,
၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဆန္ဒမဲပေးသူ ၆၆.၁၀ ရာခိုင်းနှုန်းခန့်သာရှိသည့် အတွက် ၂၀၁၅ ရွေးကောက်ပွဲဖြင့်ယှဉ်လျှင် ၂ ရာခိုင်နူန်း ကျဆင်းသွားသည်ဟု သိရသည်။
လက်ရှိ ရွေးကောက်ပွဲ အကြိုကာလတွင်ဖြစ်ပေါ်နေသော ရွေးကောက်ပွဲကော်မရှင်၏ အမှားများကို ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ယူမူ၊ တာဝန်ခံမူရှိရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက နိုဝင်ဘာ ၂ ရက်နေ့တွင် သဘောထားထုတ်ပြန်ထားသည်ကို တွေ့ရသည်။
Stay at home သတ်မှတ်ထားသည့် ဖားကန့်မြို့နယ်တွင် မဲဆွယ်ခဲ့သည့် NLD ပါတီကိုယ်စားလှယ်လောင်း ဦးတင့်စိုးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ထပ်မံတိုင်ကြားသွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ကိုယ်စားလှယ်လောင်း က ဆိုသည်။
ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ရှိ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP နှင့် ကချင်အမျိုးသားကွန်ကရက်ပါတီ KNC တို့၏ ပါတီ ဆိုင်းဘုတ်များ အောက်တိုဘာ ၁၅ ရက်နေ့က ဖျက်စီးခံရကြောင်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများထံမှ သိရသည်။
ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် ပုံစံ ၃(က) လာရောက်လျှောက်ထားသည့် မဲဆန္ဒရှင်စာရင်း ၃ သောင်းကျော်ရှိပြီး အများဆုံးမှာ ဖားကန့်မြို့နယ်မှ ဖြစ်သည်ဟု သိရသည်။
ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) အနေဖြင့် နိုင်ငံပိုင်ရုပ်သံတွင် နိုင်ငံရေးပါတီများဟောပြောခြင်းအစီစဉ်တွင် ပါဝင်တော့မည် မဟုတ်ကြောင်း ပါတီတာဝန်ခံများထံမှ သိရသည်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင် ပထမအကြိမ် မဲစာရင်းကြေညာပြီးနောက် မဲဆန္ဒရှင်စာရင်း ၈၀၀၀ ခန့် ပြန်တိုးလာကြောင်း ဗန်းမော်ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။
လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၎င်း၏ပြိုင်ဖက် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO “အမည်” အသုံးချပြီး မဲဆွယ်စည်းရုံးနေသည်ဟု မမှန်မကန် အပုပ်ချပြောဆိုခဲ့မှုအပေါ် တရား၀င်ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။ ‘လာမည့် ရွေးကောက်ပွဲတွင် KIO အဖွဲ့၀င်များအနေဖြင့် တစုံတရာ ထောက်ခံပါ၀င် ပတ်သက်ခြင်း မပြုလုပ်ရန်’ ဟူသော အကြောင်းကြားစာသည် လူမှုကွန်ရက် facebook ပေါ်တွင် စက်တင်ဘာ လ လယ်ပိုင်းက သတိပေး…
ပူတာအိုခရိုင်တွင် လက်ရှိအချိန်ထိ တပ်မတော်သားများအတွက် မဲရုံ ၄ရုံသာရှိပြီး ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလတွင် ပြန်လည်ထုတ်ပြန်မည်ဟု ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ) မှ သိရသည်။
ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် တပ်မတော်သားသီးသန့်ထည့်ရမယ့် မဲရုံတစ်ရုံသာရှိပြီး ကျန်မဲရုံများမှာ အရပ်ဘက်မဲဆန္ဒရှင်များဖြင့် အတူထည့်ရမယ်ဖြစ်သည်ဟု သိရသည်။ တပ်မတော်သားများမဲထည့်ရမည့် မဲရုံပေါင်း ၅၃ ရုံရှိသည့်အနက် ပူတာအိုရှိ မဲရုံတစ်ရုံသာလျှင် တပ်မတော်သားသီးသန့် ပေးရမည်ဖြစ်သည်ဟု ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ)မှ အရာရှိဦးထွန်းအောင်ခိုင်က ပြောသည်။ “ တပ်မတော်သားမဲဆန္ဒရှင်သီးသန့်မဲပေးဟာကတော့ ပူတာအိုခရိုင်ရှိ တပ်သစ်ရပ်ကွက်ထဲက မဲရုံဖြစ်တယ်။ ဒါပေမယ့် တပ်တွင်းမှာ မဲရုံကိုဆောင်ရွက်ခြင်းမရှိဘူး။ တပ်ရဲ့ပြင်ပမှာရှိတဲ့ ရပ်ကွက်ထဲမှာဘဲ မဲရုံဆောက်ပြီး ပေးသွားမှာဖြစ်တယ်။” ဟု ပြောသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်…