ရွှေကူမြို့နယ်

  • Mar- 2026 -
    12 March
    သတင်း

    သံသတ္တုရိုင်းထွက်တဲ့ ဒေသတွေမှာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု နဲ့ လူမှုကျန်းမာရေး ထိခိုက်မှုရှိလာ

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေတချို့မှာတိုးချဲ့လာတဲ့ သံသတ္တုရိုင်းတူးဖော်မှုကြောင့်ဒေသတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးတာ၊ ပြည်သူတွေရဲ့လူမူကျန်းမာရေးထိခိုက်တာတွေရှိလာတယ်လို့ ဒေသခံတွေ ပြောဆိုပါတယ်။ ကချင်ပြည်နယ်တွင်း ရွှေကူမြို့နယ် နဲ့ ဝိုင်းမော်မြို့နယ်တွေမှာ သံသတ္တုရိုင်းကို ကျယ်ကျယ်ပြန့်ပြန် တူးဖော်လာကြပြီး လုပ်ငန်းအများစုကို တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေ ကြီးကြပ်လုပ်ဆောင်နေကြပါတယ်။ ရွှေကူမြို့နယ် အရှေ့ဘက် စီသာ၊ စီသောင် ကျေးရွာတွေကနေ ၅ မိုင်ခန့်ဝေးတဲ့ တောထဲမှာ တရုတ်လုပ်ငန်းရှင်တွေက ၂၀၂၅ ခုနှစ် ဇွန်လကစပြီး သံသတ္တုရိုင်းတူးဖော်မှုတွေကို လုပ်ဆောင်နေတယ်လို့ ရွှေကူမြို့ခံ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ “သူတို့ ဝင်လာတာက မနှစ်က မိုးရာသီလောက်က စဝင်တာ မနှစ်ကလည်း တစ်မိုးလုံး တောက်လျှောက်တူးတယ်။ ဒီနှစ်လည်း ဆက်တိုက်တူးနေတာပဲ တူးတာက ဘတ်ဖိုးတွေနဲ့တူးပြီး သယ်ထုတ်တာကတော့ ကားကြီးတွေနဲ့ တရုတ်ပြည်ဘက်ကို သယ်ထုတ်နေတယ်” လို့ အသက် ၄၀ ကျော်အရွယ် အဆိုပါ အမျိုးသားက ပြောပါတယ်။ လက်ရှိမှာ တရုတ်လုပ်ငန်းရှင်လေးဦးက ဘတ်ဖိုး ၁၀ စီးနဲ့ တူးဖော်နေပြီး ရရှိလာတဲ့ သံသတ္တုရိုင်းကုန်ကြမ်းတွေကို ရွှေကူမြို့ကနေ နယ်စပ်ကတရုတ်ပြည်ကို ပို့ဆောင်နေကြတာဖြစ်ပါတယ်။ “ဒီမှာက တူးပဲတူးတာ သန့်စင်တာက တရုတ်ပြည်ထဲမှာ သန့်စင်တာဗျ။ လမ်းကြောင်းကတော့ ကျနော်တို့ စီသာ၊ စီသောင် နယ်မြေကို ဖြတ်ပြီး ရွှေကူ–ဗန်းမော် လမ်းမကြီးကို ထွက်တယ်။ အဲဒီကနေ မံစီဘက်ကို ထွက်ပြီး မံစီကနေ မံဝိန်းကြီးဘက်ကို ဆက်ထွက်ပြီး အဲဒီကနေ တရုတ်ပြည်ထဲ ဝင်တာ” လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ သံကျောက် တစ်ကြိမ်သယ်ထုတ်လျှင် ကုန်ကားကြီးအစီး ၂၀ နဲ့ ၃၀ ကြားဖြင့်အလုံးအရင်း သယ်ဆောင်နေတဲ့အတွက် ရွာချင်းဆက်လမ်းတွေ ပျက်စီးမှုတွေရှိနေတယ်လို့ သိရပါတယ်။ ရွှေကူမြို့နယ်အတွင်း သံသတ္တုရိုင်းတူးဖော်နေတဲ့ဒေသတွေဟာ KIA တပ်ရင်း ( ၁၂ ) နယ်မြေဖြစ်ပြီး KIO အစိုးရရဲ့ခွင့်ပြုချက်နဲ့တူးဖောနေကြကြတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။  ခုလို သံသတ္တုရိုင်းကို ကြီးကြီးမားမားတူးဖော်နေတဲ့အတွက် ဒေသခံတွေရဲ့ ကျွဲ၊နွား စားကျက်မြေကျဉ်းမြောင်းလာတာ၊ တောင်ယာနဲ့ သီးနှံစိုက်ခင်းတွေ အသုံးပြုတဲ့မြေလွှတ်မြေရိုင်းလျော့နည်းလာတာ၊ ရေအရင်းမြစ်တွေလည်းထိခိုက်ပျက်စီးတာတွေ ရှိလာနေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ သံသတ္တုရိုင်းတူးဖော်တဲ့ ပုံစံဟာ ရွှေတူးဖော်တဲ့ ပုံစံလို မဟုတ်ဘဲ ဘတ်ဖိုးတွေ၊ မြေကော်စက်တွေ အသုံးပြုပြီး တောင်တွေကို ဖြိုဖျက်၊ မြေတွေကို လှန်ပြီး တူးဖော်ရတာကြောင့် သစ်တောပြုန်းတီးမှုနဲ့ မြေယာပျက်စီးမှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ရွှေကူနယ် တစ်ဝိုက်တူးဖော်တဲ့ သံသတ္တုရိုင်းတွေကို အမှုန့်ကြိတ်တဲ့အထိ လုပ်ဆောင်တာမျိုးမဟုတ်ပဲ ကျောက်တုံးလိုက်တင်ဆောင်သွားတာလို့ ဒေသခံတွေပြောပါတယ်။ အလားတူ နောက်ထပ် မြစ်ကြီးနား–ဗန်းမော် လမ်းမပေါ် ဝိုင်းမော်မြို့နယ် ကန်တော်ယန်ကျေးရွာ ဆိုင်မိုင်ပါ အနီးမှာလည်း တရုတ်လုပ်ငန်းရှင်တွေက သံကျောက်သတ္တုကိုတူးဖော်နေကြတယ်လို့ သိရပါတယ်။ ဆိုင်မိုင်ရွာနီး တူးဖော်နေတဲ့ လုပ်ငန်းရှင်တွေဟာ ကျောက်တုံးလိုက်တင်ဆောင်တာမျိုးမဟုတ်ပဲ အမှုန့်ကြိတ်ယူတဲ့အဆင့်ထိ လုပ်ဆောင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအမှုန့်ကြိတ်စက်ဟာ ကျေးရွာအနီးဝန်းမှာထားရှိတဲ့အတွက် ကျောက်အမှု့န်ကြိတ်စက်က အမှုန့်တွေဟာ ရွာထဲရှိ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုတွေတွက် အသက်ရှုလမ်းကြောင်နဲ့ ကျန်းမာရေး ထိခိုက်လာနိုင်တယ်လို့လည်း ဒေသခံတွေပြောပါတယ်။ ဒါ့အပြင် သံသတ္တုကြိတ်တဲ့စက်အနီး ရေစစ်ကန်လည်းလုပ်ထားပြီး အဲဒီရေစစ်ကန်ကအရည်တွေဟာ အနီရောင်ဖြစ်ကာ  အနီးနားရှိ ချောင်းရေများသို့စီးဝင်တာတွေရှိတဲ့တွက် ရေအရင်းအမြစ်များ သုံးစွဲလို့မရအောင် ညစ်ညမ်းနေပြီ ဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေပြောပါတယ်။ ဒါ့အပြင် နောက်ထပ် သံကျောက်သတ္တုတူးဖော်တဲ့နေရာတွေဟာ တောင်ပေါ်၊လယ်ယာ၊မြေစာတွေအားလုံးဖုံးသွားတဲ့အတွက် ဘိုးဘွားပိုင်မြေယာတွေဆုံးရှုံးနစ်နာမှုအကြီးမားဆုံးကြုံတွေ့နေကြရပြီး ဒေသခံတွေအတွက် ရေရှည်လုပ်ကိုင် စားသောက်ဖို့ခက်ခဲမှုတွေလည်း ရှိလာနိုင်တယ်လို့ ဒေသခံတစ်ဦးခုလိုပြောပါတယ်။  “KIO ကလုပ်နေတဲ့ သံကျောက်တူးတာနဲ့ပတ်သက်ပြီး ရွာသားတွေက အရမ်းသဘောတူတာတော့ မဟုတ်ဘူး။ ကျနော်တို့က စစ်ရှောင်နေရပ်ပြန်ရွာတွေလည်းဖြစ်တယ် ဒါကြောင့်အလုပ်ကိုင် စားသောက်ဖို့ လိုအပ်ချက်ကြောင့် ခွင့်ပြုထားတဲ့ပုံစံတော့ ဟုတ်တယ်။ဒါပေမယ့် ရွာနဲ့အရမ်းနီးလာရင်တော့ မကောင်းဘူးပေါ့” လို့ ဆိုင်မိုင်ရွာဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ဆိုင်မိုင်ကျေးရွာအနီး သံကျောက်သတ္တုတူးဖော်မှုကိုတော့ တစ်ကျော့ပြန်တိုက်ပွဲ မဖြစ်ခင် ၂၀၀၈ ခုနှစ်ဝန်းကျင်ကစပြီး ဦတေဇပိုင် (ထူးကုမ္မဏီ)က စပြီးတူးဖော်နေရာကနေ စစ်တပ်က အဲကုမ္မဏီကို ဖမ်းဆီးထိန်းချုပ်လိုက်တာဖြစ်ပါတယ်။…

    Read More »
  • Feb- 2026 -
    18 February
    သတင်း

    ငါးဘတ်ဝရွာထဲဝင်ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်း အမြန်ထွက်ခွာဖို့ KIA ပူးပေါင်းတပ် သတိပေးထား 

    ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ငဘတ်ဝကျေးရွာထဲစစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ ရွာကနေအမြန်ထွက်ခွာပေးကြဖို့ KIA ပူးပေါင်းတပ် သတိပေးထားတယ်လို့ ကာကွယ်ရေးတပ်နဲ့နီးစပ်သေူတွဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်အင်အား ၃၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း ရွှေကူမြို့ အနီးက ငါးဘတ်ဝကျေးရွာထဲဝင်ရောက်လာတာဖြစ်တယ်လို့ ရွှေကူဒေသခံအမျီုးသားတစ်ဦး KNG ကိုပြောပါတယ်။ “မနေ့ညပိုင်းကနေဝင်လာတာ အခုထိရှိနေတုန်းပဲ အင်အားသုံးဆယ်ကျော်တယ် အခြေနေကတော့စောင့်ကြည့်နေတုန်းတိုက်ပွဲဖြစ်တာတော့မရှိသေးဘူး  ရွာသားတွေထွက်ပြေးချိန်မရလိုက်ဘူးအခုရွာသားတွေကိုလည်းပိတ်ဆို့ထားတယ်။ သူတို့စစ်သားတွေလည်းရွာထဲမှာပဲတပ်ချထားတယ်ခုထိပဲ”လို့သူကပြောပါတယ်။ စစ်အင်အား ၃၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကားနှစ်စီးနဲ့ရွာထဲဝင်ရောက်တာဖြစ်ပြီး ဒီကနေ့ညနေပိုင်းအထိ ရွာသားတွေကိုအကာအကွယ်ယူပြီးတပ်ချနေတယ်လို့သိရပါတယ်။ ငါးဘတ်ဝကျေးရွာအထက်ဘက်က တောင်ထိပ် (ဒေသအခေါ် ဘုရားကုန်း)မှာတော့ လက်ရှိ KIAနဲ့ပူးပေါင်းတပ်တွေက နေရာယူထားပြီး ရွာထဲဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းအနေနဲ့ ရွာထဲကနေပြန်လည်ဆုတ်ခွာပေးဖို့သတိပေးထားကြောင်းသိရပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ ရွာကနေ ဆုတ်ခွာမပေးပဲရှေ့ဆက်တိုးလာမယ်ဆိုပါက နှစ်ဖက်တိုက်ပွဲဖြစ်လာနိုင်ကြောင်း ရွှေကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “ငါးဘတ်ဝရွာရဲ့ဘုရားကုန်းထိပ်မှာက ကျွန်တော်တို့ထိုင်ထားတဲ့ ရွာနဲ့ ကျနော်တို့ထိုင်တဲ့နေရာက နီးနီးလေးပဲလှမ်းမြင်နေရတယ်။ အခုပစ်မိန့်တော့ပေးထားတယ်သူတို့မထွက်သွားရင်တော့ပစ်တော့မှာခုတော့ငြိမ်နေဆဲ ခြေနေစောင့်ကြည့်နေတုန်း”လို့ သူကပြောပါတယ်။ အဲ့ဒီစစ်ကြောင်းဟာ တပ်မ ၈၈ လို့သိရပြီးရွှေကူမြို့တွင်းအထိုင်တပ်ကနေ ငါးဘတ်ဝဘက်စစ်ကြောင်းထိုးလာတာလို့သိရပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း စစ်အင်အား ၄၀ ကျော်ပါတဲ့စစ်ကောင်စီ စစ်ကြောင်းတစ်ကြောင်း ရွှေကူမြို့ကနေ ငါးဘတ်ဝဘတ်စစ်ကြောင်းထိုးဝင်ရောက်လာစဥ် KIAပူးပေါင်းတပ်က ကြားဖြတ်ပစ်ခတ်မှုကြောင့် မြို့ထဲပြန်ဝင်သွားတာဖြစ်ပြီး ယခုဒုတိယအကြိမ်စစ်ကြောင်းထိုးလာတာလို့သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း ရွှေကူမြို့အရှေ့ခြမ်းက စီသာ၊သီသောင်၊ နန့်လန်၊နောင်လတ်ကြီး၊မံဝင်း၊စီမူကြီးစတဲ့ကျေးရွာတွေဘက်မှာ လချီစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ရွာပေါင်း ၁၀ ကျော်ကိုလည်း ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးတာတွေပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့တဲ့ကျေးရွာ ၁၀ ကျော်ဟာ လက်ရှိအချိန်အထိစစ်ရေးမတည်မငြိမ်မှုတွေကြားမှာ ပြန်လည်ထူထောင်ရေးအတွက်ခက်ခက်ခဲခဲရှုန်းကန်နေကြရတယ်လို့ဒေသခံတွေကဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ရွှေကူမြို့နယ်ထဲမှာ စစ်ကြောင်းထိုးတာတွေကို ၂၀၂၄နှစ်ဆန်းပိုင်းလောက်ကတည်းက ရပ်တန့်ခဲ့ပြီးနောက် ယခုတစ်ကျော့ပြန်စစ်ကြောင်းထိုးတာတွေပြန်လည်လုပ်ဆောင်လာနေတာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Sep- 2024 -
    19 September
    သတင်း

    ဗန်းမော်ကိုဆက်တက်ဖို့ကြိုးစားနေတဲ့ စစ်သင်္ဘော ဒုတိယမြစ်ကျဥ်းကိုမကျော်နိုင်သေး

    ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာဆိုက်ထားတဲ့ စစ်သင်္ဘောတွေ ကချင်ပြည်နယ်အထက်ဘက်ကို ဆန်တက်ဖို့ကြိုးစားနေပေမယ့် ဒုတိယမြစ်ကျဥ်းကိုမကျော်နိုင်သေးဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။ စက်တင်ဘာလ ၁၇ ရက်နေ့ မနေ့က မနက်ပိုင်းမှာ လေကြောင်းပစ်ကူတွေအသုံးပြုပြီး ရွှေကူမြို့နယ်ကနေ အထက်ဘက်ကို ဆန်တက်လာတဲ့ စစ်သင်္ဘောတွေဟာ ဇင်းဘိုကျေးရွာအရောက်မှာ ပစ်ခတ်ခံရပြီး ပြန်ဆုတ်ခွာခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ ပစ်ခတ်ခံရပြီးမကြာခင်မှာပဲ လေကြောင်းပစ်ကူတွေဆက်တိုက်အသုံးပြုပြီး ပြန်ဆန်တက်ခဲ့ရာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေရဲ့ ပစ်ခတ်မှုတွေကြောင့် ဒုတိယမြစ်ကျဥ်းအနီး ဝဲမရွာတစ်ဝှိုက် ရေလယ်ခေါင်မှာသောင်တင်နေတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ “သင်္ဘောတွေ ဒုတိယမြစ်ကျဥ်းထဲမှာပဲ သူတို့မကျော်နိုင်သေးဘူး။ သူတို့ကျော်ဖို့ကြိုးစားနေတာပေါ့။ ကျနော်တို့တားဆီးတာကိုလည်း လေယာဥ်ပစ်ကူနဲ့ကြိုးစားတယ် ဒါပေမဲ့ ပစ်ခတ်တာက ဗန်းမော်ကားလမ်း မပေါ်ကိုကျတယ်။”လို့ပြောပါတယ်။ ဒါပေမဲ့ စစ်သင်္ဘော ၅ စီးထဲက သံခွန်ယာဥ်အသေးစား ၂ စီးကတော့ စင်းခန်းတံတားအထိဆန်တက်သွားနိုင် ပြီး အရေးကြီးတဲ့ စစ်ရိက္ခာယာဥ်သင်္ဘောတွေကတော့ ဆန်တက်နိုင်ခြင်းမရှိသေးဘူးလို့ဆိုပါတယ်။ စစ်ကောင်စီတပ်ဘက်က စစ်သင်္ဘောတွေဆန်တက်နိုင်ဖို့ မနေ့ကညတစ်ညလုံးနီးပါး ဝေဟင်ကနေ ကင်းပတ် တာတွေလုပ်သလို ဒီကနေ့ မနက်ပိုင်းမှာလည်း ဧရာဝတီမြစ်ကမ်းနဘေးရွာတွေကို သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ “ကျနော်တို့ကလည်း အဲ့သင်္ဘောတွေတက်လို့မရအောင်တိုက်ခိုက်နေပါတယ်။ ဒရုန်းတွေဘာတွေလည်း သုံးမရဘူး။ လက်နက်ကြီးနဲ့ပဲပစ်ရတာ။ စစ်သင်္ဘောတွေကတော့ရေလယ်ခေါင်မှာပဲ။ လေကြောင်းက မနေ့ကတော့ပစ်တယ်။ ညလုံးပေါက်လည်းလေယာဥ်နဲ့ဝဲတယ်။ ဒီမနက်လည်းဝဲတယ်”လို့ပြောပါတယ်။ တစ်ဖက်မှာ မြေပြင်စစ်ကြောင်းထိုးဖို့ကြိုးစားနေတဲ့ ရွှေကူမြို့နယ်ထဲက အင်အား ၆၀ ပါ စစ်ကောင်စီ စစ်ကြောင်းဟာလည်း ပြန်လည်ဆုတ်ခွာသွားပြီလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်ကစတင်လို့ မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ ထွက်ခွာလာတာဖြစ်ပြီး ဆန်တက်လာတဲ့မြစ်ကြောင်းတစ်လျှောက်လည်း ကာကွယ်ရေးတပ်တွေက ဆက်တိုက်ပစ်ခတ်မှုတွေလုပ်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ရွှေကူမြို့နယ်အရောက်မှာ ၁၀ ရက်ခန့်ကြာရပ်နားပြီး အဘက်ဘက်က ပြန်လည်ပြင် ဆင်ပြီးမှ ဗန်းမော်မြို့နယ်ဆီပြန်လည်ဦးတည်ဆန်တက်ဖို့ကြိုးစားလာတာဖြစ်ပါတယ်။ အဲ့ဒီ စစ်သင်္ဘောတက်လာတဲ့ လမ်းတစ်လျှောက်လုံးမှာလည်း လေကြောင်းပစ်ကူတွေဆက်တိုက်အသုံးပြုမှု လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဧရာဝတီမြစ်ကမ်းဘေးကမြို့ရွာတွေက အရပ်သားတွေကို ထိမှန်ပြီး ၁၁ ယောက်ထက်မနည်းသေဆုံးခဲ့ရပါသေးတယ်။  By – အမိုး

    Read More »
  • Oct- 2023 -
    16 October
    သတင်း

    ရွှေဘုံသာကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်းအင်အားအလုံးအရင်းနဲ့ဝင်ရောက်နေလို့ ရွာသားအများပိုင်း ပိတ်မိနေ

    ကချင်ပြည်နယ် ရွှေကူမြို့နယ် အထက်ဘက် ရွှေဘုံသာကျေးရွာထဲမှာ စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ဝင်ရောက်နေတဲ့အတွက် ရွာသားအများပိုင်းထွက်ပြေးခွင့်မရပဲ ပိတ်မိနေတယ်လို့ ရွှေဘုံသာရွာနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ ရွှေကူမြို့ ၅၆ တပ်ရင်းကနေ အောက်တိုဘာလ ၁၅ ရက်နေ့ မနေ့မနက်ပိုင်းက ထွက်လာတဲ့ စစ်အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီကနေ့ အောက်တိုဘာ ၁၆ ရက်နေ့ မနက်အစောပိုင်းကတည်းက ရွှေဘုံသာကျေးရွာထဲကို…

    Read More »
  • Jan- 2023 -
    17 January
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    ရွှေကူမြို့နယ် နန်းဖျားချောင်းအနီး‌ရွှေတူးဖော်နေမူကြောင့် ကျေးရွာပျက်စီးလာမည်ကို ဒေသခံများ စိုးရိမ်နေ

    ကချင်ပြည်နယ်၊ ရွှေကူမြို့ ငါးဘက်ကြီးကျေးရွာ နန့်ဖျားချောင်းအနီးတစ်ဝိုက် ရွှေတူးဖော်မှုကြောင့် ကျေးရွာအတွင်းသို့ ရေဝင်ရောက်လာပြီး ရေကြီးရေလျှံဖြစ်လာမည်ကို ဒေသခံများပြည်သူများက စိုးရိမ်နေကြောင်းပြောဆိုသည်။ ရွှေကူမြို့နယ် ဗန်းမော်–မန္တလေး မဟာဗျူဟာလမ်းမဘေးရှိ ငါးဘက်ကြီးကျေးရွာအနီးတစ်ဝိုက်၊ နန့်ဖျားချောင်း‌ဘေး ပတ်ဝန်းကျင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လမှစတင်ကာ ဘက်ဟိုးကြီးများနှင့်…

    Read More »
  • Dec- 2022 -
    5 December
    သတင်းShwe Gu

    ဖမ်းဆီးသွားသည့် ရွှေကူဒေသခံ ၁၃ ဦးအနက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးသာ မိသားစုနှင့် အဆက်သွယ်ရ

    ကချင်ပြည်နယ် ရွှေကူမြို့နယ် ဆင်တပ်ကျေးရွာတွင် စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံ ၁၃ ဦးကို လက်ရှိအချိန်ထိ ပြန်လွတ်ပေးခြင်း မရှိသေးသည့်အပြင် အသက် ၁၃ နှစ်အရွယ် ကလေးငယ် ‌၁ ဦးသာ မိသားစုဝင်များနှင့် အဆက်သွယ်ရသေးကြောင်း သိရသည်။ နိုဝင်ဘာ ၂၃ ရက်နေ့…

    Read More »
  • Oct- 2022 -
    25 October
    သတင်း

    စစ်လှေမှောက်ထဲပါသွားသည့် စစ်ကောင်စီ လက်နက်များ ဒေသခံများကို အတင်းအကြပ်ဆယ်ယူခိုင်း

    ရွှေကူမြို့နယ် မြိုင်သာယာကျွန်း နှင့် ပေါလောကျွန်းကြားတွင် စစ်ကောင်စီ၏ စစ်လှေတိမ်းမှောက်ခဲ့သည့်အတွက် လက်နက်အချို့ ရေထဲမြှုပ်ပါသွားခဲ့ရာ ဘိုကုန်းကျေးရွာ ဒေသခံများအား အတင်းအကြပ်ဖိအားပေးကာ လက်နက်များဆယ်ယူခိုင်နေကြောင်းသိရသည်။ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက်ပိုင်း ၆ နာရီဝန်းကျင် စစ်ကောင်စီအဖွဲ့က မင်းကျောင်းကုန်းရွာမှ…

    Read More »
  • 20 October
    သတင်း

    စစ်ရိက္ခာသယ် သင်္ဘော ၇စီးဆန်တက်လာသည့်အတွက် ရွှေကူနယ် ကျေးရွာတစ်ချို့ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ

    ထီးချိုင့်နယ်မှ ဗန်းမော်ဘက်သို့ စစ်ကောင်စီတပ်၏ စစ်ရိက္ခာသယ် စစ်သင်္ဘော ၇ စီး ဆန်တက်လာသည့်အတွက် ရွှေကူမြို့နယ် ဧရာဝတီမြစ်ကမ်းနံဘေးရှိ မိုးစစ်နှင့် ရေလဲ ကျေးရွာနေပြည်သူများ ယနေ့နံနက်ပိုင်းမှစတင်ပြီး ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ဒေသခံများပြောသည်။ ရွှေကူဒေသခံများအနေဖြင့် စစ်ကောင်စီ စစ်သင်္ဘောများ ဆန်တက်လာချိန်တွင်…

    Read More »
  • 18 October
    စစ်ပြေးဒုက္ခသည်များ

    စစ်ကြောင်းပြန်ဆုတ်သွားသည့်အတွက် ရွှေကူအနောက်ခြမ်းရှိ စစ်ရှောင်ပြည်သူများ နေရပ်ပြန်

    ရွှေကူမြို့နယ် အနောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ် ဆုတ်ခွာသွားပြီဖြစ်သောကြောင့် စစ်ရှောင်ပြည်သူများ နေရပ်ပြန်ကြပြီဟု သိရသည်။ အောက်တိုဘာ ၁၁ ရက်နေ့မှ စတင်ကာ စစ်အင်အား ၄၀၀ ကျော် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် နတ်လင်း၊ နောက်လတ်ကြီး၊ ခေါ်လေး၊ စီသာ ၊ သာစည်၊ စီးမော် ၊စီမူလေး…

    Read More »
  • 14 October
    သတင်း

    ရွှေကူနယ် စီမော်တွင် လက်နက်ကျည်ထိမှန်မှုကြောင့် ပြည်သူ ၂ဦးသေဆုံးပြီး နေအိမ် ၆လုံးထက်မနည်း မီလောင်ပျက်စီး

    ကချင်ပြည်နယ် ရွှေကူမြို့နယ် စီမော်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သား ပြည်သူ ၂ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၆လုံးမီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှသိရသည်။ အောက်တိုဘာလ ၁၃ရက် နေ့လည်ပိုင်း ၁နာရီဝန်းကျင်တွင် စီမော်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်…

    Read More »
Back to top button