ရွှေလုပ်ကွက်
-
Dec- 2025 -8 Decemberသတင်း
ဗန်းမောက်က ရွှေလုပ်ကွက်ဗုံးကြဲခံရလို့ အရပ်သားတစ်ဦးသေဆုံး ၆ ဦးဒဏ်ရာရ
စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့နယ်က ရွှေလုပ်ကွက်တစ်ခု မနေ့က ဒီဇင်ဘာလ ၇ ရက်နေ့က လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခံရလို့ အရပ်သားတစ်ဦးသေဆုံးခဲ့ရပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့က မွန်းလွှဲ ၂ နာရီဝန်းကျင်လောက်မှာ ဗန်းမောက်မြို့နဲ့ မိုင်၂၀အကွာ တောင်ပိုင်းတစ်နေရာက ရွှေလုပ်ကွက်ကို ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံးကြဲခံခဲ့ရတာဖြစ်ပြီး အသက် ၃၃ နှစ်အရွယ် ကိုငြိမ်းဆိုသူသေဆုံးခဲ့ရတာဖြစ်တယ်လို့ အခြေနေသိရှိတဲ့ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “မနေ့ညနေမှာကြဲသွားတာ။ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးက ၈ လုံးကြဲသွားတာလို့သိရတယ်။ ၂ လုံးတစ်ခါနဲ့ ၄ကြိမ်ကြဲသွားတာ။ ကြဲသွားတာက ရွှေလုပ်ကွက်ထဲ ဂိတ်စောင့်တဲ့အရပ်သားတစ်ယောက်သေသွားတယ်။ ၆ ယောက်ဒဏ်ရာရတယ်။ ၆ယောက်ထဲမှာ ၂ ယောက်က တရုတ်လူမျိုး ဗမာစကားလုံးဝမတတ်ဘူး”လို့ပြောပါတယ်။ ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာဟာ ဗန်းမောက်၊ အင်းတော် နဲ့ ဝန်းသိုမြို့နယ်၃ခုဆုံတဲ့ သုံးမြေဆုံနေရာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမောက်မြို့နဲ့ မိုင် ၂၀ အကွာမှာတည်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် တိုက်ပွဲဧရိယာမဟုတ်ဘဲ အကြောင်းမဲ့သက်သက်အရပ်သားတွေ ရွှေတူးဖော်တဲ့နေရာကို လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုထားပါတယ်။ တစ်ဖက်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ကစတင်ကာ တော်လှန်ရေးအင်အားစုများသိမ်းပိုက်ထားတာမကြာသေးတဲ့ ဗန်းမော်ြမို့ပေါ်ကို ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေက ဆက်တိုက်ထိုးစစ်ဆင်နေတဲ့အပြင် လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေနေ့စဥ်ရှိနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ “ဗန်းမောက်မြို့ပေါ်ကိုက နေ့တိုင်းကြဲနေတာ။ မနေ့ကအထိပေါ့ ။မြေပြင်စစ်ကြောင်းကတိုးမရလို့ လေကြောင်းနဲ့ဘဲ တောက်လျှောက်ကြဲနေတာ တစ်ပတ်လောက်ရှိပြီ”လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသားတစ်ဦးက ဗန်းမောက်လက်ရှိစစ်ရေးအခြေနေကိုပြောပြပါတယ်။ ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဗန်းမောက်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီက တစ်ရက်ကို ဗုံးအလုံး ၃၀ ကျော် ကြဲချနေတာ ၆ ရက်ဆက်တိုက်ရှိပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့ကပဲထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၃၀ ရက်နေ့နဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကလည်း ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော် ဗန်းမော်မြို့ကရွှေလုပ်ကွက်တချို့ကိုလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၃ ဦးသေဆုံးခဲ့ရပါသေးတယ်။ By – အမိုး
Read More » -
2 Decemberသတင်း
ဗန်းမော်မြို့တစ်ဖက်ကမ်း ရွှေလုပ်ကွက်နေရာ နှစ်ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်ခံရ အရပ်သား ၃ ဦးသေဆုံး
ကချင်ပြည်နယ် ဗန်းမော်မြို့ဧရာဝတီမြစ်ရဲ့တစ်ဖက်ကမ်းရှိ မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာတွေနားက ရွှေလုပ်ကွက်နေရာတစ်ချို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Banmaw Scout Team ကသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့နဲ့ မနေ့က ဒီဇင်ဘာလ ၁ ရက်နေ့ နှစ်ရက်ဆက်တိုက် ဗန်းမော်မြို့ရဲ့တစ်ဖက်ကမ်းမှာ ရှိတဲ့ ရွှေလုပ်ကွက်နေရာတွေကိုလေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၃ ဦးအထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူက လူဦးရေ ၃၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် စက်လှေနဲ့စက်ပစ္စည်းတစ်ချို့လည်းပျက်ဆီးခဲ့ရတယ်လို့ Banmaw Scout Team အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက အတည်ပြုပါတယ်။ “တစ်နေ့ကတော့ကြဲသွားတာကနှစ်စီးပေါ့ အဲ့နှစ်စီးက ဗုံးချတယ် လေယာဥ်မှာပါတဲ့သေနတ်နဲ့ပစ်တယ်။ အဲ့မှာ လူသုံးယောက် သေဆုံးသွားတယ်။ ပြီးသွားရင် စက်ပစ္စည်းတွေပျက်ဆီးသွားတယ်။ ဒဏ်ရာရတဲ့သူကလည်း ၃၀ ဝန်းကျင်လောက်တော့ရှိတယ်”လို့ Banmaw Scout Team တာဝန်ခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒါ့အပြင် မနေ့ကနေ့လည်ပိုင်း ၁ နာရီဝန်းကျင်လောက်မှာလည်း အဆိုပါ မိုးစိမ်းကျွန်းအနီးက ရွှေလုပ်ကွက်တစ်ဝှိုက်ကို လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ထပ်မှန်ပြုလုပ်ခဲ့တယ်လို့ပြောပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်လေကြောင်းတိုက်ခိုက်မှုမှာတော့ လူထိခိုက်သေဆုံးမှုတစ်စုံတစ်ရာမရှိခဲ့ဘဲ ရွှေဖောင်နှစ်စီးတော့ထိခိုက် ပျက်ဆီးခဲ့ရတယ်လို့ Banmaw Scout Team အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ “မနေ့ကတိုက်ခိုက်မှုလည်းဒီပုံစံပါပဲဗျ။ ဒီရွှေလုပ်ကွက်တစ်ကွက်ကိုပဲတိုက်ခိုက်တာ။ တစ်နေ့ကကြဲခံရတဲ့အနားဝန်းကျင်ပါပဲ။ ဗုံးချတယ်။ သေနတ်နဲ့ပစ်သွားတယ်အဲ့ပုံစံပါပဲ”လို့အထက်ပါ Banmaw Scout Team အဖွဲ့ရဲ့တာဝန်ခံကဆက်ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ကချင်လွပ်လပ်ရေးတပ်မတော် တို့အကြားကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော် ဗန်းမော်အပါအဝင်၊ ကျောက်စိမ်းမြို့တော် ဖားကန့် နဲ့ အချက်အချာကျတဲ့ ဝိုင်းမော်မြို့တွေမှာ ၂၀၂၅ ခုနှစ်နှောင်းပိုင်းကာလတွေမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေပါတယ်။…
Read More » -
Oct- 2024 -17 Octoberသတင်း
မုန်ယာရွာအနီး ရွှေလုပ်ကွက်တစ်ခုမြေပြိုမှုဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံး၊နောက်ထပ် ၂ ဦးဒဏ်ရာရရှိ
ရှမ်းမြောက် မုံးကိုးခရိုင် မုံးပေါ်ဒေသ မုန်ယာ(Mungya mare)ကျေးရွာအနီး ရွှေလုပ်ကွက်တစ်ခုမြေပြိုမှုဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ နောက်ထပ် ၂ ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာ ၁၆ ရက်နေ့ မနက် ၁၀ နာရီခွဲ မုန်ယာ(Mungya) ကျေးရွာ နမ့်မွေချောင်းအနီး ရွှေတူးဖော်နေချိန်…
Read More » -
Mar- 2024 -2 Marchသတင်း
မချမ်းဘောဆေးရုံ ရေဆိပ် နေရာတူးဖော်နေတဲ့ ရွှေလုပ်ကွက်အားလုံး ရပ်ဆိုင်း
ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုမြို့နယ် မချမ်းဘော့မြို့ ဆေးရုံရေဆိပ် နေရာမှာ တူးဖော်နေတဲ့ ရွှေလုပ်ကွက်ကို တစ်လတူးဖော်ခွင့်နဲ့ လုပ်ခွင့်ပေးခဲ့ပေမဲ့ တစ်လမပြည့်ခင်မှာဘဲ ရပ်ဆိုင်းလိုက်ရပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီရွှေလုပ်ကွက်တွေကို မချမ်းဘော့မြို့ ရပ်ကွက် ၄ အုပ်ချုပ်ရေးမှူးဦးဆောင်ပြီး ဒေသခံတွေကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့စကာ တူးဖော်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာတော့ ပူတာအိုမြို့နယ် စစ်တပ်ဗျူဟာမှူးကနေ ပူတာအိုမြို့နယ်ထဲမှာရှိတဲ့ ရွှေလုပ်ကွက်တာဝန်ခံတွေအားလုံးခေါ်ပြီး အစည်းအဝေးကျင်းပခဲ့တယ်လို့ သိရပြီး အဲဒီအစည်းအဝေးမှာ ပူတာအိုမြို့နယ်မှာ တရားမဝင်ရွှေလုပ်ကွက်ရှိသမျှတွေကို ဒီရက်ပိုင်း မီးရှို့ဖျက်ဆီးဖမ်းဆီးတာတွေ စလုပ်တော့မယ်အကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ချမ်းဘောမြို့ ရပ်ကွက် ၄ အုပ်ချုပ်ရေးမှူးဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အစည်းအဝေးကနေအပြန် ရွှေလုပ်ကွက်ထဲ လာရောက်ပြီး လုပ်ကွက်အားလုံးရပ်နားလိုက်ပြီဆိုတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို ရွှေတူးဖော်တာဟာ မြို့ရွာထိခိုက်စေမှာမဟုတ်ဘဲ ဒေသခံတွေအနေနဲ့ စားဝတ်နေရေးအခက်အခဲကြောင့် အတူပူးပေါင်းလုပ်ကြတာဖြစ်တယ်လို့ မချမ်းဘော့ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ကျွန်တော်တို့က ကျွန်တော်တို့ ဒေသခံတွေ အတူပူးပေါင်းလုပ်စားကြတာကို ဘာမှပြောစရာမရှိဘူး၊ မြို့ကိုလည်းမထိဘူး၊ အဲ့ဒီ သဲပြင်တွေကကို စုပ်ယူတာဘဲ ၊ ကျွန်တော်တို့က တစ်ခြားဝေးတဲ့နေရာတွေမှာလည်း မသွားနိုင်ကြဘူးလေ၊ သူတို့တွေ တူးကြရအောင်ဆိုပြီး လုပ်ကြတာကို အခုက နှစ်ရက်သုံးရက်နဲ့ ၅ သိန်းကထည့်ထားပြီးပြီကို ပိတ်ပေးလိုက်တယ်”လို့ ပြောပါတယ်။ ဒေသခံတွေဟာ ရွှေတူးဖော်ဖို့အတွက် လုပ်ကွက်တစ်ကွက်မှာ ဝင်ကြေး ၂ သိန်းခွဲ၊ လစဉ်ကြေး ၂သိန်းခွဲ စုစုပေါင်း ၅ သိန်းထည့်ဝင်ပြီးရွှေတူးဖော်တာ စတင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သုံး၊လေးရက်သာလုပ်ခဲ့ရချိန် လုပ်ကွက်ကိုပိတ်လိုက်ရတာကြောင့် အုပ်ချုပ်ရေးမှူးဆီမှာအခွန်ဆောင်ထားတဲ့ ငွေတွေကို ပြန်ပေးဖို့တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။ ဒေသခံတွေရဲ့ပြောပြချက်အရ အဲ့ဒီလုပ်ကွက်မှာ စုစုပေါင်း ရေငုပ်ဆိုင်း ၄၀ကျော်ရှိတာဖြစ်ပြီး အဲ့ဒီ ရေငုပ်ဆိုင်းတွေအပါအဝင် ရွှေလုပ်ကွက်အားလုံး…
Read More » -
Sep- 2022 -1 Septemberမြေယာနှင့် သဘာဝပတ်ဝန်းကျင်
မော်ဟန် နန့်မချီမှော်တွင် လုပ်ကွက်တစ်ကွက်လျှင် ငွေကျပ်သိန်း ၅၀ အထိ စစ်ကောင်စီ ကောက်ခံ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာအနီး နန့်မချီမှော်တွင် တနိုင်တစ်ပိုင်ကျောက်စိမ်း နှင့် ရွှေလုပ်ကွက်တစ်ကွက် လျှင် ငွေကျပ်သိန်း ၅၀ အထိ စစ်ကောင်စီက ကောက်ခံနေကြောင်း ဒေသခံများထံမှသိရသည်။ နန့်မချီမှော်သည် ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက လုပ်ကိုင်ခဲ့ကြပြီး NLD အစိုးရအလွန်တွင် ကျောက်စိမ်း ကုမ္ပဏီ အားလုံးမှာ လုပ်ကွက်သက်တမ်းကုန်သွားပြီ ဖြစ်သည်။ သို့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်မှစတင်ကာ…
Read More »




