ရှင်ဗွေယန်
-
Jul- 2024 -15 Julyသတင်း
နန်းယွန်းမြို့အဝင်တံတား ရေထဲမျောသွားတာ ကြောင့် မြိို့ခံတွေနဲ့ခရီးသွားတွေအခက်အခဲဖြစ်နေ
စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသက နန်းယွန်းမြိို့အဝင်တံတားကျိုးကျပြီး ရေထဲမျောပါသွားတာကြောင့် မြိို့ခံနဲ့ခရီးသွားတွေ လမ်းသွားလမ်းလာအခက်အခဲ ဖြစ်နေတယ်လို့သိရပါတယ်။ နန်းယွန်း–ရှင်ဗွေယန်ကားလမ်းပိုင်း လီဒိုကားလမ်းမကြီးပေါ်မှာရှိတဲ့ နန်းယွန်းမြို့အဝင်တံတားဒေသအခေါ်(နန်းယွန်းမြို့ဟောင်းတံတား)ဟာ ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းက မိုးရွာသွန်းပြီးရေကြီးရေလျှံမှုကြောင့် ရေထဲမျောပါသွားတာဖြစ်တယ်လို့ အသက် ၃၀ အရွယ်နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “မြိို့အဝင်တံတားမရှိတော့ သွားသွားလာလာဒေသခံတွေကောခရီးသွားတဲ့သူတွေကောအခက်အခဲတော့ ဖြစ်တာပေါ့…
Read More » -
Oct- 2023 -9 Octoberသတင်း
တနိုင်းနဲ့ရှင်ဗွေယန် ကားလမ်းပိုင်းမှာ နာဂလူငယ်တွေ ပစ်မှတ်ထားဖမ်းဆီးခံနေရ
ကချင်ပြည်နယ် တနိုင်းမြို့နယ်နဲ့ ရှင်ဗွေယန်မြို့ကြား လီဒိုကားလမ်းပိုင်းမှာ နာဂလူငယ်တွေကိုပစ်မှတ်ထားပြီး ဖမ်းဆီးနေတာကြောင့် နာဂလူငယ်တွေခရီးသွားလာဖို့ခက်ခဲလာနေတယ်လို့ သိရပါတယ်။ စစ်အာဏာသိမ်းနောက်ပိုင်း တနိုင်းဒေသမှာအခြေစိုက်ပြီးအသစ်ဖွဲ့စည်းထားတဲ့ နာဂလက်နက်ကိုင်အဖွဲ့အစည်းအသစ် ကနေ ခရီးသွားလာနေတဲ့ ခရီးသည်တွေထဲက နာဂလူငယ်တွေကို အဓိကပစ်မှတ်ထားပြီး တပ်သားသစ်အဖြစ်ဖမ်းတာမျိုး ဆက်တိုက်ရှိလာနေတာကြောင့် နာဂလူငယ်တွေ ခရီးသွားလာဖို့ခက်ခဲလာနေတယ်လို့ တနိုင်းမြို့နေ အမျိုးသားတစ်ဦးက KNGကို ပြောပါတယ်။ “တခြားလူမျိုးထဲကလူငယ်တွေကိုတော့မဖမ်းဘူးဗျ။ နာဂလေးတွေကတော့ အတော်များ…
Read More » -
Aug- 2023 -11 Augustသတင်း
တနိုင်းမှာ စက်သုံးဆီသယ်ခွင့်ပိတ်လိုက်တဲ့နောက် ဒေသခံတွေ သွားလာရေးအခက်အခဲကြုံနေ
ကချင်ပြည်နယ် တနိုင်းမြို့နယ်နဲ့ ရှင်ဗွေယန်မြို့နယ်ခွဲထဲမှာ စစ်ကောင်စီတပ်က စက်သုံးဆီ သယ်ယူခွင့် ၂ လနီးပါးကြာပိတ်ထားတဲ့အတွက် ဒေသခံတွေအဓိကသွားရေးလာရေး ခက်ခဲလာတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ တနိုင်းမြို့နယ်နှင့်ရှင်ဗွေယန်နယ်တွေထဲ စက်သုံးဆီသယ်ယူခွင့်ကို ဇွန်လ တတိယ ပတ်ကတည်းက တားမြစ်ပိတ်ပင်ခဲ့တာဖြစ်ပြီးလက်ရှိမှာတော့ စက်သုံးဆီပြတ်လပ်နေသလို ဆီလက်ကျန်ရောင်းသူတွေကလည်း…
Read More » -
Jul- 2023 -13 Julyသတင်း
ရှင်ဗွေယန်- နန်းယွန်းကြားကားလမ်းမြေပြိုမှုကြောင့် နန်းယွန်းမြို့နယ်တွင် ကုန်စျေးနှုန်းအဆမတန်မြင့်တက်
ကချင်ပြည်နယ် ရှင်ဗွေယန်မြို့နှင့် စစ်ကိုင်းတိုင်း နန်းယွန်းမြို့နယ်ကြားက လီဒိုကားလမ်းပိုင်းတစ်နေရာမှာ မြေပြိုမှုဖြစ်သွားတာကြောင့် လက်ရှိအသွားအလာပြတ်တောက်နေတဲ့အတွက် နန်းယွန်းမြို့မှာတော့ ကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင်လ ၄ ရက်နေ့တုန်းက ကားလမ်းမြေပြိုမှုဖြစ်ပွားခဲ့တဲ့ ရှင်ဗွေယန်မြို့နဲ့ ၅မိုင်အကွာ(ဒေသအခေါ် ၅မိုင်းတံတား)အနီးကမြေပြိုကျခဲ့တဲ့နေရာမှာ ဇူလိုင် ၉ရက်နေ့တုန်းက ထပ်မြိုကျတာကြောင့် လတ်တလော ကုန်တင်ကား၊ အိမ်စီးကား၊ဆိုင်ကယ် သွားလာလို့မရဖြစ်နေပြီး ကုန်စည်စီးဆင်းမှုရပ်တန့်နေတာကြောင့်ဖြစ်တယ်လို့ နန်းယွန်းမြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။…
Read More » -
Feb- 2023 -28 Februaryသတင်း
တနိုင်း-ရှင်ဗွေယန် လမ်းပိုင်းဆိုးရွာစွာ ပျက်စီးနေသည့်အတွက် သွားလာရေးအခက်အခဲကြုံတွေ့နေရ
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှ ရှင်ဗွေယန်သို့ သွားလာနေသည့် ကားလမ်မကြီးသွားလာ၍မရအောင် အလွန်အကျွံ ပျက်စီးနေသည့်အတွက် သွားလာရေးခက်ခဲဖြစ်နေကြောင်း ဒေသခံများထံမှသိရသည်။ အဆိုပါ တနိုင်းနှင့်ရှင်ဗွေယန်ဆက်သွယ်ထားသည့် လမ်းပိုင်းသည် ပြုပြင်ထားသည့် အချိန်ကာလတစ်ခု အလွန်ကြာမြင့်သွားပြီဖြစ်သည့်အတွက် လက်ရှိတွင် မြေသားများပျက်စီးသွားသည့်အပြင် ချိုင့်ခွက်များဖြစ်ပေါ်နေသောကြောင့် သွားလာရေးအခက်အခဲကြုံတွေ့နေရသည်ဟု ရှင်ဗွေယန်မြို့ခံ…
Read More » -
Dec- 2021 -9 Decemberသတင်း
ကျောင်းသား ၆၀ ကျော် ကိုဗစ်ပိုးတွေ့သည့် ရှင်ဗွေယန်အထက်တန်းကျောင်းပိတ်ထားမည် မဟုတ်
ကျောင်းသား ၆၆ ယောက် ကိုဗစ်ပိုးကူးစက်ခံထားရသည့် တနိုင်းမြို့နယ် ရှင်ဗွေယန် အထက်တန်းကျောင်းကို ပိတ်ထားမည်မဟုတ်ပဲ ကျောင်းဆက်ဖွင့်သွားမည် ဖြစ်ကြောင်းသိရသည်။ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့ အထက်တန်းကျောင်းတွင် ဒီဇင်ဘာလ ၇ ရက်နေ့က ကျောင်းဆရာတစ်ဦးထံမှ ကိုဗစ်ပိုး စတင်စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကျောင်းသား/သူ…
Read More »