ရှမ်းမြောက်
-
Oct- 2025 -21 Octoberသတင်း
ရှမ်းမြောက် မြို့ ၄ မြို့ တစ်နေ့တည်း လေကြောင်းတိုက်ခိုက်ခံရ
ရှမ်းပြည်နယ်မြောက်ပိုင်းက မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ မိုးကုတ် စတဲ့မြို့နယ်တွေကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၉ ရက်နေ့ တစ်နေ့တည်းမှာပဲ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA ကသတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါလေကြောင်းတိုက်ခိုက်ခံရမှုတွေမှာ ဘာသာရေးအဆောက်အဦး၊ မီးသတ်ရုံး၊ လက်ဖက်စက်ရုံ၊ အရပ်သားနေအိမ်၊…
Read More » -
10 Octoberသတင်း
ရှမ်းမြောက်မှာ တစ်ပတ်အတွင်း အရပ်သား ၂၈ ဦးထိခိုက်သေဆုံး
ရှမ်းပြည်မြောက်ပိုင်း TNLA ထိန်းချုပ်ထားတဲ့မြို့နယ်တစ်ချို့မှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း ကလေးငယ် ၄ ဦးအပါအဝင် အရပ်သား ၂၈ ဦးသေဆုံးခဲ့ရတယ်လို့ တအာင်းတပ်မတော် TNLA ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ ဒါ့အပြင် တစ်ပတ်အတွင်းမှာ ထိခိုက်ဒဏ်ရာရရှိသူကတော့ ကလေးငယ် ၉ ဦးအပါအဝင်…
Read More » -
6 Octoberသတင်း
နမ္မတူမြို့ကို စစ်တပ်က ဒုတိယအကြိမ်လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ နေအိမ် ၅ လုံးထိခိုက်ပျက်စီး
ရှမ်းမြောက် နမ္မတူမြို့ကို စစ်တပ်က လေကြောင်းနဲ့ထပ်မံဗုံးကြဲလို့ လူနေအိမ် ၅ လုံးပျက်စီးသွားပြီး မှန်လုံကား ၂ စီးပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ တအာင်းလွတ်မြောက်ရေးအဖွဲ့ PSLF/TNLA ထိန်းချူပ်ထားတဲ့ နမ္မတူမြို့၊ ပန်ဟိုက်ရပ်ကွက် ( ၂ ) စျေးအနောက်ဘက်ကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၆ ရက်နေ့ ဒီနေ့မနက် ၇ နာရီဝန်းကျင်မှာ လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာဖြစ်တယ်လို့ နမ္မတူဒေသခံတစ်ဦးက အခုလို ပြောပါတယ်။ “နမ္မတူမီးသတ်ရုံးရှေ့က အိမ်တွေဟုတ်တယ်။ လူတွေတော့ ထိခိုက်တာမရှိဘူး။ ဟိုနေ့က ဗုံးလာကြဲကတည်းက အိမ်ရှင်တွေက အားလုံးရှောင်ကုန်တာကြောင့် လူထိခိုက်မှုတော့ မရှိဘူး အိမ်က ၅ လုံးထိတယ်။ လုံး၀ ရစရာမရှိ ဖြစ်သွားတာက ၃ အိမ်ဟုတ်တယ်။ မှန်လုံကား ၂ စီးထိတယ်။” လို့ နမ္မတူဒေသခံအမျိုးသားတစ်ဦး KNG ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ နမ္မတူမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့မှာလည်း လေကြောင်းနဲ့ဗုံးကြဲခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့ပြီး တစ်လကျော်အကြာ ဒီနေ့မနက်မှာ ဒုတိယအကြိမ် နမ္မတူမြို့ကိုထပ်မံလေကြောင်းဗုံးကြဲတာဖြစ်ပါတယ်။ ခုလို စစ်တပ်လေကြောင်းဗုံးကြဲမှုကြောင့် နမ္မတူမြို့ ဒေသခံပြည်သူတချို့လည်း အောက်တိုဘာလကစပြီး တိမ်းရှောင်သူတွေရှိသလို ဒီနေ့မနက် ဒုတိယအကြိမ် ထပ်မံဗုံးကြဲခံရပြီးနောက် လက်ရှိ နမ္မတူမြို့က ဘာသာရေးအဖွဲ့စည်းတွေအပါအဝင် ပြည်သူအများပိုင်းတိမ်းရှောင်ဖို့ရန် ပြင်ဆင်နေပြီလို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အောက်တိုဘာလ ၁ ရက်နေ့က စပြီး ကျောက်မဲမြို့ကို TNLA လက်ထဲကနေ အပြီးပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် နမ္မတူမြို့ ၊ မန်တုံမြို့ ၊ နမ့်ဆန်မြို့ကိုတွေလည်း ဖိအားပေးတဲ့ပုံစံနဲ့ ချက်ချင်းဗုံးကြဲတိုက်ခိုက်လာတာဖြစ်ပါတယ်။ “စစ်တပ်က TNLA ကို နမ္မတူ၊ မန်တုံမြို့တွေအထိ ဖယ်ပေးဖို့ ပြောထားခဲ့တာဟုတ်တယ်။ သူတို့နေနေသရွေ့ ဘယ်မှာဖြစ်ဖြစ် ဗုံးကြဲနေမှာပဲဖြစ်တာကြောင့် အခုအခြေအနေအရဆို စစ်တပ်က ဆက်တိုက်ဗုံးကြဲဖိအားပေးသွားမဲ့အနေအထားပဲ။ နောင်ချိုပြီးတာနဲ့ သူတို့ညိနှိုင်းခဲ့စဉ်က ကျောက်မဲ၊ သီပေါ၊ နမ္မတူတွေကို ဖယ်ပေးဖို့ နဲ့ PSLF/TNLA အတွက်က မန်တုံနဲ့ နမ့်ဆန်ကို ယူပေါ့။ အဲလိုစစ်တပ်ဘက်က ညှိခဲ့တယ်လို့ သိရတယ်။ အခုက ကျောက်မဲကို စစ်တပ်တိုက်ခိုက်နိုင်ပြီဆိုတော့ ထပ်ဆွေးနွေးစရာမရှိဘူး။ ဒါတွေကိုလည်း သူတို့တိုက်ခိုက်ပြီး အနိုင်ရနိုင်တယ်လို့ ခြိမ်းခြောက်လာတဲ့ အနေအထားဖြစ်တယ်။” လို့ နမ္မတူဒေသခံအမျိုးသားက ဆက်ပြောပါတယ်။ အလားတူ စစ်တပ်က အောက်တိုဘာလ ၄ ရက်နေ့ မနက်မှာလည်း နမ့်ဆန်မြို့ကို လေကြောင်းဗုံးကြဲခဲ့ရာ လူထိခိုက်မှုတော့ မရှိခဲ့ပေမယ့် အောက်တိုဘာလ ၂ ရက်နေ့နဲ့ ၄ ရက်နေ့ သီပေါမြို့ဗုံးကြဲခံရမှုမှာ အရပ်သား ၂ ဦးသေဆုံးမှုရှိခဲ့ပါတယ်။ အဲဒီနောက် အောက်တို ၆ ရက်နေ့ ဒီနေ့မနက်မှာလည်း နမ္မတူမြို့ဗုံးကြဲပြီးနောက် ၆ မိနစ်အကြာမှာပဲ သီပေါမြို့ကိုပါ ထပ်မံလေကြောင်းဗုံးကြဲခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကစပြီး စစ်ကော်မရှင်တပ်တွေဟာ ကျောက်မဲမြို့ကို TNLA လက်ထဲကနေ ပြန်လည်ရယူဖို့ ထိုးစစ်ဆင်ခဲ့ကြတာဖြစ်ပြီး တစ်လကျော်ကြာကာလအတွင်းမှာ ကျောက်မဲမြို့ကို အပြီး သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်တာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ TNLA ထိန်းချုပ်ထားတဲ့ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုင်းငေါ့နဲ့ မိုးကုတ်တွေကို ပစ်မှတ်ထား ခြိမ်းခြောက်လာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နှစ်ဖက်တပ်တွေဟာ တရုတ်ကြားခံမှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဩဂုတ်လနောက်ဆုံးပတ်က စတုတ္တအကြိမ် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြတာဖြစ်ပေမဲ့ သဘောတူညီမှု မရရှိခဲ့ဘူးလို့ သိရပါတယ်။ နှစ်ဖက်လက်နက်ကိုင်တပ်တို့ ၄ ကြိမ်တိတိ တွေ့ဆုံဆွေးနွေးမှုမှာ သဘောတူညီမှုတစ်စုံတစ်ရာမရရှိတဲ့နောက် စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့မြို့တွေကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ကာ ဖိအားပေးနေတာဖြစ်ပြီး ကျောက်မဲ၊ မိုးကုတ်နဲ့ နောင်ချိုဘက်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဆက်တိုက်လုပ်နေပါတယ်။ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု ဆက်တိုက်မြင့်တက်နေတာလည်း ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Aug- 2025 -20 Augustသတင်း
စစ်တပ်ကအရေးပေါ်အခြေအနေ ကြေငြာလိုက်တဲ့ဒေသက ပြည်သူတစ်ချို့ကြိုတင်တိမ်းရှောင်သူတွေရှိနေ
ရှမ်းမြောက်နဲ့ကချင်ဒေသက တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့နယ်မြေတစ်ချို့ကို စစ်တပ်ကအရေးပေါ်အခြေအနေ ကြေငြာလိုက်တဲ့နောက် ပြည်သူတစ်ချို့လေကြောင်းအန္တရာယ်ကို စိုးရိမ်ပြီး ကြိုတင်တိမ်းရှောင်သူတွေရှိနေတယ်လို့ သိရတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ စစ်ကော်မရှင်အဖြစ်အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့အာဏာသိမ်းစစ်တပ်ဟာ မြန်မာတစ်နိုင်ငံလုံးအတိုင်းတာနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ထားနိုင်တဲ့နယ်မြေတွေ၊ မြို့နယ်တွေကို အရေးပေါ်အခြေအနေအဖြစ်ထုတ်ပြန် ကြေညာလိုက်တာဖြစ်ပါတယ်။ စစ်တပ်ထုတ်ပြန်ကြေညာလိုက်တဲ့အထဲမှာ…
Read More » -
19 Augustသတင်း
နမ္မတူမှာ (၄၈) ကြိမ်မြောက် ကချင်အမျိုးသမီးနေ့ကျင်းပ
ရှမ်းမြောက်၊ နမ္မတူမြို့မှာ ကချင်အမျိုးသမီးများနေ့ အခမ်းအနားကို ပထမဆုံးအကြိမ်ကျင်းပနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေ့ ဩဂုတ် ၁၉ ရက်နေ့ဟာ (၄၇) နှစ်ပြည့် (၄၈) ကြိမ်မြောက် ကချင်အမျိုးသမီးများနေ့ (Wunpawng Mungdan Shanglawt Amyu Shayi…
Read More » -
14 Augustသတင်း
မူဆယ်မြို့အဝင်ထွက်နေရာတွေမှာ စစ်တပ်က စစ်ဆေးရေးတင်းကြပ်
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ အဝင်အထွက်မှာ စစ်တပ်က လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးတင်းကြပ်တာတွေ ကြောင့် ပြည်သူတွေသွားလာရေးပိုခက်ခဲလာတယ်လို့ ပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ်ဟာ မူဆယ်မြို့ကနေ နမ့်ခမ်းဘက်သွားလမ်းပေါ် နေရာ ၂နေရာနဲ့ မူဆယယ်– ၁၀၅မိုင်ကြား ၂ နေရာ…
Read More » -
Jul- 2025 -30 Julyသတင်း
ကွတ်ခိုင်မြို့ စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲလို့ ကလေးတစ်ဦးအပါအဝင် အရပ်သား ၆ ဦးသေဆုံး
ရှမ်းမြောက်၊ ကွတ်ခိုင်မြို့၊ရာစုသစ် ဟိုတယ် ( ၂ ) ကို စစ်တပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်အပါအဝင် လူ ၆ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင်…
Read More » -
May- 2025 -21 Mayသတင်း
မုံးမော်ရှိ KIA တပ်စခန်းတွေဖယ်ပေးဖို့ TNLA က အင်အားသုံးဖိအားအားပေးနေ
ရှမ်မြောက်၊ မန်တုံမြို့နယ် မုံးမော်(မိုင်းမော်)ရှိ KIA တပ်စခန်းတွေကို TNLA က အတင်းအဓမ္မ ဖယ်ရှားဖို့လုပ်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဒါပေမယ့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကတော့ နှစ်ဖက်တပ်ဖွဲ့ကြား တင်းမာမှုမဖြစ်ဖို့ စခန်းငယ်တစ်ခုဆုတ်ပေးထားရတယ်လို့ ဒေသခံတွေ ဆိုပါတယ်။ “TNLA…
Read More » -
Apr- 2025 -24 Aprilသတင်း
လားရှိုးမှာ ကိုးကန့်တပ်နောက်ဆုတ်ပြီးနောက် စစ်တပ်က စစ်အင်အားအလုံးအရင်းနဲ့ တပ်ချနေရာယူ
ရှမ်းမြောက် လားရှိုးမြို့ကနေ ကိုးကန့်တပ်ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီတပ်ဘက်က စစ်အင်အားတစ်ထောင်ဝန်းကျင်နဲ့ လားရှိုးတက္ကသိုလ်ဝင်းထဲ ဝင်ရောက်တပ်ချနေရာယူနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ တရုတ်ဖိအားကြောင့် လားရှိုးမြို့ကို ကိုးကန့် MNDAA တပ်ဖွဲ့က စစ်ကောင်စီတပ်ကိုပြန်လွှဲပေးပြီး နောက် ဧပြီလ ၂၂ ရက် မနေ့ကစပြီး စစ်ကောင်စီတပ်ဘက်က ကားအစီး ၂၀၀ ၊ စစ်အင်အား တစ်ထောင်ဝန်းကျင်နဲ့ ရောက်ရှိလာပြီလို့ ဆိုပါတယ်။ “အစကတော့…
Read More » -
Jan- 2025 -24 Januaryသတင်း
ပွင့်လင်း မြင်သာမှုမရှိတဲ့ MNDAA ရဲ့ သက်ငယ် မဒိမ်းမှု စီရင်ချက်ကို ဒေသခံများ ကျေနပ်မှု မရှိ
ရှမ်းမြောက်၊ မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့မှာ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူ ကိုးကန့် MNDAA တပ်အရာရှိကို တရားလိုမိသားစု မပါဝင်ဘဲ ထောင်ဒဏ် နဲ့ ငွေဒဏ်ချမှတ်လိုက်တဲ့အပေါ် မိသားစုဝင်တွေက ကျေနပ်မှု မရှိဘူးလို့ ပြောပါတယ်။ သက်ငယ် မုဒိမ်းကျူးလွန်သူ တရားခံကိုးကန့် MNDAA အရာရှိ ဦးရှောက်ချိ ကို…
Read More »









