မြစ်ကြီးနား

  • Jul- 2024 -
    15 July
    သတင်း

    ပူတာအိုမှာ ဆီကားတွေရောက်ပေမယ့် ဝယ်ယူဖို့ခက်ခဲနေဆဲ

    ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဓါတ်ဆီကားတွေ ဝင်ရောက်လာပေမယ့် ဒေသခံတွေ ဆီဝယ်ယူဖို့ ခက်ခဲနေတယ်လို့သိရပါတယ်။ မြစ်ကြီးနား – ပူတာအို ကားလမ်း မြေပြိုမှု ဆိုးဆိုးဝါးဝါးမဖြစ်ခင် ဇွန်လ ၂၈ ရက်နေ့တက်လာတဲ့ ဆီကားတွေ ဇူလိုင် ၈ ရက်နေ့…

    Read More »
  • 8 July
    သတင်း

    မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်း မလိခမြစ်ချောင်းတစ်ကြောက လူနေအိမ် ၂၀၀ ခန့် ထိခိုက်ပျက်စီးသွား

    မြစ်ကြီးနား – ဆွမ်ပရာဘွမ့် ကားလမ်းမကြီးပေါ် မလိခမြစ်ချောင်းတစ်ကြောမှာရှိတဲ့  ကျေးရွာတွေမှာ ဒီရက်ပိုင်း ရေကြီးရေလျှံဖြစ်ခဲ့တဲ့အတွက် လူနေအိမ် ၂၀၀ ကျော်ထက်မနည်းပျက်စီးဆုံးရှုံးသွားတာကြောင့် ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ ရေကြီးရေလျှံဖြစ်ပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားတဲ့ ကျေးရွာတွေကတော့ ဖုန်အိန်ယန်(Hpung Ing…

    Read More »
  • 4 July
    သတင်း

    မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်း မြေပြိုကျတဲ့နေရာများတဲ့အတွက် ပုံမှန်တိုင်းသွားလာနိုင်ဖို့လချီကျန့်ကြာနိုင်

    မြစ်ကြီးနား – ပူတာအို ကားလမ်းပိုင်း နေရာ ၃ ခုမှာ ကားလမ်းပိုင်းမြေပြိုကျပျက်စီးနေတဲ့အတွက်  ပုံမှန်အတိုင်းသွားလာနိုင်ဖို့ လချီကြာနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပူတာအိုမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က‌နေမိုးသည်းထန်ရွာသွန်းမှုကြောင့် မြစ်ကြီးနားကနေ ဆွမ်ပရာဘွမ့် တက်တဲ့လမ်းပေါ်က တယန်ဇွပ်(Ta…

    Read More »
  • 3 July
    သတင်း

    မြစ်ကြီးနားမှာ စက်သုံးဆီဆိုင်ကြီးတွေပိတ်ထားပြီးနောက် ပုလင်းချိန်တွေ စျေးအဆမတန်တင်ရောင်းနေ

    ရေဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ မြစ်ကြီးနားမြို့ပေါ်မှာ စက်သုံးဆီဆိုင်ကြီးတွေပိတ်သွားပြီး လမ်းဘေး ပုလင်းချိန်နဲ့ ရောင်းချသူတွေ စျေးအဆမတန်ရောင်းချပေးနေတာကြောင့် ပြည်သူတွေစက်သုံးဆီရရှိဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။ မြစ်ကြီးနား ပြည်သူတွေဟာ လက်ရှိမှာ ပြန်လည်ထူထောင်ရေးလုပ်ဖို့ စက်သုံးဆီတွေအရေးပေါ်လိုအပ်နေတာဖြစ်ပေမယ့် မြစ်ကြီးနားမြို့ပေါ်မှာ ရောင်းချပေးနေတဲ့ ဆီဆိုင်ကြီးတွေအားလုံးနီးပါးပိတ်ထားတယ်လို့သိရပြီး လမ်းဘေးပုလင်းချိန်နဲ့သာရရှိနေတယ်လို့ မြစ်ကြီးနားပြည်သူတွေကပြောပါတယ်။ “ကျနော်တို့ သိရသလောက် ဆိုင်ကြီးတွေမှာ ဓါတ်ဆီက လုံးဝမရောင်းပေးတော့ဘူး။ အခုက လမ်းဘေးဆိုင်တွေမှာ ဘယ်လိုရလာလဲတော့မသိဘူး။ တစ်လီတာပြည့်မပြည့် ရှိတဲ့ တစ်ပုလင်းကို မနေ့ကအထိတော့ တစ်သောင်းလောက်နဲ့ ရသေးတာ။ ဒီကနေ့ ဆိုင်ရင် တစ်သောင်းခွဲ ၊ နှစ်သောင်းလောက်ရှိနေပြီ။ အဲလိုဆိုတော့ ကျနော်တို့ ပြည်သူတွေက တော်ခက်ခဲနေတဲ့ အချိန်ဖြစ်နေပါတယ်။ သွားဖို့လာဖို့တောင်အရမ်းခက်ခဲသွားပြီ။ အခုဆိုရင် မီးလည်းမလားဘူး။ ရေလည်းကျလာပြီဆိုတော့ ပြည်သူတွေက ဘာပဲဖြစ်ဖြစ် စက်သုံးဆီက အရမ်းကို လိုအပ်နေတဲ့ အချိန်အပေါ့လေ”လို့ပြောပါတယ်။ မြစ်ကြီးနားမြို့မှာ ဇွန်လ ၃၀ ရက်နေ့ကစပြီး ဧရာဝတီမြစ်ရေဟာတစ်မြို့လုံးနီးပါးဝင်ရောက်ခဲ့ပေမယ့် ဇူလိုင် ၂ ရက်နေ့စပြီး တစ်ချို့ရပ်ကွက်တွေမှာ ရေတွေပြန်ကျသွားပြီဖြစ်ပါတယ်။  ခုလိုရေတွေပြန်ကျသွားတဲ့နောက် ပြည်သူတွေဟာသယ်ယူပို့ဆောင်ရေးအတွက်နဲ့  လူနေရပ်ကွက်တွေမှာ ကျန်ရှိနေသေးတဲ့ ရွံ့နွံတွေကို စက်နဲ့စုပ်ထုတ်တာ၊ ရေတွင်းထဲမှာကျန်ရှိနေတဲ့ ရေပုပ်တွေကို စုပ်ထုတ်ဖို့တာတွေလုပ်ဖို့လိုအပ်နေပေမယ့် စက်သုံးဆီတွေပြတ်နေတဲ့အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။ လက်ရှိ စက်သုံးဆီတွေရရှိနေသေးတဲ့ နေရာတွေမှာလည်း တစ်လီတာကို ၂ သောင်းဝန်းကျင်နဲ့ တစ်ဂါလံကို ၈ သောင်းခန့်အထိ စျေးတင်ရောင်းချနေတာကြောင့် ပြည်သူအပိုင်းဝယ်ယူဖို့ခက်ခဲနေတာလည်းဖြစ်ပါတယ်။ မြစ်ကြီးနားမြို့မှာ စက်သုံးဆီတွေပြတ်လပ်နေတာနဲ့ ပတ်သက်ပြီး ရေကြီးရေလျှံဖြစ်တဲ့နောက်ပိုင်း ဆီဆိုင်ကြီးတွေစက်သုံးဆီရောင်းချပေးတာကို ရပ်တန့်လိုက်ပြီး လမ်းဘေးဆိုင်ရောင်းချတဲ့ သူတွေကို စျေးနှုန်းမြင့်တင် ရောင်းချပေးတာကြောင့် အခုလို ဆီစျေးတွေအဆမတန်ထိုးတက်နေတာဖြစ်တယ်လို့ နောက်ထပ် မြစ်ကြီးနား ပြည်သူတစ်ဦးက ဆက်ပြောပါတယ်။ “ရေတွေပြန်ကျလာတဲ့အခါမှာ ပြည်သူတွေက ပြန်လည်ထူထောင်ရေးအတွက် စက်သုံးဆီတွေ အရမ်းလိုအပ်နေတဲ့ အချိန်လို့ပြောလို့ရမယ်။ ဒါပေမယ့် စက်သုံးဆီရောင်းတဲ့ ဆိုင်တွေက အကုန်မရောင်ပေးဘူး။ အဲဒါကြောင့် စျေးနှုန်းလည်းအရမ်းမြင့်သွားတယ်။ တစ်ချို့ဆိုင်မှာက ဒီဇင်တွေက ရသေးတယ်။ ဓါတ်ဆီဆိုရင် ရောင်းကို မရောင်းပေးတော့ဘူး။ တစ်ချို့ဆီဆိုင်တွေက ရေမြုပ်သွားတယ်လို့ ဆိုတာနားလည်တယ်။ တစ်ချို့ဆိုင်တွေက ရှိနေရဲ့သားနဲ့ မရောင်းပေးဘူး။ တစ်ဆင့်ခံစျေးနဲ့ ပြန်ရောင်းတဲ့ သူတွေကိုပဲ ရောင်းပေးနေတယ်။ အဲလိုဆိုရင်တော့ တစ်ပေပါကို သိန်း ၂၀ လောက်ပေါက်သွားတယ်”လို့ပြောပါတယ်။ အခုလို စက်သုံးဆီတွေ ပြတ်လပ်သွားတာကြောင့် ပြည်သူတွေအရေးတကြီးလိုအပ်နေတဲ့ သောက်သုံးရေရရှိဖို့ရေတွင်းနေရာတွေကို အမြန်ရှင်းလင်းဖို့လိုအပ်သလို ရေဝင်ထားတဲ့ နေအိမ်၊ ဂိုဒေါင်တွေကိုလည်း ရှင်းလင်းရေးမလုပ်ဆောင်နိုင်တဲ့ အခြေအနေကြုံတွေ့နေရတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါ့အပြင် ရေပြည့်နေသေးတဲ့ရပ်ကွက်တစ်ချို့မှာ အရပ်သားတွေလည်းပိတ်မိတ်နေဆဲဖြစ်ပြီး လူမူကူညီရေးအဖွဲ့တွေအနေနဲ့ သွားရောက်ကယ်ထုတ်ချင်ပေမယ့် စက်သုံးဆီမရရှိတဲ့အတွက် မကယ်နိုင်ဘဲ အစားအသောက်သာသွားရောက်ဝေပေးနေတာတွေရှိတယ်လို့ သိရပါတယ်။ “ခုရေကျသွားလည်း တစ်ချို့နေရာမှာက ရေကျန်နေသေးတယ် သွားကယ်ဖို့ကလည်းလှေရရင် ဆီကမရဘူး အဲဒါကြောင့် ကျနော်တို့က အစားသောက်ဘဲလိုက်ဝယ်နေတော့တယ် ရေကလည်းကျနေပြီဆိုတော့လေ”လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ လူမူကူညီရေးအဖွဲ့တစ်ဖွဲ့က တာဝန်ရှိသူတစ်ဦး ခုလိုပြောပါတယ်။ လက်ရှိ မြစ်ကြီးနားမြို့ ရေဝပ်နေသေးတဲ့ရပ်ကွက်တွေဟာ ဧရာဝတီမြစ်နဲ့အနီးမှာရှိတဲ့ ရပ်ကွက်တွေဖြစ်တဲ့ စီတာပူ၊ မန်ခိန်၊ မြို့သစ်ကြီး၊ ကြက်ပေါင်ခြံ စတဲ့မြေနိမ့်ပိုင်းနေရာတွေမှာ ရေပြည့်နေဆဲဖြစ်ပြီး ပြည်သူအများပိုင်းက ရေဘေးဒဏ်ကို ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ ဇွန်လ ၂၉ ရက်ကနေ စတင်ပြီး ကချင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အသီးသီးမှာ ရေကြီးရေလျှံဖြစ်ပေါ်နေပြီး မြစ်ကြီးနားမှာက ပြည်သူသောင်းနဲ့ချီ ရေဘေးအန္တရာယ်ကို ကြုံတွေနေရတာဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေအမှတ်ဟာ ၁၂၀၀ စင်တီမီတာသာရှိပေမယ့် ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ် မြစ်ရေအမှတ်ဟာ ၁၄၀၈ စင်တီမီတာရှိခဲ့ပြီး ဒီနှစ် ၂၀၂၄ ခုနှစ်မှာ စိုးရိမ်ရေအမှတ် ၁၄၀၄ စင်တီမီတာအထိရောက်ရှိခဲ့တာဖြစ်ပါတယ်။ By…

    Read More »
  • 2 July
    သတင်း

    မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေကျနေပြီဖြစ်လို့ အောက်ဘက်ပိုင်းကမြို့တွေ ကြိုတင်ပြောင်းရွှေ့တာတွေ လုပ်ဖို့ မိုး/ဇလ အသိပေး

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေတစ်နာရီကို ၄ လက်မနှုန်းနဲ့ကျနေပြီဖြစ်လို့ ဧရာဝတီမြစ်အောက်ဘက်ပိုင်းမြို့တွေက ဒေသခံတွေကြိုတင်ပြင်ဆင်မှုတွေလုပ်ကြဖို့ ကချင်ပြည်နယ် မိုး/ဇလ ဦးစီး အရာရှိကအသိပေးထားပါတယ်။ ဧရာဝတီမြစ်ရေဟာ မနေ့က ည ၉ နာရီခွဲအထိကို စိုးရိမ်ရေအမှတ် ၆ ပေခွဲအထိရှိခဲ့တာဖြစ်ပြီးတော့ ဒီကနေ့ မနက် ၇ နာရီ စိုးရိမ်ရေအမှတ် လေးပေခွဲဝန်းကျင်အထိဆက်ရှိနေပြီး တစ်နာရီကို ၄ လက်မနှုန်းနဲ့ မြစ်ရေပြန် ကျနေတယ်လို့ မိုး/ဇလ ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေဆက်ကျလာတာနဲ့အတူ အောက်ဘက်ပိုင်းက မြို့တွေဖြစ်တဲ့ ထီးချိုင့်၊ ကသာ၊ ရွှေကူ၊ ဗန်းမော်၊ တကောင်း ၊ မန္တလေးနဲ့ စစ်ကိုင်း စတဲ့မြို့တွေက ဒေသခံတွေ ကြိုတင်ပြင်ဆင်တာ တွေလုပ်ကြဖို့ မိုး/ဇလက အသိပေးထားပါတယ်။ ဒါ့ကြောင့် ကသာဒေသခံတစ်ယောက်ကို KNG က ဆက်သွယ်မေးမြန်းတဲ့အခါ မြစ်ရေအရှိန်နဲ့တက်လာနေပြီး မြေနိမ့်ပိုင်းရပ်ကွက်ကဒေသခံတွေတော့ ရွှေ့ပြောင်းနေကြပြီလို့ အခုလိုပြောပါတယ်။ “ရေကတော့ အရှိန်တော့နည်းနည်းပါလာခဲ့ပြီ။ မြစ်ကြီးနားကျမယ်ဆိုရင်တော့ ကျနော်တို့ စိုးရိမ်ရေ အမှတ် တော့ရောက်နိုင်မယ့်အနေအထားအများကြီးရှိတယ်။ အခြေနေလောလောဆယ်တော့ အောက်ဘက် ပိုင်းက ဒေသခံတွေ ရွှေ့ပြောင်းနေတာမျိုးတော့ရှိလာပြီ“လို့ပြောပါတယ်။ တစ်ဖက်မှာ နှစ်ရက်တာ ရေဘေးအန္တရာယ်ကြုံခဲ့ရတဲ့ မြစ်ကြီးနားမြို့မှာတော့ ကူညီကယ်ဆယ်ရေးတွေ ဆက်တိုက်လုပ်ဆောင်နေရသလို ရေကြီးခဲ့တဲ့ရပ်ကွက်တွေမှာ အင်တာနက်၊ ဖုန်းလိုင်းမရတဲ့အပြင် မီးကတော့ မြစ်ကြီးနားမြို့တစ်မြို့လုံးပြတ်တောက်နေတယ်လို့ လူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။ လက်ရှိ မြစ်ကြီးနားမြို့မှာ မိုးလည်းဆက်ရွာနေသလို ရပ်ကွက်တစ်ချို့တွေမှာတော့ ရေတွေဆက်ဝပ်နေပြီး မြစ်ကြီးနားမြို့အခြေနေနဲ့ပတ်သက်လို့ ဒေသခံတစ်ယောက်က အခုလိုဆက်ပြောပါတယ်။ “မြို့ထဲသွားကြည့်ရသလောက်ကတော့ စီတာပူမနောကွင်းဘက်က မနေ့က ရေတွေအရမ်းကြီးထားတော့ ဒီနေ့လည်းသွားလို့မရဘူးထင်လို့ တပ်ကုန်းလမ်းမကြီးတစ်လျှောက်ပဲလာခဲ့လိုက်တယ်။အဲ့ကနေလာရင်းနဲ့ လမ်းမှာ ဂေါက်ကွင်းရဲစခန်းရှေ့ကရယ် အထက ၂ အဲ့နားတွေကတော့ ဒူးကျော်ကျော်လောက်ရေရှိသေး တယ်။ ကျနော်သွားတဲ့ လမ်းတစ်လျှောက်တော့ အပျက်အစီးတွေမတွေ့ရသလောက်ပဲ။သစ်ပင်လဲတာတို့ တော့ရှိတယ်။ အခုတော့မိုးကရွာနေတယ်။ အရမ်းတော့မရွာဘူး” လို့ပြောပါတယ်။ တစ်ဖက်မှာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ဘက်မှာလည်း မိုးအဆက်မပြတ်ရွာသွန်းနေတဲ့အတွက် ဥရု ချောင်းရေမြင့်တက်လာပြီးတော့ မနေ့က နေ့လည် ၁နာရီလောက်ကစလို့ ရပ်ကွက်တစ်ချို့ ရေကြီး ရေလျှံ မှုတွေဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်က ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ် ၁၄၀၇ cm ၊ ၁၉၉၇ ခုနှစ်တုန်း က စိုးရိမ်ရေအမှတ် ၁၄၁၁ cm အထိ မြစ်ရေမြင့်တက်ခဲ့ဖူးပြီး ဒီနှစ် ၂၀၂၄ ခုနှစ်မှာတော့ ဧရာဝတီမြစ်ရေက စိုးရိမ်ရေအမှတ် ၁၄၀၄ cm အထိ တက်ခဲ့တာဖြစ်ပါတယ်။ By – အမိုး

    Read More »
  • Jun- 2024 -
    30 June
    သတင်း

    မြစ်ကြီးနားမြို့ စိုးရိမ်ရေအမှတ်ရောက်ရှိနိုင်တယ်လို့ ပြည်နယ်မိုးဇလသတိပေး

    ကချင်တစ်ပြည်နယ် မြစ်ကြီးနားမြို့မှာ အခု နှစ်မိုးရာသီရဲ့ဧရာဝတီမြစ်ရေမှတ်ဟာ စိုးရိမ်ရေအမှတ်ရောက်ရှိနိုင်တယ်လို့ ကချင်ပြည်နယ် မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ မြစ်ကြီးနာမြို့မှာ မနေ့ကနေ ဒီကနေ့ နေလည်ပိုင်းအထိ ဧရာဝတီမြစ်ရေဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ဒီညပိုင်း စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာရောက်ရှိနိုင်တယ်လို့ ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒဦးစီးအရာရှိ ဦးနိုင်လင်းထွေး …

    Read More »
  • 21 June
    သတင်း

    မြစ်ကြီးနား – ပူတာအိုကားလမ်းမြေပြိုမှုကြောင့် ကားသေးတွေသာသွားလာလို့ရ

    ကချင်ပြည်နယ် ပူတာအိို–မြစ်ကြီးနားကားလမ်းပိုင်းတစ်နေရာမှာမြေပြိုထားတဲ့အတွက် ကုန်ကားကြီးတွေပိတ်မိနေပြီး ကားအသေးတွေသာ သွားလာလို့ရနေတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့နယ်ထဲက တန်ဂျာကျေးရွာနဲ့ မဆွန်ဇွပ်ကျေးရွာကြားက (ဒေသအခေါ် )ကျောက်ရေတွင်းအနီးမှာ ဇွန်လ ၁၉ ရက်နေ့က မိုးရွာသွန်းမှုကြောင့်ကားလမ်းတွေမြေပြိုပြီးတံတားငယ်တစ်ခုပျက်စီးသွားတာကြောင့် လက်ရှိကုန်ကားကြီးတွေသွားလာလို့မရဖြစ်နေတယ်လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ “ကားလမ်းမြေပြိုတာတော့ဟုတ်တယ် တံတားသေးသေးလေးတစ်ခုလည်းပါသွားတယ်တဲ့။…

    Read More »
  • 19 June
    သတင်း

    အကျဲ- ဖရောရွာချင်းဆက်လမ်းဖြတ်တောက်လိုက်တဲ့နောက် စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားတာတွေစတင်လာ

    မြစ်ကြီးနားမြို့နယ် အကျဲရွာနဲ့ ဖရောရွာ ဆက်သွယ်ထားတဲ့လမ်းကို စစ်တပ်ဘက်က မြေကျင်းတူးပြီး လမ်းဖြတ်တောက်လိုက်တဲ့နောက် ဇွန်လ ၁၈ ရက်နေ့ကစပြီး စစ်ရေးလှုပ်ရှားတာတွေစတင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်း အာကျဲနဲ့ဖရောရွာချင်းစပ်လမ်းကို စစ်ကောင်စီတပ်က ဘက်ဖိုးမြေကျင်းတူးပြီး ဖြတ်တောက်လိုက်တဲ့အတွက် ဒေသခံပြည်သူတွေ တစ်ခြားလမ်းကိုကွေ့ရှောင်ပြီး ခက်ခက်ခဲခဲသွားလာနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။  “ရွာသားတွေရဲ့ အဓိကသွားလမ်းဖြစ်တယ် အောက်ဘက် မြစ်ကမ်းဘေးတစ်လျှောက်မှာ ခြံတွေလုပ်တော့ ခြံသွား အလုပ်သွားအဓိကလမ်း ဖြစ်တယ်။ တာလောကြီး–ဟိုကပ်ဘက်ကို အမြဲသွားလာပြီး အရောင်းအဝယ်လုပ်နဲ့ အသက်မွေးဝမ်းကျောင်းအတွက် အဓိကအသုံးပြုနေတဲ့လမ်းဖြစ်တယ်။ ဒါကြောင့် ဒီလမ်းကို တူးဖော် ဖြတ်တောက်လိုက်တော့ အခက်ကြုံသွားတာပေါ့”လို့ပြောပါတယ်။ စစ်ကောာင်စီတပ်လမ်းဖြတ်တောက်လိုက်တဲ့နေရာဟာ အကျဲကျေးရွာကနေ ၁ ဖာလုံလောက်အကွာမှာရှိပြီး ဘတ်ဖောနဲ့ ၄ ပေခန့်နက်အောင်တူးလိုက်တဲ့အပြင် အကျယ် ၅ ပေဝန်းကျင်လမ်းဖြတ်တောက်ထားတာဖြစ်ပါတယ်။  အဲဒီလမ်းဟာ ဒေသခံတွေ ဧရာ၀တီမြစ်ကမ်းဘေးတစ်လျှောက် စိုက်ပျိုးရေးနဲ့ ရွှေလုပ်ကွက်တွေဆီအဓိက သွားလာနေကြတဲ့လမ်းဖြစ်သလို တာလောကြီး – ဟိုကပ်နဲ့ ဆင်ဘိုမြို့  ကနေ ရွှေကူမြို့ဘက်နဲ့ဆက်သွယ်ထားတဲ့လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။ “အကျဲရွာကနေ ဖရောအောက်ဘက်ပိုင်း တာလောကြီး– ဟိုကပ် ဘက်သွားတဲ့ ကားတွေ၊ ပြီးတော့ ရွှေတူးဖော်တဲ့သူတွေ သွားသွားလာလာလုပ်တယ်။ ခရီးသည်ကားတွေနဲ့ ဓါတ်ဆီနဲ့ ရိက္ခာတွေ ကားကြီးတွေနဲ့ပဲ ပုံမှန်ဖြတ်နေတော့ သူတို့ (စစ်တပ်) က ဘယ်လိုမြင်လာလဲမသိဘူးလေ။ ဒါကြောင့် အဲဒီလမ်းကို တူးဖော်ဖြတ်တောက်လိုက်တာလို့မြင်တယ်။”လို့ အာကျဲကျေးရွာဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ ဇွန်လ ၁၇ ရက်နေ့မနက် လမ်းဖြတ်တောက်လိုက်တဲ့နောက်  ဇွန်လ ၁၈ ရက်နေ့မှာတော့ နေ့လည် ၁၁ နာရီခွဲဝန်းကျင် စစ်အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဟာ  အကျဲရွာနဲ့ဖရောရွာတောလမ်းဘက်ကို စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားလာတာတွေရှိနေတယ်လို့ သိရပါတယ်။ အဲဒီ စစ်ကောင်စီစစ်ကြောင်းကို KIA ပူးပေါင်းတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တဲ့အတွက် အကျဲရွာနဲ့ဖရောရွာကြားမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်ကထိခိုက်သေဆုံးတာတွေရှိတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။ ဒါပေမယ့်  ထိခိုက်သေဆုံးမှုအသေးစိတ်ကိုတော့ မသိရသေးပါဘူး။ လက်ရှိ စစ်ကောင်စီဘက်က စစ်ရေးအခြေအနေ တင်းမာလာတဲ့နေရာတွေတိုင်းမှာ အများပြည်သူအသုံးပြုတဲ့ လမ်းတွေကိုတူးဖော် ဖြတ်တောက်တာတွေ ဆက်တိုက်ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 18 June
    သတင်းဆောင်းပါး

    တစ်ပူပေါ် နှစ်ပူဆင့်နေတဲ့ ပူတာအိုပြည်သူများ

    “ကုန်ကားတွေက ပူတာအိုရောက်လာပေမယ့် ဝိုင်းအုံလုဝယ်ကြဆိုတော့ ကုန်စျေးနှုန်းကလည်း မကျနိုင်ဘူး။ ပြီးတော့ ကုန်ပစ္စည်းတွေကလည်း ဘယ်နေရာမှာကုန်သွားလဲတောင် မသိလိုက်ဘူး”လို့မြစ်ကြီးနားကို ခေတ္တရောက်နေတဲ့ ပူတာအိုဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

    Read More »
  • 12 June
    သတင်း

    မြစ်ကြီးနားမှာ ညမထွက်ရ အမိန့်ကြောင့် တစ်ပတ်ကျော်အတွင်း ဖမ်းဆီးခံရသူ ၃၀ ဝန်းကျင်ရှိလာ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အရပ်သားဖမ်းဆီးခံရမှု ခပ်စိပ်စိပ်ဖြစ်လာပြီး တစ်ပတ်ကျော်အတွင်းဖမ်းဆီးခံရသူ ၃၀ ထက်မနည်းရှိပြီဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွက ပြောပါတယ်။ ‌စစ်ကောင်စီတပ်ဟာ ဇွန်လ လဆန်းပိုင်းကစပြီး မြစ်ကြီးနားမြို့ ရမ်ပူ၊ လယ်ကုန်း၊ ရှမ်းစုတောင်၊ ကြက်ပေါင်ခြံ၊ ခေမာသီရိ၊ မြို့သစ်ကြီး၊ အောင်နန်းစတဲ့ ရပ်ကွက်တွမှာ ည ၉ နာရီနောက်ပိုင်း လိုက်လံဖမ်းဆီးနေတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံပြည်သူတစ်ဦးက ဆိုပါတယ်။ “ကျနော့်ညီဖမ်းခံရတာ အိမ်ကသွားထုတ်လာတာ ၄ သိန်းကျော်ကုန်တယ်ပြောတယ်။ ခေမာသိီရိဘက်မှာဖမ်းခံရတာ အဲဒီညထဲမှာဘဲ အယောက် ၂၀ လောက်ဖမ်းခံရတာလို့ပြောတယ်။ အထဲမှာလည်း အများကြီးရှိသေးတယ် ထွက်လာလို့မရသေးတဲ့သူတွေ”လို့ ဆိုပါတယ်။ ဖမ်းဆီးခံရတဲ့သူတွကို ညမထွက်ရအမိန့်ကျူးလွန်တယ်ဆိုတဲ့အကြာင်းပြချက်နဲ့ ရဲစခန်းမှာဖမ်းထားပြီး ခံဝန်ကတိရေးထိုးစေကာ အာမခံကြေး၊ရှေ့နေငှားရမ်းခ အပြီးအစီး တစ်ဦးလျှင် ပျှမ်းမျှ ၄ သိန်းကျော်ကုန်ကျပြီး ထုတ်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။  လက်ရှိ မြစ်ကြီးနားမြို့မရဲစခန်းမှာလည်း ဖမ်းဆီးခံရသူ ၂၀ ဦးထက်မနည်းရှိတဲ့အပြင် ပလနကျေးရွာ နယ်မြေရဲစခန်းဘက်မှာလည်း ဖမ်ဆီးခံထားရသူ ၁၀ ဦးထက်မနည်းရှိတယ်လို့ နောက်ထပ် မြစ်ကြီးနားမြို့ခံတစ်ဦးကလည်း  ဆက်ပြောပါတယ်။ “ဟုတ်တယ် သူက ဖမ်းတဲ့နယ်မြေမှာဘဲချုပ်ထားတာ ဥပမာ မြစ်ကြီးနားမြို့တွင်းဆိုရင် ရဲစခန်းမှာချုပ်ထားတယ်။ ကျမအသိတစ်ယောက် ပလန ဘက်ဖမ်းခံရတာ။ အလုပ်ကိစ္စနဲ့ ည ၉ နာရီလောက်ပြန်လာတာ လမ်းမှာဖမ်းခံရတာဟုတ်တယ်။ ခုတော့ ထုတ်ခဲ့ပြီ”လို့ပြောပါတယ်။ ဖမ်းဆိီးခံရသူတွေကို စစ်ကောင်စီတပ်တွေက ဖုန်းစစ်ဆေးတာတွေပြုလုပ်ပြီး မသင်္ကာတဲ့သူတွေကလွှဲလို့ ကျန်တဲ့သူတွေကို ရုံးထုတ်စစ်ဆေးကာပြန်လွှတ်ပေးနေတယ်လို့လည်း သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့တွင်း တော်လှန်ရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ ခုလိုပြောပါတယ်။ “သူတို့က တစ်ချက်ခုတ် နှစ်ချက်ပြတ်သဘောလုပ်နေတာ ပိုက်ဆံလည်းရ တစ်ဖက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေကိုလည်း စစ်ဆေးပြီးသားသဘော ဟုတ်တယ်။ မြစ်ကြီးနားမှာ လုံခြုံရေးခေါင်းစဉ်နဲ့ညတိုင်း ကင်းပတ်တယ် ကင်းပုန်းဝပ်တာပုံမှန်ရှိတယ် အဲဒါကြောင့် ပြည်သူတွေအနေနဲ့ အရေးမကြီးရင် အပြင်မထွက်ဖို့ပြောချင်တယ်”လို့ မြစ်ကြီးနားမြို့တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ ဒါ့အပြင် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တစ်ချို့မှာ ဧည့်စာရင်းလိုက်လံစစ်ဆေးတာတွေလည်း  ပုံမှန်ရှိနေတယ်လို့လည်း သိရပါတယ်။  မြစ်ကြီးနားမြို့ဟာ ကချင်ပြည်နယ်ရဲ့မြို့တော်ဖြစ်ပြီး လက်ရှိ မြို့ရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ ဝိုင်းမော်မြို့နယ်ဘက်ကို စစ်ရေးပြင်းထန်လာတာနဲ့အမျှ မြစ်ကြီးနားမြို့မှာလည်း စစ်ဆေးတင်းကြပ်တာတွေပိုများလာနေတယ်လို့လည်း မြစ်ကြီးနားမြို့ခံတွေကပြောပါတယ်။ မြစ်ကြီးနားမြို့မှာ စစ်ကောင်စီက ည ၁၀ နာရီနောက်ပိုင်းအပြင်ထွက်မရ အမိန့်ကို ပြီးခဲ့တဲ့မေလမှာ တစ်ဖန်ထုတ်ပြန်ထားပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ By – CJ

    Read More »
Back to top button