သတင်း

ရွှေဘုံသာကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်းအင်အားအလုံးအရင်းနဲ့ဝင်ရောက်နေလို့ ရွာသားအများပိုင်း ပိတ်မိနေ

ကချင်ပြည်နယ် ရွှေကူမြို့နယ် အထက်ဘက် ရွှေဘုံသာကျေးရွာထဲမှာ စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ဝင်ရောက်နေတဲ့အတွက် ရွာသားအများပိုင်းထွက်ပြေးခွင့်မရပဲ ပိတ်မိနေတယ်လို့ ရွှေဘုံသာရွာနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

ရွှေကူမြို့ ၅၆ တပ်ရင်းကနေ အောက်တိုဘာလ ၁၅ ရက်နေ့ မနေ့မနက်ပိုင်းက ထွက်လာတဲ့ စစ်အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီကနေ့ အောက်တိုဘာ ၁၆ ရက်နေ့ မနက်အစောပိုင်းကတည်းက ရွှေဘုံသာကျေးရွာထဲကို ဝင်ရောက်နေပြီး ကျေးရွာသားတွေကိုထွက်ခွာခွင့်မပေးပဲတားမြစ်ထားတဲ့အပြင် ရွာသားတွေရဲ့ အိမ်မွေးတိရိစ္ဆာရန်တွေကိုလည်း ချက်ပြုတ်စားသောက်နေတယ်လို့ ရွှေဘုံသာကျေးရွာအနီး နေထိုင်တဲ့အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

မနက် ကို ၆နာရီလောက်ဖြစ်မယ်မစောကြီးသံခွန်မော်တော်တွေနဲ့ရောက်ချတာလာ ရွာသား တွေကိုလည်းဘယ်မှသွားခွင့်မပေးဘူး အိမ်ထဲမှာပဲနေခိုင်းထားတယ်။ တစ်ချို့အခင်သွား ဘာသွားတဲ့သူတွေလောက်ဘဲ လွတ်သွားတာ အခုတစ်အိမ်ဝင်တစ်အိမ်ထွက်မွှေနေတယ်။ ရွာသားတွေရဲ့ ကြက်တွေ ၊ဘဲတွေ ရိုက်သတ်စားနေကြတာအင်အားက ၁၅၀လောက်ရှိတယ်လို့ သူကပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ မနေ့က ရွှေကူကနေ သံခွန်မော်တော်တွေနဲ့ထွက်ခွာလာပြီး ညက တောပုန်းကျေးရွာမှာ ညအိပ်တပ်စွဲခဲ့ရာကနေ ဒီနေ့မနက် ရွှေဘုံသာရွာထဲကိုဝင်ရောက်နေတာလို့ ဆိုပါတယ်။

စစ်ကြောင်းဟာ ဒီကနေ့ည ရွှေဘုံသာထဲမှာညအိပ်တပ်စွဲဖွဲရှိလို့ ပိတ်မိနေတဲ့ဒေသခံတွေစိုးရိမ်နေရတဲ့အပြင် ဖုန်းလိုင်းတွေလည်း ဖြတ်တောက်ထားတာကြောင့် ဆက်သွယ်ရခက်ခဲနေတယ်လို့လည်း တော်လှန်ရေးမှာပါဝင်နေတဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။

ဟုတ်တယ် အခုရွှေဘုံသာထဲကိုရောက်နေတာ အများကြီးမနက်က အောက်ဘက်ဝဲမ ရွာဘက်ကိုလည်းတစ် စစ်သားတွေဆင်းသွားတယ်ဖုန်းလိုင်းမရတော့ဆက်သွယ်လို့မရဘူးဆို ရွှေဘုံသာရွာထဲမှာလည်း ဘာတွေ ဖြစ်နေလဲဆိုတာအသိအကျမသိရဘူး ဖုန်းလိုင်းတွေကအကုန်ဖြတ်ထားတာ တစ်ခါတလေလေးပဲပေါ်လာတယ်လို့ သူကပြောပါတယ်။

စစ်ကောင်စီဟာယခုရက်ပိုင်းရွှေကူ အရှေ့ခြမ်းနဲ့နောက်ခြမ်းကကျေးရွာတွေထဲမှာ စစ်ရေးလှုပ်ရှားမှုပုံမှန်ပြုလုပ်နေသလို စစ်ရေးစတင်လှုပ်ရှားလာတဲ့အချိန်ကတည်းကနေ ဒီကနေ့ထိဖုန်းလိုင်းအတော်များများကိုးလည်းဖြတ်တောက်ထားပြီး အင်အာနက်လိုင်းတွေလည်းဖြတ်တောက်ထားတယ်လို့သိရပါတယ်။

ရွှေဘုံသာကျေးရွာဟာ ရွှေကူမြို့နဲ့ ၁၅ မိုင်လောက်ကွာဝေးပြီး အိမ်ခြေ ၂၀၀ ကျော် နီးပါးရှိတဲ့ ဧရာဝတီမြစ် ကမ်းနဘေးက ကျေးရွာတစ်ရွာဖြစ်ပါတယ်။

ကိုဇော်ဇော်

Show More

Related Articles

Back to top button