မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

မော်ဟန် နန့်မချီမှော်တွင် လုပ်ကွက်တစ်ကွက်လျှင် ငွေကျပ်သိန်း ၅၀ အထိ စစ်ကောင်စီ ကောက်ခံ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာအနီး နန့်မချီမှော်တွင် တနိုင်တစ်ပိုင်ကျောက်စိမ်း နှင့် ရွှေလုပ်ကွက်တစ်ကွက် လျှင် ငွေကျပ်သိန်း ၅၀ အထိ စစ်ကောင်စီက ကောက်ခံနေကြောင်း ဒေသခံများထံမှသိရသည်။

နန့်မချီမှော်သည် ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက လုပ်ကိုင်ခဲ့ကြပြီး NLD အစိုးရအလွန်တွင် ကျောက်စိမ်း ကုမ္ပဏီ အားလုံးမှာ လုပ်ကွက်သက်တမ်းကုန်သွားပြီ ဖြစ်သည်။ သို့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်မှစတင်ကာ သယံဇာတတူးဖော်မှုများ ဆက်ရှိလာခဲ့သည်။

နန့်မချီကအရင်ကတည်း ရွာဟုတ်တယ် အဲ့မှာ ကျောက်စိမ်းတူးကြတာ အရင်ကတော့တရားဝင်ပေါ့ စက်ကြီးတွေနဲ့တူးကြတာ သက်တမ်းကုန်လို့နားသွားတာခုနောက်ပိုင်းတော့အရင်ကုမ္ပဏီကြီးတွေစွန့်ပစ်ခဲ့တဲ့မြေစာပုံတွေမှာ ကျောက်ရှာကြတယ်။ ရွှေတစ်နိုင်တစ်ပိုင်တူးတယ်လက်လုပ် လက်စားတော့မတောင်းပါဘူး။ တစ်နိုင်တစ်ပိုင်စက်နဲ့ လုပ်တဲ့သူတွေကိုတော့ တစ်လုပ်ကွက်တစ်ခုဆို ၅၀ လောက်တောင်းတယ် အများဆုံးပေါ့ ဟု နန့်မချီ ရွာခံတစ်ဦးက ပြောသည်။

လတ်တလော နန့်မချီမှော်တွင် မော်ဟန်၊ ကာဒူ၊ မိုးညှင်း၊ ဗန်းမော် နှင့် အဝန်းကျင်းမှ ဒေသခံ များ ရွှေတူးဖော်နေကြသည်။

နန့်မချီမှော်တွင် လက်ရှိ ခမရ ၁၁၁ တပ်ထိုင်ထားပြီး လုပ်ကွက်မြေနေရာ အကျယ်အဝန်းပေါ်မူတည်ကာ လုပ်ကွက်တစ်ကွက်လျှင် ကျပ်သိန်း ၃၀ မှ ၅၀ ကြား ကောက်ခံကြောင်း သိရသည်။

Show More

Related Articles

Back to top button