လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

မှော်စီဆာကျေးရွာတွင် စစ်ကောင်စီတပ် လူငယ်အချို့ကို လိုက်လံဖမ်းဆီနေ

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီဆာကျေးရွာရှိ ရပ်ကွက်တစ်ခုတွင် စစ်ကောင်စီတပ်ဖွဲ့မှ အင်အားလုံးအရင်းဖြင့် အကြမ်းဖက် ဝင်ရောက်စီးနင်းမှုများရှိနေသည့်အတွက်  ရပ်ကွက်နေ လူငယ်များတစ်ချို့ ထွက်ပြေးတိမ်းရှောင်နေရဆဲကြောင်း ဒေသခံများထံမှသိရသည်။

မတ်လ ၂ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင်တွင် မှော်စီဆာကျေးရွာ အမှိုက်ပုံရပ်ကွက်ဘက်သို့ စစ်ကောင်စီအဖွဲ့  ဝင်ရောက်တပ်စွဲထားသဖြင့် လူငယ်များကို လိုက်လံဖမ်းဆီးနေသည်ဟု လုံးခင်းကျေးရွာနေ အမျိုးသားတစ်ဦး KNG ကိုပြောသည်။

အင်အားကများတယ် ၁၀၀ လောက်ရှိတယ် ညကရုတ်တရက်ဝင်စီးကြတာက မှော်စီဆာမှာရှိတဲ့ အမှိုက်ပုံးရပ်ကွက်မှာဟုတ်တယ်။ အဲ့လိုဝင်စီးတာတွေလုပ်တော့ လူငယ်တွေက လုံးခင်းဘက်ကို ထွက်ပြေးလာကြတာဟုတယ်။ အဓိက သူတို့က လူငယ်တွေကို အဓိကဖမ်းလို့လေဟုပြောသည်။

အဆိုပါ စစ်ကြောင်းသည် ယနေ့ နံနက်ပိုင်းအထိ မှော်စီဆာကျေးရွာအနီး ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တစ်ခုတွင် တပ်စွဲနေထိုင်လျက်ရှိနေပြီး ကင်းပုန်းဝပ်ခြင်း၊ စစ်ရေးလှုပ်ရှားမှုများရှိကြောင်း ဒေသခံများက ပြောသည်။

ဒီမနက်အထိ အဲ့ရပ်ကွက်အနီးလုပ်ကွက်တစ်ခုမှာ စစ်သားတွေရှိနေသေးတယ်လို့ပြောကြတယ်ဟုနောက်ထပ်ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။

ယမန်နေ့ စစ်ကောင်စီအဖွဲ့၏ ဝင်ရောက်စီးနင်းခံရမှုတွင် အရပ်သားပြည်သူများ ဖမ်းဆီးခံရမှုရှိမရှိကို KNG သတင်းဌာနမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဖားကန့်ဒေသတွင် စစ်ကောင်စီိအဖွဲ့က ယခုရက်ပိုင်းအတွင်း ကျေးရွာ ရပ်ကွက်နေရာများတွင် ဝင်ရောင်စီးနင်း ဖမ်းဆီးမှုများပုံမှန်လုပ်ဆောင်နေပြီး မတ်လ ၁ ရက်နေ့တွင် ရှရော်ခါးကျေးရွာမှ အရပ်သား ၁၀၀ ကျော်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် စဗျစ်ခူးကျေးရွာမှ အရပ်သား ၆၀ ကျော်ဖမ်းဆီးခံရမှုရှိခဲ့သည်။

Show More

Related Articles

Back to top button