သတင်း

ရွှေကူမြို့ ရဲစခန်းနဲ့နီးတဲ့ ရပ်ကွက်တစ်ချို့က ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရ

ကချင်ပြည်နယ် ရွှေကူမြို့ပေါ်က စစ်ကောင်စီတပ်တွေဟာ လူနေရပ်ကွက်တွေထဲ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေရှိနေတာကြောင့် ရဲစခန်းနဲ့နီးတဲ့ရပ်ကွက်နေ ပြည်သူတစ်ချို့ကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြို့ခံလူထုတွေဆီကနေ သိရပါတယ်။

နိုဝင်ဘာ ၁၄ ရက်နေ့ညကစပြီး ရွှေကူမြို့မရဲစခန်းနဲ့ ရေဝန်းဘုန်းကြီးကျောင်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ မြို့ထဲရက်ကွပ်တစ်ချို့နဲ့ကျေးရွာဘက်တွေကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေကြောင့် အရပ်သားထိခိုက် သေဆုံးတာတွေရှိလာတဲ့အတွက် ရဲစခန်းနဲ့နီးတဲ့ ရွှေကူမြို့အမှတ် ၂ ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်အပါအဝင် ရပ်ကွပ်တစ်ချို့ကဒေသခံတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်တယ်လို့ ရွှေကူမြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ပြေးနေတာတော့ ၁၆ ရက်နေ့ညပိုင်းကတည်းကပဲ ဒီကနေ့ထိလည်းတိမ်းရှောင်နေကြတုန်း ရွှေကူမြစ်ဟိုဘက်ကမ်းကရွာတွေမှာကော ဒီဘက်ကမ်းကရွာတွေမှာကော ပြေးနေကြပြီ။ မြို့ပေါ်မှာ အခုလူတွေမရှိသလောက်ကုန်ဖြစ်ကုန်ပြီ။ အဓိကတော့ အမှတ် ၂ ရပ်ကွက် နဲ့အမှတ် ၃ရပ်ကွက် တွေပြေးကြတာတခြားရပ်ကွက်ကလူတွေလည်းပြေးကြတယ်လို့ ပြောပါတယ်။

ဒါပေမယ့် လက်ရှိ မြို့ပေါ်ကပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ရွာတွေကိုတော့ လုံခြုံရေးအရအမည်ဖော်လို့မရတဲ့အတွက် ရွာအမည်ကိုတော့ တိတိကျကျဖော်ပြလို့ မရပေ။

လက်ရှိ စစ်ကောင်စီတပ်ဟာ ရွှေကူမြို့ပေါ်က ရဲစခန်းအပြင် နောက်ထပ်ရေဝန်းဘုန်းကြီးကျောင်း၊ ရွှေမင်းတင်ဘုန်းကြီး ကျောင်းနေရာတွေမှာ နေရာယူထားဆဲဖြစ်ပြီး နိုဝ်ဘာ ၁၄ ရက်နေ့ည ၊ ၁၅ရက်နေ့ ညပိုင်းက တစ်ကြိမ်၊ ၁၆ ရက်နေ့ တစ်ကြိမ် လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အပြင် မနေ့ညအထိညတိုင်း လက်နက်ကြီး၊လက်နက်ငယ်တွေရမ်းသမ်းပစ်ခတ်တာ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါပေမယ့် စစ်တပ်ဘက်က ခုလိုလက်နက်ကြီးစတင်ပစ်ခတ်ခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ကစပြီး ရွှေကူမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊မီးသတ်ကလွဲပြီး ကျန်တဲ့ထွေအုပ်ရုံး၊စည်ပင်ရုံးတွေကိုလည်း ပိတ်ထားလိုက်ကြပြီဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ရုံးတွေအားလုံးပိတ်ထားပြီကော ထွေအုပ်တို့စည်ပင်တို့ဘာရုံးမှမဖွင့်ဘူး အထဲမှာ တိုးတိုးတိတ်တိတ်ပဲလုပ်နေလာတော့မသိဘူးမပြင်ကနေတော့အားလုံးပိတ်ထားတယ်။အထဲလည်းဝင်လို့မရဆိုတော့လို့ ရွှေကူမြို့နေ အသက် ၃၀ ကျော်အရွယ်အမျိုးသားတစ်ဦးကပြောပါတယ်။

စစ်တပ်ဘက်က နိုဝင်ဘာ ၁၄ ရက်နေ့ညလက်နက်ကြီးပစ်ခတ်ခဲ့မှုဖြစ်စဥ်မှာ အမှတ် ၂ရပ်ကွက်ထဲက လူနေအိမ်တစ်လုံးမှာကျရောက်ပေါက်ကွဲပြီး အမျိူးသားတစ်ဦးသေဆုံးပြီး နောက်ထပ် ဇနီးသည်နဲ့ကလေးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်စီးနင်လာတဲ့ အမျိုးသား ၂ ဦးလည်းထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိပါတယ်။

အလားတူ နိုဝင်ဘာ ၁၆ရက်နေ့ မနက်ပိုင်းက ရဲစခန်းကနေပစ်လိုက်တဲ့လက်နက်ကြီးကြောင့် အမှတ် ၂ ရဲစခန်း နောက်ကြောမှာရှိတဲ့ ဦးလှသိန်းဆိုသူရဲ့ နေအိမ်တစ်လုံးမှာကျရောက်ပေါက်ကွဲဦးလှသိန်းအပါ မိသားစုဝင်လေးဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်တွေ ခပ်စိပ်စိပ်ရှိလာနေပါတယ်။

ဒါကြေင့် ရဲစခန်းနဲ့နီးတဲ့ရပ်ကွက်အပါအဝင် မြို့ပေါ်ရပ်ကွက်ကပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ 

ရွှေကူမြို့ဟာ ဧရာဝတီမြစ်ရဲ့ဒုတိယမြစ်ကျဉ်းနဲ့ မနီးမဝေးမှာရှိပြီး  ဗန်းမော်မြို့ရဲ့အနောက်ဘက် ၃၈ မိုင်အကွာမှာရှိတဲ့မြို့ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button