လဘန်ရွာ
-
Apr- 2025 -11 Aprilသတင်း
ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ချို့ သောက်သုံးရေရှားပါးတဲ့ပြဿနာ ကြုံနေရ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတစ်ချို့မှာ သောက်သုံးရေ ရှားပါးတဲ့ပြဿနာကြုံနေရတယ်လို့ စစ်ရှောင်ပြည်သူတွေ ဆီကနေ သိရပါတယ်။ အဓိကအားဖြင့် ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိနောင်ချိန်း၊လဘန်ကျေးရွာတွေမှာ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ သောက်ရေနဲ့ သုံးရေ ရှားပါးတဲ့ ပြဿနာကို ကြုံနေရတယ်လို့ KNG ကိုပြောပါတယ်။…
Read More » -
Jan- 2025 -31 Januaryသတင်း
ဝိုင်းမော် စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ဆက်လက်ဖွင့်လှစ်ဖို့ ခက်ခဲနေ
ဝိုင်းမော်မြို့နယ်၊ လဘန်ကျေးရွာရှိ စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထကျောင်းကို ဆက်လက် လည်ပတ်သင်ကြားနိုင်ဖို့ ငွေကြေး အခက်အခဲဖြစ်နေတယ်လို့ အောင်မြေ၂ စစ်ရှောင်စခန်း ပညာရေးတာဝန်ခံက KNG ကိုပြောပါတယ်။ လဘန်ကျေးရွာရှိ စစ်ရှောင်စခန်း ကိုယ်ထူကိုယ်ထကျောင်းမှာ KG အတန်းကနေ ဒုတိယတန်း အထိ ဖွင့်လှစ်ထားတာဖြစ်ပြီး ကလေးသူငယ် ၃၅ ဦးထိ ရှိတယ်လို့ သိရပါတယ်။ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းဖြစ်တဲ့အတွက် ကလေးတစ်ဦးကို…
Read More » -
Nov- 2024 -15 Novemberသတင်း
တွဲလက်မေတ္တာစစ်ရှောင်စခန်း စစ်ရှောင်တဲများယိုယွင်းပျက်စီးလာတဲ့အတွက် နေရာထိုင်ခင်းအခက်ကြုံနေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့ လဘန်ကျေးရွာမှာရှိတဲ့ တွဲလက်မေတ္တာလူမျိုးပေါင်းစုံစစ်ရှောင်စခန်း စစ်ရှောင်တဲများယိုယွင်းပျက်စီးလာတဲ့အတွက် အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံက KNG ကို ပြောပါတယ်။ ယခင်က တွဲလက်မေတ္တာ လူမျိုးပေါင်းစုံစစ်ရှောင်စခန်းမှာ အိမ်ခြေ ၂၇ သာရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး အိမ်ထောင်စု ၈ စုထပ်တိုးလာတာကြောင့် အိမ်ခြေ ၃၅ စု၊လူဦးရေ ၁၄၅ ဦးထိရှိလာပြီး အိမ်ထောင်စုတစ်စုလျှင် မိုးကာနဲ့ဆောက်လုပ်ထားတဲ့ ၈ ပေပတ်လည် အခန်း ၁ ခန်းတွင်း ကျဉ်းကျဉ်းကြပ်ကြပ်စုပေါင်းနေထိုင်နေရတယ်လို့ စစ်ရှောင်တာဝန်ခံက ခုလိုပြောပါတယ်။ “အခုက အိပ်ယာတွေမှာလည်း မိုးစက်တွေက စိမ့်ပြီးကျလာတယ် မိုးကာတွေကလည်း သိပ်မကောင်းဘူး ဟောင်းလာပြီ သွပ်ပြားတွေလည်း လုံးဝအသုံးမပြုထားဘူး။ “အိမ်သားများတဲ့သူတွေအတွက်ဆို ၈ ပေခန်းမှာနေဖို့ မလွယ်ကူဘူး ဒါကြောင့် အခန်းတွေပြန်ဆောက်ချင်တယ်။ ဒါပေမယ့် အဲတာနဲ့ ပက်သက်ပြီး ကူညီမယ့်သူဘယ်သူမှ မရှိဘူးဖြစ်နေတယ်”လို့ ဆိုပါတယ်။ တွဲလက်မေတ္တာ လူမျိုးပေါင်းစုံ စစ်ရှောင်စခန်းဟာ ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာအခြေချထားပေမယ့် ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်ရဲ့စစ်ဆင်ရေးစတင်ချိန်ကစပြီး ဝူယန်ကနေ ဒိန်ဂျာယန်ကျေးရွာမှာ သွားရောက်ခိုလှုံနေကြတာဖြစ်ပါတယ်။ သို့ပေမယ့် ဒိန်ဂျာယန်ကျေးရွာမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ကလေးတွေရဲ့ပညာရေး အခြေအနေအမျိုးမျိုးကြောင့် လဘန်ကျေးရွာဘက်ကို ပြန်လည်ပြောင်းရွေ့လာကြပြီး လဘန်ကျေးရွာမှာ ခိုလှုံနေတာ လေးလထိကြာမြင့်ပြီဖြစ်ပါတယ်။ ဒါ့အပြင် ၈ ပေ ပတ်လည် အခန်းတစ်ခန်းလျှင် မိသားစုဝင် ၄ ဦးကနေ ၈ ဦးထိ နေထိုင်ကြပြီး စစ်ရှောင်တဲနံရံနဲ့အမိုးအားလုံး ဝါးနဲ့မိုးကာအသုံးပြုပြီး ဆောက်လုပ်ထားတဲ့အတွက် ခိုင်ခန့်မှုမရှိပဲ အားလုံးပျက်စီးနေပြီဖြစ်တယ်လို့ စစ်ရှောင်တွေပြောပါတယ်။ ဒါကြောင့် စစ်ရှောင်တဲတွေအကုန်လုံး အသစ်ပြန်တည်ဆောက်ဖို့ ဝါးနဲ့သွပ်ပြား အများဆုံးလိုအပ်နေတယ်လို့ သိရပါတယ်။ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာကို တစ်လတစ်ကြိမ် WFP(World Food Program)ကနေ အစားအသောက်ထောက်ပံ့တာမျိုးတွေရှိပေမယ့်လည်း ကုန်စျေးနှုန်းမြင့်တက်မှုတွေကြောင့် စားနပ်ရိက္ခာလုံလောက်မှုမရှိဘဲ လိုအပ်ချက်တွေ ရှိနေဆဲဖြစ်တယ်လို့ စစ်ရှောင်တာဝန်ခံက ခုလိုဆက်ပြောပါတယ်။ “WFP ကနေပြီးတော့ ကူညီပေးနေတာဖြစ်ပေမယ့်လည်း သူတို့လာမပေးခင်ကတည်း တခြားသူတွေဆီက ချေးစားထားကြတွေလည်း ရှိတော့ ၅ ရက်စာလောက်ဘဲကျန်ပြီး ချွေချွေသာသာနဲ့စားနေကြတာပေါ့”လို့ဆိုပါတယ်။ ဒီစစ်ရှောင်စခန်းမှာ များသောအားဖြင့်ဝူယန်ကျေးရွာက ပြည်သူတွေနေထိုင်ကြတာဖြစ်ပြီး တစ်ခြားတိုင်းရင်းသားပေါင်းစုံနဲ့ မသန်စွမ်း ဦးရေ ၂၀ အပါအဝင် စုစုပေါင်း စစ်ရှောင်လူဦးရေ စုစုပေါင်း ၁၄၅ ဦးရှိတယ်လို့ စစ်ရှောင်တာဝန်ခံဆီကနေသိရပါတယ်။ ကချင်ပြည်နယ်မှာ ၂၀၁၁ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေတို့ရဲ့ တစ်ကြော့ပြန်စစ်ပွဲပြန်လည် စတင်ချိန်ကတည်းကနေ ၂၀၂၁ ဖေဖော်ရီလထိ စစ်ရှောင်ဦးရေဟာ တစ်သိန်းတစ်သောင်းငါးရာ(၁၁၀၅၀၀ ) ထိရှိခဲ့တာ ဖြစ်ပြီး အာဏာသိမ်းပြီးနောက် ၂၀၂၄ ဩဂုတ်လ ၁၂ရက် မှာတော့ တစ်သိန်းကိုးသောင်းလေးထောင်ကိုးရာ( ၁၉၄၉၀၀)ထိ မြင့်တက်လာတယ်လို့ UNHCR ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဘဲ ဖြစ်ပါတယ်။ ၂၀၁၁ခုနှစ်ကနေ၂၀၂၁ခုနှစ်အထိရှိခဲ့တဲ့ စစ်ရှောင်အရေအတွက်နဲ့ ၂၀၂၁ခုနှစ်ကနေ ၂၀၂၄ ဩဂုတ်လအထိ မြင့်တက်ခဲ့တဲ့ စစ်ရှောင်အရေအတွက် နှစ်ခုကိုနှိုင်းယှဉ်ကြည့်လိုက်ပါက အာဏာသိမ်းပြီးနောက် ၃နှစ်အတွင်း စစ်ရှောင်ဦးရေ ၈သောင်း၄ ထောင် ၄ရာ(၈၄၄၀၀)ထိ တိုးလာတာဘဲ ဖြစ်ပါတယ်။ By – Hope
Read More » -
Sep- 2024 -25 Septemberသတင်း
စစ်ရှောင် ၇ လ ကျော်ကြာလာတဲ့ ဝိုင်းမော်မြို့နယ် စစ်ဘေးရှောင်များ စားနပ်ရိက္ခာနဲ့ဆေးဝါးများကူညီထောက်ပံ့မှုလိုအပ်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲရက်ကြာရှည်လာတာနဲ့အမျှ စစ်ရှောင်ပြည်သူတွေ အစားအသောက်ပြတ်လပ်လာပြီး ကူညီထောက်ပံံ့မှုတွေလိုအပ်နေတယ်လို့ စစ်ရှောင်တွေကပြောပါတယ်။ စစ်ရေးအခြေနေကြောင့် နေရပ်ပြန်လို့မရပဲ ဆက်လက်တိမ်းရှောင်နေရတဲ့ ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာနဲ့ လဘန်ရွာအပါအဝင် ကျေးရွာအများစုက စစ်ရှောင်တွေဟာ ဇူလိုင်လ မတိုင်ခင်အထိ World Food Program (WFP) ကနေ ငွေကြေး၊ရိက္ခာ ကူညီမှုရခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့…
Read More » -
Apr- 2024 -4 Aprilသတင်း
ဧရာဝတီမြစ်ကမ်းဘေး လဘန်ရွာမှာစစ်ရှောင်နေတဲ့ ပြည်သူတွေ သောက်သုံးရေအခက်ခဲကြုံနေ
ဝိုင်းမော်မြို့နယ် လဘန်ကျေးရွာ ဧရာ၀တီမြစ်ကမ်းနားဘေးမှာစစ်ဘေးရှောင်နေရတဲ့ အောင်မြေ ၂ ကျေးရွာက စစ်ရှောင်ပြည်သူများ သောက်သုံးရေအခက်အခဲကြောင့် ဒုက္ခကြုံနေရတယ်လို့ စစ်ဘေးရှောင်တွေကဆီကနေ သိရပါတယ်။ “ရေအရမ်းခက်တယ် သုံးဖို့နဲ့ သောက်ဖို့ရေ ဒုက္ခကြုံနေတယ်။ လောလောဆယ်တော့ ရွာကအသင်းတော်ဝင်းက ရေတွင်းထဲကရေကို မော်တာနဲ့စုပ်ယူပြီး စစ်ရှောင်စခန်းမှာ မိုးကာနဲ့ရေလောင်ကန်လုပ်ထားပြီး ဝိုင်းသုံးနေတယ်။ အခုလူကများ ၊ မီးလည်းမလာတော့ ရေက သုံးဖို့မလောက်တော့ဘူး ရေအရမ်းခက်နေတယ်”လို့ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က ရွှေညောင်ပင်နဲ့ အောင်မြေ ၁ ကြား ပြည်သူ့စစ်အပါအဝင် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြားတိုက်ပွဲကြောင့် အောင်မြေ ၂ ကျေးရွာမှာ ဒေသခံပြည်သူ ၁ ထောင်ကျော်ကို စစ်တပ်က တိုက်ပွဲကြား ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။ တစ်ပတ်ခန့်ကြာပိတ်မိခဲ့တဲ့ဒေသခံပြည်သူတွေကို မတ်လ ၁၃ ရက်နေ့မှာတော့ ကချင်နှစ်ခြင်းခရစ်ယန်အသင်းတော် KBC နဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက သွားရောက်ကယ်ထုတ်ခေါ်ယူနိုင်ခဲ့ပြီး တချို့ကိုတော့ စန်းကားကျေးရွာနဲ့ မိုင်းနားစစ်ရှောင်စခန်းမှာ ယာယီနေရာချာထားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် စန်းကားကျေးရွာနဲ့ မိုင်းနားစစ်ရှောင်ကနေ လဘန်ကျေးရွာအသင်းတော်ဝင်းသို့ ပြောင်းရွှေ့ခဲ့ပြီး အဲဒီနောက်ထပ်မံပြီး ဧရာ၀တီမြစ်ကမ်းနားဘေးက အသင်းတော်ပိုင်စိုက်ပျိုးခြံတစ်ခုမှာမိုးကာတဲအဆောင်တွေဆောက်လုပ်ပြီး နေရာချထားပေးထားဖြစ်ပါတယ်။ လက်ရှိ ဧရာ၀တီမြစ်ကမ်းဘေးမှာနေရပေမယ့် ဧရာ၀တီမြစ်ရေကို ချက်ပြုတ်ရေ၊ သုံးစွဲရေအဖြစ်အသုံးပြုဖို့ပင် မြစ်ရေက အလွန်ညစ်ညမ်းတာကြောင့်အသုံးပြုလို့အဆင်မပြေဘူးလို့ ပြောပါတယ်။ဒါကြောင့် တိမ်းရှောင်နေတဲ့နေရာမှာတင် စစ်ရှောင်တွေအတွက် အရေးပေါ်ရေတွင်းတူးပေးနိုင်ဖို့ မျှော်လင့်နေတယ်လို့ တောင်းဆိုပါတယ်။ “ရေခက်တော့ ဧရာ၀တီမြစ်ကနေ ပြန်ခပ်ယူ သုံးစွဲနေတယ်။ ရေချိုး၊ဆေးကြော ချက်ပြုတ်ရေအဖြစ်အသုံးပြုတယ်။ ဒါပေမဲ့ မြစ်ရေက အင်မတန်ညစ်ညမ်းတော့ ဒီလိုအသုံးပြုနေလို့လည်း အဆင်မပြေဘူး။ အက်ဆစ်ဓါတ်ပါတယ်အမျိုးမျိုးပြောတော့လည်း စိုးရိမ်တယ်။ ဒါကြောင့် သောက်သုံးရေ အရေးပေါ်လိုအပ်နေတယ်။ ရေတွင်းလည်းမရှိဘူး။ ကျနော်တို့ လူ ၆၀၀ ကျော်ရှိတာကြောင့် ဖြစ်နိုင်ရင် အဝီစိရေတွင်းပြုလုပ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု သူကဆက်ပြောပါတယ်။ အခုလို ဧရာ၀တီမြစ်ကမ်းဘေးမှာ ရှိနေပေမဲ့ မြစ်ရေအသုံးပြုလို့မရတော့တဲ့အခြေအနေထိဖြစ်သွားတာဟာ ကချင်မှာ ရွှေတူးဖော်မှု၊ သတ္တုမြေရှားတူးဖော်မှုနဲ့ တရုတ်တစ်ရှူးငှက်ပျော်စိုက်ပျိုးရေးတွေ ပိုမိုဆိုးရွာလာခဲ့တာကြောင့် မြစ်ရေဟာ ဓာတုဓါတ်ပါဝင်တဲ့ အက်ဆစ်ရေအဖြစ် ပြောင်းလဲစီးဆင်းပြီး ညိုညစ်နေပြီဖြစ်တာကြောင့် သုံးစွဲလို့မရတော့တာလို့ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ ကချင်ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။ “ရေအရင်းအမြစ်တွေမှာ ရွှေတူးဖော်မှုတွေကြောင့် ပတ္တားပျော်ဝင်စီးဆင်းတယ်၊ မြေရှားသတ္တုအင်မတန်တူးဖော်တာကြောင့် အက်စစ်တွေပျော်ဝင်တယ်။ အဲ့ဒါအပြင် ဓာတုပစ္စည်းအသုံးပြုပြီး အကြီးစားစိုက်ပျိုးခင်းတွေ တရုတ်တစ်ရှူးလိုမျိုးတွေ ပိုမိုဆိုးရွားလာတယ်။ အဓိက ဒီရေတစ်ခုက သုံးစွဲလို့မရဘူးဆိုတာ လူတိုင်းအမြင်အားဖြင့် အရင်မြင်တွေ့နိုင်တယ်။ ဧရာ၀တီမြစ်ဟာ ၁၂ ရာသီ ကော်ဖီ၊ လက်ဖက်ရည် ဖျော်ထားတဲ့အရောင်အဖြစ် ပြောင်းလဲစီးဆင်နေသလို ဓာတုဓါတ်များစွာပါဝင် ညစ်ညမ်းတဲ့မြစ်ရေဖြစ်သွားတာကြောင့် သုံးစွဲလို့မရတော့ဘူး” ဟု သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ ကချင်ဒေသခံတစ်ဦးက ပြောပါတယ်။ တစ်ဖက်မှာ ဒီစစ်ရှောင်တွေဟာ ကြိုတင်ပြင်ဆင်မှုမရှိပဲ အရေးပေါ် ထွက်ပြေးတိမ်းရှောင် လွတ်မြောက် လာသူတွေဖြစ်တာကြောင့် စောင်နဲ့ အဝတ်အစားတွေ အလုံအလောက်မရှိဘူးလို့ ဆိုပါတယ်။ လက်ရှိ အောင်မြေ ၁ ၊ အောင်မြေ ၂ နဲ့ ရွှေညောင်ပင်ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက နေရာယူတပ်စွဲထားပြီး ဒေသခံပြည်သူတွေရဲ့ အိုးအိမ်ပစ္စည်းတွေကိုလည်း ဝင်ရောက်မွေနှောက် သယ်ယူ ထုတ်ယူလိုက်တာတွေကြောင့် နေအိမ်ပစ္စည်းဆုံးရှုံးရသူအမြောက်အများရှိတယ်လို့ ပြောပါတယ်။ လက်ရှိ မြစ်ကြီးနား – ဗန်းမော်ကားလမ်းမပေါ် တိုက်ပွဲကြောင့် ဒီကျေးရွာ ၃ ခု ဒေသခံပြည်သူတွေဟာ တချို့က မြစ်ကြီးနား၊ ဝိုင်းမော်မြို့တွေထဲ အသိဆွေမျိုးအိမ်တွေမှာ ခိုလှုံနေကြပြီး တချို့က စစ်ရှောင်စခန်းတွေထဲ၊ တစ်ချို့က နောင်းခီကျေးရွာနဲ့ နောင်းချိန်း–လဘန်ကျေးရွာတွေမှာ တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား လက်ရှိ မြစ်ကြီးနား ၊ ဖားကန့်၊ ဆွမ်ပရာဘွမ် နဲ့ ဝိုင်းမော်မြို့ တွေ စစ်ရေးဆက်လက်တင်းမာနေပြီး ဗန်းမော်မြို့နယ်ထဲ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More »




