ရဲစခန်း

  • Nov- 2024 -
    28 November
    သတင်း

    မော်ဟန်ရဲစခန်းဂိတ်မှာ စက်သုံးဆီသယ်တဲ့ ဆိုင်ကယ်ရာချီပိတ်မိနေ

    ကချင်ပြည်နယ်အဝင် မိုးညှင်းမြို့နယ် နန့်စီးအောင်ဂိတ်အကျော် မော်ဟန်ရဲစခန်းဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စက်သုံးဆီသယ်တဲ့ ဆိုင်ကယ်တွေကို ဝင်ထွက်ခွင့်မပေးတဲ့အတွက် ဆိုင်ကယ်ရာနဲ့ချီပိတ်မိနေတယ်လို့ ပိတ်မိနေသူတွေဆီက သိရပါတယ်။ နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းလောက်ကစလို့ မန္တလေး–မြစ်ကြီးနား အတက်အဆင်း ယာဥ်တွေနဲ့ စက်သုံးဆီသယ်ဆိုင်ကယ်တွေအားလုံးကို သွားခွင့်မပေးပဲပိတ်လိုက်ထားတာလို့ သိရပါ တယ်။ သို့သော် ဒီကနေ့မှာတော့ ကချင်ပြည်နယ်ကိုတက်မယ့် ကုန်တင်ကားတွေကိုတော့ ဖြတ်သန်းခွင့်ပေးနေပြီး စက်သုံးဆီသယ်ဆိုင်ကယ်တွေကို ဆက်ပိတ်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။ “မော်လူးမြို့မှာ မန္တလေးကိုသွားတဲ့ အဆင်းကားနဲ့ ဆီသယ်ကယ်ရီဆိုင်ကယ်တွေပိတ်မိနေတယ်။ မော်ဟန် ရဲစခန်းက ဆီသယ်ကယ်ရီတွေကိုပိတ်ထားတာ အစီးတစ်ရာလောက်ရှိတယ်။ အခုတော့ စက်သုံးဆီနဲ့ ပတ်သက်တဲ့ယာဥ်တွေကိုပိတ်ထားဆဲပါ။ အတက်ကုန်ကားတွေကိုတော့လွတ်ပေးနေတယ် အဆင်းကားတွေ တော့အခုထိပိတ်မိနေဆဲပဲ။ ဆီကားတွေကိုမော်ဟန်ကစပိတ်တဲ့သဘောပဲ”လို့ ပိတ်မိနေသူတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ဒုတိယအပတ် အင်းတော်မြို့နယ် တိုက်ပွဲမတိုင်ခင်ကတည်းက ကချင်ပြည်နယ်ထဲဝင်မယ့် စက်ဆုံးဆီသယ်ဆီဘောက်ဆာကားတွေကို စစ်ကောင်စီတပ်ဟာ အဝင်မခံဘဲ နန့်စီးအောင်ဂိတ်ကနေ ဖြတ်သန်းခွင့်ပိတ်ထားတာ ၄ နီးပါးရှိလာပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ကချင်ပြည်နယ်ကိုစက်သုံးဆီသယ်ဖို့အတွက် ဒေသခံတွေဟာ ဆိုင်ကယ်၊ ပါဂျဲရိုးကုန်တင်ကားတွေကို အသုံးပြုပြီး စက်သုံးဆီတွေသယ်ယူနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “အင်းတော်ကို လေယာဥ်လာတယ်လို့သတင်းရတယ်။ မနေ့ကပါ။ အခုအချိန်ထိ အဆင်းကားတွေ မဖွင့်သေးဘူး အတက်ကားတွေတော့စဖွင့်ပေးနေပြီ။ စစ်ကိုင်းနဲ့ကချင်အစပ် နန့်စီးအောင်ဂိတ်မှာက ဆီဘောက်ဆာကားတွေပိတ်ထားတာကကြာပြီ ဆိုင်ကယ်ကယ်ရီနဲ့ ပါဂျဲရိုးဆီပုံးသယ်ကားတွေနဲ့ သယ်ယူနေကြတာပါ အင်းတော်တိုက်ပွဲမတိုင်ခင်တည်းကဆီတွေကို အဲ့လိုသယ်နေတာပေါ့”လို့ နောက်ထပ်ပိတ်မိနေသူတစ်ဦး လက်ရှိအဲ့ဒီဒေသတစ်ဝှိုက်ကအခြေနေကိုပြောပြပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန်လအစောပိုင်းကစတင်လို့ ကချင်ပြည်နယ်ထဲကို ကံပိုက်တည်နယ်စပ်ဂိတ်ကနေပဲ စက်သုံးဆီတွေကို တင်သွင်းဖို့ ညွှန်ကြားခဲ့တာဖြစ်ပြီး အဲ့ဒီကတည်းက နန့်စီးအောင်ဂိတ်ကနေ ဆီဘောက်ဆာကားတွေဖြတ်သန်းခွင့်ပိတ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်အတွက် စက်သုံးဆီခွဲတမ်းကို မြစ်ကြီးနားမြို့တစ်ခုတည်းကိုပဲတင်သွင်းခွင့်ပြုမှာဖြစ်ပြီး ကျန်မြို့တွေအားလုံးကိုပိတ်ပင်တားမြစ်လိုက်ကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ကပဲ စစ်ကောင်စီရဲ့စွမ်းအင်ဝန်ကြီးဌာနကနေတစ်ဆင့်အသိပေးခဲ့တယ်လို့ သတင်းဌာနအများစုမှဖော်ပြကြပါ တယ်။ စစ်ကောင်စီတပ်က စက်သုံးဆီခွဲတမ်းနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်ကို တရားဝင်ထုတ်ပြန်ခဲ့ကြောင်း သတင်းဌာနတွေမျာဖော်ပြနေပေမဲ့ စစ်ကောင်စီရဲ့တရားဝင်ထုတ်ပြန်ချက်ကိုတော့ KNG ကအတည်ပြုဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဘက်က ခုလိုစက်သုံးဆီယာဉ်တွေကို သွားလာခွင့်ပိတ်ထားတာကြောင့် လက်ရှိတော့ ကချင်ပြည်နယ်အတွင်းက မြို့နယ်အများစုမှာ စက်သုံးဆီဈေးနှုန်းတွေဟာ ဆက်တိုက်မြင့်တက်နေပြီး စက်သုံးဆီလုံးဝပြတ်လပ်သွားတာမျိုးမဟုတ်ပေမဲ့ ဒေသခံတွေဟာ အကန့်အသတ်တွေနဲ့သာ စက်သုံးဆီတွေဝယ်ယူ အသုံးပြုနေရတယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၂၈ ရက်နေ့ ဒီနေ့မှာတော့ ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့မှာ စက်သုံးဆီတစ်လီတာကို ကျပ် ၁၀၀၀၀ (တစ်သောင်း) ဝန်းကျင်အထိ စျေးတက်နေဆဲဖြစ်ပါတယ်။ By – အမိုး

    Read More »
  • Jun- 2024 -
    27 June
    သတင်း

    ဆိုင်းတောင်ရဲစခန်းတိုက်ခိုက်ခံရ ရဲမှူးနဲ့အရာရှိ  ၇ ဦးအပါ ၁၂ ဦးသေဆုံး၊ ၆  ဦးဒဏ်ရာရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မှု(ဆိုင်းတောင်) ကျေးရွာထဲက ရဲစခန်းကုန်းဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့အတွက် ရဲမှူး၊ ရဲအရာရှိ ၇ ဦးအပါ ၁၂ ဦးသေဆုံးပြီး  ၆ ဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ရဲနဲ့ စစ်သား အင်အား ၂၀ ကျော်တပ်စွဲထားတဲ့ ဆိပ်မှု (ဆိုင်တောင်) စာသင်ကျောင်းအနီးက ရဲစခန်းကုန်းကို မနေ့က ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF ပူးပေါင်းတပ်က ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။ KIA/PDF ပူးပေါင်းတပ်ရဲ့ဒရုန်းတိုက်ခိုက်မှုကြောင့် ဒုရဲမှူးကြီးတစ်ဦး၊ ဒုရဲမှူးတစ်ဦး၊ ရဲအုပ်တစ်ဦး၊ ရဲတပ်ကြပ်တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦး၊ ဒုတပ်ကြပ်တစ်ဦးအပါ စုစုပေါင်း ၁၂ ဦးအထိသေဆုံးခဲ့တယ်လို့ ဖားကန့်မြို့နယ် KPDF ပြန်ကြားရေးဝန်ခံတစ်ဦးက KNG ကိုပြောပါတယ်။ “ဆိုင်းတောင်ကစစ်တပ်ကုန်းကို အဲ့မှာ ၁၀ ယောက်သေပြီးမှ ၆ ယောက်ဒဏ်ရာရတယ်ပြောတယ်ဗျ အရာရှိကသေဆုံးသွားတယ် ဒဏ်ရာပြင်းပြင်းထန်ထန်နဲ့တခါတည်းသေသွားတာ”လို့ ပြောပါတယ်။ သေဆုံးသွားတဲ့ရဲအရာရှိဟာ ဖားကန့်ရဲတပ်ရင်းက ဒုရဲမှူးကြီးသူရအောင်၊ ဒုရဲမှူး ခိုင်စိုးဟန်၊ ရဲအုပ် ထွန်းခိုင်စိုး၊ရဲတပ်ကြပ်ကြီး သိန်းစိုး၊တပ်ကြပ်ကြီး ဦးဝင်းမြင့်၊ ဒုတပ်ကြပ် ဇော်မိုး၊ တပ်သား ဟိန်းမင်းထက်၊ တပ်သား ဖြိုးထက်အောင်၊ တပ်သားဇော်ဝင်းကျော်၊တပ်သားထွန်းထွန်းလင်း စုစုပေါင်း ၁၀ ဦးဟာ ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့နေရာမှာတင်ပွဲချင်းပြီး သေဆုံးကာ ဒဏ်ရာရရှိထားတဲ့ ၆ ဦးထဲကလည်း ဆေးရုံအရောက် တပ်သား ၂ ဦးထပ်ပြီးသေဆုံးတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။  “ဒီနေ့တော့အေးဆေးပဲမနေ့ကတော့အခြေအနေအတော်ဆိုးသွားတယ် ဒရုန်းချခံလိုက်ရတာသေတဲ့အလောင်းတွေနဲ့ဒဏ်ရာရထားတဲ့သူတွေကို နာရေးကူညီမှုအသင်းတွေကိုအတင်းခေါ်ပြီးပို့ခိုင်းတယ်ပြောတယ်။ ကြားရတာတော့ ပထမကသေတာ ၁၀ ယောက်ပဲ တချို့က ဆေးရုံမှာထပ်သေတာပြောတယ်”လို့ သူကပြောပါတယ်။ ဖားကန့်မြို့နယ်ဆိုင်းတောင်ကျေးရွာထဲမှာ ဒီရက်ပိုင်း စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေမကြာခနရှိနေတာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲမကြာခနဖြစ်ပွားနေတဲ့အတွက် ပြည်သူတွေအနေနဲ့လည်း သတိထားပြီးနေထိုင်ကြဖို့ ဖားကန့်KPDF တာဝန်ရှိသူကပြောပါတယ်။ “ဆိုင်းတောင်ဘက်က လောလောဆယ်ပြည်သူတွေရော သတိထားပြီးနေရတဲ့အခြေအနေဟုတ်တယ်ဗျ။ မြို့ထဲရွာထဲမှာလောလောဆယ် တိုက်ပွဲတွေဖြစ်လာတဲ့အနေအထားဆိုတော့ပြည်သူတွေအားလုံးလည်းစိုးရိမ်တကြီးနေကြရတယ်။ မနေ့ကတော့တနေကုန်နီးပါးလောက်ပစ်နေတာ မြေပြင်မှာတိုက်ပွဲကတော့ဟိုနေရာနည်း ဒီနေရာနည်းနည်းအဲ့လိုပြောက်ကျားဖြစ်တာ”လို့သူကပြောပါတယ်။ ဒါ့အပြင် ထိတွေ့တိုက်ပွဲတွေဖြစ်နေတဲ့ ဆိပ်မှု (ဆိုင်းတောင်)ဘက်ကို စစ်ကောင်စီတပ်က ဒီရက်ပိုင်း ယူမာကျေးရွာ၊ မရှီကထောင်ကျေးရွာစတဲ့နေရာတွေကနေ စစ်ကူအနေနဲ့စစ်ကြောင်းထိုးလာတာတွေလည်းရှိနေတယ်လို့သိရပါတယ်။ ဆိုင်းတောင်ကျေးရွာအဝင်မှာ ဇွန်လ ၂၅ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ KIA၊KPDF ပူးပေါင်းတပ်တွေကြားထိတွေ့တိုက်ပွဲ ဖြစ်ပွားရာကနေ ဒီကနေ့အထိနှစ်ဖက်စစ်ရေးတင်းမာနေတာဖြစ်ပြီး စစ်ကောင်စီဘပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေနေ့တိုင်းပြုလုပ်နေတာကြောင့် မနေ့ကတစ်ရက်တည်းဆိုင်းတောင်ရွာသားတစ်ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ By – Zaw Zaw

    Read More »
  • Apr- 2024 -
    2 April
    သတင်း

    တရုတ်ဖိအားပေးနေတဲ့ကြား လွယ်ဂျယ်ရဲစခန်းကို KIA သိမ်းပိုက်

    “ဒီထဲမှာရှိတဲ့ အစိုးရယန္တရားလည်ပတ်နေတဲ့ တာဝန်ရှိတဲ့သူတွေက အားလုံးနီးပါး ဗန်းမော်ဘက်ကို ရောက်သွားကြပြီ။ သိရသလောက်က KIA နဲ့ ညှိနှိုင်းပြီးတော့ ထွက်သွားကြတာတဲ့။ မနေ့က ကျနော်သူငယ်တစ်ယောက်က ဗန်းမော်ဘက်ကိုသွားတာ ဒီက ဝန်းထမ်းတစ်ချို့ကို ဗန်းမော်မှာတွေ့လိုတောင် အံ့ဩနေတာတဲ့”လို့ပြောပါတယ်။

    Read More »
  • Mar- 2024 -
    14 March
    သတင်း

    ဆိုင်းတောင်ရဲစခန်းတပ်ဆုတ်ခွာ ကျန်နေတဲ့စစ်တပ်စခန်းတစ်ခုလုံး KIA ပိတ်ဆို့ပြီး လက်နက်ချဖို့သတိပေးနေ

    မတ်လ ၁၃ ရက်နေ့ ညနေ ၈ နာရီကတည်းကနေ KIAနဲ့ KPDF ပူးပေါင်းတပ်တွေဟာ ရွာထဲဝင်ရောက်ပြီးထိုးစစ်ဆင်လာချိန် ရဲစခန်းမှာနေထိုင်စစ်ကောင်စီတပ်သားများ တပ်ဆုတ်သွားပြီးလို့သိရပြီး တပ်စခန်းကိုတော့စစ်ကောင်စီတပ်တွေကို လက်နက်ချအညံ့ခံဖို့ ဆော်ဩသတိပေးနေတယ်လို့ KPDF တာဝန်ရှိသူတစ်ဦးကခုလိုပြောပါတယ်။

    Read More »
  • Jan- 2024 -
    18 January
    သတင်း

    မိုးမိတ်မြို့ ရဲစခန်းအလံဖြူထောင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေး

    ရှမ်းပြည်မြောက်ပိုင်း နဲ့ ကချင်ပြည်နယ်အစပ် မိုးမိတ်မြို့နယ်မှာ ဒီကနေ့မနက်ပိုင်းကစလို့ KIA၊PDF အပါအဝင်တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေအကြား ပြင်းထန်နေတဲ့တိုက်ပွဲမှာ မြို့ပေါ်မှာ ရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း ကတော့ အလံဖြူထောင်ပြီး တပ်သားတွေထွက်ပြေးသွားကြပြီ လို့ဒေသခံတွေ ဆီကသိရပါတယ်။ ဒီကနေ့မနက်ပိုင်း ၆…

    Read More »
  • Dec- 2023 -
    13 December
    သတင်း

    မော်လူးရဲစခန်းကို တော်လှန်ရေးတပ်ပေါင်းစုတိုက်ခိုက်သိမ်းပိုက်ပြီး စစ်သား ၆ ဦးအရှင်ဖမ်းမိ

    စစ်ကိုင်း– ကချင်အစပ် အင်းတော်မြို့နယ်ထဲက မော်လူးမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ရဲစခန်းကို တော်လှန်ရေးအင်အားစုတွေတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သား၆ ဦးလည်း အရှင်ဖမ်းမိထားတယ်လို့ အင်းတော်ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ မော်လူးမြို့ မြမင်္ဂလာရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီရဲနှင့်စစ်သားတွေပူးပေါင်းတပ်ထိုင်တဲ့မော်လူးရဲစခန်းကို ဒီကနေ့ ဒီဇင်ဘာ ၁၃ရက်နေ့ မနက် ၂နာရီအချိန်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ကျောင်းသားတပ် (ABSDF)နဲ့ အင်းတော်PDF တပ်တွေပူးပေါင်းသိမ်းပိုက်ခဲ့ပြီး စစ်တပ်ဘက်က သေဆုံးများတဲ့အပြင် စစ်သား ၆ ဦးလည်း အရှင်ဖမ်းမိထားတယ်လို့…

    Read More »
  • Nov- 2023 -
    21 November
    သတင်း

    ရွှေကူမြို့ ရဲစခန်းနဲ့နီးတဲ့ ရပ်ကွက်တစ်ချို့က ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရ

    ကချင်ပြည်နယ် ရွှေကူမြို့ပေါ်က စစ်ကောင်စီတပ်တွေဟာ လူနေရပ်ကွက်တွေထဲ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေရှိနေတာကြောင့် ရဲစခန်းနဲ့နီးတဲ့ရပ်ကွက်နေ ပြည်သူတစ်ချို့ကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြို့ခံလူထုတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာ ၁၄ ရက်နေ့ညကစပြီး ရွှေကူမြို့မရဲစခန်းနဲ့ ရေဝန်းဘုန်းကြီးကျောင်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ မြို့ထဲရက်ကွပ်တစ်ချို့နဲ့ကျေးရွာဘက်တွေကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေကြောင့် အရပ်သားထိခိုက် သေဆုံးတာတွေရှိလာတဲ့အတွက် ရဲစခန်းနဲ့နီးတဲ့ ရွှေကူမြို့အမှတ် ၂ ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်အပါအဝင် ရပ်ကွပ်တစ်ချို့ကဒေသခံတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်တယ်လို့ ရွှေကူမြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ပြေးနေတာတော့ ၁၆ ရက်နေ့ညပိုင်းကတည်းကပဲ ဒီကနေ့ထိလည်းတိမ်းရှောင်နေကြတုန်း ရွှေကူမြစ်ဟိုဘက်ကမ်းကရွာတွေမှာကော ဒီဘက်ကမ်းကရွာတွေမှာကော ပြေးနေကြပြီ။ မြို့ပေါ်မှာ အခုလူတွေမရှိသလောက်ကုန်ဖြစ်ကုန်ပြီ။ အဓိကတော့…

    Read More »
  • 15 November
    သတင်းရွှေကူမြို့တွင်း စျေးနေရာ

    ရွှေကူမှာ လက်နက်ကြီးကြောင့် မိသားစု ၃ ဦးကျည်ထိမှန်၊ ခင်ပွန်းဖြစ်သူပွဲချင်းပြီးသေဆုံး

    ကချင်ပြည်နယ် ရွှေကူမြို့ထဲမှာ စစ်တပ်လက်အောက်ခံ ရဲစခန်းကနေ ပစ်လိုက်တဲ့လက်နက်ကြီး‌ကြောင့် မိသားစု ၃ ဦးကျည်ထိမှန်ပြီး အမျိုးသားဖြစ်သူမှာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာလ ၁၄ ရက် ညနေ ၅ နာရီလောက် ရွှေကူမြို့မရဲစခန်းကနေ…

    Read More »
  • Oct- 2023 -
    11 October
    သတင်း

    ဝက်လက်က ရဲစခန်းတိုက်ခိုက်ခံရလို့  ရဲတပ်သား ၇ ယောက်သေဆုံး

    စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် လှတောရွာကရဲစခန်းကို ကာကွယ်ရေးတပ် တွေပူးပေါင်းပြီးတိုက်ခိုက်ခဲ့လို့ နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲတပ်သား၇ယောက်သေဆုံးကာ ကာကွယ်ရေးတပ်ဘက်ကလည်း တစ်ယောက်သေ ဆုံးခဲ့တယ်လို့ ဝက်လက်ကာကွယ်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။ မနေ့က အောက်တိုဘာ ၁၀ရက်နေ့ ညနေပိုင်း ၆ နာရီလောက်မှာ ဝက်လက်မြို့နယ် မန္တလေး– ရွှေဘိုကားလမ်း မပေါ်မှာရှိတဲ့ လှတောရွာက ရဲစခန်းကို ကာကွယ်ရေးတပ် တွေပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာလို့ တိုက်ပွဲကိုဦးဆောင်တိုက်ခိုက်ခဲ့တဲ့ Zero ပြောက်ကျားတပ်ဖွဲ့က…

    Read More »
  • 2 October
    သတင်းကျောက်ကြီးရဲစခန်း

    ကျောက်ကြီးရဲစခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ

    ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့စခန်းကို မြို့လှ PDF တပ်ဖွဲ့က ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ ရွှေကူမြို့အောက်ဘက် ဧရာဝတီမြစ်တစ်ဖက် ကမ်းမှာရှိတဲ့ စစ်ကောင်စီစစ်သားနဲ့ ရဲတွေပူးပေါင်းတပ်ထိုင်နေတဲ့ ကျောက်ကြီးရဲ စခန်းကို အောက်တိုဘာ ၁ ရက်နေ့ ည ၈နာရီ…

    Read More »
Back to top button