ရေကြီးရေလျှံ

  • Jun- 2025 -
    3 June
    သတင်း

    လမ်းပိုင်းမြေပြိုမှုကြောင့် ရေဘေးသင့်ချီဖွေဒေသမှာကုန်စည်ပြတ်လပ်နိုင်

    ကချင်ပြည်နယ်အထက်ပိုင်း မေခမြစ်ရှိရာဒေသတစ်ဝှိုက် မိုးသည်းထန်စွာရွာသွန်းနေလို့ ချီဖွေ–ဝိုင်းမော် လမ်းပိုင်းမြေပြိုမှု တွေဖြစ်နေပြီး ရေဘေးဒဏ်ကြုံထားရတဲ့ချီဖွေဒေသခံတွေ ကုန်ပစ္စည်းပြတ်လပ်မှာကိုစိုးရိမ်နေကြပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကစလို့ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်၊ လန်ဆယ် ဒေသတို့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် စစ်ရှောင်စခန်း၊ ဒေသခံတွေနေအိမ်တစ်ချို့အပါအဝင်…

    Read More »
  • 2 June
    သတင်း

    မြစ်ရေတက်နေတဲ့ ဝိုင်းမော်မြို့နယ် ကျေးရွာတချို့မှာ သွားလာရေးအတွက် ငွေကျပ် ၆ သောင်းထိ ကုန်ကျနေရ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အင်ဂန်းကျေးရွာ လမ်းနေရာတချို့မှာ ‌ဧရာဝတီမြစ်ရေမြင့်တက်နေပြီး လမ်းတစ်ခါ ဖြတ်ကူးနိုင်ဖို့ ငွေကျပ် ၆ သောင်းခန့်အထိ ပေးနေရတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ လက်ရှိ အင်ဂန်းကျေးရွာကနေ ထွက်နိုင်ဖို့အတွက် ရေကြီးသွားတဲ့ နေရာ ငါးခုလောက်ရှိပြီး ဆိုင်ကယ်နဲ့ ဖြတ်မရတဲ့အတွက် စက်လှေတွေကို အသုံးပြုနေရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း…

    Read More »
  • 2 June
    သတင်း

    မြစ်ကြီးနားဧရာဝတီမြစ်ရေကျဆင်းလာပေမဲ့ မြစ်ဖျားပိုင်းမှာမိုးကြီးနေ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ဧရာဝတီမြစ်ရေကျဆင်းလာပေမဲ့ မြစ်ဖျာပိုင်းဒေသဖြစ်တဲ့ ချီဖွေမြို့နယ်ဘက်မှာ မိုးကြီးနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ကစပြီးတရွေ့ရွေ့နဲ့တက်လာတဲ့ မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ဒီနေ့ ဇွန်လ ၂ ရက်နေ့ နေ့လည် ၁၁ နာရီ ဝန်းကျင်ကစလို့ နာရီဝက်အတွင်း ၂ လက်မခန့်နှုန်းနဲ့ မြစ်ရေစကျနေပြီလို့ ကချင်ပြည်နယ်မိုးဇလရဲ့ ဦးစီးမှူး ဦးနိုင်လင်းထွေးက သူ့ရဲ့ ဖေ့ဘုတ်စ်ကတစ်ဆင့် ကြေညာလိုက်ပါတယ်။ “တိုင်ကိုကြည့်လိုက်ပါ။ ရေလည်းငြိမ်သွားပါပြီ။ မနက် ၄ နာရီခွဲကနေစပြီးမှ…

    Read More »
  • May- 2025 -
    31 May
    သတင်း

    ချီဖွေမြို့မှာ မေခမြစ်ရေမြင့်တက်နေဆဲဖြစ်ပြီး စစ်ရှောင်စခန်းအများပိုင်း ရေနစ်မြုပ်

    ကချင်ပြည်နယ်အထက်ပိုင်း မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် မေခမြစ်ရေဆက်မြင့်တက်နေဆဲဖြစ်ပြီး စစ်ရှောင်စခန်းအများပိုင်း ရေနစ်မြုပ်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၃ ရက်ကစပြီး ချီဖွေ၊ပန်ဝါ၊ဆော့လော်၊လန်ဆယ်၊ခေါင်လန်ဖူး၊ပူတာအိုဘက်မှာ မိုးသည်းထန်စွာရွာသွန်းနေတာ တစ်ပတ်ကျော်ကြာလာချိန် မေခမြစ်ရေကလည်း တဖြည်းဖြည်းမြင့်လာတာဖြစ်ပါတယ်။ မေလ ၃၀ ရက်ညအထိ မြို့ထဲရေဝင်ရောက်တာမရှိသေးပေမယ့် မေလ ၃၁…

    Read More »
  • Aug- 2024 -
    13 August
    သတင်း

    နောင်မွန်မြို့မှာ ရေကြီးရေလျှံဖြစ်ပြီး စိုက်ပျိုးထားတဲ့ လယ်ဧ ၁၀၀ ဝန်းကျင် ပျက်စီးသွား

    ပူတာအိုခရိုင် နောင်မွန်မြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ဒေသခံတောင်သူတွေရဲ့ လယ်ဧက ၁၀၀ ဝန်းကျင်လောက် ရေမြှုပ်ပျက်စီးသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်း နောင်မွန်မှာ မိုးသည်ထန်စွာရွာသွန်းပြီး တလွမ်ချောင်း ရေကြီးရေလျှံဖြစ်ပြီး မြို့ရဲ့ အနောက်ဘက်ခြမ်း တစ်မိုင်လောက်အကွာမှာရှိတဲ့ ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့…

    Read More »
  • Jul- 2024 -
    10 July
    ဆောင်းပါး

    နှစ်ပေါင်း ၄၀ အကြာမှာ တဖန်စံချိန်တင် ရေဘေးသင့်ခဲ့တဲ့ ကျောက်စိမ်းမြေ

    “အစတော့ ခါတိုင်းလိုဘဲပေါင်လယ်လောက်ဆိုရင် ကျသွားမှာဘဲဆိုပြီး ပစ္စည်းတွေကို အပေါ်ထပ်တင်ကြတယ်။ ဒါပေမယ့် ရေကမကျဘဲ ဆက်တက်လာတော့ ပြောင်းချိန်မရလိုက်ကြဘူး အချင်းချင်းအော်တော့ အော်နေကြတာဘဲ ပြင်ဆင်ချိန်က မရလိုက်ကြတော့ ဆုံးရှုံးမှုကတော်တော်ကြီးကြတယ်” လို့ ဖားကန့်မှာ နေထိုင်တဲ့ အမျိုးသားတစ်ယောက်က ပြောပါတယ်။

    Read More »
  • 9 July
    သတင်း

    ဖားကန့်မြို့နယ် ပြည်သူများ ဝမ်းပျက်ဝမ်းလျှော၊ တုပ်ကွေးနဲ့ငှက်ဖျားရောဂါအဖြစ်များနေ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဥရုချောင်းရေကြီးရေလျှံပြီးနောက်ပိုင်း ဝမ်းပျက်ဝမ်းလျှော၊ တုပ်ကွေးနဲ့ ငှက်ဖျားရောဂါအဖြစ်များနေတယ်လို့ ဖားကန့် မြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။ ဖားကန့်မြို့နယ်ထဲက ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင်၊  ဝှေခါ၊  မမုံ၊ ဖားပြင်၊ ဆိုင်းနွယ်၊ ရှရော်ခ စတဲ့ကျေးရွာတွေမှာ လူဦးရေ ၁၀၀ မှာ ၅၀ ရာခိုင်နှုန်းကျော် ဝမ်းပျက်၊ဝမ်းလျှောနဲ့ရာသီတုပ်ကွေး၊ငှက်ဖျားဖြစ်နေကြတယ်လို့  ဖားကန့် ဒေသခံတွေက KNG ကိုပြောပါတယ်။ “ခါတိုင်းအဖျားက ဒီလောက်မရှိဘူး ခါတိုင်းဖျားတယ်ဆိုတဲ့သူရှားတယ်  တစ်ရာမှာတစ်ယောက်နှစ်ယောက်လောက်ဘဲ။ အခုက တစ်ရာမှာအယောက် ၅၀ကျော်ဖျားကြတယ်။ ဖျားပြီဆိုရင်လည်း ၅ ရက်လောက်တော့ကြာတယ်”လို့ ဖားကန့်မြို့က ရေဘေးကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ လက်ရှိချိန်ထိ ဖျားနာသူတွေများပေမယ့် ထိခိုက်သေဆုံးသူတွေတော့မရှိသေးဘူးလို့ သိရပါတယ်။ ဒါ့အပြင် ခုလို မိုးရာသီရောက်တိုင်း ဝမ်းပျက်၊ဝမ်းလျှေ၊တုပ်ကွေး၊ငှက်ဖျားရောအဖြစ်များတာဟာ ကျောက်စိမ်းနဲ့ ရွှေလုပ်ကွက်ဟောင်းအပြင် ရေဝပ်တဲ့နေရာတွေမှာ ခြင်ပေါက်ဖွားပြီး အဲဒီခြင်ကိုက်ရာကနေတစ်ဆင့်  တုပ်ကွေး၊ငှက်ဖျားဖြစ်တာလို့ ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ (Kachin Backpack) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ ဒါကြောင့် ဝမ်းပျက်၊ဝမ်းလျှော၊တုပ်ကွေး၊ငှက်ဖျားဖြစ်သူတွေအနေနဲ့ ဆေးမှီတိုနဲ့ကုသခြင်းမဟုတ်ဘဲ သက်ဆိုင်ရာဆရာဝန်တွေနဲ့ဆေးခန်းသေချာပြသင့်တယ်လို့လည်း ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ (Kachin Backpack) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ “အဓိကတော့ ပိုးလောက်လောင်းတွေကို နှိမ်နှင်းရမှာပေါ့ ရေတွင်းရေကန်တွေမှာ ပိုးသေစေနိုင်တဲ့ ကလိုရင်းဆေးရည်တွေကို ရေနဲ့ချိန်ဆပြီးထည့်ပေးတာမျိုးပေါ့ တကယ်လို့ ဘယ်လိုမှ နှိမ်နှင်းလို့ မရတော့ဘူးဆိုရင် ခြင်အကိုက်မခံရအောင် ခြင်ထောင်ပြီးအိပ်တာတို့ အလုပ်လုပ်တဲ့အချိန် လက်ရှည်တွေဝတ်ပြီး လုပ်တာမျိုးလုပ်ဆောင်သင့်တယ်”လို့ ပြောပါတယ်။ လတ်တလော အဖြစ်များနေတဲ့ တုပ်ကွေးနဲ့ ငှက်ဖျားရောဂါ ဆိုရင်လည်း ခြင်ကတစ်ဆင့် ကူးစက်တာဖြစ်ပြီး နေ့လည်ကိုက်တဲ့ခြင်က တုပ်ကွေးဖြစ်နိုင်ပြီး ညကိုက်တဲ့ ခြင်က ငှက်ဖျားရောဂါကို ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေးအဖွဲ့ကဆိုပါတယ်။ ဒါ့အပြင် ဥရုချောင်းရေကြီးရေလျှံဖြစ်ခဲ့တဲ့နောက် မသန့်ရှင်းတဲ့ရေတွေကြောင့်လည်း ဝမ်းပျက်၊ဝမ်းလျှောဖြစ်ကြတာလို့ ဖားကန့်ပြည်သူတွေကပြောပါတယ်။ လက်ရှိဖားကန့်မြို့နယ်မှာ နိုင်ငံရေးအခြေအနေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေသာမက ဆေးဝါးတွေလည်း သာမန်ထက် ဈေး ၂ ဆ ၃ ဆလောက် စျေးမြင့်တက်နေတယ်လို့ ဖားကန့်ဒေသခံတွေက ဆိုပါတယ်။ ဖားကန့်မြို့နယ်ဟာ စတုရန်းမိုင် ၂၂၃၈.၈၇ ကျယ်ဝန်းပြီး မြို့နယ်(၁)ခု၊ မြို့(၁)မြို့၊ ရပ်ကွက် ၆ခု၊ ကျေးရွာအုပ်စု ၁၅ခုနဲ့ ကျေးရွာ ၅၄ခုထိရှိတဲ့ မြို့ဘဲ ဖြစ်ပါတယ်။ဒါအပြင် မြန်မာနိုင်ငံ ပြန်ကြားရေးဌာကရဲ့ ၂၀၁၉ သန်းခေါင်စာရင်းအရ လူဦးရေ ၁၃၃၈၁၅ဦးထိရှိတဲ့ မြို့ နယ် ဖြစ်ပါတယ်။ By – Hope

    Read More »
  • 9 July
    သတင်း

    ဟုမ္မလင်းမြို့မှာ ရေကြီးရေလျှံမှုတစ်ပတ်ကျော်ကြာမြင့်လာပြီး ပြည်သူသောင်းချီ ရေဘေးသင့်နေ

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ပေါ်မှာ တစ်ပတ်ကျော်ကြာရေကြီးရေလျှံမှုတွေဖြစ်နေပြီး ပြည်သူ‌သောင်းချီရေ‌ဘေးသင့်‌‌နေတယ်လို့သိရပါတယ်။ ဇွန်လ ကုန်ပိုင်းလောက်ကစလို့ ဟုမ္မလင်းမြို့ပေါ်နဲ့ ချင်းတွင်းမြစ်ဖျားပိုင်းတွေမှာမိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ချင်းတွင်းမြစ်ရေကြီးနေတာကြောင့် ဒေသခံတွေ အဘက်ဘက် ကခက်ခဲနေတာလို့ ဟုမ္မလင်း‌ ဒေသခံတစ်ဦးက KNGကိုပြောပါတယ်။ “အခြေအနေကတော့အတော်ဆိုးနေတယ်ဗျ။မြို့ပေါ်ကနေရာအများပိုင်းလည်းမြုပ်နေတယ် သွားလာရခက်ခဲတာ ဟိုဘက်နောင်ပိုအောင်ဘက်တွေကိုလည်းရှောင်လို့မရဘူးရေတိုးနေတာ”လို့ ပြောပါတယ်။ ဟုမ္မလင်းမြို့ပေါ်ကမြေနှိမ့်ပိုင်းရပ်ကွက်‌တွေနဲ့ မြို့အနီးဝန်းကျင်က…

    Read More »
  • 8 July
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    ဖားကန့်မှာ ကျောက်စိမ်းလုပ်ကွက်ဟောင်း ရေလောင်ကန် ၂ ခုပေါက်လုနီးပါးဖြစ်နေပြီး လုံးခင်းကျေးရွာတစ်ခုလုံးစိုးရိမ်ရတဲ့ အခြေအနေရှိနေ

    “မဇွပ်ယန်နဲ့ ကုဋေမှော်ကြားက ရေလောင်ကန်ပေါက်ထွက်လာမှာစိုးရိမ်တဲ့အတွက် ပြီးခဲ့တဲ့ တစ်ရက်နေ့မှာက ဘက်ဟိုးတွေနဲ့ ရေယိုစိမ့်လာတဲ့ နေရာတွေကို ဖာထည်နေကြတယ်။ နေ့တိုင်းလိုလို ဒီလိုသာ မိုးရွာနေရင် ရေက မြင့်တက်လေလေဘဲ။ ဒါကြောင့် အားလုံးက အခုအရမ်းစိုးရိမ်နေကြတယ်။ ပြီးရင် ဆန်ခါမှာရှိတဲ့ တောက်ပကြယ် လုပ်ကွက်ဟောင်းနေရာမှာလည်း ဒီရက်ပိုင်းရေတအားကြီးလို့ ဥရုချောင်းကရေတွေ ဝင်လို့ အဲ့ဒီရေကန်လည်း ပြည့်လျှံနေတာ။ အဲဒီဘက်မှာလည်း ပြည်သူတွေက စိုးရိမ်နေကြတယ်”လို့ပြောပါတယ်။

    Read More »
  • 8 July
    သတင်း

    မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်း မလိခမြစ်ချောင်းတစ်ကြောက လူနေအိမ် ၂၀၀ ခန့် ထိခိုက်ပျက်စီးသွား

    မြစ်ကြီးနား – ဆွမ်ပရာဘွမ့် ကားလမ်းမကြီးပေါ် မလိခမြစ်ချောင်းတစ်ကြောမှာရှိတဲ့  ကျေးရွာတွေမှာ ဒီရက်ပိုင်း ရေကြီးရေလျှံဖြစ်ခဲ့တဲ့အတွက် လူနေအိမ် ၂၀၀ ကျော်ထက်မနည်းပျက်စီးဆုံးရှုံးသွားတာကြောင့် ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ ရေကြီးရေလျှံဖြစ်ပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားတဲ့ ကျေးရွာတွေကတော့ ဖုန်အိန်ယန်(Hpung Ing…

    Read More »
Back to top button