,

Breaking News :

ထီးချိုင့် ၉ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် က ၃၀ ကျော်ကျဆုံး၊ စစ်ကောင်စီက ရွာ ၅ ရွာ ကို မီးရှို့

ဖားကန့်တွင် စစ်ကောင်စီအဖွဲ့ ကားလိုင်စင်များဖမ်းဆီးနေ

လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား

အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

ဖုန်အိန်ယာန်တွင် KIO ရွှေတူးဖော်မည့်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်နေ

ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

ရွှေဘိုတွင် တစ်ရက်အတွင်း ကျေးရွာ ၃ ရွာမှ လူနေအိမ် ၁၇၀ ခန့် မီးရှို့ခံရ

  1. Home
  2. လုံးခင်းကျေးရွာအုပ်စု

Tag: လုံးခင်းကျေးရွာအုပ်စု

လူ့အခွင့်အရေးချိုးဖောက်မှု
လုံးခင်းတွင် ဆိုင်ကယ် ကယ်ရီသမားတစ်ဦး လည်ပင်ကြိုးသုတ်သတ်ခံရပြီး ဆိုင်ကယ်နှင့် ဖုန်း လုယူသွား

လုံးခင်းတွင် ဆိုင်ကယ် ကယ်ရီသမားတစ်ဦး လည်ပင်ကြိုးသုတ်သတ်ခံရပြီး ဆိုင်ကယ်နှင့် ဖုန်း လုယူသွား

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် ဆိုင်ကယ် ကယ်ရီပြေးဆွဲနေသည့် အမျိုးသားတစ်ဦး လည်ပင်းကြိုးတုတ်သတ်ဖြတ်ခံရပြီး သေဆုံးနေသည့်ရုပ်အလောင်းတွေ့ရှိရသည်ဟု ဒေသခံများပြောဆိုချက်မှသိရသည်။  ယနေ့ နံနက်ပိုင်း ၇နာရီဝန်းကျင် လုံးခင်းဂေါက်ကွင်းရှေ့ ပေါ်ဦးလမ်းကြားတစ်နေရာတွင် ကယ်ရီးသမားတစ်ဦး လည်ပင်းကြိုးတုတ်ပြီး သေဆုံးနေသည့်ရုပ်အလောင်းတွေ့ရှိရပြီး အဆိုပါ သေဆုံးသူ၏ ဆိုင်ကယ်၊ ဖုန်းနှင့် ပိုက်ဆံအိတ်ပါ လုယူသွားကြောင်း လုံးခင်းကျေးရွာနေ အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။ “သတ်ခံရတာက ဘယ်အချိန်လောက်ဖြစ်မလဲမသိဘူး။ အလောင်းကိုတော့ မနက်မှ လမ်းဘေးမှာ လည်ပင်းကိုကြိုးနဲ့ တုတ်ပြီး သတ်ထားတာတွေ့ရတယ်။

တိုက်ပွဲ
အခြေအနေ မတည်ငြိမ်သေးသည့်အတွက် မှော်ပုံ ဒေသခံများ နေရပ်မပြန်ကြသေးရန် KIA သတိပေး

အခြေအနေ မတည်ငြိမ်သေးသည့်အတွက် မှော်ပုံ ဒေသခံများ နေရပ်မပြန်ကြသေးရန် KIA သတိပေး

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာ (Maden Yang) ဒေသခံများကို နေရပ်ပြန်လာခြင်း မပြုသေးရန် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ ဘက်က သတိပေးထားသည်ဟု သိရသည်။ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၅ နာရီခန့်တွင် စစ်ကောင်စီတပ်မှ စစ်ကား ၆ စီးဖြင့် မှော်ပုံကျေးရွာသို့ ဝင်ရောက်လာခဲ့ချိန် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် မှော်ပုံဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရခြင်း ဖြစ်သည်။ ''မှော်ပုံကတော့ ရွာလုံးကျွတ်တိမ်းရှောင်နေရတုန်းဗျ။ စစ်သားတွေကမနေ့ကပဲလှည့်ပြန်သွားတာ။ ခုထိတော့ဘာသံမှ မကြားသေးဘူးငြိမ်နေတယ်။ ရွာသားတွေကိုတော့ KIA တပ်မဟာ ၉ ဘက်က မပြန်လာခိုင်းသေးတာ။  အခြေအနေ စောင့်ကြည့်နေတုန်းတဲ့ မငြိမ်သေးဘူး တိုက်ပွဲ ဖြစ်ရင်ဖြစ်လာနိုင်တဲ့ခြေနေမို့မပြန်လာကြသေးဖို့တားထားတယ် ဘယ်နေ့ထိဆိုတာလဲမသတ်မှတ်ထားဘူး''ဟု လုံးခင်းကျေးရွာသို့

သတင်း
ဖားကန့်တွင် အိမ်ထောင်သည်အမျိုးသမီးနှင့် တွဲနေသော မိန်းကလေးကို ခင်ပွန်းဖြစ်သူက ဓားဖြင့် ခုတ်သတ်

ဖားကန့်တွင် အိမ်ထောင်သည်အမျိုးသမီးနှင့် တွဲနေသော မိန်းကလေးကို ခင်ပွန်းဖြစ်သူက ဓားဖြင့် ခုတ်သတ်

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီဆာကျေးရွာတွင် အိမ်ထောင်ရှိသည့် အမျိုးသမီးနှင့် တွဲနေသော မိန်းကလေးတစ်ဦးကို ခင်ပွန်းဖြစ်သူက မကျေနပ်၍ ဓားဖြင့် ခုတ်သတ်လိုက်ကြောင်း ဒေသခံများထံ မှ သိရသည်။ လူသတ်မှု ဖြစ်စဉ်မှာ စက်တင်ဘာ ၇ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် မော်စီဆာကျေးရွာ စျေးကုန်းရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မခိုင်စုကြည် (ခ) ပါကျဲ အသက် (၂၈) နှစ်သည် အိမ်ထောင်သည် ဒေါ် အေးအေးအောင် အသက် (၄၂) ဖြစ်သူ နှင့် တွဲနေသည်မှာ အချိန်ကာလကြာပြီဖြစ်ပြီး မအေးအေးအောင်၏ အမျိုးသားဖြစ်သူ ကိုထွန်းနိုင်

သတင်း
မှော်ပုံရွာကို အကြမ်းဖက်ဝင်ရောက်ရှင်းလင်းမည်ဟု သတင်းကြောင့် ဒေသခံတစ်ချို့ထွက်ပြေးတိမ်းရှောင်နေ

မှော်ပုံရွာကို အကြမ်းဖက်ဝင်ရောက်ရှင်းလင်းမည်ဟု သတင်းကြောင့် ဒေသခံတစ်ချို့ထွက်ပြေးတိမ်းရှောင်နေ

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုရှိ မှော်ပုံကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့  စစ်အင်အား အလုံးအရင်းဖြင့် အကြမ်းဖက်ဝင်ရောက်ရှင်းလင်းမည်ဟု သတင်းများထွက်ပေါ်နေသောကြောင့် ကျေးရွာနေ ပြည်သူများ တစ်ချို့ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ဩဂုတ်လ ၂၆ရက်နေ့ မှော်ပုံကျေးရွာနေ ဦးဇော်မင်းဦးနှင့် လူငယ် ၃ဦးကို PDF အဖွဲ့နှင့် ဆက်စပ်မှုရှိသည်ဟု ပြောဆိုကာ ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ ကျေးရွားအတွင်း ထပ်မံ ရှင်းလင်းသွားမည်ဟူသည့် သတင်းထွက်ပေါ်နေကြောင်း ဒေသခံတစ်ဦး KNG ကိုပြောသည်။ “ရွာထဲမှာ ရွေ့တဲ့လူက ရွေ့နေကြတယ်။ ဘာလို့လဲဆိုတော့

သတင်း
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကျင်းပနေချိန် လက်နက်ကြီးထိမှန်ခဲ့သည့် ပြည်သူသုံးဦးအနက် တစ်ဦးသေဆုံး

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကျင်းပနေချိန် လက်နက်ကြီးထိမှန်ခဲ့သည့် ပြည်သူသုံးဦးအနက် တစ်ဦးသေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံ မဒဲ့ယာန်ကျေးရွာတွင် ဇွန်လ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၇ နှစ်ပြည့် မွေးနေ့ပွဲပြုလုပ်ကျင်းပနေချိန်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ပြည်သူ ၃ဦးအနက် တစ်ဦးသေဆုံးသွားပြီဖြစ်ကြောင်းသိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကျင်းပနေသည့်အချိန်   ဖားကန့်အချုပ်ထောင်ရှိသည့်ဘက်မှ လက်နက်ကြီး ၂ချက် ပစ်ခတ်ခဲ့သည့်အတွက် သပိတ်အတွင်းပါဝင်နေသော အမျိုးသမီး ၂ဦးနှင့် အမျိုးသား ၁ဦး ကျည်ထိမှန်ခဲ့ရာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် အမျိုးသမီးတစ်ဦး သေဆုံးသွားသည်ဟု နီးစပ်ရာ