သတင်း

စစ်လှေမှောက်ထဲပါသွားသည့် စစ်ကောင်စီ လက်နက်များ ဒေသခံများကို အတင်းအကြပ်ဆယ်ယူခိုင်း

ရွှေကူမြို့နယ် မြိုင်သာယာကျွန်း နှင့် ပေါလောကျွန်းကြားတွင် စစ်ကောင်စီ၏ စစ်လှေတိမ်းမှောက်ခဲ့သည့်အတွက် လက်နက်အချို့ ရေထဲမြှုပ်ပါသွားခဲ့ရာ ဘိုကုန်းကျေးရွာ ဒေသခံများအား အတင်းအကြပ်ဖိအားပေးကာ လက်နက်များဆယ်ယူခိုင်နေကြောင်းသိရသည်။

အောက်တိုဘာလ ၂၄ ရက်နေ့ နံနက်ပိုင်း ၆ နာရီဝန်းကျင် စစ်ကောင်စီအဖွဲ့က မင်းကျောင်းကုန်းရွာမှ စက်လှေ ၃ စီး ဘိုကုန်းဘက်သို့ ကူသွားခဲ့ရာတွင် စက်လှေ တစ်စီးတိမ်းမှောက်သွားခဲ့သည်ဟု ဒေသခံတစ်ဦး KNG ကိုပြောသည်။

သူတို့က တံငါ စစ်လှေအသေနဲ့ လက်နက်တွေတင်ပြီး ဘူကုန်းဘက်ကိုကူးသွားပြီ။ ဘယ်လိုဖြစ်ကြလဲတော့မသိဘူး တစ်စီးက မြှုပ်သွားတယ်လို့သိရတယ်။ သူတို့ရဲ့ ခြင်းကြား ၃ သုံးနဲ့ လက်နက်တစ်ချို့ ရေထဲမြှုပ်သွားတာ အဲ့ဒါကို သူတို့က မဆယ်ရဲကြဘူး ဒီဘက်ကလည်း PDF အဖွဲ့က အဲ့လက်နက်လာဆယ်ရင် ပစ်ဖို့စောင့်နေတာကို သတင်းရလို့ဖြစ်မယ် ရွာသားတွေကိုရေငုတ်ဆင်းခိုင်းနေတယ်ဟုပြောသည်။

ရေမြှုပ်သွားသည့် စက်လှေတွင် စစ်သားအချို့လိုက်ပါခဲ့သော်လည်း ရေးကူးလွတ်မြောက်သွားပြီး လက်နက်များသာ ကျန်ရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီအဖွဲ့ စစ်လှေမြှုပ်သွားသည်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ သတင်းရရှိသွားသည့်အတွက် စစ်ကောင်ဘက်မှ သွားရောက်ယူခြင်းမရှိဘဲ ဒေသခံပြည်သူများကို အတင်းအကြပ်သွားဆယ်ခိုင်ခဲ့သည်ဟု PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြောဆိုသည်။

ကျနော်တို့က စစ်သားတွေ အဲ့လက်နက်လာဆယ်မယ့်အချိန်ကိုစောင့်နေကြတာ ဒလန်သတင်းပေးလိုက်လို့ထင်တယ် မလာရဲတော့ဘဲ ရွာသားတွေကို လာဆယ်ခိုင်တယ်။ အဲ့ကြောင့် ရွာသားတွေလည်း ကြောက်လို့ ထွက်ပြေးကြကုန်တာဟုပြောဆိုသည်။

မင်းကျောင်းကုန်းရွာမှ ဘိုကုန်းသို့သွားသည့် စစ်ကောင်စီ စစ်ကြောင်းသည် စစ်အင်အား ၅၀ ခန့်ရှိသည့်အဖွဲ့ဖြစ်ပြီး စစ်ကိုင်းတိုင်း ကလေးမြို့အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှူးဌာနချုပ် ဗိုလ်မှူးဝင်းမျိုးသန့် ဦးစီးနေသည့် စစ်ကြောင်းဖြစ်သည်။

Show More

Related Articles

Back to top button