သတင်း

တနိုင်းနဲ့ရှင်ဗွေယန် ကားလမ်းပိုင်းမှာ နာဂလူငယ်တွေ ပစ်မှတ်ထားဖမ်းဆီးခံနေရ

ကချင်ပြည်နယ် တနိုင်းမြို့နယ်နဲ့ ရှင်ဗွေယန်မြို့ကြား လီဒိုကားလမ်းပိုင်းမှာ နာဂလူငယ်တွေကိုပစ်မှတ်ထားပြီး ဖမ်းဆီးနေတာကြောင့် နာဂလူငယ်တွေခရီးသွားလာဖို့ခက်ခဲလာနေတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းနောက်ပိုင်း တနိုင်းဒေသမှာအခြေစိုက်ပြီးအသစ်ဖွဲ့စည်းထားတဲ့ နာဂလက်နက်ကိုင်အဖွဲ့အစည်းအသစ် ကနေ ခရီးသွားလာနေတဲ့ ခရီးသည်တွေထဲက နာဂလူငယ်တွေကို အဓိကပစ်မှတ်ထားပြီး တပ်သားသစ်အဖြစ်ဖမ်းတာမျိုး ဆက်တိုက်ရှိလာနေတာကြောင့် နာဂလူငယ်တွေ ခရီးသွားလာဖို့ခက်ခဲလာနေတယ်လို့ တနိုင်းမြို့နေ အမျိုးသားတစ်ဦးက KNGကို ပြောပါတယ်။

တခြားလူမျိုးထဲကလူငယ်တွေကိုတော့မဖမ်းဘူးဗျ။ နာဂလေးတွေကတော့ အတော်များ များပါသွားပြီ ဒီတနိုင်းနဲ့ရှင်ဗွေယန်ကြားမှာဖမ်းနေတာ နာဂလူငယ်တွေကတော့ ၁၀ ယောက်သွားရင် ၆ယောက်၊ လောက်တော့ ဖမ်းခံရတယ် နေ့တိုင်းတော့မဟုတ်ဘူး တစ်လကို ၂ကြိမ် ၃ကြိမ်အ့လိုထွက်ထွက်ပြီးဖမ်းတာလို့ သူကပြောပါတယ်။

အဓိကအဖမ်းအဆီးများတဲ့နေရာဟာ လဂျားဘွမ်၊ ရှင်လုံဂါး၊ တရုံကျေးရွာ နဲ့ရှင်ဗွေယန် မြို့ကြားမှာဖြစ်ပြီး ၂၀၂၂ ခုနှစ်သြဂုတ်လလောက်ကတည်းစ ဖမ်းဆီးမှုစတင်လာရာကနေ ဒီနှစ်ထဲ ခပ်စိတ်စိတ်ဖမ်းဆီးလာနေတာလို့ ဒေသခံတွေက ဆိုပါတယ်။

ကျွန်တော်လည်း အိမ်မပြန်ရတာ ၅နှစ် လောက် ရှိပြီဗျ ဒီနှစ်တော့အိမ်ပြန်မလို့ပဲ အစီစဥ်ဆွဲထားတာပေါ့နော် တာပေမယ့် တနိုင်းလမ်းမှာအရမ်းဖမ်းတယ်ကြားလို့ မပြန်ရဲ ဘူးဖြစ်နေတာ။ လမ်းကြောင်းကလည်းဒီတစ်လမ်းပဲရှိတာ ဒီလမ်းကြောင်းမှာဖမ်းနေတော့၊ဘယ်လိုမှပြန်မရဘူးဗျာလို့ ဖားကန့်ဘက်ရောက်နေတဲ့ နန်းယွန်းဒေသခံလူငယ်တစ်ဦးကပြောပါတယ်။

နာဂဒေမှာလက်နက်ကိုင်တပ်ဖွဲ့အဖြစ် အရင်ကတည်းကရှိနေတဲ့ နာဂအမျိုးသားဆိုရှယ် လစ်ကောင်စီ NSCN-K နဲ့ အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာတဲ့ ခန္တီးဘက်က နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေသာရှိပြီး ခုဖမ်းအဆီးရှိနေတဲ့ နာဂလက်နက်ကိုင်အသစ်ဟာ PDF မဟုတ်ဘဲ သီးခြားရပ်တည်နေတဲ့ နာဂလက်နက်ကိုင်တပ်ဖွဲ့အသစ်ဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

Show More

Related Articles

Back to top button