ရှမ်းပြည်

  • Jul- 2024 -
    24 July
    သတင်း

    လားရှိုးမြို့တွင်းနဲ့ အကျဥ်းထောင်အနီးတစ်ဝိုက် တိုက်ပွဲဆက်လက်ပြင်းထန်နေ

    ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင်းနဲ့ အကျဥ်းထောင်အနီးတစ်ဝှိုက် စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် MNDAA ပူးပေါင်းအဖွဲ့ ဒီကနေ့ နေ့လည်ပိုင်း ၁၂ နာရီလောက်ထိတိုက်ပွဲဆက်တိုက်ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ လားရှိုးအကျဥ်းထောင်ရှိတဲ့ ရပ်ကွက် ၁၂၊ ခမရ ၅၀၇ ရှိတဲ့ ရပ်ကွက် ၅ နဲ့ ခလရ ၆၈ တပ်ရင်း အနီးတို့မှာ တိုက်ပွဲတွေပြင်းထန်နေတာလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “နေ့လည်ပိုင်းအထိ အကျဥ်းထောင်နားမှာတိုက်ပွဲကထပ်ဖြစ်နေတုန်းပဲ။ အကျဥ်းထောင်ပေါက်သွားတယ် ဆိုတာတော့မရှိသေးဘူး။ ရပ်ကွက် ၁၂ အကျဥ်းထောင်ဘက်ပေါ့လေ။ ၆၈ တပ်ရင်းကတော့ ကျပြီလို့ ပြောဖို့ ခက်နေတယ်။ ဆုတ်လိုက် ပြန်ဝင်လိုက် နှစ်ဖက်လုံးကအဲ့လိုဖြစ်နေတော့ အဖွဲ့အစည်းတွေက ခိုင်ခိုင်မာမာထုတ်မှပဲ အတည်ပြုနိုင်မယ်” လို့ပြောပါတယ်။ တစ်ဖက်မှာတော့ ခလရ ၄၁ တပ်ရင်းကို သိမ်းပိုက်ချိန် စစ်ကြောရေးရောက်နေတဲ့ နိုင်ငံရေးအကျဥ်းသားတစ်ချို့ နဲ့ တစ်ခြားနိုင်ငံရေးအမှုနဲ့ဆက်စပ်သူတွေလွှတ်မြောက်လာတယ်လို့ သိရပါတယ်။ ဒါ့အပြင် လွတ်မြောက်လာတဲ့ အကျဥ်းသားတွေထဲမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ လူငယ်တစ်ချို့လည်းပါဝင်ပြီး အတည်ပြုလို့ရတဲ့အကျဥ်းသားဦးရေကတော့ ၄ ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ “ခလရ ၄၁ ကျသွားတော့ စစ်ကြောင်ရေးမှာရောက်နေတဲ့ အကျဥ်းသား တချို့တော့ပြန်လွှတ်လာတယ်။ အရေအတွက်တော့အတိအကျတော့မသိဘူး။ ဒါပေမဲ့ လက်နက်မှုတွေကြောင့်ပါတယ်။ တစ်ချို့ကတော့ နိုင်ငံရေး နဲ့ ဆက်စပ်ပြီးဖမ်းခံရသူတွေပါတယ်။ ကျနော်တို့သိတာကတော့ ၄ ယောက်သေချာတယ်။ ”လို့ဒေသခံတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကိုးကန့်တပ်ရော၊ TNLA တပ်ဖွဲ့ နှစ်ဖွဲ့လုံးနဲ့ စစ်ကောင်စီ တပ်တို့အကြား အပစ်ရပ်ကြောင်းကြေညာခဲ့သလို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ ကိုးကန့်တပ် MNDAA နဲ့ စစ်ကောင်စီတပ် နှစ်ဖွဲ့အကြား ဒီလကုန်ထိအပစ်ရပ်မယ်လို့ကြေညာခဲ့တာဖြစ်ပါတယ်။ ဇူလိုင်လကုန်ထိအပစ်ရပ်မယ့်ကြေညာချက်ကိုတော့ ကိုးကန့်တပ်ဖွဲ့ MNDAA ကဘဲကြေညာခဲ့တာဖြစ်ပြီး တအာင်းတပ်မတော် TNLA ဘက်ကတော့တစ်စုံတစ်ရာထုတ်ပြန်လာတာ ဒီကနေ့ ဇူလိုင်လ ၂၄ ရက်နေ့အထိ မတွေ့ရသေးပါဘူး။ လားရှိုးမြို့က ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်တို့ရဲ့ နှစ်ဖက်ပစ်ခတ်မှုတွေအကြား မြို့တွင်းလက်နက်ကြီး ကျရောက် ပေါက်ကွဲမှုတွေရှိပြီး အရပ်သား သေဆုံးမှုတွေလည်းရှိနေဆဲဖြစ်သလို နေအိမ်ပျက်စီးဆုံးရှုံး မှုကလည်းမြင့်တက်နေဆဲလို့ ဒေသခံတွေ နဲ့ လူ့အခွင့်ရေးလေ့လာစောင့်ကြည့်တဲ့အဖွဲ့တွေက ထုတ်ပြန် ထားပါတယ်။ By – အမိုး

    Read More »
  • 23 July
    သတင်း

    လားရှိုးမြို့အဝင်က ခလရ ၄၁ တပ် ကို MNDAA သိမ်းပိုက်

    ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အဝင်က စစ်ကောင်စီရဲ့ ခလရ ၄၁ တပ်ရင်းကို ကိုးကန့်တပ် MNDAA က အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေဆီကသိရပါတယ်။ ဒါ့အပြင် လားရှိုးမြို့တစ်ဝှိုက်တပ်စွဲထားတဲ့ စစ်ကောင်စီ ရဲ့ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူတွေအပါအဝင် စုစုပေါင်း ၃၀၀ ကျော်လက်နက်ချအညံ့ခံခဲ့တယ်လို့ ကိုးကန့်တပ်…

    Read More »
  • 17 July
    သတင်း

    အပစ်ရပ်တဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲဆက်ဖြစ်နေ

    စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA၊ ကိုးကန့်တပ် MNDAA တို့ အကြား အပစ်ရပ်မယ်ဆိုတဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေသလို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ဒရုန်း အသုံးပြုတိုက်ခိုက်တာတွေပါလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကျောက်မဲမြို့နယ် နဲ့ နောင်ချိုမြို့နယ် တို့မှာတော့ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးတာ၊ ဒရုန်းကနေ ဗုံးကြဲ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေပါလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA ဘက်က မနေ့ညကပဲသတင်းထုတ်ပြန်ထားပါတယ်။ တစ်ဖက်မှာ လားရှိုးမြို့နယ်မှာဆိုရင် မနေ့က ဇူလိုင်လ ၁၅ ရက်နေ့မနက်ပိုင်းကလည်းပစ်ခတ်သံတွေကြား နေရသလို ဒီနေ့မနက်ပိုင်းမှာတော့ ခမရ ၅၀၇ အနီးတစ်ဝှိုက်ကနေပစ်ခတ်မှုသံတွေကြားနေရဆဲလို့ ဒေသခံ တစ်ယောက်ကပြောပါတယ်။ “လားရှိုးကတော့ဆက်ဖြစ်နေတုန်းပဲ မနက်ကလည်းပစ်နေတာပဲ။ မနက်က ၅၀၇ တပ်နားတွေဖြစ်နေ တုန်းပဲ။ အပစ်ရပ်တယ်ဆိုပေမဲ့လည်း ပစ်ခတ်မှုတွေရှိနေတုန်းပဲ။ ဒေသခံတွေကတော့နေ့တိုင်းပြေးနေ တုန်းပဲ”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ တစ်ဖက်မှာ ကိုးကန့်တပ်မတော် MNDAA ဘက်က ဒီကနေ့မနက်ပိုင်းမှာ လားရှိုးမြို့နယ်အဝင်မုခ်ဦးအထိ ရောက်ရှိလာပြီး စစ်ကောင်စီတပ်ဘက်ကလည်း အင်အားတွေဆက်တိုက်ဖြည့်တင်းထားတဲ့အတွက် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ဒေသခံတွေကသုံးသပ်နေကြပါတယ်။ မနေ့ကညပိုင်း ၈ နာရီဝန်းကျင်လောက်မှာ လားရှိုးမြို့နယ် နားမခေါ်ရပ်ကွက် လမ်းသွယ် ၄ မှာ လက်နက်ကြီး စထိမှန်ခဲ့လို့ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ယောက်သေဆုံးခဲ့ပြီး အမျိုးသားတစ် ယောက်ထိခိုက် ဒဏ်ရာရှိခဲ့ပါသေးတယ်။ တအာင်းတပ်မတော် TNLA ဘက်က မနေ့ညကထုတ်ပြန်ချက်ထဲမှာဆိုရင် နောင်ချိုမြို့နယ် ဘန့်ဘွေးနဲ့ ရေဝင်ရွာတွေမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဟာ သဲခေါ်ရွာနားက TNLA ရဲ့တပ်စခန်းကိုလက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့သလို ဒရုန်းနဲ့ပါပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ကျောက်မဲမြို့နယ်ထဲမှာတော့ စစ်ကောင်စီရဲ့ ခမရ ၅၀၁၊ ၅၀၂ တပ်ဖွဲ့တွေဘက်က စစ်ကြောင်းထိုး တိုက်ခိုက်လာလို့ နတ်တောင်အနီးတစ်ဝှိုက်နဲ့ နောင်ပိန်ရွာ တစ်ဝှိုက်မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။ တအာင်းတပ်မတော် TNLA၊ ကိုးကန့်တပ်မတော် MNDAA တို့နဲ့ စစ်ကောင်စီတပ်အကြား ဇူလိုင်လ ၁၄ ရက် နေ့ကနေ ၁၈ ရက်နေ့အထိ ၄ ရက်ကြာအပစ်ရပ်မယ်လို့ ထုတ်ပြန်ထားတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က တိုက်ခိုက်လာရင်တော့ ပြန်လည်ခုခံနိုင်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ By – အမိုး

    Read More »
  • Feb- 2024 -
    2 February
    သတင်း

    တိုက်ပွဲကျန်လက်နက်ကြီးကျည်ယူဆော့ရာမှ ကလေး ၃ ယောက်သေဆုံး

    ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှာ ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက်ပိုင်း ၉ နာရီ ဝန်းကျင်လောက်က တိုက်ပွဲကျန်လက်နက်ကြီးကျည်ယူဆော့ရာကနေ ကလေးငယ် ၃ ယောက်သေဆုံးသွားတယ်လို့ တအာင်း အမျိုးသမီးအဖွဲ့အစည်း TWO ဆီကသိရပါတယ်။ ဖြစ်စဥ်မှာ နမ့်ဆန်မြို့နယ်…

    Read More »
  • Jan- 2024 -
    18 January
    သတင်း

    မိုးမိတ်မြို့ ရဲစခန်းအလံဖြူထောင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေး

    ရှမ်းပြည်မြောက်ပိုင်း နဲ့ ကချင်ပြည်နယ်အစပ် မိုးမိတ်မြို့နယ်မှာ ဒီကနေ့မနက်ပိုင်းကစလို့ KIA၊PDF အပါအဝင်တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေအကြား ပြင်းထန်နေတဲ့တိုက်ပွဲမှာ မြို့ပေါ်မှာ ရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း ကတော့ အလံဖြူထောင်ပြီး တပ်သားတွေထွက်ပြေးသွားကြပြီ လို့ဒေသခံတွေ ဆီကသိရပါတယ်။ ဒီကနေ့မနက်ပိုင်း ၆…

    Read More »
  • Dec- 2023 -
    26 December
    သတင်း

    နမ္မတူမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ ယောက်သေဆုံး

    ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ ရပ်ကွက် ၃ ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသား ၂ ယောက်ပွဲချင်းပြီးသေဆုံးသွားတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က သတင်းထုတ်ပြန်ပါတယ်။ ဖြစ်စဥ်ဟာ မနေ့က ညနေပိုင်း ၅ နာရီလောက်မှာ…

    Read More »
  • 19 December
    သတင်း

    နမ့်ဆန်မြို့သိမ်းတိုက်ပွဲအပြီး အရပ်သား ၆ ယောက်သေဆုံးခဲ့

    ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့သိမ်းတိုက်ပွဲအပြီး အရပ်သား ၇ ယောက်သေဆုံးခဲ့ပြီး နေအိမ် အလုံး ၆၀ ထက်မနည်း ထိခိုက်ပျက်ဆီးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO ဆီက သိရပါတယ်။ နမ့်ဆန်မြို့သိမ်းတိုက်ပွဲအဖြစ် စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့…

    Read More »
  • Nov- 2023 -
    30 November
    သတင်း

    မူဆယ် ၁၀၅ မိုင်အနီးတစ်ဝိုက် လေကြောင်းနဲ့ဆက်တိုက်ပစ်ခတ်နေဆဲဖြစ်ပြီး အရပ်သား ၁၀ ဦးထက်မနည်းသေဆုံး

    ရှမ်းမြောက် မူဆယ်မြို့ ၁၀၅ မိုင်အနီးတစ်ဝိုက်ကို စစ်တပ် ၃ ရက်ဆက်တိုက် လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်းထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ မူဆယ်ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာ ၂၆ ရက်နေ့ ညနေပိုင်းမှာပဲ နမ့်တောင်းမရောက်ခင် လုံခန်ရွာဘယ်ဘက်တောင်ကုန်းမြင့်မှာအထိုင်ချတဲ့ စစ်တပ်ဗျူဟာကုန်းကို ကိုးကန့် MNDAA ကတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့နေ့ကစပြီး စစ်ကောင်စီတပ်တွေက ၁၀၅ မိုင်အနီးတဝိုက် လေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်နေတာပါ။ လုံခမ်းတပ်စခန်းသိမ်းပိုက်မှုအပြီး…

    Read More »
  • 29 November
    သတင်း

    ကွတ်ခိုင်မှာ စစ်တပ်သတင်းပေးဆိုသူ ပစ်သတ်ခံရ

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာမှာ စစ်တပ်သတင်းပေးဆိုသူတစ်ဦး ပစ်သတ်ခံရကြောင်း ခိုမုန်းဒေသခံတွေဆီကနေ သိရပါတယ်။ ပစ်သတ်ခံရသူဟာ ခိုနမ့်ဖတ်ကာ ခလရ ၁၂၃ နဲ့ နမ့်ခိုင်စစ်တပ်စခန်းတွေကို ပုံမှန်သတင်းပေးနေတဲ့ ဓါတ်ဆီဆိုင်ပိုင်ရှင်အမျိုးသား တစ်ဦး နိုဝင်ဘာ ၂၇ ရက်နေ့ ညနေပိုင်း ၄ နာရီခွဲခန့်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဝင်ရောက်ပစ်သတ်သွားတာဖြစ်…

    Read More »
  • 28 November
    သတင်း

    လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး သွားလာခွင့်ပိတ်လိုက်တဲ့နောက် နမ့်ဖတ်ကာရွာက ဒေသခံပြည်သူတွေ အစစအရာရာခက်ခဲနေ

    ရှမ်းပြည်မြောက်ပိုင်း လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး သွားလာခွင့်ပိတ်ထားလိုက်တဲ့နောက် နမ့်ဖတ်ကာရွာက ဒေသခံ ပြည်သူတွေဟာ လုံခြုံရေးနဲ့စားနပ်ရိက္ခာအတွက် စိုးရိမ်နေကြရတယ်လို့ နမ်ဖတ်ကာပြည်သူတွေက ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီးလားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ကနေ  သွားလာခွင့်ပိတ်ထားတဲ့အတွက် တခြားဒေသကို ထွက်ပြေးတိမ်းရှောင်ဖို့ခက်တဲ့ နမ့်ဖတ်ကာဒေသခံတွေဟာ အရေးပေါ်ဖျားနာ လာရင်သွားလာနိုင်ဖို့ခက်ခဲနေသလို စစ်ဖြစ်လာရင်လည်း ထွက်ပြေးဖို့ခက်ခဲတာကြောင့် ကတုတ်ကျင်းတူးပြီးပဲ နေနေရတယ်လို့ ဆိုပါတယ်။ “စစ်တပ်နဲ့နီးတဲ့ အိမ်တွေက ကတုတ်ကျင်းတွေတူးပြီး ပြင်ဆင်နေတယ်။ အခုကလမ်းတွေပိတ်ထားတော့ နမ့်ဖတ်ကာထဲကရွာသားတွေ တော်တော်ခက်တယ်။ အစားအသောက် ဝယ်ယူစားသောက်ဖို့နေရာတွေမရှိတော့ဘူး။ ပြီးရင် လမ်းတွေပိတ်လိုက်တော့ ကျမတို့က အခြားနေရာတွေဆီ ပြေးလို့လည်း မရတော့ဘူး။ဘယ်ကိုမှသွားလို့မရတော့ အသက်ကြီးရွယ်အိုတွေက ဘယ်မှပြေးလို့မရဘူး။” ဟုနမ့်ဖတ်ကာဒေသခံ အမျိုးသမီးတစ်ဦးက…

    Read More »
Back to top button