မှော်စီဆာ
-
Nov- 2024 -15 Novemberသတင်း
မြေစာပုံပြိုကျတဲ့နေရာ ၅ ရက်ကြာလာတဲ့အထိ ဝင်ခွင့်ပိတ်ထားဆဲဖြစ်သောကြောင့် သေဆုံးမှုစာရင်းမသိရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီဆာကျေးရွာ မြေစာပုံပြိုကျခဲ့တဲ့နေရာကို ၅ ရက်ကြာတဲ့အထိ ဝင်ဝင်ခွင့်ပိတ်ထားဆဲဖြစ်သောကြောင့် သေဆုံးမှုစာရင်းမသိရဘူးလို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်း ၁၂ နာရီဝန်းကျင်လောက်မှာ မှော်စီစာရွာမှာရှိတဲ့ တင်အောင်ကြိုင် လုပ်ကွက်ဟောင်းမြေနေရာပြိုကျခဲ့တာဖြစ်ပြီး ဒေသခံတွေကတော့ သေဆုံးသူ ၂၀ ဦးထက်မနည်းရှိနိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ မြေပြိုကျတဲ့အဲ့ဒီကုမ္ပဏီလုပ်ကွက်ဟောင်းထဲကို ဘယ်သူ့ကိုမှဝင်ခွင့်မပေးတဲ့အတွက် သေဆုံးမှုစာရင်း မသိရဘူးလို့ ဒေသခံတစ်ဦး ခုလိုပြောပါတယ်။ “လက်ရှိအနေ အထားက မြေပြိုတဲ့နေရာကို ဘယ်သူမှဝင်လို့မရဘူး။ ကယ်ဆယ်ရေးအဖွဲ့တွေလည်း ဝင်လို့မရဘူး ဖြစ်နေတယ်။ အဓိကပြောချင်တာက မြေပြိုတဲ့နေရာကိုဘယ်သူမှသတင်းယူပိုင်ခွင့်မရှိသလို ဘယ်လောက်သေဆုံးတယ်ဆိုတာလည်းမသိရဘူး။”လို့ပြောပါတယ်။ လက်ရှိ မြေပြိုကျမှုဖြစ်ပွားခဲ့တာဟာ မှောစီစာကျေးရွာထဲက (ဒေသအခေါ် ) တင်အောင်ကြိုင်လုပ်ကွက်ဟောင်းနေရာဖြစ်ပြီး မြေစာကားနှစ်စီးမြေစာသွန်ချရာကနေ မြေစာပြတ်ကျပြီးရေကန်ထဲလျောကျကုန်တာ လို့ ဒေသခံတွေကဆိုပါတယ်။ အဆိုပါ မြေစာပြတ်ကျရာမှာ ပျောက်ဆုံးနေတဲ့ မြေစာကားမောင်းသူ၊ မြေစာကားနောက်လိုက်သူတွေ အပါအဝင် ရေမဆေးသမားများပျောက်ဆုံးနေပြီး အခင်းဖြစ်နေရာကို မည်သည့်အဖွဲ့ကမ ဝင်ခွင့်ပိတ်ဆို့ထား တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတစ်ဦးကဆက်ပြောပါတယ်။ “တာဝန်ရှိတဲ့သူလား၊ ကုမ္ပဏီကအဖွဲ့ဝင်တွေလားတော့မသိရဘူး။ ကန့်သတ်ချက်ပဲမဟုတ်ဘူး။ အမှောင်ချ တာ။ ကုမ္ပဏီအနေနဲ့လည်းဒီသတင်းကိုမပေါက်ကြားစေချင်တဲ့သဘောပေါ့။ တာဝန်ရှိတဲ့သူတွေ ကလည်း ဒီသတင်းကိုအပြင်မထွက်စေချင်တဲ့သဘောပေါ့။”လို့ဒေသခံတစ်ဦးကပြောပါတယ်။ ဖားကန့်မြို့နယ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းကစတင်လို့ အင်တာနက်ရော၊ ဖုန်းလိုင်းပါ ဖြတ်တောက်ခံထားရတဲ့အပြင် ဆိုင်းတောင်တိုက်ပွဲနောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က သတင်းထိန်းချုပ်မှုတွေလည်းရှိနေတဲ့အတွက် သတင်းအတိအကျရရှိဖို့ခက်ခဲတဲ့ဒေသလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်း မတ်လအတွင်းစတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIAရဲ့ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာထိုးစစ်ဆင်တိုက်ပွဲအတွင်း ဖားကန့်မြို့နယ်အတွင်းမှာလည်း နှစ်ဖက်တပ်တွေတိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိတော့ ဖားကန့်မြို့နယ်တစ်ခုလုံးနီးပါးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က နယ်မြေစိုးမိုးထားပြီး စစ်ကောင်စီရဲ့ဖားကန့်ဗျူဟာကုန်းတစ်ခုသာကျန်ရှိတော့သလို အဲ့ဒီဗျူဟာကုန်းကစစ်ကောင်စီတပ်ဖွဲ့ဝင် တွေဟာလည်း စစ်ရေးလှုပ်ရှားတာတွေမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဖားကန့်မြို့နယ်မှာ နှစ်စဥ်ဆိုသလို ကျောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေစာပြိုကျမှုတွေကြောင့် ရေမဆေးသမားတွေနှစ်စဥ်သေဆုံးမှုတွေရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇူလိုင်လကဖြစ်ပွားခဲ့တဲ့ ဝှေခါရွာ မြေပြိုမှုမှာ အရပ်သား ၂၀၀ အထိသေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ၂၀၂၄ ဇွန်လအတွင်းမှာတော့ မှော်စီစာကျေးရွာမှာပဲ ကျောက်စိမ်းလုပ်ကွက်တစ်ခု မြေစာပြိုကျခဲ့လို့ ရေမဆေးသမားတစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ By – အမိုး
Read More » -
May- 2023 -9 Mayသတင်း
လူနေရပ်ကွက်အထိ ကျောက်စိမ်းအလွန်အကျွံ့တူးဖော်လာမှုကြောင့် ဒေသခံများ သောက်သုံးရေခက်ခဲလာ
ဖားကန့်မြို့နယ် လုံးခင်း မှော်စီဆာကျေးရွာတွင် လူနေရပ်ကွက်များအထိ စက်ယန္တရားကြီးများဖြင့် ကျောက်စိမ်းအလွန်အကျွံ့ တူးဖော်လာသောကြောင့် ဒေသခံများ သောက်သုံးရေခက်ခဲလာကြောင်း သိရသည်။ စစ်တပ် အာဏာသိမ်းပြီးချင်း ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ စစ်တပ်နှင့် ပူးပေါင်းသည့် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီကြီးများသည် လူနေရပ်ကွက်များအထိပါ ကျောက်စိမ်းတူးဖော်လာသောကြောင့် လက်ရှိတွင် ရေကြောများ ပျက်လာကြောင်း မှော်စီဆာကျေးရွာမှ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ “ကျွန်တော်ဒီမှာနေတာ လေးနှစ်ငါးနှစ်ရှိပြီ တစ်ခေါက်မှဒီလောက်ထိရေခက်ခဲတာမကြုံဖူးဘူး ဒီနှစ်ကပိုပြီးရေရှားလာတယ် မနှစ်ကထက်ပေါ့။ ဘာလို့ဆို စက်ယန္တရားကြီးတွေက တဖြည်းဖြည်းနဲ့ရပ်ကွက်ထဲ ရောက်လာတာလေ ။ အခုဟာက အဝီစိတွင်းတောင်ရေခမ်းကုန်ပြီ တချို့အဝီစိရေတွင်းတွေတော့ ရတယ်။ ဒါပေမယ့် သောက်လို့မရဘူး ရေချိုးဘာညာလောက်ပဲရတယ်”ဟုပြောသည်။ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် စစ်တပ်နှင့် အကျိူးတူ ပူးပေါင်းသည့်…
Read More » -
Mar- 2023 -3 Marchလူ့အခွင့်အရေးချိုးဖောက်မှု
မှော်စီဆာကျေးရွာတွင် စစ်ကောင်စီတပ် လူငယ်အချို့ကို လိုက်လံဖမ်းဆီနေ
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီဆာကျေးရွာရှိ ရပ်ကွက်တစ်ခုတွင် စစ်ကောင်စီတပ်ဖွဲ့မှ အင်အားလုံးအရင်းဖြင့် အကြမ်းဖက် ဝင်ရောက်စီးနင်းမှုများရှိနေသည့်အတွက် ရပ်ကွက်နေ လူငယ်များတစ်ချို့ ထွက်ပြေးတိမ်းရှောင်နေရဆဲကြောင်း ဒေသခံများထံမှသိရသည်။ မတ်လ ၂ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင်တွင် မှော်စီဆာကျေးရွာ အမှိုက်ပုံရပ်ကွက်ဘက်သို့…
Read More » -
Feb- 2023 -23 Februaryသတင်း
ဖားကန့်တွင် စစ်ကောင်စီ ဖမ်းဆီးထားသည့် အရပ်သား ၃၀ ကို ပြန်မလွတ်ဘဲ ငွေကြေးဖြင့် ရွေးယူခိုင်းနေ
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီဆာကျေးရွာတွင် ပြီးခဲ့သည့်အပတ် စစ်ကောင်စီက ဖမ်းဆီးသွားသည့် အရပ်သား ၃၀ ကျော်ကို ကုမ္ပဏီဝင်းတစ်ခုတွင် ထိန်းသိမ်းထားကြောင်း သိရသည်။ စစ်ကောင်စီစစ်သား အင်အား ၃၀ ကျော်ပါဝင်သည့် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည…
Read More » -
16 Februaryသတင်း
ဖားကန့်တွင် အရပ်သားပြည်သူ ၃၀ ကို စစ်ကောင်စီအဖွဲ့ အကြောင်းမဲ့ ဖမ်းဆီးထား
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီဆာကျေးရွာတွင် စစ်ကောင်စီအဖွဲ့က ယမန်နေ့ ၄ နာရီဝန်ကျင်အချိန် အရပ်သားပြည်သူ ၃၀ ကျော်ကို အတင်းအဓမ္မ အကြမ်းဖက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ စစ်အင်အား ၃၀ ကျော်ပါဝင်သည့် စစ်ကောင်စီအဖွဲ့က ဖားကန့်မြို့ပေါ်ဘက်မှ…
Read More »