လက်နက်ကိုင်

  • Feb- 2025 -
    12 February
    သတင်း

    တပ်သားသစ်စုဆောင်းမှု နဲ့ အခွန်ကောက်ခံမှုကြောင့် ဒေသခံတွေ သွားလာရေးမှာ အခက်ကြုံ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တပ်သားသစ်စုဆေင်းမှုနဲ့ အခွန်ကောက်ခံမှုတွေကြား ဒေသခံတွေ သွားလာရေး အခက်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့တွေက မိုးညှင်းမြို့နယ်အတွင်း တပ်သားသစ် စုဆောင်းမှုတွေဆက်တိုက် လုပ်နေသလို ရှမ်းနီပြည်သူ့စစ်နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်က တပ်သားသစ် စုဆောင်းမှုနဲ့ ဂိတ်ချအခွန်ကောက်ခံမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေ က ဆိုပါတယ်။…

    Read More »
  • Nov- 2024 -
    27 November
    သတင်း

    မန္တလေး – မြစ်ကြီးနားလမ်းပိုင်း ကားတစ်စီးကို ၁၀ သိန်းဝန်းကျင်အထိ အခွန်ပေးဆောင်နေရ

    မန္တလေး – မြစ်ကြီးနားလမ်းပိုင်းတစ်ကြောင်း ပြေးဆွဲတဲ့ အန်စာတုံးကားတစ်စီးကို အခွန် ၁၀ သိန်းဝန်းကျင် နှစ်ဖက် လက်နက်ကိုင်တပ် ဂိတ်တွေမှာ ပေးဆောင်နေရတယ်လို့ ကားသမားတွေကပြောပါတယ်။ မန္တလေးမြို့ကစတင်ထွက်ခွာချိန် စစ်ကိုင်းတံတားဖြတ်တဲ့အချိန်မှာပဲ စစ်ကောင်စီရဲ့စုပေါင်းဂိတ်ကို ကားအသေးအကြီးပေါ်မူတည်ပြီး ၂ သိန်း (…

    Read More »
  • 23 November
    သတင်း

    NSCN-K အန်းမိုင်းအဖွဲ့ နာဂဒေသမှာ ဂိတ်ထိုင်ပြီးအခွန်ကောက်ခံမှုစတင်လုပ်ဆောင်လာ

    စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ လဟယ်မြို့နဲ့နန်းယွန်းမြို့မှာ NSCN-K အန်းမိုင်းအဖွဲ့က ဂိတ်ထိုင်ပြီး အခွန်ကောက်ခံတာတွေစတင်လုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နာဂလက်ကိုင်အဖွဲ့ NSCN-K ရဲ့သမိုင်းတစ်လျှောက် ဆယ်စုနှစ်များစွာအတွင်း  ဂိတ်ထိုင်ပြီး အခွန်ကောက်ခံတာမျိုးမရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဩဂုတ်လစပြီး လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ် လမ်းပိုင်းဂိတ်ထိုင်ပြီး အခွန်ကောက်ခံတာတွေ စတင်လာတယ်လို့ နန်းယွန်းမြို့ခံ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လောလောဆယ်သိရလောက် ဂိတ်နှစ်ခုတော့ထိုင်လာပြီ တစ်ခုက လဟယ်နဲ့ အိန္ဒိယနယ်စပ်လမ်းမှာတစ်ခု လဟယ်မြို့နားမှာပဲ။ ပြီးတော့နောက်တစ်ခုက လဟယ်မြို့နဲ့နန်းယွန်းမြို့လမ်း မကျန်းရွာမှာ ဂိတ်အဲ့နှစ်ခုပဲ အခွန်ကတော့ ဆီဆိုဆီ၊ပိုက်ဆံဆိုပိုက်ဆံ အဲ့လိုတောင်းတာ”လို့ အသက် ၃၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ လတ်တလောထိုင်ထားတဲ့ ဂိတ်နှစ်ခုဟာ လဟယ်–နန်းယွန်းကုန်သွယ်ရေးလမ်းနဲ့ ဟလယ်–အိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းမှာဖြစ်ပြီး ဓာတ်ဆီပုံးဝါတစ်ပုံးကို အခွန်အဖြစ် တစ်လီတာနှုန်း၊ ကုန်တင်တဲ့ဆိုင်ကယ်တစ်စီးကို ကျပ် ၃၀၀၀၀ (သုံးသောင်း) နှုန်း ကုန်ကားအသေးကိုကျပ် ၅၀၀၀၀ (ငါးသောင်း) ကနေ ၁၀၀၀၀၀ (တစ်သိန်း) အထိကောက်ခံတာမျိုးရှိတယ်လို့သိရပါတယ်။ “ဒီဘက်မှာကအဓိက ဆိုင်ကယ် ကယ်ရီနဲ့ပဲတင်ကြတယ် ဆိုင်ကယ်တစ်စီးဆိုကုန်ပေါ်မူတည်တယ် နှစ်သောင်းသုံးသောင်းအထိပေးရတယ်”လို့နောက်ထပ် လဟယ်ဒေသခံအမျိုးသားတစ်ဦးလည်း ပြောပါတယ်။ စစ်ဆေးရေးဂိတ်တွေမှာ အခုလိုအခွန်တွေကောက်ခံလာနေသလို ခရီးသည်တွေကိုလည်းတင်းတင်းကြပ်ကြပ်စစ်ဆေးမေးမြန်းတာမျိုးလုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။ လတ်တလောဂိတ်ထိုင်ပြီးအခွန် ကောက်နေတဲ့ NSCN-K အန်းမိုင်းအဖွဲ့ဟာ နဂိုရှိနေတဲ့ NSCN-K ယုန်းအောင်အဖွဲ့ကနေခွဲထွက်သွားတဲ့အဖွဲ့ ဖြစ်ပြီး လက်ရှိစစ်ကောင်စီနဲ့အပစ်ရပ်သဘောတူထားသလို စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာတွေလည်းရှိတယ်လို့သိရပါတယ်။ “အခုအဖွဲ့က အန်းမိုင်းအဖွဲ့ပါ စကစနဲ့အပစ်ရပ်ထားတော့အခုလိုဂိတ်တွေဘာတွေထိုင်လို့ရလာနေတာ နဂိုယုန်းအောင်အဖွဲ့ကတော့ဒါမျိုးမရှိဘူး ဂိတ်ထိုင်ဘာထိုင်မလုပ်သေးဘူး”လို့ နန်းယွန်းမြို့ခံ အမျိုးသားတစ်ဦးကပြောပါတယ်။ နာဂဒေသမှာရပ်တည်နေတဲ့ NSCN-K ယုန်းအောင်အဖွဲ့အနေနဲ့ အခုလိုမျိုးဂိတ်ထိုင်ပြီးအခွန်ကောက်ခံတာမျိုးမရှိပေမယ့် တစ်နှစ်ကို နှစ်ကြိမ်ကနေ သုံးကြိမ်အထိ အိမ်ထောင်စုတစုကိုအခွန်ကျပ် ၂၀၀၀၀ (နှစ်သောင်း) ကောက်ခံတာ၊ အိမ်ထောင်စု တစ်စုကို တပ်သားတစ်ဦးတောင်းခံတာတွေတော့ရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။ NSCN-K ဟာ စစ်အာဏာမသိမ်းမှီကတော့ ဗိုလ်ချုပ်ယုန်းအောင်ဦးဆောင်မှုနဲ့ NSCN-K ယန်းအောင်အဖွဲ့တစ်ခုတည်းသာရှိခဲ့ပြီး ၂၀၂၃ နှစ်ဆန်းပိုင်းကနေတော့NSCN-Kရဲ့ ဒုဗိုလ်ချုပ်အန်းမိုင်းဟာ ဗိုလ်ချုပ် ယုန်းအောင်ကိုဆန့်ကျင်ပြီး NSCN-K အန်းမိုင်းဆိုပြီးခွဲထွက်သွားရာကနေလက်ရှိ NSCN-K နှစ်ဖွဲ့ကွဲနေတာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Oct- 2024 -
    21 October
    သတင်း

    ဆေးဝါးသယ်ယူဖို့ ခွင့်ပြုချက်ပါပေမဲ့ နှစ်ဖက်တပ်ဆီအခွန်ဆောင်နေရဆဲ

    မန္တလေးကနေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ဆေးဝါသယ်ယူဖို့ ခွင့်ပြုချက်ထောက်ခံစာပါပေမဲ့ နှစ်ဖက်လက်နက်ကိုင်တပ်တွေကို အခွန်ပေးဆောင်နေရဆဲဖြစ်တယ်လို့ မြစ်ကြီးနား–မန္တလေး ကားသမား တွေကပြောပါတယ်။ မြစ်ကြီးနား–မန္တလေး ဗျူဟာလမ်းမကြီးက အင်းတော်မြို့နယ်အတွင်းတိုက်ပွဲတွေကြောင့် မြို့ရှောင်လမ်းကနေ ကားအသေးနဲ့ပဲ ပြေးဆွဲနေရတဲ့ ဒီလမ်းပိုင်းမှာ နှစ်ဖက်လက်နက်ကိုင်ဂိတ် ၁၀ ခုထက်မနည်းရှိပြီး ဆေးဝါးသယ်ယူခွင့် ထောက်ခံစာပါပေမဲ့ ပေးဆောင်ရတဲ့အခွန်ကများနေဆဲဖြစ်တယ်လို့ ကားသမားတစ်ယောက်က ပြောပါတယ်။ “အဆိုးဆုံးကတော့လူသုံးဆေးဝါးတွေပေါ့ဗျာ။ ကျနော်တို့မှာ လိုင်စင်တွေအကုန်ပါတယ်။ လိုင်စင်ဆိုတာ က မြစ်ကြီးနားမှာဖွင့်ထားတဲ့ ဆိုင်လိုင်စင်ရှိမယ်။ မန္တလေးကနေတင်ပေးပါတယ်ဆိုတဲ့ ထောက်ခံစာရှိမယ်။ ကချင်ပြည်နယ်က ခွင့်ပြုပါတယ်ဆိုတာလည်းပါတယ်။ အဲ့တာကို နှစ်ဖက်လုံးက မရဘူးလို့ပြောတာ”လို့ပြောပါတယ်။ အခွန်ဆောင်ရတဲ့ငွေကြေးပမာဏဟာ ပုံမှန်မရှိပေမဲ့  ကျပ် ၂ သိန်းကနေ ၃ သိန်းဝန်းကျင်အထိ  ပေးဆောင်နေရတယ်လို့ ကားသမားတွေကပြောပါတယ်။ တစ်ဖက်မှာ ဆေးဝါးအပြင် ကားအပိုပစ္စည်းသယ်ယူရင်လည်း အခွန်ဆောင်နေရပြီး အခုလို နှစ်ဖက် လက်နက်ကိုင်တပ်တွေရဲ့ အခွန်ကောက်ခံတာများပြားတဲ့အတွက် ဆေးဝါးဈေးနှုန်းတွေက ပိုပြီးမြှင့်တက်လာ တာလို့ ကားသမားတွေကသုံးသပ်ကြပါတယ်။ “နှစ်ဖက်တပ်လုံးကဒီလိုလုပ်တော့ မြစ်ကြီးနားမှာဆေးဝါးတွေကဈေးတက်ကုန်တာ။ နောက်ထပ်ဆေးဝါး အပြင် ကန့်သတ်ချက်များတာက ကားအပိုပစ္စည်းတစ်ချို့ပေါ့။ ကားအပိုပစ္စည်းကတော့ ဘာလို့လည်းမသိ ဘူး သေချာလည်းနားမလည်ဘူး။”လို့ကသမားတစ်ယောက်ကပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ အရေးကြီးကုန်စည်လို့သတ်မှတ်ထားတဲ့ ဆေးဝါးတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီးတော့ ပို့ကုန်ရငွေပြနိုင်မှ တင်သွင်းခွင့်ပြုမယ်လို့ မူဝါဒချမှတ်ခဲ့ပါတယ်။ အဲ့ဒီလို အခြေနေတွေကြောင့် ဆေးဝါးပိုရှားပါးတာ၊ ဈေးမြှင့်တက်တာတွေဖြစ်လာနိုင်တယ်လို့ ဆေးဝါးလုပ်ငန်းရှင်တွေကသုံးသပ်ခဲ့ကြပြီး ပြည်တွင်းဆေးဝါးသယ်ယူရာမှာလည်း အခုလို နှစ်ဖက်လက်နက်ကိုင်တပ်တွေရဲ့ အခွန်ကောက်ခံမှုတွေကြောင့် ဆေးဝါးဈေးနှုန်းပိုမိုမြှင့်တက် လာတာလို့ကားသမားတွေကပြောပါတယ်။ မြစ်ကြီးနား–မန္တလေး လမ်းပိုင်းတစ်ခုလုံးမှာဆိုရင် စစ်ကိုင်းတံတားစစ်ကောင်စီဂိတ်၊ နန့်စီးအောင်  စစ်ကောင်စီဂိတ်တွေနဲ့ ကာကွယ်ရေးတပ်တွေကတော့ ဆားတောင်နယ်၊ရွှေဘိုနယ်တွေထဲမှာ အများဆုံး ဖြစ်ပြီး ကာကွယ်ရေးတပ်နှစ်ဖက်လက်နက်ကိုင်တပ်တွေအခွန်ကောက်တဲ့ ဂိတ်စုစုပေါင်း ၁၀ ခုထက် မနည်းရှိတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့လောက်ကစကချင်လွတ်လပ်ရေးတပ်မတော်KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ အင်းတော်မြို့အပါအဝင် ကချင်နဲ့စစ်ကိုင်းအစပ်ကမြို့တွေကိုသိမ်းပိုက်ဖို့အတွက် စစ်ဆင်ရေး လုပ်နေတာဖြစ်ပြီး အဲ့ဒီမြို့သိမ်းတိုက်ပွဲကြောင့် လမ်းပိုင်းနေရာတစ်ချို့ဖြတ်သန်းသွားလာလို့ မရတဲ့ အခြေနေရှိနေတာဖြစ်ပါတယ်။ လက်ရှိတော့ တိုက်ပွဲဖြစ်နေတဲ့အင်းတော်မြို့လမ်းပိုင်းကိုရှောင်ပြီးတော့ အန်စာတုံးလို့ခေါ်တဲ့ ကားအသေးတွေ နဲ့ ခရီးသည်တစ်ချို့၊ကုန်ပစ္စည်းတစ်ချို့ကို သယ်ယူပြေးဆွဲနေတာ ပြီးခဲ့တဲ့စက်တင်ဘာလ ပထမအပတ်ကတည်းကဖြစ်ပါတယ်။ By – အမိုး

    Read More »
  • Aug- 2024 -
    21 August
    အင်တာဗျူး

    မြန်မာပြည်မှာ အရပ်သားသေဆုံးမှု မြင့်တက်ခြင်း၊ စီးပွားရေးထိုးကျခြင်းတွေက ဘယ်သူမှာ တာဝန်ရှိပါသလဲ။

    ကမ္ဘာ့ပဋိပက္ခအညွှန်းကိန်း အဆင့် ၂ မှာ မြန်မာနိုင်ငံရှိနေပြီး ပြည်တွင်းစစ်ဖြစ်ပွားတဲ့ နယ်မြေဧရိယာက လည်း ကမ္ဘာ့အဆင့် ၉ နေရာမှာ ရပ်တည်နေလို့ သိရပါတယ်။ ပြည်တွင်းစစ်ဖြစ်ပွားတဲ့ နယ်မြေဒေသ ကျယ်ဝန်းလာတာနဲ့အတူ စစ်ပွဲကြောင့် အရပ်သားသေဆုံးမှုအများဆုံး ကမ္ဘာ့အဆင့် ၃ နေရာမှာ ရှိနေတယ်လို့  ကမ္ဘာလုံးဆိုင်ရာ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေနဲ့ တည်နေရာလေ့လာရေးအဖွဲ့ (ACLED) ဩဂုတ်လ ၆ ရက်နေ့…

    Read More »
  • Apr- 2024 -
    15 April
    သတင်း

    နမ့်ဖတ်ကာမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ဂိတ်များလွန်းတာကြောင့် ဒေသခံများသွား လာရေးအခက်ကြုံနေ

    ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာတအာင်းတပ်မတော် TNLA တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တွေရဲ့ဂိတ်  ၁၀ ခုထက်မနည်းရှိတာကြောင့် ဒေသခံပြည်သူတွေသွားလာရေးမှာ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နမ့်ဖတ်ကာကျေးရွာရဲ့အဝင်အထွက်လမ်းကြောင်းအားလုံး လက်နက်ကိုင်တော်လှန် တပ်ဖွဲ့တွေရဲ့ ဂိတ်တွေရှိသလို ပူးပေါင်းဂိတ်တွေလည်းရှိပြီး ဂိတ်အလွန်များနေတဲ့အတွက် ခရီးသွားပြည်သူတွေအတားအဆီးဖြစ်ပြီး အခက်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။  “လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အရမ်းများတယ်။ TNLA ၊ကိုးကန့် MNDAA ၊ KIA အားလုံးရှိတယ်။ လမ်းမှာ ဂိတ်အရမ်းများတယ်။ အဖွဲ့အရမ်းများတော့ ဂိတ်တိုင်းအခွန်ဆောင် ရတယ်။အဲဒီအခွန်တွေဆောင်ရခြင်းအားဖြင့် ကျေးရွာထဲမှာက ကုန်ပစ္စည်းတွေသွင်းဖို့ထုတ်ဖို့ အတော်ခက်ခဲသွားတာပေါ့။” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက ပြောပါတယ်။ တအာင်းတပ်မတော် TNLA ဟာ လက်ရှိ နမ့်ဖတ်ကာတစ်ခုလုံးကိုမြင်နိုင်တဲ့…

    Read More »
  • Aug- 2023 -
    8 August
    သတင်း

    နာဂလက်နက်ကိုင်တပ်ဖွဲ့ ဖမ်းဆီးသွားတဲ့ ရဲတပ်ကြပ်သေဒဏ်စီရင်လိုက်ပြီလို့သတင်းထွက်ပေါ်လာ

    စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ရဲစခန်းက တပ်ကြပ်တစ်ဦးကို နာဂလက်နက်ကိုင်အဖွဲ့(NSCN-K) က ဘိန်းဖြူ ဖြန့်ဖြူးမှုနဲ့ ဖမ်းဆီးသွားပြီးနောက် ပြန်လွတ်ပေးခြင်းမရှိတဲ့အပြင် သေဒဏ်စီရင်လိုက်ပြီလို့ သတင်းတွေထွက်ပေါ် နေပါတယ်။ နန်းယွန်းမြို့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ရဲစခန်းထဲက တပ်ကြပ်စိုးမင်းသန်းကို ဘိန်းဖြူဖြန့်ဖြူးရောင်းဝယ်မှုတွေ ပြုလုပ်တယ်ဆိုတဲ့အထောက်အထားနဲ့ NSCN-K က လွန်ခဲ့တဲ့အပတ်က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ နန်းယွန်းမြို့နယ်ရဲစခန်းနဲ့ ရင်းနှီးတဲ့တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက KNG ကိုအခုလိုပြောပါတယ်။ “ဟုတ်ကဲ့ဖမ်းခေါ်သွားတာတော့ဟုတ်ပါတယ် လွန်ခဲ့တဲ့အပတ်ကတည်းကဖမ်းခေါ်သွားတာပါ…

    Read More »
  • 8 August
    သတင်းနမ့်ဖတ်ကာ

    နမ့်ဖတ်ကာမှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့လှုပ်ရှားလာရင် ပြည်သူတွေကို မငဲ့တော့ဘဲ လက်နက်ကြီးပစ်ခတ်တော့မယ်လို့ စစ်တပ်ပြော

    ရှမ်းမြောက် နမ့်ဖတ်ကာကျေးရွာမှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားလာရင် ဒေသခံပြည်သူတွေကို မငဲ့ညာတော့ပဲ စစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်တော့မယ်လို့ သတိပေးပြောဆိုလာတဲ့အတွက် နမ့်ဖတ်ကာဒေသခံတွေဟာ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့နေထိုင်နေရတယ်လို့  ဒေသခံတွေဆီကနေ သိရပါတယ်။ နမ့်ဖတ်ကာမှာ တပ်စွဲနေထိုင်တဲ့ စစ်တပ် ခ.လ.ရ ၁၂၃ တပ်က ဩဂုတ်လ ၄ ရက်နေ့မှာ နမ့်ဖတ်ကာကျေးရွာက ရပ်ကွက်အုပ်ချူပ်ရေးမှူးတွေကိုခေါ်ယူပြီး လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားလာရင် အကြောင်းကြားဖို့နဲ့ လက်နက်သံမြည်လာရင် နေရာမရွေးလက်နက်ကြီးပစ်ခတ်တော့မယ်ဆိုတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက ယခုလို KNG ကချင်သတင်းဌာနကို ပြောဆိုပါတယ်။ “နမ့်ဖတ်ကာမှာက TNLA တွေလည်းလှုပ်ရှားနေတော့…

    Read More »
Back to top button