေးမြို့ကိုပြန်ရဖို့ စစ်ကောင်စီတပ်က ကြိုးပမ်းနေတာနဲ့ပတ်သက်ပြီး ဟုမ္မလင်းPDF တာဝန်ရှိသူ တစ်ဦးက အခုလိုပြောပါတယ်။

ဒီရွှေပြည်အေးကသူတို့(စစ်ကောင်စီအတွက်သိပ်အရေးပါတယ်ရေကြောင်းအတွက် ဗျူဟာ ကျတဲ့နေရာဖြစ်နေတာလည်း ဒီရွှေပြည်အေးကနေပဲ ဖောင်းပြင်ကိုသွားလို့ရတယ် ဟုမ္မလင်းမြို့ထဲကိုသွားလို့ရတယ် ဒီမြို့ကကြားမှာရှိနေတာသူတို့က ထောက်ပို့အတွက် ကုန်းကြောင်းမှာ သာတော့ဘူးလေကောလင်းနယ်မှာကာကွယ်ရေးတွေကုန်းကြောင်းကိုထိန်းထားတာအဲ့တော့ ရေကြောင်းကနေထောက်ပို့လမ်းကြောင်းသုံးချင်နေပေမယ့် ကာကွယ်ရေးတပ်တွေကမြို့ကိုထိန်းထားတော့ သူတ်ို့ကဒါကိုလိုချင်နေတာလို့ သူကပြောပါတယ်။

အလားတူ စစ်ကိုင်းတိုင်းအထက်ပိုင်းထဲက လက်ရှိ အမျိုးသာညီညွတ်ရေးအစိုးရ NUG က ထိန်းချုပ်ထားတဲ့ အင်းတော်နယ်ထဲက မော်လူးမြို့ကိုလည်း ပြန်လည်ထိန်းချုပ်ချင်နေတာကြောင့် ဖေဖော်ဝါရီလ ၁၀ ရက်ကျော်ကနေ  စစ်ရေးလှုပ်ရှားနေပြီး စစ်အင်အားဖြည့်တင်တာတွေပြုလုပ်နေတယ်လို့ အင်းတော်နယ် ပြည်သူ့ကာကွယ်ရေးတပ် (ပကဖက တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။

ဖြစ်နိုင်ခြေကတော့စစ်ကောင်စီဟာ ဒီမော်လူးကို ပြန်ယူဖို့စစ်ရေးလှုပ်ရှားနေတဲ့အရိပ်အရောင်တွေတွေ့ရတယ် မော်လူးနဲ့  မိုင် ဆယ်မိုင်လောက်ဝေးတဲ့ နဘားလမ်းဆုံနားမှာသူတို့နဂိုက အင်အား ၆၀ လောက်ပဲ ရှိတယ် အခုက အဲ့ဒီမှာအခုရက်ပိုင်းထပ်ဖြည့်တာ ၂၀၀ နီးပါးရှိတယ်။မနေ့ကလည်း ဒီဘက်ကိုလှုပ်ရှားလာလို့ တိုက်ပွဲ ဖြစ်သေးတယ်လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အင်းတော်နဲ့ မော်လူးမြို့ကြားက နဘားလမ်းဆုံနဲ့အနီးဝန်းကျင်နေရာတွေမှာ လွန်ခဲ့တဲ့  ရက်လောက်ကတည်းက အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ရေးလှုပ်ရှားပြနေတာဖြစ်ပြီး မနေ့က နဘားလမ်းဆုံမှာ KIAABSDFနဲ့ PDF တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့်အထိနာပြီးလက်ရှိ နဘားလမ်းဆုံမှာတပ်စွဲနေတယ်လို့သိရပါတယ်။ 

မော်လူးမြို့ဟာ မန္တလေးမြစ်ကြီးနား ဗျူဟာကားလမ်းပိုင်းမှာရှိတာဖြစ်ပြီး ကချင်ပြည်နယ်ဘက်ကို စစ်အင်အားနဲ့ စားနပ်ရိက္ခာတွေတင်ပို့တဲ့ လမ်းကြာင်းမှာရှိတဲ့မြို့နယ်ဖြစ်ပြီး စစ်ကိုင်း နဲ့ ကချင်အစပ်မှာရှိတာလည်း ဖြစ်ပါတယ်။

လက်ရှိစစ်ကောင်စီတပ်တွေပြန်သိမ်းယူဖို့ကြိုးပမ်းနေတဲ့မြို့ ရွှေပြည်အေးမြို့ဟာ စစ်ကိုင်းကချင်အစပ် ကချင်ပြည်နယ်ထဲက ဖားကန့်မြို့နယ်နဲ့ထိစပ်နေတာဖြစ်ပြီး မော်လူးမြို့ဟာ ကချင်ပြည်နယ်ထဲက မိုးညှင်းမြို့နယ်ထဲ ထိစပ်နေတာကြောင့် စစ်ကောင်စီအတွက် အရေးပါတဲ့လမ်းကြောင်းပေါ်ကမြို့တွေဖြစ်နေပါတယ်။

ရွှေပြည်အေးမြို့ကို ဟုမ္မလင်း PDF မဟာမိတ်တပ်ပေါင်းစုတွေက၂၀၂၃ ခုနှစ် နိုဝင်ဘာ  ၂ ရက် နေ့မနက်ပိုင်းမှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး မော်လူးမြို့ကိုတော့ ၂၀၂၃ ခှနှစ်ဒီဇင်ဘာ ၁၃ ရက်နေ့မှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကိုင်း– ကချင်အစပ်မှာရှိတဲ့ မြို့နယ်တွေဖြစ်တဲ့ ကောလင်းမြို့ကိုလည်း ကာကွယ်ရေးတပ်ဘက်က ပြီးခဲ့တဲ့နိုဝင်ဘာလ  ရက်နေ့တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပေမယ့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလထဲမှာတော့ စစ်တပ်ဘက်ကပြန်ပြီးထိုးစစ်ဆင်လာတာကြောင့် ကာကွယ်ရေးတပ်ဘက်က လက်လွတ်လိုက်ရတဲ့အခြေနေရှိနေပါတယ်။

ဒါကြောင့် လက်ရှိ ကောလင်းမြို့ကိုပြန်ရလိုက်ပြီဖြစ်တဲ့ စစ်တပ်ဟာ မော်လူးနဲ့ရွှေပြည်အေးမြို့ကိုလည်း ပြန်လည်သိမ်းပိုက်ရယူဖို့ ကြိုးစားလာနေတာလည်း ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button