တိုက်ပွဲသတင်း

စီခမ်းကြီးတပ်စခန်းကို KIA ထိုးစစ်ဆင်တိုက် ခိုက်‌နေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

ကချင်ပြည်နယ် မံစီမြိုနယ် စီခမ်းကြီးကျေးရွာမှာရှိတဲ့ စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ဒေသကာကွယ်ရေးတပ် KPDF တို့ပူးပေါင်းပြီး စခန်းသိမ်းတိုက်ပွဲဆက်နွှဲနေတာ‌ကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက် ၅ နာရီဝန်းကျင်ကတည်းကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်ကလေကြောင်းအသုံးပြုပြီးတိုက်ခိုက်တဲ့အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ပြောပါတယ်။

တိုက်ပွဲက တော်တော်ပြင်းထန်တယ်။ ခုခုကို လေယာဥ်နဲ့ လာကြဲနေတယ်။လမ်းတွေလည်း အားလုံးပိတ်ထားတယ်။ ရွာထဲမှာအရပ်သားတစ်ချို့ပိတ်မိနေတာရှိတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

လက်ရှိချိန်ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကဂျက်လေယာဉ်နဲ့ ပစ်ခတ်နေတဲ့အတွက် ကျောင်းသားတစ်ဦးထိခိုက်ဒဏ်ရာရရှိထားတဲ့အပြင် နောက်ထပ်အရပ်သားထိခိုက်ဒဏ်ရာရရှိတာလည်း ရှိတယ်လို့သိရပေမယ့် အ‌သေးစိတ်သိရဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

ဒါပေမယ့် စီခမ်းကြီးဒေသခံတစ်ချို့ကတော့ကချင်ရှမ်းအစပ်မှာရှိတဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့ကို KIA,KPDF တပ်က ဇန်နဝါရီလ ၂၁ ရက်နေ့ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မံစီမြို့နယ် စီခမ်းကြီးတပ်စခန်းကိုလည်း ဝင်တိုက်ဖို့သတင်းတွေကြိုပြီးထွက်ပေါ်နေတာကြောင့် ကြိုတင်ထွက်ပြေးတိမ်းရှောင်သွားသူများလည်း ရှိတယ်လို့ သိရပါတယ်။

ရွာခံတစ်ချို့က အရင်လကတည်းကနေကြိုပြီး ပြေးတဲ့သူတွေရှိတယ်။ မဘိမ်းဘက်နဲ့ ဗန်းမော်၊မံစီဘက်ပြေးကြတယ်။ ခုရွာထဲမှာ ကျန်နေတဲ့သူတွေ ပိတ်မိနေတာဟုတ်တယ်လို့ ဒေသခံနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ကချင်ရှမ်းအစပ်မှာရှိတဲ့ စစ်တပ်စခန်းတွေကို KIA,KPDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်သိမ်းပိုက်နေပြီး ဇန်နဝါရီလ တစ်လအတွင်းမှာဘဲ မဘိမ်းမြို့အပါအဝင် မံစီမြို့နယ်ထဲက မံဝိန်းကြီးတပ်စခန်း၊ ကိုက်ထိပ်တပ်စခန်း၊ ဘလောင်ဒိန်ဆာစခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button