ယာဉ်တိုက်မှု
-
Jun- 2024 -5 Juneသတင်း
မြစ်ကြီးနားမြို့ ယာဉ်တိုက်မှုဖြစ်စဉ်တွေမှာ လူငယ်အများဆုံး ပါဝင်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွင်း ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှု ဖြစ်စဉ်တွေမှာ လူငယ်အများဆုံးပါဝင်တယ်လို့ မြစ်ကြီးနားမြို့ အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေ ဆီကနေ သိရပါတယ်။ ယာဉ်တိုက်မှုဖြစ်တဲ့ထဲမှာ အသက် ၂၀ ကျော် ကနေ ၃၅ နှစ်အောက်လူငယ်အရွယ်တွေ အများဆုံးဖြစ်ပြီး အရက်သေစာ သောက်စားမူးယစ်ကာ ယာဉ်မောင်းနှင်တာကြောင့်ဖြစ်တယ်လို့ မြစ်ကြီးနား…
Read More » -
May- 2024 -3 Mayသတင်း
မြစ်ကြီးနား နဲ့ ဝိုင်းမော်မှာ တစ်လအတွင်းယာဉ်တိုက်မှုပေါင်း အကြိမ် ၆၀ ကျော်ဖြစ်ပွား
မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့မှာ ပြီးခဲ့တဲ့ ဧပြီလတစ်လအတွင်း ယာဉ်တိုက်မှုပေါင်း အကြိမ် ၆၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ စုစည်းထားချက်အရ သိရပါတယ်။ မြစ်ကြီးနားမြို့ အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ဖော်ပြချက်မှာတော့ ယာဉ်တိုက်မှုပေါင်း အကြိမ် ၅၀မှာ သေဆုံးမှုတစ်ကြိမ်ပါဝင်ပြီး ဝိုင်းမော်မြို့အခြေစိုက် မွန်မြတ်စေတာလူမှုကယ်ဆယ်ရေးအသင်းရဲ့စုစည်းထား ချက်အရ ယာဉ်တိုက်မှု ၁၁ ကြိမ်ဖြစ်ပွားခဲ့တဲ့ထဲမှာ သေဆုံးမှု တစ်ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလမှာ ဖြစ်ခဲ့တဲ့ယာဉ်တိုက်မှုတွေကတော့ သင်္ကြန်ကာလဖြစ်တဲ့အတွက် ပိုပြီးအဖြစ်များလာတယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းရဲ့အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။ “ဒီလကတော့ သင်္ကြန်ကာလ ၄ ရက်မှာ အများဆုံး ဖြစ်သွားတယ် လူငယ်တွေနဲ့ အဖိုးအဖွားအရွယ်တွေ ပိုပြီးမှဖြစ်သွားတာပေါ့ ဖြစ်တာက ညနေစောင်းစောင်း အချိန်တွေမှာဟုတ်တယ်”လို့ ဆိုပါတယ်။ ဒါကြောင့် ယာဉ်တိုက်မှုတွေ လျှော့နည်းလာအောင် မိဘပြည်သူတွေအနေနဲ့ ယာဉ်မောင်းနှင်တဲ့အခါ အရက်သေစာသေက်စားပြီးမောင်းတာ၊ အရှိန်မလျော့ဘဲမောင်းနှင်တာတွေ မလုပ်ကြဖို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရဲ့ အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။ “အဓိကတော့ အရက်သေစာကြောင့်ပေါ့ ဖြစ်တာဆိုတော့ မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့ပေါ့ တချိုု့ကြပြန်တော့လည်း မူးရင်လည်း မမူးရင်လည်း အရှိန်ပြင်းပြင်းမောင်းတာပေါ့ ဒါကြောင့်မို့လို့ အရှိန်တွေလျှော့ပြီး မောင်းစေချင်ပါတယ်”လို့ သူကအကြံပြုပါတယ်။ မြစ်ကြီးနား မြို့မှာ ၂၀၂၄ခုနှစ်ကစပြီး ဇန်နဝါရီလတစ်လအတွင်း ယာဉ်တိုက်မှုပေါင်း ၅၀ကျော်မှာ သေဆုံးသူ ၄ဦး၊ ဖေဖော်ဝါရီလမှာတော့ ယာဉ်တိုက်မှုပေါင်း ၃၄ကြိမ်မှာ သေဆုံးသူ ၄ ဦးထိရှိခဲ့တာဖြစ်ပြီး မတ်လမှာတော့ ယာဉ်တိုက်မှုပေါင်း ၇၀ ကျော်ပြီးပွားခဲ့ထဲမှာ သေဆုံးသူနှစ်ဦးထိရှိခဲ့တာဘဲ ဖြစ်ပါတယ်။ By – Hope
Read More » -
Apr- 2024 -16 Aprilသတင်း
သင်္ကြန်အကြတ်နေ့တစ်ရက်တည်းမှာဘဲ ယာဉ်တိုက်မှု ၈ကြိမ်ဖြစ်ပွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧပြီလ ၁၅ရက် သင်္ကြန်အကြတ်နေ့တစ်ရက်တည်းမှာဘဲ ယာဉ်တိုက်မှုပေါင်း ၈ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ ဖော်ပြချက်မှာတော့ အဝါရောင်အဆင့် ယာဉ်တိုက်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေးအသင်းရဲ့ ဖော်ပြချက်မှာတော့ အနီရောင်အဆင့်ယာဉ်တိုက်မှုတစ်ကြိမ်နဲ့ အဝါရောင်အဆင့်ယာဉ်တိုက်မှု…
Read More » -
9 Aprilသတင်း
မြစ်ကြီးနားမြို့မှာ တစ်လအတွင်း ယာဉ်တိုက်မှုပေါင်းအကြိမ် ၇၀ နီးပါးဖြစ်ပွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့မတ်လ တစ်လအတွင်း ယာဉ်တိုက်မှုပေါင်း ၇၀ နီးပါး ဖြစ်ပွားခဲ့တယ်လို့ မြစ်ကြီးနားအခြေစိုက်လူမှုကယ်ဆယ်ရေး အသင်းတွေဆီကနေ သိရပါတယ်။ မြစ်ကြီးနား မြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေဖြစ်ကြတဲ့ ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေး အသင်းရဲ့ဖော်ပြချက်မှာတော့ ယာဉ်တိုက်မှုပေါင်း ၁၀ကြိမ်မှာ သေဆုံးသူ တစ်ဦး၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း…
Read More » -
Mar- 2024 -20 Marchသတင်း
ပူတာအိုမှာ ဆိုင်ကယ် ၂ စီးတိုက်မိလို့ ခရစ်ယာန်ဓမ္မဆရာတစ်ဦးသေဆုံး
ပူတာအိုမြို့တွင်းမှာ ဆိုင်ကယ်အချင်းချင်းတိုက်မိရာကနေ ခရစ်ယာန် ဓမ္မဆရာတစ်ဦး သေဆုံးသွားတယ်လို့သိရပါတယ်။ မြို့တွင်းရပ်ဖြစ်တဲ့ ကောင်ကထောင်ရပ်ကွက်နဲ့ ဟိုခိုအောက်ချိုင့်ရပ်ကွက်ကြားမှာ မတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှာ ဆိုင်ကယ်နှစ်စီးတိုက်မှုဖြစ်ပွားခဲ့ပြီး အဲ့ဖြစ်စဥ်ကြောင့် AG အသင်းတော်ဆရာတစ်ဦး သေဆုံးခဲ့တယ်လို့ ပူတာအိုမြို့နေ အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။…
Read More » -
Feb- 2024 -9 Februaryသတင်း
အကျဲရွာမှာ တုံဖုံးကားတစ်စီးတိမ်းမှောက်ပြီး အမျိုးသားတစ်ဦးသေဆုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အကျဲကျေးရွာမှာ တုံဖုံးကားတစ်စီးတိမ်းမှောက်ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၉ ရက်နေ့ ဒီမနက် ၆နာရီဝန်းကျင်မှာ အကျဲကျေးရွာ ကျောက်ခွဲစက်အနီး( Sut Lung Hkrung)ဆီဆိုင်ရှေ့ မြစ်ကြီးနားမြို့ကိုပို့ဖို့ သစ်တင်လာတဲ့တုံဖုံးကားတစ်စီး…
Read More » -
2 Februaryသတင်း
မြစ်ကြီးနားမြို့မှာ တစ်လအတွင်း ယာဉ်တိုက်ပေါင်းအကြိမ် ၅၀ ကျော်ဖြစ်ပွားပြီး ၄ ဦးသေဆုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဇန်နဝါရီလတစ်လအတွင်းမှာဘဲ ယာဉ်တိုက်မှုပေါင်းအကြိမ် ၅၀ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးမှုကတော့ ၄ ကြိမ်ထိရှိခဲ့တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အခုလို ယာဉ်မတော်တဆမှုတွေဖြစ်လာတာဟာ ယာဉ်မောင်းသူတစ်ဦးနဲ့တစ်ဦး လမ်းလုတာ၊ အရက်သေစာစားသောက်ပြီးမောင်းနှင်တာကြောင့် ဖြစ်တယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ခုလို သုံးသပ်ပါတယ်။ “အဓိကတော့ တစ်ဦးနဲ့ တစ်ဦးလမ်း ဦးစားမပေးဘဲ လမ်းဆုံတွေမှာ လမ်းလုနေကြတာပေါ့ ပြီးတော့ လမ်းတွေပြောင်းပြန်မောင်းတယ် ကိုယ်လမ်းမဟုတ်ဘဲမောင်းကြတာပေါ့။ ပြီးတော့ ဆိုင်ကယ်ဦးထုပ်တွေလည်းပြန်မဆောင်းတာတွေကြောင့် ခုလိုဖြစ်ကြတာပေါ့”လို့ သူကဆိုပါတယ်။ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(ကချင်ပြည်နယ်၊မြစ်ကြီးနားမြိုဲ့) ရဲ့ ကောက်ယူရရှိထားတဲ့ယာဉ်တိုက်မှုကတော့ ၁၃ ကြိမ်အနက် သေဆုံးမှုနှစ်ကြိမ်၊ ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေး အသင်းရဲ့ဖော်ပြချက်မှာတော့ ယာဉ်တိုက်မှု အကြိမ်၂၀ ဝန်းကျင်ဖြစ်ပွားခဲ့တဲ့ထဲမှာ ပြင်းထန်တဲ့ယာဉ်တိုက်မှုကတော့ ၈ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးမှုတစ်ကြိမ်နဲ့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းကောက်ယူရရှိထားတာကတော့ အကြိမ်၂၀ ဝန်းကျင်နဲ့ သေဆုံးမှုတစ်ကြိမ်၊ ချီဆောင်ခြင်းလူမှုကယ်ဆယ်ရေး အသင်းရဲ့ ဖော်ပြချက်မှာ တော့ ယာဉ်တိုက်မှု ၃ကြိမ်ဖြစ်ပွားခဲ့တယ်လို့ လူမှုကယ်ဆယ်ရေး အသင်းတွေရဲ့ တာဝန်ရှိသူတွေက KNGကိုပြောပါတယ်။ အလားတူဒီယာဉ်တိုက်မှုတွေ မကြာခနဖြစ်နေတဲ့အပေါ် ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေး အသင်းရဲ့ အဖွဲ့ဝင်တစ်ဦးကတော့ ခုလိုပြောပါတယ်။ “ယာဉ်တိုက်မှုတွေကတော့ ညဘက်ပိုင်းပိုဖြစ်တယ် အမျိုးသား တွေပိုဖြစ်တယ် ၂၅ ဝန်းကျင်အရွယ်တွေပေါ့ သောက်စားထားတာတွေလည်းပါတယ် တချို့ဆိုကားတိုက်ပြီးမောင်းပြေးသွားကြတာ”လို့ သူကဆိုပါတယ်။ အခုလိုလို ယာဉ်တိုက်မှုတွေမကြာခန ဖြစ်နေတဲ့ အပေါ် ကချင်ပြည်နယ်အခြေစိုက် လူမှုကယ်ဆယ်ရေး အသင်းရဲ့အဖွဲ့ ဝင်တွေက ပြည်သူတွေအနေ နဲ့ ယာဉ်မောင်းနေတဲ့ချိန် အရက်သေစာသောက်စားထားခြင်းကိုလည်း ရှောင်ကြဉ်ပြီး လမ်းစည်းကမ်းကို သေချာလိုက်နာကြမယ်ဆိုရင် ယာဉ်တိုက်မှုတွေလျှော့နည်းလာနိုင်တယ်လို့ အကြံပြုထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာလမှာလည်း ယာဉ်တိုက်မှုပေါင်း ၆၀ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးမှုကတော့ ၃ ကြိမ်ထိရှိခဲ့တာဖြစ်ပါတယ်။ By – Hope
Read More » -
Jan- 2024 -18 Januaryသတင်း
မြစ်ကြီးနားမြို့မှာ ၃ ရက်အတွင်း ကြီးမားတဲ့ယာဉ်တိုက်မှုသုံးကြိမ်ဖြစ်ပွား
မြစ်ကြီးနားမြို့မှာ ၃ ရက်အတွင်း ကြီးမားတဲ့ယာဉ်တိုက်မှုသုံးကြိမ်ထိဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးတဲ့အထိဖြစ်ခဲ့တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ ပြောကြားချက်အရသိရပါတယ်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၇ ရက်နေ့ တစ်ရက်တည်း အေးစေတီရပ်ကွက် ကြက်ခြေနီခြံ အကျော်မှာ ည ၇ နာရီဝန်းကျင်လောက်က ဆိုင်ကယ်သုံးစီးကို…
Read More » -
17 Januaryသတင်း
မြစ်ကြီးနားမှာ ယာဥ်တိုက်မှုဖြစ်ပြီး အမျိုးသမီးတစ်ယောက် ပွဲချင်းပြီးသေဆုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ဂျပန်လမ်းမှာ ဒီကနေ့ညနေ ၄ နာရီ ဝန်းကျင်လောက်မှာ ယာဥ်တိုက်မှုဖြစ်ပြီး အမျိုးသမီးတစ်ယောက်ပွဲချင်းပြီးသေဆုံးသွားတယ်လို့ မြစ်ကြီးနား လူမှုကယ်ဆယ်ရေး အသင်း Myanmar Rescue (Kachin) ဆီကသိရပါတယ်။ အမျိုးသားတစ်ယောက်စီးလာတဲ့ ဆိုင်ကယ်နဲ့ နှစ်စီးယာဥ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီးတော့…
Read More » -
Dec- 2023 -15 Decemberသတင်း
မြစ်ကြီးနားမြို့မှာ အင်တာနက်လိုင်းပြတ်တောက်ခဲ့တဲ့ တစ်ပတ်အတွင်း လူသေမှု ၄ ခု ယာဉ်တိုက်မှုပေါင်း အကြိမ် ၂၀ ထက်မနည်းဖြစ်ပွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နေရာအနှံ့ မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း တွေပြတ်တောက်သွားတဲ့ ဒီဇင်ဘာ ၇ ရက်နေ့ကနေ ဒီဇင်ဘာ ၁၃ ရက်နေ့အထိ ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှု ၄ ကြိမ်နဲ့ ယာဉ်တိုက်မှုပေါင်း အကြိမ် ၂၀ ထက်မနည်း ဖြစ်ခဲ့တယ်လို့ မြစ်ကြီးနားမြို့ မှာရှိတဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ “တစ်ပတ်အတွင်းမှာဘဲ သေတာ သုံးလောင်းတောင်မှ ကားကြိတ်သတ်ခံရပြီး သေတဲ့ မိန်းကလေးတစ်ယောက် နဲ့ မူးယစ်ဆေးဝါးသုံးပြီးသေတာက…
Read More »