မံစီမြို့နယ်
-
Dec- 2024 -11 Decemberသတင်း
ဗန်းမော်မြို့နဲ့မံစီမြို့အနီး တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်က လေကြောင်းအကူနဲ့ရိက္ခာချပေးနေ
ကချင်ပြည်နယ် ဗန်းမော်မြို့နဲ့မံစီမြို့နီးမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်က လေကြောင်းအကူနဲ့ရိက္ခာချ ပေးနေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ စတင်လာတဲ့ ဗန်းမော်မြို့နဲ့မံစီမြို့အနီးတိုက်ပွဲ တစ်ပတ်ကြာလာချိန် KIA ပူးပေါင်းတပ်က ဗန်းမော်မြို့တွင်း ရဲစခန်း၊ထွေအုပ်ရုံး၊နည်းပညာတက္ကသိုလ်၊စာသင်ကျောင်းနေရာတွေ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဗန်းမော်မြို့နဲ့မံစီမြို့အကြား ရှိတဲ့ ကာကင်းစခန်း ၇ ခုကို ရှင်းလင်းထားနိုင်ပြီ ဖြစ်ပါတယ်။ လက်ရှိ ဗန်းမော်မြို့တက္ကသိုလ်ကျောင်းနေရာမှာ တပ်စွဲထားတဲ့ စစ်တပ်၊ မြို့ပြင်တပ် ခလရ ၄၇နဲ့ မံစီမြို့စောင့်တပ် ခမရ ၆၀၁၊ ၃၁၉ တပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေသလို KIA ပူးပေါင်းတပ်က ဒီတပ်အားလုံးကို ပိတ်ဆို့တိုက် ခိုက်နေတာကြောင့် စစ်တပ်ဘက်က မနေ့ညစပြီး လေကြောင်းအကူနဲ့ရိက္ခာစပို့ပေးနေတယ်လို့ KIA ရှေ့တန်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “ဗန်းမော်ရယ် မံစီရယ် ၂ ဘက်အညှပ်ခံထားရတော့ ထွက်ပေါက်မရှိတော့ဘူး လက်နက်ချချင်ချ မချရင် သေဖို့ပဲရှိပါတယ်။ မနေ့ညက Y8 နဲ့ အကြာကြီးဝဲပြီးလေထီးနဲ့ချတာဟုတ်တယ် တခါချရင် အထုပ်တွေ တော်တော်များတယ် ”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ တိုက်ပွဲအနီးတစ်ဝိုက် ဒီဇင်ဘာလ ၁၀ ရက်ည Y8 လေယာဉ်အမျိုးအစားနဲ့ ၃ ကြိမ်၊ဂျက်လေယာဉ်နဲ့ ၂ ကြိမ်တိတိ လေထီးနဲ့ရိက္ခာချသွားတယ်လို့ သူကဆက်ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်တပ်ဘက်က လေကြောင်းနဲ့ပြင်းပြင်းထန်ထန်ခုခံနေပေမယ့် ကာကွယ်ရေးတပ်ဘက်ကလည်း အဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဒီဇင်ဘာလ ၁၀ ရက်ည မံစီမြို့စောင့်တပ်ဖြစ်တဲ့ ခမရ ၆၀၁ ၊ ၃၁၉ တပ်ထဲဝင်ရောက်နိုင်ပြီဖြစ်တယ်လို့ သိရပေမယ့် အသေးစိတ် ဆက်စုံစမ်းနေဆဲဖြစ်ပါတယ်။ ခမရ ၆၀၁၊ ၃၁၉ ဟာ မံစီမြို့နဲ့ ၄ မိုင်ဝန်းကျင်အကွာမှာရှိပြီး တစ်ဆက်တည်းရှိတဲ့ တပ်ရင်းဌာနချုပ်ဖြစ်သလို အင်အား ၂၀၀ ခန့်ရှိတယ်လို့လည်း ခန့်မှန်းထားကြပြီး မံစီတိုက်ပွဲမှာ တော်လှန်ရေးဘက်က ၂၀ ဝန်းကျင် အကျအဆုံးရှိသလို စစ်တပ်ဘက်ကလည်း အကျအဆုံးများတယ်လို့ ဆိုပါတယ်။ အလားတူ ဗန်းမော်မြို့တွင်းမှာလည်း တိုက်ပွဲပြင်းထန်နေပြီး ဗန်းမော်တက္ကသိုလ်ကျောင်း၊ မြို့ပြင်တပ် ခလရ ၄၇ မှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာ ခုဆိုရင် ၈ ရက်တိတိရှိလာပြီး စစ်တပ်ဘက်က ဒီဇင်ဘာလ ၁၀ ရက် မနေ့ညမှာ ဗန်းမော်မြို့နဲ့မံစီမြို့အနီးတစ်ဝိုက် လေကြောင်းဖြင့် ၅ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ KIA ရှေ့တန်းသတင်း ရင်းမြစ်ကပြောပါတယ်။ ဗန်းမော်မြို့နယ်ဟာ ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်သလို အရှေ့မှအနောက်သို့ ၃၃ မိုင်၊ တောင်မှမြောက် ၅၅ မိုင်ရှည်လျားပြီး ၇၅၉.၀၁ စတုရန်းမိုင်ကျယ်ဝန်းကာ ဗန်းမော်မြို့နယ်ကို ရပ်ကွက် ၁၆ ခု၊ ကျေးရွာအုပ်စု ၄၁ စု၊ ကျေးရွာပေါင်း ၇၁ ရွာနဲ့ ဖွဲ့စည်းထားပြီး လူဦးရေ ၁၁၀,၀၀၀ (တစ်သိန်းတစ်သောင်း) ခန့် နေထိုင်ပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့စတင်လာတဲ့ တိုက်ပွဲကြောင့် အိမ်စောင့်ကလွှဲပြီး မြို့ခံပြည်သူအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြသလို မြို့အနိီးဝန်းကျင်ရွာပေါင်း ၁၀ ခန့်မှ လူဦးရေ သောင်းဂဏာန်းထွက် ပြေးတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။ “ခုမြို့ထဲမှာတော့ အိမ်စောင့်လောက်ပဲကျန်တယ် အားလုံးက ထွက်ပြေးနေကြပြီ။ မန်းလေး၊မြစ်ကြီးနားဘက်ပြေးတဲ့…
Read More » -
9 Decemberသတင်း
ဗန်းမော်တိုက်ပွဲပြင်းထန်နေချိန် တရုတ်အစိုးရက KIO ကိုတွေ့ဆုံဖို့ဖိတ်ခေါ်
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်နဲ့မံစီမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေချိန် တရုတ်အစိုးရက KIO နဲ့တွေ့ဆိုဖို့ဖိတ်ခေါ်တာကြောင့် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဦးဆောင်တဲ့အဖွဲ့ တရုတ်နိုင်ငံကိုထွက်ခွာသွားကြောင်း KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ (KIO ) ဥက္က ဗိုလ်ချူပ်ကြီး အင်ဘန်လဦးဆောင်တဲ့အဖွဲ့ ဒီဇင်ဘာ ၈ ရက်နေ့ မနေ့ကတည်းက တရုတ်ပြည်ကို ထွက်သွားတာဖြစ်ပြီး တွေ့ဆုံရမယ့်အကြောင်းအရင်းအသေးစိတ်မသိရဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ “KIO က တရုတ်အစိုးရနဲ့တွေ့ဆုံဆွေးနွေးတယ်လို့မဟုတ်ပဲ ကျနော်တို့ KIO ခေါင်းဆောင်တွေကို တရုတ်အစိုးရဘက်က ခေါ်ဆိုတာကြောင့် သွားလိုက်တာဖြစ်တယ်။ တွေ့ဖြစ်၊ မတွေ့ဖြစ် မသိဘူးနော် သွားတော့သွားလိုက်တယ် မနေ့က သွားလိုက်တယ်။ မနေ့ကသွားလိုက်တဲ့ထဲမှာ ကျနော်တို့ ဥက္ကဌ ဗိုလ်ချုပ်အင်ဘန်လ ဦးဆောင်သွားလိုက်တာဟုတ်တယ်။”လို့ KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက KNG ကချင်သတင်းဌာနကို ပြောပါတယ်။ ကချင်ပြည်နယ်တွင်းရှိ တရုတ်–မြန်မာနယ်စပ်တစ်ကြော စီပွားရေးဇုံနယ်အားလုံးကို KIO/KIAထိန်းချူပ်ထားပြီး လက်ရှိ ဗန်းမော်မြို့နဲ့မံစီမြို့နယ်တို့မှာ စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်နေချိန် KIO ကို တရုတ်အစိုးရဘက်က တွေ့ဆုံဖို့ ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။ ခုလို KIO အဖွဲ့ကို တရုတ်အစိုးရဘက်က ဖိတ်ခေါ်တာဟာ ဗန်းမော်တိုက်ပွဲရပ်တန့်ပေးဖို့ ဖြစ်နိုင်သလို၊ KIA သိမ်းပိုက်ထားတဲ့ နယ်စပ်ဂိတ်အားလုံး ပြန်လည်ဖွင့်ဖို့ ညှိနှိုင်းတာလည်း ဖြစ်နိုင်တယ်လို့ တရုတ်အရေးကျွမ်းကျင်တဲ့ကချင်နိုင်ငံရေးလေ့လာသုံးသူတစ်ဦးက ခုလိုပြောပါတယ်။ “အကြောင်းအရင်းက ၂ ခုဖြစ်နိုင်တယ်။ ပထမတစ်ချက်က နယ်စပ်ဂိတ်တွေအားလုံးဖွင့်မယ့်ကိစ္စတိုင်ပင်လာနိုင်မလား၊ နောက် ဒုတိယအချက်က ဗန်းမော်တိုက်ပွဲလည်း ပြင်းထန်နေတာဆိုတော့ ဗန်းမော်တိုက်ပွဲရပ်ပေးဖို့ ပြောတာလည်း ဖြစ်နိုင်တယ်”လို့ ပြောပါတယ်။ ဒါပေမယ့် KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူကြီးအင်ဖန်နော်ဘူပြောတာက တရုတ်အစိုးရနဲ့ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO ကြား တစ်လ(သို့မဟုတ်) ၂ လ တစ်ကြိမ် ပုံမှန်တွေ့ဆုံမှုသာဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ကချင်အထူးဒေသ (၁) နယ်မြေမသိမ်းပိုက်ခင်လည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို တရုတ်ဘက်က တိုက်ပွဲမဖော်ဆောင်ဖို့ ဖိအားပေးခဲ့တာတွေရှိခဲ့ပါတယ်။ ဒါပေမယ့် KIA က တရုတ်ဖိအားတွေကြား မြေရှားသတ္တုထွက်ရှိရာ ကချင်အရှေ့ဘက်ခြမ်း ချီဖွေဒေသ၊ ပန်ဝါမြို့၊ ကန်ပိုင်တီမြို့ စတဲ့နယ်စပ်ကုန်သွယ်ရေး ဒေသအားလုံး သိမ်းပိုက်ထိန်းချူပ်လိုက်ပြီး လက်ရှိချိန်ထိ ကုန်သွယ်ရေးဂိတ်တွေအားလုံး ပိတ်ထားဆဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလ ၄ ရက်နေ့ကစ တရုတ်နယ်စပ် လွယ်ဂျယ်မြို့နဲ့ မိုင် ၄၀ အကွာမှာရှိတဲ့ ဗန်းမော်မြို့ကို ထိုးစစ်စတင်ကာ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေချိန် တရုတ်အစိုးရဘက်က KIO ကို ခေါ်ယူတွေ့ဆုံမှုအပေါ် လူထုကြား စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ ရှမ်းမြောက်မှာ နယ်စပ်ကုန်သွယ်ရေးနဲ့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချူပ် လားရှိုးမြို့အပါအဝင် နယ်မြေအမြောက်အများကို သိမ်းပိုက်ထိန်းချူပ်ထားနိုင်ပြီ ဖြစ်တဲ့ ကိုးကန့် MNDAA နဲ့ တစ်ဖက်က တအာင်းလွတ်မြောက်ရေးအဖွဲ့ PSLF/TNLA တပ်ဖွဲ့ တို့ဟာ တရုတ်ဖိအားကြောင့် စစ်တပ်နဲ့အပစ်ရပ်ပြီး စစ်ကောင်စီနဲ့ ဆွေးနွေးရန် တပ်ဖွဲ့နှစ်ဖွဲ့လုံး ထုတ်ပြန်စာအသီးသီး ထုတ်ပြန်ထားပြီလည်း ဖြစ်ပါတယ်။ တရုတ်– မြန်မာနယ်စပ်မှာ တိုက်ပွဲတွေဖော်ဆောင်တာ မလုပ်ဖို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို တရုတ်ဘက်က နယ်စပ်ဂိတ်တွေပိတ်ပြီး ဖိအားပေးနေချိန်မှာပဲ နယ်စပ်ဒေသတစ်ခုကို KIA က သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
May- 2024 -24 Mayသတင်း
မြေမြုပ်မိုင်းကြောင့် နေရပ်ပြန်ဖို့ခက်ခဲနေကြတဲ့ နမ့်လင်းပါပြည်သူများ
ဆယ်စုနှစ်တစ်စုကြာ စစ်ရှောင်နေကြရတဲ့ ဗန်းမော်ခရိုင် မံစီမြို့နယ် နန်လင်းပါကျေးရွာဒေသခံပြည်သူတွေဟာ နေရပ်ပြန်ဖို့ပြင်ဆင်နေကြပြီဖြစ်ပေမယ့် စစ်ကြွင်းစစ်ကျန်မြေမြုပ်မိုင်းအန္တရယ်စိုးရိမ်နေရဆဲဖြစ်တာကြောင့် အခက်အခဲတွေရှိနေတယ်လို့ နန့်လင်းပါ ဒေသခံတွေက ပြောပါတယ်။ နန့်လင်းပါကျေးရွာက ဒေသခံပြည်သူတွေဟာ ကချင်လွတ်လပ်ရေးတပ်မတော် နဲ့ စစ်ကောင်စီတပ်တို့ရဲ့ ၂၀၁၁ တစ်ကြော့ပြန်တိုက်ပွဲကြောင့် ဗန်းမော်မြို့ ရောဘတ်စစ်ရှောင်စခန်း၊ ထွယ်ဆန်စစ်ရှောင်စခန်းနဲ့ တစ်ခြားနီးစပ်တဲ့ စစ်ရှောင်စခန်းတွေမှာ ဆယ်စုနှစ်တစ်စုကျော်အကြာ ထွက်ပြေးတိမ်းရှောင်နေခဲ့တာဘဲ ဖြစ်ပါတယ်။ လက်ရှိ နန့်လင်းပါကျေးရွာကို KIA ဘက်က ထိန်းချုပ်ထားနိုင်ပေမယ့်လည်း နယ်မြေရှင်းလင်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို သေချာမလုပ်ရသေးတဲ့အတွက် ဒေသခံတွေအနေနဲ့ နေရပ်ပြန်ပြီးနေထိုင်ဖို့ အခက်တွေ့နေကြတာဖြစ်တယ်လို့ နန့်လင်းပါ ဒေသခံ အမျိုးသား တစ်ဦးက ခုလိုပြောပါတယ်။ “အဲဘက်မှာက မြေမြုပ်မှိုင်းကနေရာအနှံ့ ထောင်ထားတော့ မြေတူးကားတွေနဲ့ သေချာမယူလိုက်နိုင်ရင်တော့ အိမ်မပြန်ရဲသေးဘူး မြေတူးကားတွေနဲ့ လုပ်တာတောင် ကားဘီးတွေ မှိုင်းထိပြီးပေါက်သွားတာတွေလည်းရှိတယ်”လို့ဆိုပါတယ်။ နမ်လင်းပါကျေးရွာရဲ့ အရှေ့ဘက်တောင်မှာ စစ်အင်အား ၄၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်စခန်းရှိခဲ့ပေမယ့်လည်း ၂၀၂၄ မတ်လလောက်ကနေ ဆုတ်ခွာသွားကြတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါကြောင့် လက်ရှိမှာတော့ နမ့်လင်းပါရွာကို KIA တပ်က ထိန်းချုပ်ထားပြီဖြစ်ပြီး မိုင်းအန္တရယ်လည်း ရှင်းပေးကြဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။ နမ်လင်းပါကျေးရွာမှာ ၂၀၁၁ လောက်က အိမ်ခြေ ၃၉၀ ကျော်ရှိခဲ့ပေမယ့်လည်း မနှစ်ကတောမီးလောင်ချိန် ဆွေးမြေ့နေတဲ့အိမ်တွေမီးလောင်သွားတာကြောင့ အိမ်ခြေ ၃၀ လောက်သာကျန်ရှိတော့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ခုလို နေအိမ်အဆောက်အအုံအခက်အခဲ၊ မြေမြုပ်မှိုင်းဗုံးအန္တရာယ်တွေနဲ့ စားဝတ်နေရေးဖြေရှင်းဖို့ အခက်အခဲတွေကြောင့် ဒေသခံတွေအနေနဲ့ နေရပ်ပြန်ဖို့ပြင်ဆင်နေပေမယ့် အခက်ခဲမျိုးစုံဖြစ်နေတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးကလည်း အခုလိုပြောပါတယ်။ “ကျွန်မတို့က စစ်မဖြစ်ခင်တုန်းကတော့ ခြံတွေလုပ်တယ် စိုက်ပျိုးရေးတွေပေါ့။ အခုကြတော့ ကျွန်မတို့ လင်မယားလည်း အသက်ကြီးသွားတော့ မလုပ်နိုင်တော့ဘူး။ အစစအရာရာခက်ခဲတယ် စားဖို့ရော၊ မိုင်းတွေရော ရှိသေးတယ်လေ”လို့ သူမက ပြောပါတယ်။…
Read More » -
3 Mayသတင်း
စံလွန်ယန်ကျေးရွာမှာ လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အိမ် ခြေ ၂၀ ခန့်ထိခိုက်ပျက်စီး
ကချင်ပြည်နယ် မံစီမြို့နယ် စံလွန်ယန်ကျေးရွာမှာ လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူနေအိမ် အလုံး ၂၀ ခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မေလ ၂ ရက်နေ့ မွန်းလွဲပိုင်း လေပြင်းမုန်တိုင်းကျရောက်ခဲ့လို့ လူနေအိမ် ၂၀ လုံးတိတိ ထိခိုက်ပျက်စီးသွားတဲ့အပြင် နှစ်ရှည်ပင်…
Read More » -
Apr- 2024 -4 Aprilသတင်း
မံစီမြို့နယ် ဟန်ထက် (Han Htet) ကျေးရွာမှာ တိုက်ပွဲပြင်းထန်နေဆဲ
ဗန်းမော်ခရိုင် မံစီမြို့နယ် ဗန်းမော် – မန္တလေးသွားလမ်းမပေါ် လမ်းလေးဆုံမှာရှိတဲ့ ဟန်ထက်(Han Htet)ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကနေ လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ဟန်ထက်စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်တွေက ဧပြီလ ၃ ရက်နေ့…
Read More » -
Feb- 2024 -17 Februaryသတင်း
စီခမ်းကြီးတပ်စခန်းကို KIA ထိုးစစ်ဆင်တိုက် ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေ
ကချင်ပြည်နယ် မံစီမြိုနယ် စီခမ်းကြီးကျေးရွာမှာရှိတဲ့ စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ဒေသကာကွယ်ရေးတပ် KPDF တို့ပူးပေါင်းပြီး စခန်းသိမ်းတိုက်ပွဲဆက်နွှဲနေတာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက် ၅…
Read More » -
May- 2023 -1 Mayသတင်း
စစ်ရေးတင်းမာနေဆဲဖြစ်သည့် ကျေးရွာ ၃ ရွာမှ စစ်ရှောင်များအတွက် အကူညီလိုအပ်နေဆဲ
ဗန်းမော်မြို့နယ် ခဲမနိုင်၊ နမ့်သဲ၊ မံစီမြို့နယ် နမ့်အူကြီး ကျေးရွာ ၃ ရွာမှ ဒေသခံစစ်ရှောင်များ နေရပ်မပြန်နိုင်သေးသည့်အပြင် အကူအညီများ ဆက်လက်လိုအပ်နေသေးကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။ အဆိုပါ စစ်ရှောင်များသည် ဧပြီလ ၂၆ ရက်နေ့ တိုက်ပွဲကြောင့် မံသာ…
Read More » -
Sep- 2022 -30 Septemberသတင်း
မုန်းဒိန်ပါ ကျေးရွာအတွင်း စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲနေသဖြင့် တိုက်ပွဲဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်နေ
ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မုန်းဒိန်ပါ (Mungding Pa)ကျေးရွာသို့ စစ်ကောင်စီတပ် အင်အား ၂၀၀ ဝန်းကျင်ခန့် ဝင်ရောက်နေထိုင်နေသည့်အတွက် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။ စက်တင်ဘာ ၂၉ ရက် နေ့လည် ၁နာရီဝန်းကျင်စစ်ကောင်စီတပ်သား အင်အား ၂၀၀ ခန့်သည် မုန်းဒိန်းပါကျေးရွာအတွင်းသို့ သေနတ်ပစ်ဖောက်ကာ ဝင်ရောက်လာသဖြင့် ဒေသခံပြည်သူများ ဘုရားကျောင်းနှင့် အခြားဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသော်လည်း…
Read More » -
Jan- 2020 -30 Januaryငြိမ်းချမ်းရေးဆွေးနွေးမှု
KIA တပ်စခန်းတချို့ကို တပ်မတော် ဒရုန်းဖြင့် ထောက်လှမ်းဟု FBR ထုတ်ပြန်
ကချင်ပြည်နယ် မံစီမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်စခန်းကို တပ်မတော်က ဒရုန်းဖြင့် ထောက်လှမ်းခဲ့ကြောင်း Free Burma Rangers အဖွဲ့ ဇန်နဝါရီ ၂၉ ရက်နေ့ ထုတ်ပြန်ခဲ့သည်။ ကျောက်ဖြာရှိ တပ်မတော်စခန်းမှ KIA တပ်ရင်း…
Read More »