ရှမ်းနီတပ်

  • Nov- 2024 -
    28 November
    သတင်း

    ဟုမ္မလင်းမြို့နယ်ထဲက ကျေးရွာ ၅ ရွာကို ဟုမ္မလင်း PDF ပူးပေါင်းတပ်သိမ်းပိုက်

    ကချင်ပြည််နယ်စပ် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲက ကျေးရွာ ၅ ရွာကို ဟုမ္မလင်း PDF ပူးပေါင်းတပ်သိမ်းပိုက်ရရှိထားတယ်လို့ ကာကွယ်ရေးတပ်ကနေ သိရပါတယ်။ ဖားကန့်မြို့နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဟုမ္မလင်းမြို့နယ် အရှေ့ဘက်ခြမ်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အထိုင်ချထားတဲ့ ရွာ ၅ ရွာကို ဟုမ္မလင်း PDF ပူးပေါင်းတပ် နိုဝင်ဘာ ၂၁ ရက်နေ့ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ရာ ၄ ရက်အတွင်း သိမ်းပိုက်လိုက်နိုင်တယ်လို့ ဟုမ္မလင်း PDF တပ်ရင်း (၁) နဲ့နီးစပ်တဲ့ အမျိူးသားတစ်ဦး KNG ကိုပြောပါတယ်။ “၂၁ ရက်နေ့က စတိုက်တာ ၂၄ ရက်နေ့အထိတိုက်ပွဲတွေဆက်တိုက်ဖြစ်တယ် ၄ ရက်အတွင်းမှာ ဟိုဘက်ကနားမော်အထိရထားတယ် နားမော်ကနေ မှန်ဟုန်အထိကို PDF တွေသိမ်းထားတယ် အခု ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ။ တိုက်ပွဲခနပြန်ငြိမ်နေတယ်ရထားတဲ့နေရာတွေကိုရှင်းနေတုန်း”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ လက်ရှိ PDF တွေသိမ်းပိုက်ထားတဲ့ ကျေးရွာတွေဟာ နားမော်၊မှန်ဟုန် ၊ နောင်ကောင်ကောင်း၊ ပါဟုတ် ၊ ငွန်စီရွာ စတဲ့ကျေးရွာတွေဖြစ်ပြီး အဲ့ဒီကျေးရွာတွေမှာ SNA တွေ စစ်အာဏာသိမ်းနောက်ပိုင်း ဂိတ်ထိုင်ကာ အခွန်ကောက်နေတဲ့ ရွာတွေဖြစ်တယ်လို့ နောက်ထပ် ပါဟုတ် အမျိုးသားတစ်ဦး ဆက်ပြောပါတယ်။ “ပထမနေ့ကတော့ နားမော်ဂိတ်ကိုစတိုက်တာပဲ ရွှေတူးသွားတဲ့လမ်းမှာသူတို့ကဂိတ်ထိုင်တာအဲ့ဂိတ်ကို စသိမ်းတာ SNA တွေကတချို့လက်နက်ချအလင်းဝင်တဲ့လူဝင် တချို့ပြေးတဲ့လူပြေးပါ့ အသေအပျောက်လည်းမနည်းဘူး”လို့ ပြောပါတယ်။ ဟုမ္မလင်း PDF တပ်ပေါင်းစုတွေသိမ်းပိုက်ထားတဲ့ နားမော်ကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ကျန်တဲ့ကျေးရွာတွေက အိမ်ခြေ ၈၀ ကနေ ၁၅၀ ဝန်းကျင်အထိရှိတယ်လို့ သိရပါတယ်။ အဲ့ဒီကျေးရွာတွေဟာ SNA တပ်သားအင်အား ရာနဲ့ချီတပ်ချထားတဲ့ နောင်ပိုအောင်ကျေးရွာနဲ့တဆက်တည်းရှိနေတဲ့ကျေးရွာတွေဖြစ်ပြီး လတ်တလောမှာတော့ နောင်ပိုအောင်ကျေးရွာအပါအဝင် အထက်ဖော်ပြပါကျေးရွာတွေနဲ့စုစုပေါင်းကျေးရွာ ၁၀ ရွာခန့်က ပြည်သူတွေ တောတောင်ထဲ စစ်ရှောင်းနေရတယ်လို့ နောင်ပိုအောင်ကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “နောင်ပိုအောင်ရွာထဲမှာလည်း သုံးပုံတစ်ပုံပဲကျန်တယ်အကုန်ပြေးနေကြပြီ နောင်ပိုအောင်၊နားမော်၊ခုန်ခမ်းတလျှောက်ကရွာတွေအကုန်ပဲ ဟုမ္မလင်းဘက်ကလမ်းပိတ်ထားလို့ပြေးမရဘူးရွှေမော်တွေဘက်ပြေးနေရတယ်”လို့ သူကပြောပါတယ်။ အခုလိုစစ်ရေးတင်းမာနေတာကြောင့် နောင်ပိုအောင်၊ဟုမ္မလင်းကားလမ်းပိုင်းကိုလည်း SNA တပ်က နောင်ပိုအောင်တံတားကနေပိတ်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ ဟုမ္မလင်းနယ်ထဲက SNA တွေတပ်ထိုင်နေတဲ့ကျေးရွာအချို့ကို ဟုမ္မလင်းPDF နဲ့ KIAပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဟုမ္မလင်းPDFတပ်ပေါင်းစုတွေဟာ ဒီနှစ်ထဲမှာ ဖားကန့်မြို့နယ်နဲ့နီးတဲ့ဟုမ္မလင်းနယ်ထဲကကျေးရွာအများအပြားကိုသိမ်းပိုက်ထားပြီဖြစ်သလို ဟုမ္မလင်း အနောက်ခြမ်းရှိ ဖောင်းပြင်နယ်တကြော ကျေးရွာအများအပြားကိုလည်းသိမ်းပိုက်ရရှိထားတယ်လို့သိရပါတယ်။ By – Zaw Zaw

    Read More »
  • 19 November
    သတင်း

    စစ်ကိုင်း-ကချင်အစပ် SNA တပ်စခန်း ၃ ခု KIA ထပ်သိမ်း

    စစ်ကိုင်း– ကချင်အစပ် ဟုမ္မလင်းမြို့နယ် SNA တပ်စခန်း ၃ ခုကို KIA ပူးပေါင်းတပ် ထပ်မံသိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာ တစ်ဖက်ကမ်းမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက စစ်ကောင်စီတပ်၊ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ပျူစောထီး ပူးပေါင်းတပ်စွဲထားတဲ့ ရွှေတွင်းတပ်စခန်းနဲ့ရာလာတီးတပ်စခန်းကို KIA ပူးပေါင်းတပ်က နိုဝင်ဘာလ ၁၈ ရက်နေ့ သိမ်းပိုက်လိုက်ပြီး  စိုင်းပန်ရွာစခန်းကုန်းကို ဒီမနက်ပိုင်း ၅ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်လိုက်နိုင်တာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ် တစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ဒီဘက်ကို ကျနော်တို့ ၂၅ ရက်နေ့ကနေစတိုက်တာ မနေ့က ရွှေတွင်းလမ်းဆုံစခန်းနဲ့ရာလာတီးစခန်းကိုသိမ်းတယ်။ စိုင်းပန်တပ်စခန်းကိုမနေ့ကတည်းက ပိတ်ဆို့ထားတာ အထဲမှာသူတို့မရှိဘူး ပြေးကုန်ပြီ အဲကြောင့် စိုင်းပန်ကိုလည်း ဒီမနက်ပိုင်းမှာ သိမ်းလိုက်နိုင်တာ”လို့ ပြောပါတယ်။  စစ်ကိုင်း– ကချင်အစပ်ရှိမှာရှိတဲ့ SNA တပ်စခန်းတွေကို  KIA ပူးပေါင်းတပ်က အောက်တိုဘာလ ၂၅ ရက်နေ့ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဟုမ္မလင်းမြို့နယ်က ရှစ်မျက်နှာဘုရားကုန်းနဲ့ ပန်ချယ်ဆိုတဲ့ တပ်စခန်းနှစ်ခုကို  နိုဝင်ဘာလ ၃ ရက်နေ့ တိုက်ခိုက်သိမ်းယူထားပြီးနောက် နှစ်ပတ်အကြာ နောက်ထပ်တပ်စခန်း ၂ ခုကို ထပ်ပြီးသိမ်းပိုက်နိုင်တာဖြစ်ပါတယ်။ KIA ပူးပေါင်းတပ် ထိုးစစ်တိုက်ခိုက်နေတဲ့နေရာဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် နဲ့ ကချင်ပြည်နယ် ဆယ်ဇင်းကျေးရွာအကြားမှာရှိတဲ့ စခန်းတွေဖြစ်ပြီး အဲစခန်းတွေက KIA ရဲ့ တပ်ရင်း (၂၆) ထိန်းချုပ်နယ်မြေမှာရှိတာလည်းဖြစ်ပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်က လေကြောင်းအသုံးပြုပြီး နေ့တိုင်းဆိုသလို ပစ်ခတ်တိုက်ခိုက်တာတွေရှိတဲ့အတွက် KPDF တပ်သား ၂ ဦးကျဆုံးပြီး SNA ပူးပေါင်းတပ်ဘက်ကလည်း ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။ “တိုက်ပွဲတော့ တော်တော်လေးပြင်းတယ်လို့ ပြောလို့ရတယ်။ ကျနော်တို့ဘက်ကလည်း ကျတာရှိတယ်။ လပြည့်နေ့မှာဘဲတစ်ယောက်ကျထားတာ မနေ့ကလည်းတစ်ယောက်ထပ်ကျတယ်။ SNA ဘက်ကလည်း ကျတာများတယ်။လေယာဉ်ကို မနေ့ကလည်း ၂ ကြိမ်လာပစ်သွားတယ်”လို့ KPDF တစ်ဦး ပြောပါတယ်။ လတ်တလော KIA သိမ်းပိုက်လိုက်တဲ့ တပ်စခန်း ၅ ခုစလုံးမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ စစ်တပ်လက်အောက် ပျူစောထီးအဖွဲ့ပူးပေါင်းအထိုင်ချတဲ့ တပ်စခန်းတွေဖြစ်ပြီး အင်အား ၂၀၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။ တိုက်ပွဲအခြေနေနဲ့ပတ်သက်ပြီး KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG ကဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပါဘူး။ ဟုမ္မလင်းမြို့နယ်နဲ့ဆယ်ဇင်းတစ်လျှောက် ဥရုချောင်းအရှေ့ခြမ်းနဲ့မာန်စိမ်းချောင်းဖျားရှိ SNA ပူးပေါင်းတပ်စခန်းကို KIA ပူးပေါင်းတပ်က အောက်တိုဘာလ ၂၅ ရက်နေ့ စတင်ထိုးစစ်ဆင်နေပြီး ခုဆိုရင် ၃ ပတ်ဝန်းကျင်ရှိပြီဖြစ်ပါတယ်။ By – Zami

    Read More »
  • Oct- 2024 -
    16 October
    သတင်း

    ဟုမ္မလင်းနယ်မှာ လူငယ်အများအပြားဖမ်းဆီးခံနေရ

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ လူငယ်တွေအများအပြားဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ရဲ့ တပ်သားသစ်စုဆောင်းမှုတွေကြောင့် လူငယ်တွေမကြာခန ဖမ်းဆီးခံနေရပြီး ဒီနှစ်ဝက်အတွင်း ရာနဲ့ချီဖမ်းဆီးခံရတယ်လို့ တော်လှန်ရေးမှာပါဝင်လှုပ်ရှားနေတဲ့ ဟုမ္မလင်းမြို့ဒေသခံ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “အရင်ကမဖမ်းပါဘူး အခုနောက်ပိုင်းမှာမှဖမ်းလာတာ စစတုန်းကတော့ ခရီးသွားတဲ့လူငယ်တွေပြီးတော့ညဘက် လမ်းပေါ်ထွက်တဲ့လူငယ်တွေလောက်ဖမ်းတာ။ အခုနောက်ပိုင်းက အိမ်ထဲထိကိုခြင်ထောင်ထဲထိကိုဝင်ဖမ်းတော့တာ မကတော့ဘူးနော် သုံး–လေး ရာတောင်မကလောက်ဘူးတစ်နယ်လုံးဆိုရင်”လို့ အသက် ၅၀…

    Read More »
  • Mar- 2024 -
    5 March
    သတင်း

    တာမခံဘုန်းကြီးကျောင်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ပိတ်ဆို့တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြား

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခံရွာဘုန်းကျောင်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်မတော် SNA ပူးပေါင်းတပ် အင်အား ၆၀ ဝန်းကျင်ကို KIA,KPDF ပူးပေါင်းတပ်တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ၅၀ ထက်မနည်း သေဆုံးတယ်လို့ KPDF ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။…

    Read More »
  • Oct- 2023 -
    5 October
    သတင်း

    ဟုမ္မလင်းနယ် နားနှုန်းရွာထဲမှာ SNA တပ်က အထိုင်တပ်ချဖို့ပြင်ဆင်နေ

    စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နားနှုန်းကျေးရွာထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တပ်က အထိုင်တပ်ချဖို့ ပြင်ဆင်လာနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ ဟုမ္မလင်းမြို့နဲ့ ငါးမိုင်ခန့်သာဝေးတဲ့ နားနှုန်းကျေးရွာဟာ ကျေးရွာအုပ်စုထဲမှာ ကျေးရွာပေါင်း ၅ ရွာသာရှိတာဖြစ်ပြီး အဲ့ဒီကျေးရွာ ၅ရွာရဲ့ အလယ်ဗဟိုမှာကျတဲ့ နားနှုန်းရွာထဲမှာ SNA…

    Read More »
Back to top button